Luna Logic Lab - LLL

Luna Logic Lab - LLL Welcome to Luna Logic Lab (LLL) — your space to grow QA, BA, and PO skills in the IT industry. ✨

Happy Friday ပါ။ ✨Product Team ကို ဦးဆောင်နေတဲ့ PO တစ်ယောက်အနေနဲ့ အလုပ်တွေ ပိုပေါ့သွားအောင် ကိုယ်တိုင် AI tool လေးတွေကို...
07/08/2026

Happy Friday ပါ။ ✨
Product Team ကို ဦးဆောင်နေတဲ့ PO တစ်ယောက်အနေနဲ့ အလုပ်တွေ ပိုပေါ့သွားအောင် ကိုယ်တိုင် AI tool လေးတွေကို ဘယ်လိုလက်တွေ့သုံးနေလဲဆိုတာ ဒီနေ့ပြောပြပေးမယ်နော်။ ✨

1️⃣ ChatGPT (Paid Acc)
PRD (Product Requirements Document) စစရေးချင်း၊ Market research လုပ်ချင်တာမျိုးနဲ့ Team အတွက် Strategy တွေ Brainstorming လုပ်တဲ့နေရာမှာ အဓိက သုံးပါတယ်။ သူက Advanced data analysis လုပ်လို့ရတယ်၊ Competitor data တွေလဲ ကောင်းကောင်း analysis လုပ်လို့ရတဲ့အပြင် Product Decisions တွေချတဲ့အခါမှာလဲ အင်မတန် အသုံးဝင်ပါတယ်။ pro ver လေး recommend ပေးတယ်ပေါ့နော်။

2️⃣ Claude (ClaudeDesign)
feature အသစ်တစ်ခုရဲ့ User flow တွေ၊ wireframe စိတ်ကူးတွေကို ဒါနဲ့အရင် စဉ်းစားဖြစ်တယ်။ ကိုယ်လွတ်သွားတတ်တဲ့ edge cases တွေကို သူက ကောင်းကောင်းထောက်ပြပေးနိုင်တယ်ပေါ့နော်။ Designer ကိုယ်တိုင် Figma နဲ့အကုန်ထိုင်ဆွဲစရာမလိုပဲ ClaudeDesign နဲ့ Product Team အနေနဲ့ requirements တွေထည့်ပြီး ကိုယ်တိုင် design ဖန်တီးလို့ရတဲ့အတွက် အရမ်းအရမ်းကိုကြိုက်ပါတယ်။

3️⃣ Codex
ကိုယ်က code မရေးတတ်ပေမဲ့ developer တွေပြောတဲ့ technical constraints တွေ, API payload တွေနဲ့ technical documentation တွေကို နားလည်အောင် ဒါနဲ့ အမြဲစစ်ကြည့်တယ်။ အဲ့တော့ Acceptance Criteria (AC) တွေရေးတဲ့အခါ developer တွေနဲ့ စကားပြောရတာ ပိုပြေလည်သွားပါတယ်။ Design ကနေ implementation အတွက် code အကြမ်းဖျင်း ပြောင်းပေးလို့လဲရတော့ Dev တွေအတွက် အချိန်ကုန်သက်သာပြီး အလုပ်လျော့သွားတာပေါ့နော်။

4️⃣ Hermes Agent
Backlog refinement လုပ်တဲ့အခါ user stories တွေခွဲထုတ်တာတို့၊ sprint planning အတွက် task တွေစီတာတို့ဆိုရင် ဒါက အများကြီး သက်သာစေပါတယ်။ လက်နဲ့ထိုင်လုပ်နေရမယ့် အလုပ်တွေ လျော့သွားတာပေါ့နော်။

💭 QA, BA, PO တွေအနေနဲ့ Designer တွေ, Developer တွေနဲ့ လက်တွဲရင်း ဘယ် AI tools တွေကို သုံးဖြစ်နေကြလဲ? Comment မှာ ပြောပြပေးကြပါဦးနော်။ 🥰

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗

🤓 Manual Testing ကနေ Automation Testing ဘက် QA တွေ ဘယ်လိုကူးကြမလဲ?လတ်တလော အလုပ်လေးတွေရှုပ်နေတာနဲ့ page မှာ post လေးတွေ မ...
24/07/2026

🤓 Manual Testing ကနေ Automation Testing ဘက် QA တွေ ဘယ်လိုကူးကြမလဲ?

လတ်တလော အလုပ်လေးတွေရှုပ်နေတာနဲ့ page မှာ post လေးတွေ မတင်ဖြစ်တော့ chat box က message လေးတွေတော့ reply ပြန်ပေးဖြစ်ပါတယ်။

တွေ့ရသလောက်ဆို Luna page follower အများစုက QA role ကိုစိတ်ဝင်စားတဲ့သူ ပိုများကြတယ်။

ဒီဘက် ခေတ်မှာ QA ဆိုရင် Automation ပိုင်းထိ တောင်းလာကြတာမို့ manual QA တော်တော်များများလဲ automation ဘက်ကိုလိုက်လာကြရတယ်ပေါ့နော်။

အဲ့တော့ Luna automation အတန်းဖွင့်ဖို့ရှိလားဆိုမရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်း collaborate လုပ်ပြီး သင်ပေးလို့ရရင် စီစဉ်ပေးမယ်ပေါ့နော်။ အရင်ဆုံး self learner သမားတွေအတွက် တော်တော်များများ သိချင်လောက်မယ့် automation ဘက်ကို ဘယ်လိုကူးကြမလဲ ပြောပြပေးသွားပါမယ်။

လက်ရှိမှာ Manual Testing အတွေ့အကြုံရှိပြီးသားဖြစ်တာဟာ Automation ဘက်ကို ကူးပြောင်းတဲ့အခါ အရမ်း အားသာချက်ရှိပါတယ်။ Test Case တွေရေးတတ်တာ၊ Bug တွေကို နားလည်တာနဲ့ SDLC ကို သိထားတာတွေက Automation လုပ်တဲ့အခါ အများကြီး အထောက်အကူဖြစ်စေပါတယ်။

စပြီး လေ့လာတော့မယ်ဆိုရင် ဒီအချက်လေးတွေအတိုင်း အဆင့်ဆင့် စလို့ရပါတယ် -

🚀 ၁။ Programming Language တစ်ခု ရွေးပါ

1️⃣ Python: Syntax ရှင်းလွယ်ပြီး စတင်လေ့လာသူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

2️⃣ JavaScript / TypeScript: Web Frontend နဲ့ Modern Testing Tools တွေမှာ အသုံးများပါတယ်။

3️⃣ Java: Enterprise ကုမ္ပဏီကြီးတွေနဲ့ Projectကြီး တွေမှာ အသုံးအများဆုံးဖြစ်ပါတယ်။

လွယ်လွယ်ကူကူနဲ့ စတင်ချင်ရင် Python နဲ့ဖြစ်ဖြစ်၊ Web ဘက်ကို ဦးစားပေးချင်ရင် JavaScript / TypeScript နဲ့ဖြစ်ဖြစ် စ နိုင်ပါတယ်။

💻 ၂။ Coding အခြေခံ နဲ့ OOP Concepts ကို လေ့လာပါ

Variables, Loops, Functions တွေအပြင် Framework တည်ဆောက်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ Object-Oriented Programming (OOP) သဘောတရားတွေကို သေချာနားလည်အောင် လုပ်ပါ။

🛠️ ၃။ Modern Testing Tool တစ်ခုကို ရွေးကိုင်ပါ

1️⃣ Web UI Testing Tools:

📌 Playwright: Ex*****on အရမ်းမြန်ပြီး ခေတ်စားနေတဲ့ Modern Tool (Python, JS, Java တွေနဲ့ တွဲသုံးနိုင်ပါတယ်)။

📌 Cypress: JavaScript/TypeScript သီးသန့်ဖြစ်ပြီး Setup လုပ်ရလွယ်ကူပြီး Debug လုပ်ရတာ အဆင်ပြေပါတယ်။

📌 Selenium WebDriver: သက်တမ်းရင့်ပြီး Community မှာအသုံးများတဲ့ Tool (Java, Python နဲ့ အသုံးများပါတယ်)။

2️⃣ Mobile Testing Tools:

📌 Appium: Android နဲ့ iOS နှစ်ခုစလုံးကို Language တစ်ခုတည်းနဲ့ (Python, Java) ခြုံပြီး စမ်းလို့ရတဲ့ Tool ဖြစ်ပါတယ်။

📌 Espresso / XCUITest: Android (Kotlin/Java) နဲ့ iOS (Swift) Native App တွေအတွက် သီးသန့် အသေးစိတ်စမ်းတဲ့ Tools တွေဖြစ်ပါတယ်။

3️⃣ API Testing Tools:

📌Postman (Manual/Automation) နဲ့ RestAssured ဒါမှမဟုတ် Playwright API တို့ကို သုံးပြီး Backend ပိုင်းကို စစ်ဆေးနိုင်ပါတယ်။

အခုခေတ်မှာ မြန်ဆန်ပြီး သုံးရတာ ရှင်းလင်းတဲ့ Playwright တို့ Cypress တို့ကနေ စတာ ပိုလွယ်ကူနိုင်ပါတယ်။ နောက်ပိုင်းမှာ Selenium နဲ့ပါ ထပ်ပြီး ရေးနိုင်ရင် ကိုယ့်ရဲ့ Skill ကို ပိုတိုးတက်လာစေမှာပါ။

📂 ၄။ လက်တွေ့ရေးသားပြီး Version ထိန်းပါ

📌Framework Design: Test Script တွေ ရှုပ်မသွားအောင် Page Object Model (POM) လို Design Pattern တွေသုံးပြီး Maintain လုပ်ရလွယ်ကူအောင် တည်ဆောက်တတ်ရပါမယ်။

📌Git & GitHub: ကိုယ်ရေးထားတဲ့ Test Code တွေ Version ထိန်းသိမ်းဖို့နဲ့ Team နဲ့ တွဲလုပ်ဖို့အတွက် မဖြစ်မနေ သုံးတတ်ရပါမယ်။

📌CI/CD Pipeline: GitHub Actions သို့မဟုတ် Jenkins တွေနဲ့ Test တွေ အလိုအလျောက် Run သွားစေတဲ့ စနစ်ကို အခြေခံသိထားသင့်ပါတယ်။

အရေးကြီးဆုံးကတော့ လေ့လာနေရင်းနဲ့ Test Website တွေမှာ Automation Script တွေ လက်တွေ့ရေးကြည့်ဖို့ပါပဲ။

Automation ဆိုတာ များများရေးလေ၊ ရှင်းရှင်းလင်းလင်းနဲ့ Code တိုအောင် ရေးတတ်လာလေပါပဲ။ Research လုပ်မယ်၊ Self-learning လုပ်မယ်၊ Practice များများလုပ်မယ်ဆိုရင် သေချာပေါက် ကျွမ်းကျင်လာပါလိမ့်မယ်။

အဓိကပြောပြချင်တာကတော့ လွယ်တာလေးတွေကနေ စဖို့ပါ။ language နဲ့ testing tool ရွေးတာကတော့ ကိုယ် စစ်ရမယ့် testing type ပေါ်မူတည်ပြီး ကွဲသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ goal နဲ့ကိုက်ညီမယ့် testing tool ကိုနောက်ပိုင်း ရွေးရွေးပြီး ဆက်လေ့လာသွားဖို့တော့လိုပါလိမ့်မယ်ရှင့်။

အစစ အရာရာ အဆင်ပြေပြီး Career မှာ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗

အလုပ်မှာ "ပြောရုံနဲ့ မပြီးဘူး" - Evidence ရှိဖို့ ဘာကြောင့် လိုအပ်တာလဲ? 🧐ကျွန်မတို့တွေ Remote work မှာ ကိုယ်လုပ်တာတွေကို...
25/06/2026

အလုပ်မှာ "ပြောရုံနဲ့ မပြီးဘူး" - Evidence ရှိဖို့ ဘာကြောင့် လိုအပ်တာလဲ? 🧐

ကျွန်မတို့တွေ Remote work မှာ ကိုယ်လုပ်တာတွေကို တခြားသူတွေသိဖို့အတွက် "Visibility" က အသက်ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ Visibility ရဖို့အတွက် အကောင်းဆုံးနည်းလမ်းက "Evidence" နဲ့ စာနဲ့ ပြောပြခြင်းပါပဲ။

အလုပ်ခွင်တွေမှာ အဖြစ်အများဆုံး ကိစ္စတစ်ခုပေါ့နော်။ Remote နဲ့ အလုပ်လုပ်တဲ့အခါ စကားတွေက လေထဲမှာ ပျောက်သွားနိုင်တယ်။ တစ်ခုခု မှားယွင်းမှုဖြစ်လာရင် "ငါပြောလိုက်ပါတယ်" ဆိုတာထက် "ဒီမှာ Mail/Chat record ရှိပါတယ်" ဆိုတာက တစ်ချိန်မှာ ပိုအားကောင်းတဲ့ အထောက်အထား ဖြစ်လာနိုင်ပါတယ်။

Luna ကိုယ်တိုင်လဲ ကြုံခဲ့ဖူးတယ်ပေါ့နော်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ တာဝန်ခံမှုရှိဖို့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို စာနဲ့ မှတ်တမ်းတင်ထားဖို့ မမေ့ပါနဲ့။

နောက်တစ်ချက်က ကိုယ့် အထက်လူကြီးက သူတို့ရဲ့ Team Member တွေ ဘာလုပ်နေလဲဆိုတာကို အမြဲသိချင်ကြတယ်။ "အလုပ်လုပ်နေပါတယ်" လို့ ပါးစပ်နဲ့ ပြောတာထက် -
ဘာတွေ ပြီးသွားပြီလဲ (Progress)
နောက်ထပ် ဘာတွေ လုပ်ဖို့ ရှိလဲ (Plans)
ဘယ်နေရာမှာ Block ဖြစ်နေလဲ (Problems)
ဆိုပြီး Update ပေးလိုက်တဲ့အခါ ကိုယ့်ရဲ့ Performance နဲ့ အလုပ်ပြီးမြောက်မှုကို သူတို့ ကိုယ်တိုင် စနစ်တကျ မြင်သွားပါလိမ့်မယ်။

အလုပ်မှာ အားလုံးက တစ်ချိန်တည်း မအားကြပါဘူး။ ကိုယ်က စာနဲ့ ရှင်းရှင်းလင်းလင်း ရေးထားပေးမယ်ဆိုရင် ကိုယ့် team members တွေ အချိန်မရွေး ပြန်ရှာဖတ်လို့ရတဲ့ Knowledge Base တစ်ခု ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ အချိန်ကိုလည်း လေးစားရာရောက်သလို၊ အလုပ်မှာလည်း Miscommunication အဖြစ်နည်းသွားစေပါတယ်။

💡တကယ်တော့ စာရှည်ကြီးတွေ ရေးဖို့ မလိုပါဘူး။ Bullet point လေးတွေနဲ့ပဲ တိုတိုရှင်းရှင်း ပြတ်ပြတ်သားသား ရေးရင်ရပါပြီ။

ကိုယ်ရော evidence နဲ့ပတ်သက်ပြီး အဖြစ်အပျက်တစ်ချို့ ကြုံခဲ့ရတာမျိုးရှိလား။ ဘယ်လို handle လုပ်ခဲ့လဲ Comment မှာ ဝေမျှပေးသွားပါဦးနော်။ 👇

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗

❓QA ကနေ BA၊ BA ကနေ PO ဖြစ်လာပြီး ၆ လအတွင်းဘာတွေသင်ယူခဲ့ရလဲPO Role ကို ပြောင်းခါစတုန်းက ကျွန်မ ထင်ခဲ့တာတစ်ခုရှိပါတယ်။“QA,...
23/06/2026

❓QA ကနေ BA၊ BA ကနေ PO ဖြစ်လာပြီး ၆ လအတွင်းဘာတွေသင်ယူခဲ့ရလဲ

PO Role ကို ပြောင်းခါစတုန်းက ကျွန်မ ထင်ခဲ့တာတစ်ခုရှိပါတယ်။

“QA,BA လုပ်ခဲ့တဲ့ Experience တွေရှိတော့ PO Role ကို အဆင်ပြေပြေ Handle လုပ်နိုင်မှာပဲ။” လို့ပေါ့

ဒါပေမယ့် လက်တွေ့အလုပ်ထဲ ရောက်လာတဲ့အခါ QA တုန်းက မတွေးဖူးတဲ့ အရာတွေ အများကြီး ရှိနေခဲ့ပါတယ်။

ဒါကြောင့် ဒီ ၆ လအတွင်း သင်ယူခဲ့ရတဲ့ အရာ ၅ ခုကို မျှဝေချင်ပါတယ်။

📌 ၁။ Feature တစ်ခု မှန်မမှန်ထက် လုပ်သင့်မသင့်က ပိုအရေးကြီးတယ်

QA တုန်းက ကျွန်မရဲ့ အဓိက Focus က Feature တစ်ခု Requirement အတိုင်း အလုပ်လုပ်ရဲ့လား ဆိုတာပါ။

PO ဖြစ်လာတော့ မေးခွန်းက ပြောင်းသွားတယ်။

“ဒီ Feature ကို တကယ် လိုအပ်ရဲ့လား?”

“ဒီ Feature က User အတွက် Value ရှိရဲ့လား?”

ဆိုတာတွေကို အရင်စဉ်းစားရတယ်။

📌 ၂။ လူတိုင်းကို ကျေနပ်အောင် လုပ်ပေးလို့ မရဘူး

Stakeholder တစ်ယောက်က Feature အသစ်တစ်ခု လိုချင်တယ်။

Developer က Technical Constraint ရှိတယ်။

အဲဒီအချိန်မှာ PO တစ်ယောက်အနေနဲ့ လူတိုင်းကို “ဟုတ်ကဲ့” လို့ ပြောလို့ မရဘူးဆိုတာ သဘောပေါက်လာတယ်။

Priority သတ်မှတ်ပြီး Decision ချရတာက PO Role ရဲ့ အရေးကြီးဆုံး အပိုင်းတစ်ခုပါ။

📌 ၃။ Communication Skill က Documentation Skill ထက် ပိုအရေးကြီးတယ်

User Story ကောင်းကောင်း ရေးနိုင်တာ အရေးကြီးပါတယ်။

ဒါပေမယ့် Meeting တစ်ခုမှာ Stakeholder တွေကို တစ်သမတ်တည်း ဖြစ်အောင် Align လုပ်နိုင်တာက ပိုအရေးကြီးတယ်။

PO Role မှာ အချိန်တော်တော်များများကို Communication နဲ့ပဲ ကုန်ဆုံးရပါတယ်။

📌 ၄။ Requirement အားလုံးကို လက်ခံပေးစရာ မလိုဘူး

QA နဲ့ BA တုန်းက Requirement ရလာရင် ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာ ပိုစဉ်းစားခဲ့တယ်။

PO ဖြစ်လာတော့

“ဘာကြောင့် ဒီ Requirement ကို တောင်းတာလဲ?”

“Problem က ဘာလဲ?”

ဆိုတာကို အရင်နားလည်ဖို့ လိုလာတယ်။

တစ်ခါတလေ Solution ထက် Problem ကို အရင်ရှာဖို့ ပိုအရေးကြီးတယ်။

📌 ၅။ Product Thinking ဆိုတာ နေ့တိုင်း လေ့ကျင့်ရတဲ့ Skill ဖြစ်တယ်

Feature တစ်ခု မြင်တိုင်း

“User အတွက် ဘာ Value ပေးမလဲ?”

“Business အတွက် ဘာ Impact ရှိမလဲ?”

ဆိုတာ စဉ်းစားတဲ့ Habit တစ်ခု ဖြစ်လာဖို့ လိုတယ်ဆိုတာ သဘောပေါက်လာပါတယ်။

💡 ကျွန်မ အခုထိလည်း သင်ယူနေဆဲပါ။

PO Role မှာ လုပ်လာတာ ၆ လပဲ ရှိသေးပေမယ့် QA နဲ့ မတူတဲ့ Perspective အသစ်တွေ အများကြီး ရခဲ့ပါတယ်။

Career Transition လုပ်ချင်တဲ့သူတွေအတွက်တော့ QA, BA, Customer Support ဒါမှမဟုတ် Operations Background ကနေလည်း PO Role ကို ရောက်နိုင်ပါတယ်။

အရေးကြီးတာက Product Thinking, Communication Skill နဲ့ Decision-Making Skill တွေကို တဖြည်းဖြည်း တည်ဆောက်သွားဖို့ပါ။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗🤗

🚀 PO လုပ်ချင်တယ်… ဒါပေမယ့် ဘယ်ကနေ စရမလဲ?တချို့က PO ဆိုတာ Meeting တွေတက်ပြီး Task ပေးတဲ့သူလို့ ထင်ကြတယ်။တချို့ကတော့ User ...
18/06/2026

🚀 PO လုပ်ချင်တယ်… ဒါပေမယ့် ဘယ်ကနေ စရမလဲ?

တချို့က PO ဆိုတာ Meeting တွေတက်ပြီး Task ပေးတဲ့သူလို့ ထင်ကြတယ်။

တချို့ကတော့ User Story ရေးတတ်ရင် PO လုပ်လို့ရပြီလို့ ထင်ကြတယ်။

ဒါပေမယ့် တကယ်တော့ PO တစ်ယောက်ရဲ့ အလုပ်က Feature တွေ တောင်းဆိုတာ မဟုတ်ပါဘူး။

Customer တွေအတွက် တန်ဖိုးရှိတဲ့ Product တစ်ခုကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကို ဦးဆောင်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် PO ဖြစ်ချင်သူတွေအတွက် Roadmap တစ်ခု အကြံပေးချင်ပါတယ်။

📌 ပထမဆုံး Product Fundamentals ကို နားလည်အောင် လုပ်ပါ။

• Product Owner ဆိုတာ ဘာလုပ်တဲ့ Role လဲ?
• Product Vision ဆိုတာ ဘာလဲ?
• Product Goal ဆိုတာ ဘာလဲ?
• Stakeholder တွေနဲ့ ဘယ်လို အလုပ်လုပ်ရမလဲ?

ဒီ Concepts တွေကို နားလည်ထားရင် PO Role ကို ပိုရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။

📌 Requirement & Backlog Management ကို လေ့ကျင့်ပါ။

✅ User Story ရေးတတ်ရမယ်

✅ Acceptance Criteria သတ်မှတ်တတ်ရမယ်

✅ Product Backlog ကို စီမံနိုင်ရမယ်

✅ Requirement Refinement လုပ်နိုင်ရမယ်

PO တစ်ယောက်ရဲ့ အဓိကတာဝန်တွေထဲက တစ်ခုက Team အတွက် ရှင်းလင်းတဲ့ Direction ပေးနိုင်ဖို့ပါ။

📌 Prioritization Skill ကို မြှင့်တင်ပါ။

PO တစ်ယောက်ရဲ့ နေ့စဉ်ဆုံးဖြတ်ချက်အများစုက Priority ပေါ်မှာ မူတည်ပါတယ်။

• ဘာ Feature ကို အရင်လုပ်မလဲ?
• ဘာကို နောက်မှ လုပ်မလဲ?
• ဘယ်ဟာက Business Value ပိုရှိလဲ?

ဒီလို ဆုံးဖြတ်နိုင်ဖို့ Product Thinking ကို လေ့ကျင့်ထားဖို့ လိုပါတယ်။

📌 Agile & Scrum ကို နားလည်ထားပါ။

အခုခေတ် Product Teams အများစုက Agile နဲ့ လည်ပတ်နေပါတယ်။

• Sprint Planning
• Sprint Review
• Product Backlog
• User Story
• Acceptance Criteria

ဒီ Concepts တွေကို နားလည်ထားရင် Development Team နဲ့ အလုပ်လုပ်ရတာ ပိုအဆင်ပြေပါတယ်။

📌 Product Thinking ကို လေ့ကျင့်ပါ။

PO က Feature Delivery ကိုပဲ ကြည့်ရတဲ့ Role မဟုတ်ပါဘူး။

•Customer က ဘာလိုအပ်နေလဲ?
•Market ထဲမှာ ဘာပြဿနာ ရှိနေလဲ?
•ဒီ Feature က ဘာ Value ပေးမလဲ?

ဆိုတာတွေကို အမြဲ စဉ်းစားနေရပါတယ်။

📌 နောက်ဆုံးအနေနဲ့ Leadership Skill ကို တည်ဆောက်ပါ။

PO မှာ Manager Title မရှိနိုင်ပေမယ့် Leadership Skill ရှိဖို့ လိုပါတယ်။

✅ Developer တွေ၊ Designer တွေ၊ Stakeholder တွေကို Direction တစ်ခုတည်းဆီ ခေါ်ဆောင်နိုင်ရမယ်။

✅ Expectation တွေကို Manage လုပ်နိုင်ရမယ်။

✅ Conflict တွေကို Handle လုပ်နိုင်ရမယ်။

ကျွန်မ PO Role ကို စလေ့လာတုန်းက Product Owner ဆိုတာ Requirement ရေးတဲ့သူလို့ပဲ ထင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အလုပ်ထဲရောက်လာတဲ့အခါ User Story ရေးတာထက် “ဒီ Feature က Customer အတွက် တကယ်အသုံးဝင်ရဲ့လား?” ဆိုတဲ့ မေးခွန်းကို ဖြေနိုင်တာက ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်လာပါတယ်။

PO တစ်ယောက်ရဲ့ အောင်မြင်မှုကို Feature အရေအတွက်နဲ့ တိုင်းတာတာ မဟုတ်ပါဘူး။

Customer အတွက် Value ဘယ်လောက် ဖန်တီးနိုင်ခဲ့လဲ ဆိုတာနဲ့ တိုင်းတာတာ ဖြစ်ပါတယ်။

💡 နောက်ထပ် ပြောချင်တာတစ်ခုက…

PO ဖြစ်ဖို့ Developer ဖြစ်ဖူးမှ မဟုတ်သလို PO role က Entry-Level Role တစ်ခုလဲ မဟုတ်ပါဘူး။

PO အများစုက QA, BA, Customer Support, Operations ဒါမှမဟုတ် Developer Background တွေကနေ Transition လုပ်လာကြတာ များပါတယ်။

ဘာလို့လဲဆိုတော့ PO တစ်ယောက်အတွက် Product ကို နားလည်ဖို့၊ Customer Problem ကို မြင်ဖို့နဲ့ Business Value ကို ဆုံးဖြတ်နိုင်ဖို့ Experience က အရေးကြီးဆုံးမို့လို့ပါပဲ။

ဒါကြောင့် PO ဖြစ်ချင်တယ်ဆိုရင် Position Title ကို အရင်မလိုက်ပဲ Product Thinking, Prioritization Skill နဲ့ Leadership Skill တွေကို အရင်တည်ဆောက်ပါ။

အဲဒီ Skill တွေကပဲ နောက်ပိုင်း PO Career Path ကို ရောက်ဖို့ အခြေခံကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗


🚀 BA လုပ်ချင်တယ်… ဒါပေမယ့် ဘယ်ကနေ စရမလဲ?တချို့က Documentation ရေးတတ်ရင် BA ဖြစ်မယ်လို့ ထင်ကြတယ်။တချို့က Meeting ထိုင်ပြီ...
16/06/2026

🚀 BA လုပ်ချင်တယ်… ဒါပေမယ့် ဘယ်ကနေ စရမလဲ?

တချို့က Documentation ရေးတတ်ရင် BA ဖြစ်မယ်လို့ ထင်ကြတယ်။

တချို့က Meeting ထိုင်ပြီး Note ယူရုံပဲလို့ ထင်ကြတယ်။

ဒါပေမယ့် တကယ်တော့ BA တစ်ယောက်ရဲ့ အလုပ်က Requirement တွေကို ရေးမှတ်တာထက် Business Problem တွေကို နားလည်ပြီး Solution ရှာပေးရတာ ဖြစ်ပါတယ်။

ဒါကြောင့် ခုမှ BA စလုပ်မယ့်သူတွေအတွက် Roadmap တစ်ခု အကြံပေးချင်ပါတယ်။

📌 ပထမဆုံး Business Analysis Fundamentals ကို နားလည်အောင် လုပ်ပါ။

• Business Analyst ဆိုတာ ဘာလုပ်တဲ့ Role လဲ?
• Stakeholder ဆိုတာ ဘယ်သူတွေလဲ?
• Requirement ဆိုတာ ဘာလဲ?
• Functional Requirement နဲ့ Non-Functional Requirement ဘာကွာလဲ?

ဒီ Concept တွေကို နားလည်ထားရင် BA Role ကို ပိုရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။

📌 ပြီးရင် Requirement Gathering Skill ကို လေ့ကျင့်ပါ။

✅ Stakeholder Interview လုပ်တတ်ရမယ်

✅ Requirement Elicitation Techniques တွေ သိထားရမယ်

✅ User Requirement ကို နားလည်အောင် မေးခွန်းထုတ်တတ်ရမယ်

✅ Requirement ကို Documentation အဖြစ် ပြောင်းနိုင်ရမယ်

BA တစ်ယောက်ရဲ့ အဓိက Skill က Communication နဲ့ Requirement Gathering ပါ။

📌 Process Thinking ကို ဆက်လေ့လာပါ။

Business Process တွေကို Mapping ဆွဲတတ်ရမယ်။

• As-Is Process
• To-Be Process
• Workflow Diagram
• Process Improvement

ဒါတွေကို နားလည်လာရင် Business Problem တွေကို ပိုကောင်းကောင်း Analyze လုပ်နိုင်လာပါတယ်။

📌 Agile & Scrum ကို လေ့လာပါ။

အခုခေတ် Project အများစုက Agile နဲ့ လည်ပတ်နေပါတယ်။

• Sprint
• Product Backlog
• User Story
• Acceptance Criteria
• Sprint Planning

ဒီ Concepts တွေကို သိထားရင် Development Team နဲ့ အလုပ်လုပ်ရတာ ပိုအဆင်ပြေပါတယ်။

📌 Documentation Skill ကို မြှင့်တင်ပါ။

BA တစ်ယောက်အတွက် Documentation က အရေးကြီးပါတယ်။

✅ Business Requirement Document (BRD)

✅ Product Requirement Document (PRD)

✅ User Story

✅ Use Case

✅ Process Flow Diagram

ဒါတွေကို စနစ်တကျ ရေးတတ်ဖို့ လိုပါတယ်။

📌 နောက်ဆုံးအနေနဲ့ BA တစ်ယောက်လို စတွေးတတ်အောင် လေ့ကျင့်ပါ။

ကျွန်မ BA စလေ့လာတုန်းက Documentation ကောင်းကောင်း ရေးနိုင်ရင် BA ကောင်းတစ်ယောက် ဖြစ်ပြီလို့ ထင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အလုပ်ထဲရောက်လာတဲ့အခါ Document ရေးတာထက် “ဘာကြောင့် ဒီ Feature ကို လိုတာလဲ?” ဆိုတဲ့ Business Value ကို နားလည်တာက ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်လာပါတယ်။

BA က Feature တောင်းတဲ့သူနဲ့ Developer ကြားမှာ စကားပြန်ပေးရုံ မဟုတ်ပါဘူး။

Business Goal ကို နားလည်ပြီး မှန်ကန်တဲ့ Solution ရှာပေးနိုင်ဖို့ လိုပါတယ်။

💡 နောက်ထပ် ပြောချင်တာတစ်ခုက…

BA ဖြစ်ဖို့ IT Background ရှိမှ မဟုတ်ပါဘူး။

ဒါပေမယ့် Requirement Analysis, Communication Skill နဲ့ Business Thinking ကို သေချာ လေ့ကျင့်ထားဖို့ လိုပါတယ်။

ဒီ Skill တွေက BA တစ်ယောက်အဖြစ်သာမက နောက်ပိုင်း Product Owner (PO) ဒါမှမဟုတ် Product Manager (PM) Career Path တွေအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗

🚀 QA လုပ်ချင်တယ်… ဒါပေမယ့် ဘယ်ကနေ စရမလဲ?QA Career ကို စဝင်ချင်တဲ့သူတိုင်းနီးပါး မေးဖူးတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။“QA ဖြစ...
14/06/2026

🚀 QA လုပ်ချင်တယ်… ဒါပေမယ့် ဘယ်ကနေ စရမလဲ?

QA Career ကို စဝင်ချင်တဲ့သူတိုင်းနီးပါး မေးဖူးတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။

“QA ဖြစ်ချင်တယ်၊ ဘာကို အရင်သင်ရမလဲ?”

YouTube Video တွေကြည့်တယ်။
Online Course တွေတက်တယ်။
Test Case ရေးနည်းတွေ လေ့လာတယ်။

ဒါပေမယ့် သင်ရမယ့် အစီအစဉ်မရှိရင် အချိန်ကုန်ပြီး ရလဒ်မထွက်တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခုမှ QA စလုပ်မယ့်သူတွေအတွက် Roadmap တစ်ခုအကြံပေးချင်ပါတယ်။

📌 ပထမဆုံး Software Testing Fundamentals ကို နားလည်အောင် လုပ်ပါ။

•SDLC ဆိုတာဘာလဲ?
•STLC ဆိုတာဘာလဲ?
•Regression Testing နဲ့ Smoke Testing ဘာကွာလဲ?
•Bug တစ်ခုကို Report လုပ်ပြီးရင် ဘာဆက်ဖြစ်လဲ?

ဒီ Concept တွေကို နားလည်ထားရင် Testing ကို ပိုပြီး Logic ကျကျ တွေးတတ်လာပါတယ်။

📌 ပြီးရင် Manual Testing Skills ကို လေ့ကျင့်ပါ။

✅ Requirement တစ်ခုကို ဖတ်ပြီး Test Scenario ထုတ်နိုင်ရမယ်။

✅ Test Case ရေးနိုင်ရမယ်။

✅ တွေ့တဲ့ Bug ကို Developer နားလည်အောင် Report ရေးနိုင်ရမယ်။

QA Interview တွေမှာလည်း ဒီ Skills တွေကို အများဆုံး စစ်ဆေးလေ့ရှိပါတယ်။

📌 Agile & Scrum ကို ဆက်လေ့လာပါ။

အခုခေတ် Project အများစုက Agile နဲ့ လည်ပတ်နေပါတယ်။

•Sprint ဆိုတာဘာလဲ။
•User Story ကို ဘယ်လိုဖတ်ရမလဲ။
•Acceptance Criteria က ဘာအတွက်လဲ။

ဒါတွေကို သိထားရင် Team ထဲဝင်တဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။

📌 Jira လို Tool တွေကို အသုံးပြုတတ်အောင် လုပ်ပါ။

တချို့သူတွေက Tool ကို Click နှိပ်တတ်ရင် ရပြီလို့ ထင်ကြပါတယ်။

တကယ်တော့ Jira ကို သုံးတတ်တာထက် Team Workflow ထဲမှာ Ticket တစ်ခု ဘယ်လိုစီးဆင်းသွားလဲ နားလည်ဖို့က ပိုအရေးကြီးပါတယ်။

📌 နောက်ဆုံးအနေနဲ့ QA တစ်ယောက်လို စ တွေးတတ်အောင် လေ့ကျင့်ပါ။

ကျွန်မ QA စလုပ်ခါစတုန်းက Bug များများရှာနိုင်ရင် QA ကောင်းတစ်ယောက်ဖြစ်ပြီလို့ ထင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အလုပ်ထဲရောက်လာတဲ့အခါ Bug ရှာတာထက် Requirement မှာ လွတ်နေတဲ့အချက်တွေကို စောစောသတိထားမိတာ၊ User ဘက်ကနေ တွေးတတ်တာ၊ Edge Cases တွေ မြင်တတ်တာက ပိုတန်ဖိုးရှိတယ်ဆိုတာ သဘောပေါက်လာပါတယ်။

တကယ်တော့ ဒီလို Thinking Skill တွေက QA Career တစ်ခုတည်းအတွက် မဟုတ်ပါဘူး။

နောက်ပိုင်း BA, PO ဒါမှမဟုတ် Team Lead လို Position တွေကို ဆက်သွားချင်တဲ့အခါလည်း အများကြီး အထောက်အကူ ဖြစ်ပါတယ်။

💡 နောက်ထပ် ပြောချင်တာတစ်ခုက…

2026 မှာ Automation မသိသေးလည်း Junior QA အလုပ်ရနိုင်သေးပါတယ်။

ဒါပေမယ့် Manual Testing Fundamentals မခိုင်ဘဲ Automation ကို တန်းသွားတာက Foundation မခိုင်တဲ့ အိမ်ဆောက်သလို ဖြစ်နိုင်ပါတယ်။

ဒါကြောင့်အရင်ဆုံး Testing Concepts ကို ခိုင်မာအောင် ကျေညက်အောင် လေ့လာပါ။ ပြီးမှ Automation ဘက်ကို ဆက်သွားပါ။

အဲဒီလမ်းကြောင်းက career တစ်လျှောက် ရေရှည်အတွက် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

ကျွန်မကတော့ Ei Pyae Pyae Phoo (Luna) ပါ။
အကျိုးတစ်စုံတရာ ရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါရှင့်။ 🤗


သင့် MBTI နဲ့ ကိုက်မယ့် IT Career က ဘာလဲ? 🧩“Non-IT ကနေ IT လောကထဲ ဝင်ချင်တယ်၊ BA လား၊ QA လား၊ PO လား? ငါနဲ့ ဘယ်လမ်းကြောင်...
12/06/2026

သင့် MBTI နဲ့ ကိုက်မယ့် IT Career က ဘာလဲ? 🧩
“Non-IT ကနေ IT လောကထဲ ဝင်ချင်တယ်၊ BA လား၊ QA လား၊ PO လား? ငါနဲ့ ဘယ်လမ်းကြောင်းက အကိုက်ဆုံးလဲ မသိဘူး။" ဆိုတဲ့ သူတွေရှိကြလား?

IT ဆိုတာ Coding ရေးရတာချည်းပဲ မဟုတ်ပါဘူး။
ဒီနေ့မှာတော့ ကိုယ့်ရဲ့ Personality (MBTI) ကိုအခြေခံပြီး IT လောကမှာ ဘယ်လိုလူ ဖြစ်လာနိုင်မလဲဆိုတာကို အပျော်သဘောအနေနဲ့ quiz လေးတွေဖြေပြီး ရှာဖွေကြည့်ကြရအောင်။ 😁

🎮 (မေးခွန်း (၃) ခုမှာ (A), (B), (C) ဘယ်ဟာ ပိုများလဲ မှတ်ထားပေးနော်)
၁။ သူငယ်ချင်းတွေနဲ့ Trip သွားဖို့ စီစဉ်ရင် သင်က...
(A) ဘယ်ကိုသွားမလဲ၊ ဘယ်မှာတည်းမလဲ၊ လူတိုင်း ဘာကြိုက်လဲဆိုတာကို အရင်ညှိနှိုင်းပြီး "Plan" ဆွဲပေးတဲ့သူ။
(B) ကားကောင်းရဲ့လား၊ ဟိုတယ်မှာ အရေးပေါ်ကိစ္စရှိရင် ဘယ်လိုလုပ်မလဲ၊ Safety ပိုင်းကို အရင်စစ်ဆေးတဲ့သူ။
(C) "Trip ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်လိုသွားရင် ပိုပျော်ဖို့ကောင်းမလဲ" ဆိုတဲ့ Big Picture ကို ဦးဆောင်ဆုံးဖြတ်ပေးတဲ့သူ။

၂။ ကိုယ်ပိုင် (Phone/Laptop) အသစ်တစ်ခု ဝယ်တော့မယ်ဆိုရင်...
(A) သူငယ်ချင်းတွေကို မေးမယ်၊ Reviews တွေဖတ်မယ်၊ ကိုယ်နဲ့ ဘယ်လောက်အဆင်ပြေမလဲဆိုတာကိုပဲ အဓိကထားတယ်။
(B) Spec တွေကို တစ်လုံးချင်းစီ ဖတ်မယ်၊ Guarantee ဘယ်လောက်ပါလဲ၊ ဘာတွေ ဖြစ်နိုင်လဲဆိုတာကို အသေးစိတ် စစ်ဆေးတယ်။
(C) ဒီပစ္စည်းက ကိုယ့်အလုပ်ကို ဘယ်လောက်မြန်ဆန်အောင် ကူညီပေးမလဲ၊ ရေရှည်မှာ ဘယ်လောက်တန်မလဲ ဆိုတာကို အရင်စဉ်းစားတယ်။

၃။ သူငယ်ချင်းအဖွဲ့မှာ ပြဿနာတစ်ခု တက်လာရင် သင်က...
(A) ကြားကနေ ဝင်ပြီး "ဒီလိုလေး ပြန်လုပ်ကြပါလား" ဆိုပြီး အားလုံးအဆင်ပြေအောင် ညှိနှိုင်းပေးတယ်။
(B) "ငါတို့ဘက်က ဘာမှားနေတာလဲ၊ Fact က ဘာလဲ" ဆိုတာကို အမှန်တရား ရှာဖွေပေးတယ်။
(C) "အခု ငါတို့ ဘာဆက်လုပ်သင့်လဲ" ဆိုပြီး အဆုံးအဖြတ်ပေးပြီး အလုပ်ဖြစ်အောင် လုပ်တယ်။

ကဲ..A, B, C ၃ခု ထဲမှာဘာတွေပိုများလဲ? ဒီ Quiz လေးက အကြမ်းဖျင်း ခန့်မှန်းချက်လေးပါနော်။
ကိုယ့်ရဲ့ MBTI ကိုအတိအကျသိရင်လဲ Comment မှာ ရေးခဲ့ပေးပါဦး။ အဖြေကို ကျွန်မ reply ပြန်ပေးပါ့မယ်။ Happy Friday လေးဖြစ်ပါစေရှင်။ 🤗

IT BA/PO တွေ အလုပ်ပိုသက်သာဖို့ အသင့်သုံး Documentation Toolkit! 🚀IT Business Analyst တစ်ယောက် သို့မဟုတ် Product Owner တစ...
10/06/2026

IT BA/PO တွေ အလုပ်ပိုသက်သာဖို့ အသင့်သုံး Documentation Toolkit! 🚀

IT Business Analyst တစ်ယောက် သို့မဟုတ် Product Owner တစ်ယောက်အနေနဲ့ အလုပ်စဝင်ခါစမှာဖြစ်ဖြစ်၊ ရာထူးပြောင်းခါစမှာဖြစ်ဖြစ် အခက်ဆုံးအချက်က "Document တွေကို ဘယ်ကစပြီး ဘယ်လို Standard ကျကျ ရေးရမလဲ" ဆိုတာပါပဲ။

Theory တွေ ဘယ်လောက်ပဲ သိသိ၊ လက်တွေ့ Real-world Project ထဲ ရောက်တဲ့အခါ စာရွက်အလွတ်ကြီးကို ကြည့်ပြီး Structure ကျကျ ထွက်လာဖို့ အချိန်အများကြီး ပေးရတတ်ပါတယ်။

ပြီးတော့ ကိုယ်ရေးလိုက်တဲ့ Requirements တွေကို Developer တွေ၊ QA တွေနဲ့ Stakeholders တွေက ကောင်းကောင်း နားမလည်တဲ့အခါ Communication Gap တွေ ဖြစ်ပြီး Sprint လည်ပတ်မှု နှောင့်နှေးသွားတတ်ပါတယ်။

AI ကို မေးရင် Template တွေ ရနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ အလုပ်ထဲမှာ တကယ် Developers တွေ၊ QAs တွေနဲ့ အဆင်ပြေပြေ လည်ပတ်နေတဲ့ Real-world Context မျိုး၊ နိုင်ငံတကာ Standard အတိုင်း စနစ်တကျ ချိတ်ဆက်ထားတဲ့ System Architecture မျိုးကိုတော့ AI က ချက်ချင်း ဖန်တီးမပေးနိုင်ပါဘူး။

ဒါကြောင့် Luna ကိုယ်တိုင် နိုင်ငံတကာအခြေစိုက် ကုမ္ပဏီတွေရဲ့ Live Projects တွေမှာ အောင်မြင်စွာ အသုံးချနေတဲ့ "The Ultimate Agile BA/PO Documentation Toolkit" ကို အသင့်သုံး (Ready-to-use) အနေနဲ့ ထုတ်ပေးလိုက်ပါပြီ။ ✨

သင့်ရဲ့ နေ့စဉ် Workflow ကို သိသိသာသာ မြန်ဆန်ပြီး Professional ဆန်သွားစေမယ့် Pack တွေကို မိမိလိုအပ်ချက်အလိုက် ရွေးချယ်နိုင်အောင် Tier (၂) မျိုးနဲ့ ပြင်ဆင်ပေးထားပါတယ်။

📦 Choice 1: BA/PO Starter Kit (3 Core Templates)
Daily Workflow အတွက် မရှိမဖြစ် အခြေခံအကျဆုံး Core Documents (၃) ခု ပါဝင်မှာ ဖြစ်ပါတယ်။

1️⃣ Real-world Product Requirement Document (PRD) Template:
Feature တစ်ခုချင်းစီရဲ့ Scope၊ User Flows နဲ့ Functional Requirements တွေကို ဇဝေဇဝါမဖြစ်ဘဲ ရှင်းရှင်းလင်းလင်းဖြစ်အောင် စနစ်တကျ ဖွဲ့စည်းထားတဲ့ Format

2️⃣ INVEST Standard Jira User Story & Acceptance Criteria Formats:
Developer တွေ ဖတ်တာနဲ့ ကွက်တိ အလုပ်လုပ်လို့ရမယ့် Epic & Story Hierarchy တည်ဆောက်ပုံနဲ့ တကယ့် Real project သုံး User Stories ရေးနည်း ပုံစံများ။

3️⃣ Product Glossary & Matrix Sheet:
Complex ဖြစ်တဲ့ Product Ecosystem တွေမှာ ကွဲလွဲမှုမရှိအောင် ယှဉ်တွဲကြည့်ရှုနိုင်မယ့် Technical & Business Glossary Matrix။

💰 Starter Kit Price: 15,000 MMK

🚀 Choice 2: Ultimate Pro Toolkit (All-in-One Pack)

Product Delivery Lifecycle တစ်ခုလုံး (Requirements စုဆောင်းခြင်းမှသည် Live Release လုပ်သည်အထိ) ကြုံတွေ့ရမယ့် Challenges အားလုံးကို ဖြေရှင်းနိုင်မယ့် Core Templates (၃) ခု + Premium Bonus Items (၇) ခု စုံစုံလင်လင် ပါဝင်မယ့် Full Pack ဖြစ်ပါတယ်။

(အထက်ပါ Core 3️⃣ ခုအပြင် ထပ်မံပါဝင်မည့် Bonuses များ) -
4️⃣ Change Request (CR) Log & Impact Analysis:
Scope Creep မဖြစ်အောင် Requirements အသစ်တွေကို စနစ်တကျ တွက်ချက်စစ်ဆေးမည့် Format။

5️⃣ User Acceptance Testing (UAT) Sign-off Checklist: Production မတင်ခင် ဘေးကင်းစိတ်ချရအောင် စစ်ဆေးမည့် Checklist။

6️⃣ Sprint Retrospective & Review Meeting Agendas: Dev Team နဲ့ အစည်းအဝေးတွေကို စနစ်တကျ Run နိုင်မည့် Notion Template။

7️⃣ Wireframe & User Flow Briefing:
UI/UX Designer တွေကို Requirements ရှင်းလင်းစွာ လွှဲပြောင်းပေးနိုင်မည့် Format။

8️⃣ Release Notes Template:
Feature တွေ Live လွှင့်ပြီးရင် စနစ်တကျ ရေးသားထုတ်ပြန်မည့် Document ပုံစံ။

9️⃣ Functional & Non-Functional Checklists: Requirements များ မကျန်ခဲ့အောင် စစ်ဆေးရန်။

🔟 Stakeholder Communication Templates:
Slack/Email တွင် အသင့်သုံးနိုင်မည့် Message Templates များ။

💰 Ultimate Pro Toolkit Price: 30,000 MMK (အစုံလင်ဆုံးမို့လို့ လူကြိုက်အများဆုံးဖြစ်မယ့် Package ဖြစ်ပါတယ်)

💡 ဘယ်သူတွေအတွက် သင့်တော်လဲ?
✅ QA / Tester ဘဝကနေ BA / Product Owner လမ်းကြောင်းကို Transition ပြောင်းချင်သူများ (QA အမြင်ရှိပြီးသားသူတွေအဖို့ ဒီ Templates တွေက Business Logic ကို အမြန်ဆုံး နားလည်သွားစေမယ့် Shortcut ဖြစ်ပါတယ်)
✅ IT BA / PO လမ်းကြောင်းကို အခုမှ စတင်ကူးပြောင်းလာသူများ
✅ အလုပ်ထဲမှာ Documentation ရေးရတာ အချိန်အကြာကြီး ယူနေရလို့ Workflow ကို Boost လုပ်ချင်သူများ
✅ Interview တွေမှာ Real-world documents တွေ ဘယ်လိုရှိလဲဆိုတာ လက်တွေ့ လေ့လာချင်သူများ

သင့်အနေနဲ့ PMI-PBA, PSPO II Certified တစ်ယောက်ရဲ့ စနစ်တကျ ချဉ်းကပ်ထားတဲ့ လုပ်ငန်းခွင်သုံး လက်တွေ့ Templates တွေကို ရရှိမှာဖြစ်လို့ ရှာဖွေရမယ့် အချိန်တွေကို သက်သာစေပြီး ကိုယ့်ရဲ့ Deliverables တွေကို Premium Quality ထွက်လာစေမှာ သေချာပါတယ်။

Template တိုင်းမှာလဲ Dummy Data Example တစ်file စီအပို ပါဝင်တာဖြစ်တာမို့ ကြည့်ရုံနဲ့ နားလည်စေမှာဖြစ်ပါတယ်။

တစ်ခါဝယ်ထားရုံနဲ့ ဘဝတစ်သက်တာ အလုပ်ထဲ ပြန်ပြန်သုံးလို့ရမယ့်အပြင် Notion link နဲ့ရော Google Drive Link နဲ့ပါရရှိမှာ ဖြစ်ပါတယ်။

👉 ဝယ်ယူလိုပါက Luna Logic Lab - LLL Page Messenger တွင် မိမိရွေးချယ်လိုသော Pack နာမည် "Starter" သို့မဟုတ် "Ultimate" ဟု စာပို့ပြီး ချက်ချင်း ရယူနိုင်ပါပြီ။

သင်တန်းဖွင့်မယ်လို့ မကြော်ငြာထားတာတောင် စိတ်ဝင်တစား လာမေးမြန်းကြလို့ ကျေးဇူးတင်ပါတယ်ရှင့်။🤗BA သင်တန်းလေးဖွင့်ဖို့ စီစဉ်န...
05/06/2026

သင်တန်းဖွင့်မယ်လို့ မကြော်ငြာထားတာတောင် စိတ်ဝင်တစား လာမေးမြန်းကြလို့ ကျေးဇူးတင်ပါတယ်ရှင့်။🤗

BA သင်တန်းလေးဖွင့်ဖို့ စီစဉ်နေတာတော့ရှိတယ်ပေါ့နော်။
QA သင်တန်းလေးကတော့ဖွင့်ဖို့မရှိသေးပါဘူး။

QA မှ QA ဆိုတဲ့သူတွေအတွက် one by one session ယူချင်ရင် အချိန်ညှိပေးပါမယ်။ Page messenger မှာလာရောက် အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်။

Address

Yankin Township
Yangon

Telephone

+95768335294

Website

Alerts

Be the first to know and let us send you an email when Luna Logic Lab - LLL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Luna Logic Lab - LLL:

Shortcuts

Share

Category