Sayar_George_ICT

Sayar_George_ICT

Share

IGCSE & Pre_IGCSE teacher for Myanmar students.., having over 20 years of teaching experiences

30/10/2025
09/04/2024

Online Teacher တစ်ယောက် ခရီးထွက်နေရသော်လည်း ကျောင်းသားက မနက်ဖတ် စာမေးပွဲဟုပြောသောအခါ

10/03/2024

ဆရာ စာသင်ရင် စာအုပ်ကိုင်သလား၊ အလွတ် သင်သလားတဲ့။
စာအုပ် ကိုင် သင်ပါတယ်။ တစ်ကြောင်းချင်း တစ်လုံးချင်း သင်ပါတယ်။

MIT မှာလည်း ဆရာတော်တော်များများ စာရွက်လေးတွေ ​ကြည့်ကြပါတယ်။

စာသင်တာ ဆရာ တော်ကြောင်း ပြနေဖို့ မဟုတ်ဘူးလေ။
ကိုယ့် ကျောင်းသားကို တော်အောင်၊ တတ်အောင်၊ တကယ် သိအောင် လုပ်ပေးဖို့။

ဆရာ တစ်ယောက်အတွက် အရေးကြီးတာက

ကိုယ်သင်ရမည့် စာကို အခြေခံကျကျ တကယ် နားလည်ဖို့၊
ကျောင်းသားတွေကို အမှားတွေ မသင်ဖို့၊ မလိမ်ညာဖို့၊
စာသင်ချိန်ကို တိတိကျကျ လေးစားဖို့၊
စာသင်ချိန်လည်း အပြည့် သင်ဖို့၊ နောက်ကျရောက်၊ သူများအချိန်ခိုး မလုပ်ဖို့၊
စာသင်စရာကိုလည်း အပြည့်သင်ဖို့၊ မချန် မကျော် စာကုန်အောင်သင်ဖို့၊
စာသင်စရာကို အချိန်ဇယားထားပြီး မှန်မှန် သင်ဖို့၊ မနှေး မမြန် ပုံမှန် ပြီးဖို့၊
ပြန်လည် ဆွေးနွေးခွင့် ပေးဖို့၊ ကိုယ်မသိတာ မေးရင် ညာပြီး မဖြေဖို့၊
ပြန်လှန် လေ့ကျင့်ခြင်း လုံလောက်အောင် လုပ်ပေးဖို့၊
အတွေးအခေါ်ဆိုင်ရာ ပြင်ပ ဆက်စပ်လေ့ကျင့်ခန်း လုပ်ပေးဖို့၊
ကိုယ့်ကျောင်းသားကို တကယ်တော်အောာင် လုပ်ပေးဖို့ပါ။

ကိုယ်က မတော်လည်း၊ ညံ့အောင် မနေဘဲ လေ့လာနေရမှာ။
ကိုယ့်ကျောင်းသား တကယ်တတ်ဖို့၊ စေတနာကောင်း ထားရမှာ။
အချိန်တန် ငါပိုက်ဆံရ ပြီးရောတော့ လုပ်နေလို့ မရသလို
ပိုက်ဆံရဖို့ လုပ်နေတာမျိုးလည်း မဖြစ်နေသင့်ပါ။

ဆရာတစ်ယောက် အောင်မြင်ဖို့က စေတနာစိတ် သိပ်လိုပါတယ်။
ကိုယ့်တပည့်က သိပ်တော်နေရင် မနာလိုမဖြစ်ဘဲ ဂုဏ်ယူတတ်ဖို့လည်း လိုပါတယ်။

Photos from Sayar_George_ICT's post 15/02/2024
03/02/2024

Online Class သင်နိုင်ဖို့ အရင်းအနှီး

မြင်ရတဲ့ ကုန်ကျစရိတ်
၁။ Licenced Zoom ၅.၈ သိန်း
၂။ WiFi. ၃.၅ သောင်း(လစဉ်)
၃။ Computer ၁၈ သိန်း
၄။ Samsung Tablet ၁၄သိန်း(အရံ)
၅။ Inverter. ၂.၅ သိန်း
၆။ ဘက်ထရီ။ ၃.၈သိန်း
______________________________
စုစုပေါင်း- ၄၄.၅ သိန်း

မမြင်ရတဲ့ အားထုတ်မှုများ
၁။ ဘာသာရပ်ကို အချိန်ပေးလေ့လာရခြင်း
၂။ နည်းပညာ ကို အချိန်ပေးလေ့လာရခြင်း
၃။ လိုအပ်စာအုပ်စာတမ်းများ စုရခြင်း
၄။ သူတပါးအနားယူချိန် မနားရခြင်း
၅။ မေးခွန်းထုတ်ရခြင်း
၆။ လိုက်ဖက်ညီ သင်ပြမှု ပုံစံ အစီအစဉ်ချခြင်း
၇။ သင်ရိုးစီမံချက် ရေးဆွဲထားရခြင်း
၈။ တိုးတက်မှု အခြေအနေပြဂရပ် ဆွဲရခြင်း
၉။ စာစစ်ရခြင်း
၁၀။ ....

ကဲ ...မြင်ပြီလားဗျာ။
Online နဲ့ စာသင်တာများ အရင်းအနှီးမှ မလိုပဲဟာ လို့ မြင်ကြသူများအထက်က အရာတွေက အရင်းအနှီးတွေပါလို့ ပြောပါရစေခင်ဗျ။

"Online Class မို့ လခ လျှော့ပေးပါဦး ဆရာရယ်" လို့ ပြောရက်သူများ ဖတ်ကြည့်စေချင်လို့ ယခုလို ရေးရပါကြောင်း။

24/07/2023

ဝါရှင်တန်တက္ကသိုလ်က ခွဲစိတ်ဆရာဝန်များကတော့ စက်ရုပ်ဖြင့် အသည်းအစားထိုးခွဲစိတ်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါပြီ။

ယခုနှစ် မေလမှာ ဆောင်ရွက်ခဲ့တဲ့ ဒီခွဲစိတ်မှုကို စက်ရုပ်အသုံးပြု၍ ပထမဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အသည်းအစားထိုးမှုအဖြစ် မှတ်တမ်းတင်လိုက်ပါပြီ။ အစားထိုးမှုအား လူသားခွဲစိတ်ဆရာဝန်တွေထက် ပိုမိုတိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒီခွဲစိတ်မှုကို အသည်းကင်ဆာနဲ့ စီပိုးရှိတဲ့ အသက် 60 အရွယ် အမျိုးသားအား ပြုလုပ်ခဲ့တာ ဖြစ်ပြီး အောင်မြင်ခဲ့ပါတယ်။

Advanced Robotic နည်းပညာတွေရဲ့ အကျိုးကျေးဇူးကြောင့် အထိအခိုက် အမှားအယွင်းနည်းစွာ ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒီစက်ရုပ်နည်းပညာတွေကြောင့် ခွဲစိတ်ခဲ့တဲ့ အမျိုးသားဟာ အမြန်ဆုံး ပြန်လည်နလန်ထူနိုင်ခဲ့ပြီး တစ်လအတွင်းမှာပဲ လူကောင်းတစ်ယောက်လို ပြန်လည်အလုပ်လုပ်နိုင်နေပါပြီ။

ဒီလို အသည်းအစားထိုးမှုအား စက်ရုပ်ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မှုကြောင့် အခြားသော ခန္ဓာကိုယ် အရေးကြီးအစိတ်အပိုင်းတွေကိုလည်း စက်ရုပ်ဖြင့် ကုသနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာပြီပဲ ဖြစ်ပါတယ်။

Ref: Fossbytes

27/06/2023

အခုလက်ရှိ International School များတွင် သင်ကြားနေသော Primary -3/4/5/6 , Secondary -1/2/3, IGCSE O-Level (CIE/ EdExcel) အတန်းများအတွက် Computing /ICT/Computer Science ပုံနှိပ်စာအုပ်လိုအပ်သူများ page ကို like and share လေးလုပ်ပေးပြီး messenger မှာ ဆကိသွယ်ပေးပါနော်။ textbook soft copy များ Google drive နှင့် telegram channel များမှ အခမဲ့ ပို့ပေးပါမည်/

29/04/2023

“စနစ်သစ် ပညာရေး အကြောင်း
ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ

အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။

# Grade 10 (ဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ

# Grade 11 (ဧကဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ

# Grade 12 (ဒွာဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
-နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲ “နှစ်ခု” ရှိပါသည်။

Grade 12 (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။

ထိုလက်မှတ်ဖြင့်
-ကောလိပ်များ
-Instituteများ
-ပညာရေးကောလိပ်
-GTI အစရှိသည့်တို့တွင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။

သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

Grade 12 (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် “Grade” အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်သည်။

ထိုရလဒ် “Grade” အနေအထားအပေါ်မူတည်ပြီး “တက္ကသိုလ်များ” ကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

ထိုစာမေးပွဲတွင်

# Grade A ရရှိသောကျောင်းသား/သူများသည် ကြိုက်နှစ်သက်ရာ”တက္ကသိုလ်များ”ကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သည်။

# Grade B နှင့် C အစရှိသဖြင့် ရရှိသောကျောင်းသား/သူများသည်ထိုGrade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

# Grade များသည်လည်း ဘာသာရပ်တိုင်းအတွင်ကောင်းရန်မလိုပါ။

# သို့သော် မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

@ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
-English
-Physics
-Chemistry
-Biology စသည့်ဘာသာ လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။

@ Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင်
-English
-Math
-Physics
-Chemistry စသည့်ဘာသာ လေးဘာသာ၏ Grade များကိုသာ ကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။

# ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များကို ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

# Grade 12 (ဒွာဒသမတန်း)မှာ Gradeကောင်းဖို့လိုသလို “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ” ဖြေရာမှာလည်းအဆင်ပြေ အောင်မြင်စေဖို့ Grade 10,11,12 သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ပိုင်နိုင်ခဲ့ဖို့လိုပါတယ်။

# Grade ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့်ရရှိမည်မဟုတ်ပါ။

# ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရဦးမှာဖြစ်ပါတယ်

# ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

✔️မှတ်ချက် ✔️

တတ်မြောက်အောင်သင်ခြင်းသည်

သင့်ကလေးငယ်၏ ဘဝ ဖြစ်သည်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00