18/07/2024
" လူတွေဟာ ရယ်စရာကောင်းကြောင်း "
😄😄😄😄😄😄😄😄😄😄😄
တစ်နေ့ -
မျောက်နှစ်ကောင် စကားပြောကြတယ်
ပထမမျောက်က ပြောတယ်
" လူ့ဘဝက သိပ်ပျော်ဖို့ကောင်းတာဘဲကွာ "
ဒုတိယမျောက်ကပြောတယ်
" လူ့ဘဝက ပျော်ဖို့မကောင်းဘူးကွ လူတွေကရယ်စရာကောင်းနေတာ "
ပထမမျောက်က ပြန်ပြောတယ်
"ဘာလို့လည်းကွ " ???
ထိုအခါ ... ဒုတိယမျောက်က -
ထိုသို့ဖြေကြားပါလေတော့တယ်
" လူတွေဟာ ပြုံးနေတိုင်း ပျော်နေတာ မဟုတ်သလို ...
ငိုနေတိုင်းလည်း ဝမ်းနည်းနေတာမဟုတ်ဘူးကွ "
" မင်းပုခုံးကိုဖတ်ထားတဲ့ လူတိုင်းလည်း
မင်းလူမဟုတ်ဘူးကွ "
" မင်းကိုလက်တစ်ဖက်နဲ့ နှုတ်ဆက်နေတဲ့အချိန်မှာ
ကျန်တစ်ဖက်က ဓားတစ်လက်နဲ့
မင်းနောက်ကျောကိုချိန်ထားပြီးသား "
" မင်း အကြိမ်တစ်ရာကောင်းပေမဲ့
တစ်ကြိမ်မကောင်းလိုက်တာနဲ့
မင်းဟာ လူဆိုးစာရင်း Auto ဝင်သွားရော "
" တစ်ခါတစ်လေ ချို့တဲ့သူကို သနားသလိုနဲ့
သူတို့အတွက် အခွင့်အလမ်းရဖို့ကိုလည်း မြင်တတ်တယ်ကွ "
" တစ်နေ့လုံးနေလို့ အိမ်ကဘုရားဘက်လှည့်ပြီး
လမ်းမလျှောက်တဲ့သူတွေက လပြည့်နေ့ကျတော့
ဘုရားဖူးသွားလိုက်ကြတာ ... "
" အရမ်းချစ်ပါတယ် ခွဲမသွားပါဘူး ဆိုတဲ့အတွဲတွေ
ပြတ်လည်းပြတ်ရော နောက်ချစ်သူရှေ့မှာ
တစ်ယောက်ကိုတစ်ယောက် အပြစ်ပြောလိုက်တာကွာ ... "
" အိမ်ကမိဘကိုသာ ရှာကျွေးဖို့မေ့နေတာ
ချစ်သူရှေ့ကျ ချစ်ဘာလိုချင်လည်း ပြောတဲ့ကောင်တွေက တစ်ပုံကြီးကွာ "
" အိမ်မှာ ဆန်တစ်ပြည်လောက်စားတဲ့ မိန်းမတွေကလည်း
သူတိုဘဲတွေရှေ့ကျ မုန့်ဟင်းခါး တစ်ပွဲမကုန်တဲ့
ဇွတ် အစားနည်းမိန်းမတွေလည်းရှိသေးတယ် "
" တရားစခန်းဝင်ပြီး အိမ်စိတ်မချရတာနဲ့
ဘယ်လောက်ချမ်းသာကြောင်း
သားနဲ့သမီး ဘယ်လောက်တော်ကြောင်းပြောတဲ့
ဇွတ်တရားပေါက်နေတဲ့ သူတွေလည်းအများကြီး "
" အရာရာသိနေတဲ့ ဇွတ် ပညာရှိကြီးတွေလည်း တစ်ပုံကြီး "
" အမှန်တရားတွေပြောဖို့လား ...
ယောင်လို့တောင်မစဥ်းစားနဲ့
Auto ရွာပြင်ပို့လိုက်တာ " 😄😄😄
" မောတယ်ကွာ ...
ဒီနေ့တော့ ဒီလေါက်ဘဲနောက်နေ့မှ ဆက်ပြောပြမယ် "
" ဒါပေမဲ့ ... အဲ့လူတွေမသိတာ
သူတို့ဟာဘာကောင်ဖြစ်ဖြစ်
နောက်ဆုံးတော့ သူတို့ဟာ သေလူပါဘဲ
မွေးဖွားခြင်းက သေဆုံးခြင်းရဲ့အစပါ "
" ပေါ့သေးသေးတော့မထင်နဲ့
" မျောက်ချေးနဲ့ မသေးဆေး " ဖော်လို့ရတယ်ဆိုပြီး
ကြားကြည့်ပါလား ...
ငါတို့မျောက်တွေ ချေးပါချိန်တောင်ရမှာမဟုတ်ဘူး
ဗိုက်ခွဲပြီး ချေးယူသွားလို့ မျောက်မျိုးပါတုံးသွားမယ် "
ထိုစကားကြောင့် ...
ပထမ မျောက်က ထပ်မေးတယ်
" ဘာကြောင့် လူ့ဘဝကအဲ့လောက်တောင်ရှုပ်ထွေးရတာလည်းကွာ "
ထိုအခါ ... ဒုတိယမျောက်က ထပ်ပြောတယ်
" လူဘဝ ကရှင်းပါတယ်
မွေးဖွားပြီးရင် သေရမယ် ရှင်းရှင်းလေး
လူတွေကသာ ရှုပ်နေတာ
ဘာကြောင့်ရှုပ်တာလည်းမမေးနဲ့တော့ ...
သူတို့က " လူ " တွေဖြစ်နေလို့ကိုရှုပ်နေတာ "
စကားအဆုံး၌
မျောက်သုံးကောင်
အတွေးကိုယ်စီဖြင့် ပြုံးလိုက်လေတော့သည် 😄😄😄
နေ့သစ်
13/07/2024
ဘ၀မှာ
ရန်သူစစ်စစ်နဲ့ မိတ်ဆွေစစ်စစ်
(1)ခုပဲ ရွေးချယ် ပေါင်းသင်းတော့မယ်။ အလယ်အလတ်ကြားနေတာက
ဘုရားဟောတဲ့ တရားတစ်ခုပဲ ကောင်းတယ်။
13/07/2024
ဘောင်
ဘ၀မှာ ဘောင်၀င်အောင်နေပါ။
စည်းနဲ့နေပါ။ ဂုဏ်သိက္ခာ ရှိပါတယ်။
ဘ၀က မြူမှုံသာသာပါပဲ။ ကိုယ့်အကြောင်း က်ိုယ်အသိဆုံးပါ။
05/07/2024
မင်းလိုလူစား အများကြီးဟေ့။
*****************************
ပျားရည်ရောင်းသူက
ကြော်ငြာပြီး ရောင်းတယ်။
"ပျားရည်အစစ်ဆိုတာ ခွေးမစားဘူး။
ခွေးစားရင် အဲဒါ ပျားရည် မစစ်ဘူး။"
အခု သူရောင်းနေတဲ့ ပျားရည်ကို
လက်တွေ့ စမ်းသပ်နိုင်ကြောင်း
သူ့ ပျားရည်ဟာ
အစစ်ဖြစ်သောကြောင့်
ခွေးမစားဘူး ဟူ၍
ကြော်ငြာရောင်းလေပါရော။
အဲဒီမှာ လူတစ်ယောက်က
ကြားဖြတ်ပြီး ဝင်မေးပါတယ်။
"တကယ်လို့ ခင်ဗျားရဲ့
ပျားရည်ကို ခွေးစားရင်ရောဗျာ။"
ပျားရည်ရောင်းသူက
ယုံကြည်စွာပဲပြန်ဖြေပါတယ်။
"အဲဒါ ခွေးမစစ်လို့ပေါ့။"
*စျေးရောင်းသူက
သူ့ပျားရည် စစ်ဖို့အတွက်
ခွေးတောင် ခွေးအစစ်မဟုတ်ဘူး
ပြောသွားလေရဲ့။
သိုးကလေးက စမ်းချောင်းမှာ
ရေဆင်းသောက်တယ်။
ဝံပုလွေဆိုးက သိုးကလေးကို
စားချင်တယ်။ ဒါပေမယ့်
မတရားစားတယ်၊
အနိုင်ကျင့်တယ်လို့
ပတ်ဝန်းကျင်က
သမုတ်မှာစိုးတဲ့အတွက်
သိုးကလေးကို အပြစ်ရှာတယ်။
"မင်း ငါသောက်မယ့် ရေတွေကို
အနယ်ထအောင် လုပ်တယ်။"
"သေချာကြည့်ပါအုန်း ဝံပုလွေကြီးရယ်
ကျနော်က ဝံပုလွေကြီးရဲ့
ရေစုန်ဘက်မှာ နေတာပါ။
ကျနော့်ကြောင့် ဘယ်လိုလုပ်ပြီး
ရေက နောက်ရမှာလဲ။"
ဝံပုလွေက "မရဘူး ..
မင်းကြောင့် ရေမနောက်ပေမယ့်
မင်းမိဘတွေကြောင့်
ရေနောက်ဖူးတယ်။အဲဒီတော့
မင်းကို ငါ စားရမှာပဲ။"
*ဘယ်လိုဖြေဖြေ
သူ့အဖြေကအမှားပဲ။
ငါပြောတာ အမှန်ပဲ ဆိုပြီး
သူ့အသားကို စားချင်တဲ့ ဝံပုလွေကြီးရဲ့
အမှန်တရားကလည်း အံ့ဩစရာပါပဲ။
လူနှစ်ယောက်က
ဒင်္ဂါးပြား ခေါင်းပန်းလှန်တယ်။
တစ်ယောက်က ခေါင်းကျလည်း
စားလိုက်တာပဲ။ ပန်းကျလည်း
စားလိုက်တာပဲ။ အဲဒီတော့
တခြားတစ်ယောက်က မေးတယ်။
"ကျနော်က ဘယ်လိုကျမှစားရမှာလဲ"
ဟိုလူက တရားမျှတစွာပြန်ဖြေတယ်။
"မင်းက ထောင်နေမှ စားရမှာ။"
*အဲ့ဒီလူကြီးရဲ့ အမှန်တရား၊၊
တရားမျှတမှုကလည်း ကြောက်စရာ။
*ဖနောင့်ရှည်ပြီး
ဖိနပ်အမြီးတိုနေသူကဖိနပ်နဲ့
ကွက်တိ ဖြစ်အောင် ဖနောင့်ကို
ဖြတ်ခိုင်းတဲ့ အမှန်တရား။
*'အမြီးပြတ်မြေခွေးက
အမြီးရှိမြေခွေးတွေကို
အမြီးဆိုတာ အပိုသက်သက်ပဲ။
အမြီးရှိနေတဲ့အတွက် ဘာမှ
ပိုထူးခြား မလာဘူး' ဆိုပြီး
အမြီးရှိ မြေခွေးတွေကို
သူ့လို အမြီးပြတ်ဖြစ်စေဖို့
အမြီးဖြတ်ဖို့ တရားဟောတဲ့
အမြီးဖြတ် အမှန်တရား။
*ရေပါတာပဲ လိုချင်တယ်
ရေဗူးပေါက်တာ မလိုချင်ဘူး။'
ဆိုတဲ့ အကြောင်းမကောင်းဘဲ
အကျိုးကောင်းထွက်ချင်နေသော
အကြောင်းမကြည့်ဘဲ အကျိုးကိုသာ
လိုချင်သော ထူးသည့်အမှန်တရား။
*အဖွဲ့အစည်းတစ်ခုမှာ
အမှားအယွင်းတစ်ခု ကြုံရသောအခါ
အသီးသီးသော အဖွဲ့ဝင်တွေက
'ကျနော်ကတော့ မမှားဘူးနော်'
ဆိုပြီး အမှန်တရား ဆိုတာကို
မုန့်လုနေသလို သူ့ထက်ငါ
ဦးအောင်ပြောပြီး အပြောနှေးသူက
မှားတဲ့ကောင်ဖြစ်ရသော
လုယူပြီး မှန်ရသည့်အမှန်တရား။
ဤသို့ ထူးဆန်းသောအမှန်တရား။
လွန်စွာ တရားမျှတသောအမှန်တရား။
လွန်စွာ ယထာဘူတကျသည့်
အမှန်တရားမျိုးများကို
ကိုင်စွဲရပ်တည်နေကြသည့်
မဟာ့ မဟာလူသားများသည်
ဤကမ္ဘာမြေပေါ်၌
အားရ ကျေနပ်ဖွယ်ရာ
တည်ရှိနေသည်ဟု
ကျွန်တော်သဘောပေါက်မိပါသည်။
16/06/2024
ဘဝမှာတစ်ယောက်ထဲ
ရုန်းကန်နေရလို့ စိတ်ဓာတ်မကျပါနဲ့
တစ်ယောက်ထဲဆိုလည်း
တစ်ယောက်ထဲဖြစ်အောင်လုပ်၊
အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည့်စုံတဲ့
မွေးရာပါ ပါရမီဆိုတာ ဘယ်သူမှ
ပါမလာကြပါဘူး။
ဘဝဆိုတာ
ကိုယ့်တိုင်ဖန်ဆင်းရှင်ပဲ။
ဘဝဆိုတာ
လှေငယ်တစ်စင်းနဲ့တူတယ်။
ကိုယ်ဦးတည်ရာကိုရောက်ဖို့
ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ်။
ဘယ်သူ့ကိုမှအားမကိုးပါနဲ့
ငွေမရှိရင် လောကကြီးမှာနေရတာ
မျက်နှာငယ်ရတယ် ။
အချစ်ဆိုတာလည်းငွေရှိမှ
အချစ်ရှိတာ
အမျိုးဆိုတာလဲ
ရွှေရှိမှ အမျိုးတော်ကြတာ
ဒါက လောကလူ့သဘာဝရဲ့နိယာမပဲ။
ကိုယ့်သမိုင်းကိုယ်ရေးပါ
ကိုယ်လျှောက်မဲ့လမ်း
ကိုယ်တိုင်ဖောက်ပါ ။
လူတိုင်းဟာ ကိုယ်အဆင်ပြေရင်
ကြိုဆိုမယ့်သူရှိပေမယ့် ကိုယ်အဆင်မပြေရင်
ဘယ်သူမှအရေးမလုပ်ဘူး။
ဘဝဆိုတာ လက်တွေ့ခံစားဖူးမှ
ကိုယ်ချင်းစာတတ်ကြတာပါ။
ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ပဲ
ဗုံလုံတစ်လှည့်ငါးဖျံတစ်လှည့်ပဲ
အမြဲတမ်းနိမ့်ကျမနေဘူး
အပြောင်းအလဲဆိုတာအမြဲရှိပါတယ်။
အဲဒါတွေကို သင်္ခန်းစာအဖြစ်
ယူတက်ရင် ကျေနပ်စရာပါ။
ဘာပဲဖြစ်ဖြစ်
လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာအလိုက် ကရတဲ့အခါ
မင်းသားနေရာက
သရုပ်ဆောင်ရတာရှိသလို
တခါတလေလူကြမ်းနေရာကနေ
သရုပ်ဆောင်ရတာလဲရှိတာပဲ။
ဝမ်းနည်းမနေနဲ့ စိတ်ဓာတ်ကျမနေနဲ့
အခွင့်အရေးဆိုတာ
နှစ်ခါမလာတတ်ဘူးတဲ့
ငေးမှိုင် တွေးပူ
နောင်တ ရမနေပါနဲ့
တောင့်ခံထားပါ အားတင်ထားပါ
ကံဆိုးခြင်းတွေပီးရင်
ကံကောင်းခြင်းတွေ
ရောက်လာပါလိမ့်မယ်။
မုန်းတိုင်းပြီးရင်
လေပြေလာသလိုမျိုးပေါ့
အဓိက က
စိတ်ဓာတ်ခိုင်မာဖို့
စိတ်ဓာတ်မကျဖို့
ဘဝကို အရှုံးပေးမသွားဖို့
အောင်မြင်တာရှိသလို
ရှုံးနိမ့်တာလည်းရှိတတ်ပါတယ်.။
အောင်နိုင်သည်ဖြစ်စေ
ရှုံးနိမ့်ခဲ့သည်ဖြစ်စေ
အဓိကက
ဘဝအတွက် ခံနိုင်ရည်ရှိဖို့နဲ့
စိတ်ဓာတ်တွေ ကျိုးပျက်ယိမ်းယိုင်
မသွားဖို့ပဲအရေကြီးတာ မဟုတ်လား..
Crd
01/06/2024
တိတ်တိတ်လေးနေဖို့ကြိုးစားပါမယ်ဘုရား 🙏🙏🙏
#ဘဝက သိပ်မြန်လွန်းလို့ပါ တိတ်တိတ်လေးနေနော်
#သူတစ်ပါးမကောင်းတာကို တွေနေရင်
#ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးရတယ်
#သူတစ်ပါးမကောင်းကြောင်းတွေ ပြောနေရင်
#ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့ အချိန်တွေ ဆုံးရှုံးရတယ်
#သူတစ်ပါး မကောင်းမှုတွေ လုပ်တာကို ထိုင်ကြည့်နေရင်
#ကိုယ့်ကောင်းတာလုပ်ဖို့ အချိန်တွေ ဆုံးရှုံးရတယ်
#ကမ္ဘာကြီးက တဖြည့်ဖြည့်ပူလာတယ်
#ကိုယ့်စိတ်တွေ အေးအောင် ကြိုးစားထားမှ ဘဝအချိန် ခဏလေး နေရတာ တန်ဖိုးရှိမယ်
#နေရာတိုင်းက ဆူနေတယ်
#ကိုယ့်စိတ်ကိုယ် တိတ်အောင် ငြိမ်အောင် ကြိုးစားထားမှ
# ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း မသ်ိနိုင်တာအတွက် ပြင်ဆင်ပြီးသာဖြစ်ရမယ်
#ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရ
#အကုသိုလ်တွေပဲ အဖက်တင်တဲ့ အလုပ်တွေအတွက် အချိန်မဖြုန်းပါနဲ့
#ကုသိုလ်ကောင်းမှုက တိတ်ဆိတ်တဲ့ သဘောရှိတယ် အေးချမ်းတယ်
#အကုသိုလ်က ဆူတယ် ပူတယ်
#ဒါကြောင့် တိတ်တိတ်လေးနေနော်
#ဘဝက သိပ်မြန်လွန်လို့ပါ
#သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ🙏
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 🙏🙏🙏
01/06/2024
#ရင်ဆိုင်ပါ
အခက်အခဲတွေနဲ့တွေ့တဲ့အခါ
နောင်တစ်ချိန်မှာ
ကိုယ်ဘယ်လို အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ဖူးကြောင်း
ပြောပြနိုင်တာပေါ့
#အနိုင်ယူပါ
အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
နောင်တစ်ချိန်မှာ
အခက်အခဲတွေကို ဘယ်လိုနည်းနဲ့
အနိုင်ယူခဲ့ဖူးကြောင်း
ပြောပြနိုင်တာပေါ့
#တည်ဆောက်ပါ
အခက်အခဲတွေကြောင့်
ဘဝပျက်ရတဲ့အခါ
နောင်တစ်ချိန်မှာ
တစ်စစီ ပြန့်ကျဲနေတဲ့
ကျိုးကြေမွနေတဲ့
ကိုယ့် ရည်မှန်းချက်တွေကို
ဘယ်လိုပြန်လည် တည်ဆောက်ခဲ့ရကြောင်း
ပြောပြနိုင်တာပေါ့
#စိတ်အားတင်းပါ
ကိုယ့်အင် ကိုယ့်အားနဲ့ ကိုယ့်ဘဝကို
ကိုယ်တစ်ယောက်ထဲ ထူမတ်ရတဲ့ အခါ
နောင်တစ်ချိန်မှာ
ပြိုလဲတော့မယ့် ကိုယ့် စိတ်ဓါတ်ကို
ဘယ်လို အားမွေး ခဲ့ရကြောင်း
ပြောပြနိုင်တာပေါ့
ကိုယ့် ခြေထောက်အပေါ်မတ်မတ်ရပ်ပြီး
ကိုယ့်နှာခေါင်းနဲ့ အသက်ရှူ ရတဲ့ ဘဝကို
မြတ်နိုးပါ
ကိုယ်တိုင် တည်ဆောက်ထားတဲ့ ဘဝကဘယ်လောက်ပဲ
သေးငယ်နေပါစေ ဂုဏ်ယူပါ
ကိုယ်စွမ်းနိုင်သလောက်
ရခဲ့တဲ့ ပိုင်ဆိုင်မှု အပေါ်
ရောင့်ရဲ တင်းတိမ်ပါ
မျှော်လင့်ချက် ဆိုတဲ့ သစ်ပင်ကို စိုက်ပါ
အားငယ်စိတ် ဆိုတဲ့ ဆူးကို နှုတ်ပစ်ပါ
စိတ်ဓါတ်ခွန်အား ဖြစ်စေမယ့်
ဗဟုသုတတွေကို မှီဝဲ ပါ
ဘဝရဲ့ နေ့ရက်တိုင်းကို
နောင်တ ကင်းဝေးစွာနဲ့ ဖြတ်သန်းပါ... ။
းစည်
29/03/2024
နှစ်ပေါင်း ၃၇၅နှစ်အတွင်း ပြန်မြင်ရမည့် နေကြတ်ခြင်းပုစံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ တွင် ကြုံကြရမည်ဖြစ်သည်။နေကြတ်ခြင်းကြောင့်နေ့မှ ညသို့ ပြောင်းလဲသွားမည်ဖြစ်ပါသည်။အပူချိန်ကျသွားမယ်၊အမှောင်က နေရောင်ကို
ညအဖြစ်ပြောင်းသွားမယ်။ ဤကဲ့သို့သော စုစုပေါင်း နေကြတ်ခြင်းကို မတွေ့ရသည်မှာ
၃၇၅ နှစ်ရှိပြီဖြစ်သည်။
Crd
31/01/2024
ဒီနေ့ အသုဘ ပို့ သွားခဲ့ပါတယ်။
သေသူက ကိုယ့် ထက်တော့အများကြီးငယ်ပါတယ်။
၄၀ တောင် မပြည့်သေးဘူး။
'သေမင်း' ဆိုတာက ....’အသက်' မရွေးပါဘူး ...။
'အသုဘပို့တယ်' ဆိုပေမယ့်...
'ကာယကံရှင်'တွေကို မျက်နှာပြပြီး
ခုံလေးတစ်ခုံမှာ အေးအေးဆေးဆေးထိုင်နေရတာပါ။
'တရား'တွေ ....နာကြ၊ ငိုကြ ၊ အော်ကြ …။
စိတ်မချမ်းသာစရာတော့ ကောင်းလှသပေါ့....!။
ကိုယ်လည်း ...တစ်နေ့ ...
ဒီလိုလှည်းလေးနဲ့ အအေးခန်းထဲက
ထုတ်တာကို ခံလာရမယ့်ဘဝ ရောက်ဦးမှာပါပဲ။
မီးရှို့စက်ထဲကို ရောက်သွားပြီးတော့
ခေါင်းတိုင်က မီးခိုးတွေ ထွက်လာရင်
နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့တာတွေ
ကြိုးစား အားထုတ်ခဲ့တာတွေ
'ချစ်တာ'တွေ … ‘မုန်းတာ'တွေ အားလုံး
ဘာမှ မဟုတ်တော့ပါဘူး။
'ကြေးစည်သံ'တွေ ကြားတယ်။
‘အမျှဝေသံ'တွေ ကြားရတယ်။
'ငိုသံ'တွေ မဆုံးသေးဘူး... ။
'လူ'တွေက ...ဝုန်းဝုန်းနဲ့ အခန်းထဲက ပြေးထွက်လာပြီး
ကားတွေပေါ် အလုအယက်တက်ကြတယ်။
'သုသာန်'မှာလည်း ..'သေသူ' က
နောက်ဆုံး....' ပြာ' ဖြစ်တော့မယ်...။
'ရှင်သူ' တွေ က ကားပေါ်မှာ ...။
"နေရာတစ်နေရာ"အတွက် ‘သောက'တွေ ရောက်နေကြတယ်... !!! ။
"နေရာ" ....!!!'အိမ်'မှာ၊'ရုံး'မှာ၊ 'ကျောင်း'မှာ၊'ဌာန'မှာ ၊
‘လွှတ်တော်'မှာ “နေရာ" ရဖို့ 'သောက' တွေ ရောက်နေကြတယ် ! ။
"လောဘ ဒေါသ မောဟ" တွေ
မချုပ်ငြိမ်းသေးသမျှတော့..."နေရာ" အတွက် ...'သောက' တွေဖြစ်နေကြဦးမယ်ထင်ပါရဲ့ !!!
'သခင်' ပဲဖြစ်ခဲ့သည် ဆိုစေ …
'ဘုရင်' ပဲဖြစ်ခဲ့သည် ဆိုစေ …
'သမ္မတ' ပဲ ဖြစ်ခဲ့သည် ဆိုစေ ....
'ဝန်ကြီးချုပ်'ပဲ ဖြစ်ခဲ့သည် ဆိုစေ..
'လွှတ်တော်အမတ်' ပဲ ဖြစ်ခဲ့သည် ဆိုစေ ...
'စစ်သား' ပဲ ဖြစ်ခဲ့သည် ဆိုစေ ..
'ကျွန်' ပဲ ဖြစ်ခဲ့သည် ဆိုစေ ...
နောက်ဆုံးတော့ .....
ဇရပ်ထဲက ရေခဲတိုက်ထဲမှာ ခိုနားဖို့ “နေရာ”
လာတောင်းကြရပါတယ်။
အဲဒီ "နေရာ" ဆိုတာရက်အများကြီး မရပါဘူး။
ဘယ်သူမှ ဖက်တွယ်မထားချင်တော့တဲ့....။
အလောင်းကြီးကို နောက်ဆုံးတော့
ဇရပ်ထဲက အအေးခန်းထဲကို လာထည့်ပြီး
ပထမတစ်ဆင့် သေခန်းဖြတ် လိုက်ကြပါတယ်။
သတ်မှတ်ရက်ကိုရောက်တော့ကားတွေနဲ့ လာကြတယ်။
တွေ့ကြ၊ဆုံကြ ၊နှုတ်ဆက်ကြ ပြုံးကြ။
အဲဒီအချိန်မှာ .....
တစ်ချိန်က အားလုံးနဲ့ တစ်နည်းမဟုတ်
တစ်နည်း ပတ်သက်ခဲ့သူဟာ
လူတွေကြားက လှည်းလေးပေါ်မှာ
ငြိမ်သက်စွာ လှဲပေးနေရပါတယ်။
'တရား'တွေ ....နာကြတယ်။
'အမျှ'တွေ ...ဝေကြတယ်။
'သာဓု'တွေ.... ခေါ်ကြတယ်။
လှည်းလေးပေါ်မှာ တစ်ချိန် က “ငါ” ဆိုတာ
“ဘာမှမဟုတ်တော့ပါလား” !!
"လူ"တွေက... ကားတွေပေါ်ပြေးတက်နေတယ်။
‘အော်ငိုသံ'တွေ တိတ်ကုန်တယ်။
မီးသင်္ဂြိုဟ်တဲ့စက်ခန်းရဲ့ တံခါး က ဝုန်းဆို
ပိတ်သွားတယ်။
“ဟေ့ …
" ငါ တို့ ကား" ရော....”
“ငါ့ နေ ရာ လေ … !!!
အဲဒါ .... ငါ့ နေ ရာ...!! ”
မီးရှို့စက်ခေါင်းတိုင်ပေါ်မှာ
မီးခိုးမည်းတွေတက်လာတယ်။
ဒါပါပဲ... !!!"ဘဝ"ဆိုတာ ....။
နောက်ဆုံးတော့.... လောင်ကျွမ်းသွားပြီး
အပေါ်ကို လွင့်ပျံတက်လာတဲ့ပြာလေးတစ်မှုန်ပါပဲ ! ။
အများကြီးတည်ဆောက်ခဲ့ရတဲ့ 'ဘဝ'ဆိုတာ
နောက်ဆုံးမှာ နာရီဝက်တောင် မကြာလိုက်ပါဘူး! ။
'သုသာန်'ဆိုတာလည်း
‘သေသူ' ကို ‘ရှင်သူ' က နောက်ဆုံး သေခန်းဖြတ်ခဲ့
ရတဲ့နေရာပါပဲ ။
#ဆရာတင်ညွန့်
Crd ::
ကြိုက်လွန်းလို့ ကူးယူတင်ပြထားပါသည်
18/01/2024
အသိဥာဏ် နည်းတဲ့လူက
ကြွားဝါခြင်းကို ခုံမင်တယ်။
ဥာဏ်ပညာ နည်းတဲ့လူက
ဒေါသထွက်ပြီး ပေါက်ကွဲလွယ်တယ်။
စိတ်ဓာတ် သေးသိမ်သူက
သူတစ်ပါးအတင်း ပြောတာ ဝါသနာပါတယ်။
ကြောက်တတ်လွန်းသူက
ကိုယ်ဘယ်လောက် ခွန်အားကြီးကြောင်း ပြသတယ်။
လူလူချင်း ကိုယ်က မြင့်မြတ်တယ်လို့ ထင်သူက
အာဏာကို မက်မောတယ်။
အတ္တကြီး သူက
ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တယ်။
စိတ်မလုံခြုံတဲ့ သူက
သူတစ်ပါးကို အကြောင်းမဲ့ ရန်ရှာတယ်။
ဗဟုသုတ နည်းသူက
ငါအတော်ဆုံး ငါအတတ်ဆုံးလို့ ထင်တတ်တယ်။
ပညာတတ်တယ်လို့ အယောင်မဆောင်ပါနဲ့၊ တကယ့် ပညာရှင်နဲ့ တွေ့ရင် ပိုပြီး အရှက်ရလိမ့်မယ်။
အရည်အချင်း ရှိတယ်လို့ အယောင်မဆောင်ပါနဲ့ ၊ တကယ် တတ်သိနားလည်တဲ့သူနဲ့ တွေ့ရင် ပိုပြီးအရှက်ကွဲလိမ့်မယ်။
ချမ်းသာတယ်လို့ အယောင်မဆောင်ပါနဲ့၊
ဒိတ်ဒိတ်ကြဲနဲ့ တွေ့ရင် ပိုပြီး မျက်နှာငယ်ရမယ်။
ဘဝ ဟာ ရိုးရှင်းလေ ငြိမ်းချမ်းလေပါပဲ။ ဘဝ ဟာ ရိုးရှင်းလေ ကျက်သရေ ရှိလေပါ။
ဘဝ မှာ ဟန်ဆောင်ဖို့ မလိုပါဘူး။
အရှိကို အရှိအတိုင်း ရိုးသားဖို့သာ လိုအပ်တာပါ။
သူတစ်ပါး ဟားတိုက်ရယ်မောခြင်း မခံရအောင်၊ အဓိပ္ပါယ်မဲ့ အရှက်မရ လေအောင်၊ ရရှိနေတဲ့ ဘဝမှာ အတတ်နိုင်ဆုံး ရိုးသားစွာ နေထိုင်ခြင်းသည် အဓိပ္ပါယ် ရှိစေပါတယ်။
Credit: Owner wri✍️
02/12/2023
ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။
လောကမှာ
တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...
လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...
တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...
အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။ ။