17/08/2026
🇲🇲 စိတ်လှုပ်ရှားစရာသတင်းလေးတစ်ခုကြော်ငြာပေးပါ့ရစေ 🇻🇳
🌏 ELITE INTERNATIONAL SCHOOL – NORTH DAGON CAMPUS × INSCHOOL BUON MA THUOT | GLOBAL CONNECT 2026–2027 💙
ယဉ်ကျေးမှုတွေကို ချိတ်ဆက်ပေးပြီး အနာဂတ်တွေကို အတူတကွ ဖန်တီးပေးခြင်း
Elite International School – North Dagon Campus နဲ့ Vietnam နိုင်ငံက INschool Buon Ma Thuot တို့ ပူးပေါင်းပြီး Global Connect 2026–2027 International Collaboration Program ကို စတင်လိုက်ပါပြီ။
ဒီအစီအစဉ်က မြန်မာနဲ့ ဗီယက်နမ်ကျောင်းသားတွေ အချင်းချင်း သိကျွမ်းခွင့်ရဖို့၊ ပညာရေးဆိုင်ရာအတွေ့အကြုံတွေ မျှဝေဖို့၊ ယဉ်ကျေးမှုတွေကို လေ့လာဖလှယ်ဖို့နဲ့ အတူတူ community activities တွေ လုပ်ဆောင်ဖို့ အခွင့်အရေးကောင်းတွေ ပေးသွားမှာပါ။
🌍 တစ်နှစ်ပတ်လုံး လှုပ်ရှားမှုမျိုးစုံ ပါဝင်မယ့် Global Connect ရဲ့ အဓိကအစီအစဉ် ၄ ခုကတော့—
📚 GLOBAL CONNECT MATH COMPETITION
English ဘာသာစကားနဲ့ Mathematics ပြိုင်ပွဲဝင်ရင်း သင်္ချာစဉ်းစားတွေးခေါ်နိုင်စွမ်း၊ English ကို ပညာရေးနယ်ပယ်မှာ အသုံးချနိုင်စွမ်းနဲ့ Academic Skills တွေ တိုးတက်လာစေမှာပါ။
🤝 GLOBAL MEET & GREET
Online exchange sessions တွေကနေ သူငယ်ချင်းအသစ်တွေ တွေ့ဆုံပြီး ကျောင်းဘဝ၊ နေ့စဉ်ဘဝနဲ့ မြန်မာ၊ ဗီယက်နမ် ယဉ်ကျေးမှုအကြောင်းတွေ အချင်းချင်း မျှဝေကြမှာပါ။ ဒီကနေ Communication Skills တွေ တိုးတက်လာပြီး နိုင်ငံတကာမိတ်ဆွေတွေလည်း ရလာမှာပါ။
✈️ CULTURAL IMMERSION WEEK | ELITE STUDENTS VISIT INSCHOOL
Elite International School – North Dagon Campus က ကျောင်းသားတွေ Vietnam နိုင်ငံ၊ INschool Buon Ma Thuot ကို သွားရောက်ပြီး စာသင်ခန်းအတွေ့အကြုံတွေ၊ Boarding Life၊ Spring Camp နဲ့ ဒေသခံယဉ်ကျေးမှုတွေကို ကိုယ်တိုင်ပါဝင်လေ့လာခွင့်ရမှာပါ။
❤️ GLOBAL COMMUNITY PROJECT
ကျောင်းသားတွေ အတူတူ အဓိပ္ပာယ်ရှိတဲ့ Community Project တစ်ခု လုပ်ဆောင်ရင်း ကိုယ်ချင်းစာတရား၊ ပူးပေါင်းဆောင်ရွက်မှု၊ Community Responsibility နဲ့ Global Citizenship Spirit တွေကို တိုးတက်လာစေမှာပါ။
🌏 ဒီလို လက်တွေ့ပါဝင်ရတဲ့ အတွေ့အကြုံတွေကနေ ကျောင်းသားတွေဟာ English ကို မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ ဆက်သွယ်ရာမှာ ပိုပြီး ယုံကြည်မှုရှိရှိ အသုံးချလာနိုင်မယ်၊ ကမ္ဘာကြီးအကြောင်း ပိုမိုနားလည်လာမယ်၊ နိုင်ငံတကာသူငယ်ချင်းတွေ ရလာမယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး တက်ကြွကာ တာဝန်ယူတတ်တဲ့ Global Citizens တွေ ဖြစ်လာဖို့ အထောက်အကူပြုမှာပါ။
🌏 INschool နဲ့ Elite International School တို့အတူတူ ယဉ်ကျေးမှုတွေကို ချိတ်ဆက်ပြီး အတွေ့အကြုံအသစ်တွေကို လက်ခံကာ ကျောင်းသားတွေအတွက် နယ်နိမိတ်တွေကျော်လွန်ပြီး ကမ္ဘာကြီးကို စူးစမ်းနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ 💙
---------------------------------------------------------------------
🇲🇲 Exciting News! 🇻🇳
🌏 ELITE INTERNATIONAL SCHOOL – NORTH DAGON CAMPUS X INSCHOOL BUON MA THUOT | GLOBAL CONNECT 2026–2027 💙
Connecting Cultures, Inspiring Futures
Elite International School North Dagon Campus officially launches the Global Connect 2026–2027 international collaboration program with INschool Buon Ma Thuot (Vietnam), creating opportunities for both Vietnamese and Myanmar students to connect through meaningful academic experiences, cultural exchanges, and community activities.
🌍 With a diverse range of activities throughout the academic year, Global Connect offers students enriching and memorable international experiences. Let’s explore the four key activities of the program:
📚 GLOBAL CONNECT MATH COMPETITION
An English-based Mathematics competition where students challenge their thinking, strengthen their use of English in academic contexts, and develop their academic competencies in an international learning environment.
🤝 GLOBAL MEET & GREET
Meet new friends through online exchange sessions, sharing about school life, daily experiences, and the cultures of Vietnam and Myanmar, while strengthening communication skills and building international connections.
✈️ CULTURAL IMMERSION WEEK | ELITE STUDENTS VISIT INSCHOOL
Welcoming students from Elite International School – North Dagon Campus to INschool Buon Ma Thuot for an immersive journey featuring classroom experiences, boarding life, a Spring Camp, and opportunities to discover the local culture.
❤️ GLOBAL COMMUNITY PROJECT
Working together on a meaningful community project to nurture empathy, collaboration, community responsibility, and a strong spirit of Global Citizenship.
🌏 Through hands-on experiences, Global Connect empowers students to use English in multicultural communication settings, broaden their understanding of the world, build international friendships, and develop the essential competencies to become confident, proactive, and responsible Global Citizens.
🌏 Together, INschool and Elite International School connect cultures, embrace new experiences, and inspire students to explore the world beyond borders.