31/05/2025
(Japanese and English versions are below.)
🎌🎓 ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူများအနေဖြင့် "ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းဆိုင်ရာ သိကောင်းစရာများ" အကြောင်းကို အောက်ပါ link တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
🌐https://www.mm.emb-japan.go.jp/files/100846783.pdf
🎌🎓日本への留学にご関心のある皆様へ 「日本留学生活の予備知識」を掲載しましたので、ぜひ参考にしてください。
🌐https://www.mm.emb-japan.go.jp/files/100846782.pdf
🎌🎓 For those who are considering studying in Japan, we have an article titled "What you need to know about Studying in Japan". Please refer to it.
🌐https://www.mm.emb-japan.go.jp/files/100846784.pdf
17/03/2025
● ဗီဇာလာရောက်လျှောက်ထားခြင်းနှင့်သက်ဆိုင်သော အွန်လိုင်းဘိုကင်စနစ် စတင်အသုံးပြုခြင်း (တစ်ဦးချင်းစီအလိုက် လျှောက်ထားသူများအတွက် ဧပြီလ ၁ ရက်နေ့တွင် စတင်ပါမည်)
● 査証の来館申請に関する新しいオンライン予約の導入(個人申請につき4月1日予約分から開始)
ဂျပန်သံရုံးကိုရောက်ရှိ၍ ဗီဇာလျှောက်ထားရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လျှောက်ထားသူများအားလုံးထံမှ ပူးပေါင်းကူညီမှုကို ရရှိလျက်ရှိသော်လည်း လျှောက်ထားသူ အရေအတွက် ဆက်လက်များပြားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားမှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်နိုင်ရန်အတွက် ဧပြီလ (၁) ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်အသစ်ကို အသုံးပြုသွားမည် ဖြစ်ပါသည်။ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားလိုပါက အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လာရောက်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
အဖွဲ့အလိုက်မဟုတ်သည့် တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားမည့်သူများသည် ဧပြီလ (၁) ရက်နေ့မှစတင်၍ Facebook၊ Telegramနှင့် ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြပေးမည့် URL ကို အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အောက်ပါ Link တွင် ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://mm-emb-japan.revn.jp/?label=9
❃ (အဖွဲ့အလိုက်မဟုတ်သည့် တစ်ဦးချင်းစီအလိုက် လျှောက်ထားခြင်း အတွက်သာ) ❃
ခရီးသွားကုမ္ပဏီများ၊ အလုပ်သမားအေဂျင်စီများနှင့် ဂျပန်စာသင်တန်းကျောင်းများစသည့် အဖွဲ့လိုက်လျှောက်ထားခြင်းများနှင့် ပတ်သက်၍ ဂျပန်သံရုံးတွင် ကိုယ်စားလှယ်လျှောက်ထားခွင့် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများထံသို့ အီးမေးလ်မှတဆင့် ကိုယ်ပိုင်အသုံးပြုနိုင်သော URL ကို ပေးပို့ပေးမည်ဖြစ်သောကြောင့် အဆိုပါ URLမှ တဆင့် ကြိုတင်ဘိုကင် ရယူနိုင်ပါသည်။
ဆက်လက်၍ ပူးပေါင်းကူညီပေးနိုင်ပါရန် လျှောက်ထားသူများအားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။
ကြိုတင်ဘိုကင်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
တယ်လီဖုန်း 95-1-549644~8
အီးမေးလ် [email protected]
日本大使館への円滑な査証申請に関し、皆様にご協力頂いているところですが、申請者数が多い状況が続いています。さらに円滑な申請受付を行うため、4月1日予約分から新しいオンライン予約を導入することになりました。査証を来館申請される方は、事前にオンライン予約を行った上で、大使館へお越しいただく必要があります。
個人申請の方(非団体申請)は、4月1日以降の予約は、Facebook、Telegram、日本大使館ホームページに掲載されるURLよりご利用頂けますので、下記リンクをご確認くださいますようお願いします。
https://mm-emb-japan.revn.jp/?label=9
❃(個人申請の方(非団体申請)のみです)❃
なお、旅行代理店、送出機関、日本語学校の団体申請については、既に代理機関の登録が完了している団体は、後日、メールで専用のURLをお知らせいたしますので、そちらからオンライン予約をしてください。
引き続き皆様のご協力を頂きますよう宜しくお願いします。
ご予約に関するお問い合わせ先
在ミャンマー日本国大使館領事班
電話:95-1-549644~8
メール:[email protected]
12/03/2025
❀ EMBASSY OF JAPAN Vacancy Announcement(February 2025)❀
❀ 在ミャンマー日本国大使館 現地職員の募集(2025年2月)❀
The Embassy of Japan is recruiting qualified individual. For more information:
https://www.mm.emb-japan.go.jp/itpr_en/20250226_vacancy_consular.html
在ミャンマー日本国大使館では、現地職員を1名募集しています。業務内容及び募集要領等は以下のとおりです。
https://www.mm.emb-japan.go.jp/itpr_ja/20250226_vacancy_ryoji.html
30/06/2024
●ဗီဇာလာရောက်လျှောက်ထားခြင်းနှင့်သက်ဆိုင်သော အွန်လိုင်းဘိုကင်စနစ် စတင်အသုံးပြုခြင်း (တစ်ဦးချင်းစီအလိုက် လျှောက်ထားသူများအတွက်သာ၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ပါမည်)
●査証の来館申請に関するオンライン予約の導入(個人申請につき7月1日から開始)
ဂျပန်သံရုံးကိုရောက်ရှိ၍ ဗီဇာလျှောက်ထားရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လျှောက်ထားသူများအားလုံးထံမှ ပူးပေါင်းကူညီမှုကို ရရှိလျက်ရှိသော်လည်း လျှောက်ထားသူအရေအတွက် ဆက်လက်များပြားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားမှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်ကို အသုံးပြုသွားမည် ဖြစ်ပါသည်။ ဂျပန်သံရုံးကိုဗီဇာလာလျှောက်လိုပါက အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားရပါမည်။ အဖွဲ့အလိုက်မဟုတ်သည့် တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားမည့်သူများသည် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ Facebook၊ Telegramနှင့် ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြပေးမည့် URL ကို အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အောက်ပါ Link တွင် ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://mm-emb-jp.yamadataro.jp/booking/store
ခရီးသွားကုမ္ပဏီများ၊ အလုပ်သမားအေဂျင်စီများနှင့် ဂျပန်စာသင်တန်းကျောင်းများစသည့် အဖွဲ့လိုက်လျှောက်ထားခြင်းများနှင့် ပတ်သက်၍လည်း ဇူလိုင်လ အလယ်ပိုင်းတွင် အွန်လိုင်းဘိုကင်လက်ခံခြင်းအား စတင်မည့်ရက် အတည်ပြုပြီးပါက ထပ်မံအသိပေးကြေညာပါမည်။
ဆက်လက်၍ ပူးပေါင်းကူညီပေးနိုင်ပါရန် လျှောက်ထားသူများအားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။
ကြိုတင်ဘိုကင်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
တယ်လီဖုန်း 95-1-549644~8
အီးမေးလ် [email protected]
日本大使館への円滑な査証申請に関し、皆様にご協力頂いているところですが、申請者数が多い状況が続いています。したがって、さらに円滑な申請受付を行うため、7月1日からオンライン予約システムを導入することになりました。査証を来館申請される方は、事前にオンライン予約を行った上で、大使館へお越しいただく必要があります。
個人申請の方(非団体申請)は、7月1日以降は、Facebook、Telegram、日本大使館ホームページに掲載されるURLよりご利用頂けますので、下記リンクをご確認くださいますようお願いします。
https://mm-emb-jp.yamadataro.jp/booking/store
なお、旅行代理店、送出機関、日本語学校などの団体申請については、7月中旬以降にオンライン予約受付を開始予定ですので、開始日が決まりましたら改めてご案内いたします。
引き続き皆様のご協力を頂きますよう宜しくお願いします。
ご予約に関するお問い合わせ先
在ミャンマー日本国大使館領事班
電話:95-1-549644~8
メール:[email protected]
17/08/2022
သင့်ရဲ့လခထဲက ဝင်ငွေခွန်ဘယ်လောက်ဖြတ်လဲ?
金金金金金金金金金
ဂျပန်မှာငွေရှာနေတဲ့ လူတိုင်းအခြေခံသိထားသင့်ပါတယ်...
ဒါတွေသိထားရင် တော်ရုံဂျပန်လူမျိုးတွေထက် financial literacy ကရှေ့တစ်လှမ်းရောက်နေမှာပါ..
Let`s get started!
金金金金金金金金金
ဂျပန်မှာ လစာထဲကဖြတ်တဲ့ အခွန်၊အာမခံကြေးက ဘယ်နှစ်မျိုးရှိတာလဲ?
➡︎အဓိကအားဖြင့် အောက်က ၃ မျိုးပါ
1.Social insurance(社会保険)
2.Income tax(所得税)
3.Municipal tax(住民税)
※Social insurance နှင့် ပတ်သက်တာကိုတော့ ရှင်းပြပြီးသားမို့ အောက်ကလင့်ကနေသွားပြီးလေ့လာလို့ရပါတယ်..👇
https://www.facebook.com/102274602246259/posts/175296768277375/
金金金金金金金金金
ဒီနေ့ကတော့ လခစား၊အချိန်ပိုင်းအလုပ်တွေရဲ့ Income tax အခြေခံနှင့်ပတ်သက်တာကို sharing လုပ်လိုက်ပါတယ်..
ဂျပန်ရဲ့ အခွန်စနစ်က progressive taxation(るいしんかぜい)
ဝင်ငွေများရင်များသလောက် အခွန်ဆောင်ရတဲ့ percentage တိုးသွားတဲ့စနစ်ပါ..
ဒါဆို...
・・・・・・・・・
Income tax ဆိုတာဘာလဲ?
➡︎ဒါကတော့ ဝင်ငွေအပေါ်မှာ ဆောင်ရတဲ့ အခွန်..လူတိုင်းသိကြတဲ့ ဝင်ငွေခွန်ဆိုတာပါ...
➡︎ဒါဆို...ဒီအောက်ကအချက်လေးတွေကိုရောသိကြလား...
❶ဝင်ငွေဆိုတာဘာလဲ?
❷ဘယ်ဝင်ငွေအပေါ်မှာဆောင်ရတာလဲ?
❸ဝင်ငွေပေါ်မှာ သက်သာခံစားခွင့် တွေကရောဘယ်လိုသတ်မှတ်လဲ?
❹ဝင်ငွေခွန်ဆောင်ရတဲ့ ပမာဏကဘယ်လောက်လဲ?
・・・・・・・・・
❶ဝင်ငွေဆိုတာဘာလဲ?
➡︎လုပ်ခလစာ(ဝန်ထမ်း၊part time စတာတွေကနေရတဲ့ဘာမှမဖြတ်ရသေးတဲ့)収入ပါ
❷ဘယ်ဝင်ငွေအပေါ်မှာဆောင်ရတာလဲ?
➡︎အပေါ်ကလုပ်ခလစာထဲကမှ သက်သာခံစားခွင့်တွေကိုနှုတ်ပြီးမှ ရလာတဲ့ 課税所得(taxable income)တစ်နှစ်စာအပေါ်မှာ
သတ်မှတ်ထားတဲ့ ပမာဏအလိုက်ဆောင်ရတာပါ
ဒီနေရာမှာ ပြောလိုတာက လုပ်ခလစာ အကုန်လုံးပေါ်မှာ ဆောင်ရတာမဟုတ်ဘူးဆိုတာပါ..
❸သက်သာခံစားခွင့်တွေဆိုတာရောဘာတွေလဲ?
➡︎သက်သာခံစားခွင့် 2မျိုးရှိ..
လခထဲကနေသက်သာခံစားခွင့်နှင့်တခြားခံစားခွင့်တွေပါ..
လခရဲ့သက်သာခံစားခွင့်က လခပမာဏနှင့်လိုက်ပြီး autoသတ်မှတ်ပေးတာပါ..
(基礎控除အခြေခံသက်သာခွင့်ကတော့ 43သောင်းယန်းပါ)
အဓိကကတော့ တခြားခံစားခွင့်တွေပါ..ဒါကအခွန်သက်သာစေတဲ့အတွက်..
တင်လို့ရတဲ့ဟာတွေကို 年末調整(year-end tax adjustment)လုပ်တဲ့ အခါ
မပျက်မကွက်တင်ဖို့အရေးကြီးပါတယ်...
တင်လို့ရတဲ့အမျိုးအစားလိုက် 14မျိုးရှိ..ဒါကိုအသေးစိတ်ရှင်းနေရရင် ပြီးမှာမဟုတ်လို့ သတ်သတ်ရှင်းပါဦးမယ်
❹taxable incomeဘယ်လိုသတ်မှတ်လဲ?
➡︎ဒါကတော့ တနှစ်တာဝင်ငွေရဲ့သက်သာခံစားခွင့်ကိုနှုတ်ပြီးကျန်တဲ့ဝင်ငွေရဲ့ပမာဏအပေါ်မှာ လိုက်ပြီး စံနှုန်းpercentageသတ်မှတ်ထားတာပါ..
Percentage ကတော့..課税所得(taxable income)အလိုက်
ယန်း 195 သောင်းအောက်...5%
ယန်း 195အထက် ~ 330သောင်းအောက်...10%
ယန်း 330အထက် ~ 695သောင်းအောက်...20%
ယန်း 695အထက် ~ 900သောင်းအောက်...23%
ယန်း 900အထက် ~ 1,800သောင်းအောက်...33%
ယန်း 1,800အထက် ~ 4,000သောင်းအောက်...40%
ယန်း 4,000အထက် ~ ...45%
ဒါနှင့်တွက်ကြည့်ရင် ရပါပြီ...
တကယ်လို့ သင့်ရဲ့ ပမာဏက 200သောင်း ဆို 10%ဆောင်ရမှာပါ...
※ဒီနေရာမှာ သတိထားရမှာက... 350သောင်းဆို 20%ဆောင်ရတယ်လို့ထင်နေတဲ့သူတွေရှိပါတယ်..
တကယ်က 330သောင်းထက်ပိုတဲ့ 20သောင်းရဲ့ 20%ကိုပဲဆောင်ရမှာဖြစ်ပါတယ်...
(課税所得(taxable income)ကိုသိချင်ရင်..
源泉徴収(げんせんちょうしゅう)စာရွက်ရလာတဲ့အခါ 課税標準-総所得ဆိုတဲ့နေရာကိုကြည့်ပြီးတွက်ကြည့်ပါ...)
・・・・・・・・・
ဒါတွေလောက်အခြေခံသိထားတယ်ဆိုရင် သင့်ရဲ့ ဂျပန်life ရဲ့ financial literacyကတော်ရုံ ဂျပန်လူမျိုးတွေ
နိုင်ငံခြားသားတွေထက်သာမှာပါ...
・・・・・・・・・
အားလုံးအဆင်ပြေကြပါစေ..
Today is youngest day!
ML
#အခွန်
if you like feel free to like, share & follow...
I will never waste your time!
လွတ်လပ်စွာ ရှဲ နိုင်ပါတယ် But please don’t copy!(笑)
17/08/2022
ဂျပန်ရောက်နေတဲ့သူများကော
ဂျပန်လာမဲ့သူများပါ သေချာလေ့လာမှတ်သားသင့်ပါတယ်
ဂျပန်နိုင်ငံဟာ အခွန်အမျိုးအစား များစွာရှိတဲ့အတွက်
ဂျပန်နိုင်ငံတွင်း နေထိုင်သူတစ်ယောက်အနေနဲ့ နားလည်ထားဖို့လိုအပ်ပါတယ်။
ဂျပန်ရဲ့ မသွင်းမနေရ အာမခံတွေကဘာလဲ...
社会保険(Social Insurance)သာတဖွဖွပြောနေတာ တကယ်သိလို့လား?😅
金金金金金金金金金
လစာထဲကနေ အခွန်တွေဘယ်လောက်ဖြတ်နေလဲ?
အခွန်တွေအများကြီးဖြတ်နေတယ်လို့ခံစားရနေလာ?
တကယ်က သင့်ရဲ့အခွန်တွေဟာ သင်ထင်ထားတာထက် ပိုဆောင်နေရတာပါ..
အခွန်ဆိုတာဘာလဲ?အခြေခံ သိဖို့လိုအပ်လို့ Sharing လုပ်လိုက်ပါတယ်...
金金金金金金金金金
သင်ဂျပန်မြေကို ခြေချတာနှင့် အသက်ရှုနေတဲ့ စက္ကန့်တိုင်း အခွန်ကြေးတွေတောက်လျောက်ရှိနေတယ်ဆိုတာ သတိပြုမိရဲ့လား?
ကျွန်တော်တို့တွေ ဂျပန်မှာစီးပွားရှာ ပညာရှာနေကြတဲ့ လူအားလုံး အခွန်တွေမျိုးစုံဆောင်နေကြရတာပါ...လခစားပဲဖြစ်ဖြစ်၊နာရီစားပဲဖြစ်ဖြစ် အခွန်မျိုးစုံဖြတ်ပါတယ်..
အခွန်တွေသာဖြတ်သွားတာ...ဘာခွန်တွေလဲဆိုတာ ရှေးခေတ်သီချင်းလို သိသလို မသိသလိုလိုဘာပဲ..ဆိုတဲ့ လူတွေများပါတယ်...(笑)
ဒါကြောင့် အခြေခံသိသင့်တဲ့ အရာတွေအကြမ်းဖျင်း ရှင်းလိုက်ပါတယ်.
ပထမဦးဆုံး အမြဲတမ်းပြောလေ့ရှိတဲ့..ရှကိုင်းဟိုကင်း 社会保険(Social Insurance)ဆိုတာဘာလဲ?
➡︎အစိုးရက ပြည်သူတွေရဲ့ စားဝတ်နေရေးကိုစောင့်ရှောက်ဖို့အတွက် နာမကျန်းနှင့်အလုပ်မလုပ်နိုင်တော့တဲ့ အိုမင်းမသန်စွမ်း စတဲ့ risk တွေဖြစ်လာတဲ့အခါဖြေရှင်းဖို့ လုပ်ထားပေးတဲ့ မသွင်းမနေရစနစ်ပါ...
金金金金金金金金金
ဒီရှကိုင်းဟိုကင်း社会保険(Social Insurance) ထဲမှာဘာတွေပါလဲ?
●Breakdown 1
-----------
医療保険(iryo hoken)ကျန်းမာရေးအာမခံ
年金保険(nenkin hoken)ပင်စင်အာမခံ
労働保険(rodo hoken)အလုပ်အာမခံ စတာတွေပါဝင်
-----------
●Breakdown 2
・・・・・・
ကျန်းမာရေးအာမခံထဲ ဘာတွေပါလဲ?
・健康保険(Kenko hoken)
・国民健康保険(国保)(Kokumin kenko hoken) Abb:Kokuho
ပင်စင်အာမခံထဲ ဘာတွေပါလဲ?
・国民年金(Kokumin nenkin)
・厚生年金(Kousei nenkin)
・企業年金又はiDeCo(Kigyo nenkin)
အလုပ်အာမခံထဲ ဘာတွေပါလဲ?
・雇用保険(失業保険)(Koyou hoken)
・労災保険(Rousai hoken)
・・・・・・
●Breakdown 3(တခုချင်းကို အကြမ်းဖျင်းရှင်းရရင်...)
-----------
ကျန်းမာရေးအာမခံ
-----------
健康保険နှင့်国民健康保険ကဘာကွာလဲ?
➡健康保険ကကုမ္ပဏီဝန်ထမ်းလခစားကဆောင်ရတဲ့ကျန်းမာရေးအာမခံ
国民健康保険ကကိုယ်ပိုင်အလုပ်လုပ်တဲ့လူတွေ၊လခစားမဟုတ်တဲ့လူတွေ၊အစိုးရဝန်ထမ်းတွေဆောင်ရတဲ့ အာမခံ...
ကျန်းမာရေးအာမခံကိုဆောင်ထားရင် ဆေးရုံတက်၊ဆေးခန်းပြတဲ့အခါ ကုန်ကျငွေစုစုပေါင်းရဲ့ 30% ကိုပဲလူနာကပေးဆောင်ရပြီး ကျန်တဲံ 70% ကိုအစိုးရကရှင်းပေး၊
နောက်ပြီးဒီအထဲမှာ 高度医療費制度(ယန်း1သိန်းဖိုးကျော်ရင်အစိုးရဆီပြန်လျှောက်လို့ရ)、出産育児一時金(ကလေးမွေးရင်ရတဲ့ ထောက်ပံ့ကြေး ဝန်ထမ်း) ပါ၊
ကျန်းမာရေးအာမခံကြေး လခထဲကနေ ဘယ်လောက်ဖြတ်လဲ?
➡အကြမ်းဖျင်း လစာရဲ့ 10% နှုန်းဖြတ်ပါတယ်(労使折半-ကုမ္ပဏီက တစ်ဝက်စိုက်တဲ့အတွက် လခရဲ့ 5% နှုန်းကတကယ်သင်ပေးရတဲ့ပမာဏပါ)
------------
ပင်စင်ခွန်
------------
国民年金(基礎年金)..ဆိုတာက?
➡အသက်၂၀ပြည့်သူတိုင်းပေးသွင်းရတဲ့ အခြခံပင်စင်ခွန်...လစဥ်သွင်းရတဲ့ငွေ(16,590ယန်း)ရော၊အသက်60နောက်ပိုင်းရတဲ့ပမာဏရောအတူတူပါ..
(ဥပမာနှိုင်းရရင် ဒါက ပထမထပ်)
厚生年金( ဒါက ဒုတိယထပ် )..ဆိုတာက?
➡အပေါ်ကပင်စင်ခွန်ရဲ့ အပေါ် မှာမှ ထပ်လောင်းပြီးဆောင်ရတဲ့ ပင်စင်ခွန်..
ကုမ္ပဏီဝန်ထမ်းတွေဆောင်ရတဲ့ ပင်စင်ခွန်ပါ..
သူကဝင်ငွေအလိုက် ဆောင်ရတဲ့ ပမာဏလည်းကွာပါတယ်..ပြန်ရတဲ့ ပင်စင်လဲကွာပါတယ်...
ပင်စင်ခွန်က လခထဲကနေ ဘယ်လောက်ဖြတ်လဲ?
➡基礎年金+厚生年金 ၂ခုပေါင်းကို လစာအပေါ် မှာအကြမ်းဖျင်း 18% ဖြတ်ပါတယ် (ဒါလည်း 労使折半-ကုမ္ပဏီက တစ်ဝက်စိုက်တဲ့အတွက် လခရဲ့ 9% လောက်ကတကယ်သင်ပေးရတဲ့ပမာဏပါ)
ပင်စင်က ဘယ်တော့ ရမှာလဲ?
➡ပုံမှန်က အသက် 65နှစ်ကျော်ဆိုလျှောက်လို့ရပါတယ်..60ကနေစောယူလို့ရသလို၊70ကျမှယူလည်းရ၊
စောယူရင် ပမာဏနည်း...နောက်ကျမှယူရင် ပမာဏများ..
အခွန်ဘယ်လောက်ဆောင်ထားရင် ပင်စင်ရလေ့ရှိလဲ?
➡10နှစ်နှင့်အထက်ဆောင်ထားရင် 60ကျော် တဲ့အခါပင်စင်လျှောက်လို့ရပါတယ်..
အခွန်ဆောင်ထားတဲ့သူ နာမကျန်းဒုက္ခိတဖြစ်သွားရင်လည်း စောထုတ်လို့ရ၊ သေသွားရင်လည်း မိသားစုတွေက လျှောက်လို့ရ။
企業年金又はiDeCo(ဒါက တတိယထပ် )..ဆိုတာက?
➡企業年金ဆိုတာကတော့ ကုမ္ပဏီကနေ ဝင်ပေးထားတဲ့ ပင်စင်..
iDeCo ကတော့ ကိုယ်တိုင်ဝင်လို့ရ(အသေးစိတ်ကို ဒီအောက်ကလင့်မှာ ဖတ်ပါ)
https://www.facebook.com/102274602246259/posts/119987720474947/
------------
အလုပ်အာမခံ
------------
労働保険(rodo hoken)ဆိုတာက?
➡ကုမ္ပဏီဝန်ထမ်းတွေပဲ ဝင်လို့ရတဲ့ အာမခံ(ကိုယ်ပိုင်အလုပ် 個人事業主ဝင်လို့မရ)
労働保険(rodo hoken)က လခထဲကနေ ဘယ်လောက်ဖြတ်လဲ?
➡အကြမ်းဖျင်း လခရဲ့ 1% ဖြတ်ပါတယ်(ဒါလည်း 労使折半-ကုမ္ပဏီက တစ်ဝက်စိုက်တဲ့အတွက် လခရဲ့ 0.5% နှုန်းကတကယ်သင်ပေးရတဲ့ပမာဏပါ)
労働保険(rodo hoken)က ဘယ်လိုအချိန်မှာရမှာလဲ?
➡အလုပ်ထုတ်ခံရတာ၊အလုပ်ထွက်တာ၊အလုပ်ကဒေဝါလီခံရတာ၊စတဲ့အခါတွေမှာရ..လူတိုင်းသိတဲ့ ハローワークကနေ失業手当လျှောက်လို့ရ
労災保険က ဘာအတွက်လဲ?
➡အလုပ်ကြောင့် ရောဂါ၊ ဒဏ်ရာ စတဲ့အရာတွေဖြစ်တဲ့အခါရတဲ့ အာမခံ
労災保険က လစဥ် ဘယ်လောက်ဆောင်နေရလဲ?
➡လခရဲ့ 0.5% ကိုဆောင်ရပါတယ်(ကုမ္ပဏီကနေ အကုန်ဆောင်ပေးပါတယ်..ကျွန်တော် တို့ဝန်ထမ်းတွေ ဆောင်စရာမလို)
------------
အခွန်တွေအများကြီးဖြတ်နေတယ်လို့ခံစားရနေလာ?
တကယ်က သင့်ရဲ့အခွန်တွေဟာ သင်ထင်ထားတာထက် ပိုဆောင်နေရတာပါ..
ကျွန်တော် တို့ဝန်ထမ်းတွေဟာ အကြမ်းဖျင်း လခရဲ့ 30% လောက်ကို 社会保険အနေနှင့်ဆောင်နေရတာပါ..ဒါပေမဲ့ကုမ္ပဏီက တစ်ဝက်စိုက်ထားတော့ 15 လောက်ပဲဖြတ်နေတာပါ..OMG you are still lucky!(笑)
ဒီအခွန်တွေ အပေါ် မှာမှ..နေထိုင်ခွန်(住民税)、ဝင်ငွေခွန်(所得税) တွေထပ်ဖြတ်နေတာပါ..
လခရပြီတဲ့အခါလည်း သုံးငွေရဲ့ 10% ကစားသုံးသူအခွန်ဖြတ်ပါသေးတယ်...
ဖြတ်မကုန်နိုင်တဲ အခွန်တွေပါပဲ..
တကယ်တော့ ဂျပန်ဟာ အခွန်နှင့်လည်ပတ်နေတာပါ...
ဖတ်ရလို့ အသိလေး တိုးသွားတယ်ဆို...Like and Share ခဲ့ဦးနော်
အိမ်ကမိဘတွေပါ ငါ့သား၊ငါ့သ္မီး ဂျပန် ဟာလွယ်တဲ့နိုင်ငံမဟုတ်ဘူးဆိုတာသိရတာပေါ့ ..(笑)
အားလုံးအဆင်ပြေကြပါစေ..
Today is youngest day!
ML
#社会保険
#税金
#အခွန်
12/05/2022
ဂျပန်နိုင်ငံကို Tokutei Gino Visa ကျွမ်းကျင်လုပ်သားဗီဇာဖြင့် သွားချင်သူများအတွက်
ဂျပန်ကို အလည်ဖြင့်သွားပြီး တိုခုတဲဂိနိုးစာမေးပွဲ ဖြေဆိုနိုင်ဖို့
လာမယ့်လအနည်းငယ်အတွင်းမှာ ဂျပန်နိုင်ငံက ကာလတို အလည်အပတ်ဗီဇာများကို ပြန်လည်ခွင့်ပြုတော့မှာဖြစ်ပါတယ်။
အချို့နိုင်ငံများတွင် ပုံမှန်ပြန်လည်ကျင်းပနေသော တိုခုတဲဂိနိုးစာမေးပွဲမျာ၊ မြန်မာနိုင်ငံအတွင်းမှာ မကျင့်ပနိုင်ခဲ့သည်မှာ ကာလအတန်ပင်ကြာနေပြီဖြစ်ပါတယ်။ ထို့ကြောင့် တိုခုတဲဂိနိုးစာမေးပွဲ ဖြေဆိုချင်သော သူများအနေဖြင့်၊ ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးနားချင်း နိုင်ငံများတွင် သွားရောက်ဖြေဆို နေရသည်မှာလည်း အားလုံးအသိပင် ဖြစ်ပါတယ်။
ယခုအခါ ဂျပန်နိုင်ငံမှ ပြည်ဝင်ခွင့် ဗီဇာများကို ဖြေလျှော့ခြင်းများပြုလုပ်လာနေပြီး၊ လာမည့်လများအတွင်း ကာလတို အလည်အပတ်ဗီဇာများ ပြန်လည်ခွင့်ပြုဖို့ စီစဉ်နေပါတယ်။ ထိုအလည်အပတ်ဗီဇာများခွင့်ပြုလာခဲ့လျှင် မြန်မာနိုင်ငံမှ တိုခုတဲဂိနိုးစာမေးပွဲ ဖြေဆိုချင်သူများအနေဖြင့် ဂျပန်နိုင်ငံတွင် စာမေးပွဲ သွားရောက်ဖြေဆိုဖို့ အခွင့်အလမ်းတွေ ရလာတော့မှာဖြစ်ပါတယ်။
ယခင်က ဂျပန်နိုင်ငံအတွင်း ကာလရှည်နေထိုင်နေသူ နိုင်ငံခြားသားများသာ၊ ဂျပန်နိုင်ငံအတွင်း ကျင်းပသော တိုခုတဲဂိနိုးစာမေးပွဲများ ဖြေဆိုခွင့် ရှိခဲ့ပေမယ့်၊ ၂၀၂၀ခုနှစ် ၄လပိုင်း ၁ရက်နေ့ နေ့စွဲပါ ပြင်ဆင်ချက်အရ၊ ကာလတို အလည်အပတ်ဗီဇာဖြင့် ဂျပန်နိုင်ငံအတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများလည်း စာမေးပွဲ ဖြေဆိုခွင့် ရရှိလာပါတယ်။
မြန်မာနိုင်ငံကနေ အလည်ဗီဇာဖြင့် ဂျပန်သွားပြီး ထိုစာမေးပွဲများ ဖြေဆိုနိုုင်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ၊ ဘာတွေ သိထားသင့်သလဲဆိုတာ ဒီ post မှာ ရေးသားပေးပါ့မယ်။
(၁). အလည်အပတ်ဗီဇာဖြင့် ဂျပန်သွားခြင်း
မြန်မာနိုင်ငံကနေ ဂျပန်ကို အလည်အပတ်ဗီဇာဖြင့်သွားဖို့က နည်းလမ်း ၃ ခု ရှိနိုင်ပါတယ်။
ပထမတစ်ခုက ခရီးသွားကုမ္ပဏီများဖြင့်ချိတ်ဆက်၍ တစ်ပတ်၊ ၁၀ရက် ခရီးသွား ပုံစံဖြင့်သွား၍ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း ဖြစ်ပါတယ်။
ဒီပုံစံဖြင့်သွားနိုင်ဖို့က ခရီးသွားကုမ္ပဏီဖြင့် ချိတ်ဆက်ဖို့ လိုအပ်ပြီး၊ ခရီးအမှန်တကယ် သွားနိုင်သော ခရီးသွားဖြစ်ကြောင်း လုပ်ငန်း၊ ဝင်ငွေ၊ show money စသည်ဖြင့် ပြဖို့ လိုအပ်ပါလိမ့်မယ်။ ငွေကြေးတတ်နိုင်သူ၊ နောက်ခံ background ကောင်းသူများအနေဖြင့် ဒီနည်းက အဆင်ပြေကောင်း ပြေပါလိမ့်မယ်။
တစ်ခု သတိထားရမှာက ခရီးသွားအနေဖြင့် တစ်ပတ်၊ ၁၀ရက်ခန့်သာ ဂျပန်နိုင်ငံတွင် နေထိုင်နိုင်ရမှာမို့လို့ မိမိဖြေဆိုလိုသော စာမေးပွဲများ၊ အချိန်ကိုက် ဖြေဆိုနိုင်ရန် အသေးစိတ် schedule ဆွဲသွားဖို့ လိုအပ်ပေလိမ့်မယ်။
ဒီနည်းဖြင့် သွားလိုပါက ခရီးသွားကုမ္ပဏီများတွင် တိုင်ပင်ဆွေးနွေးပါ။ ကုန်ကျစားရိတ်က ခရီးသွားမယ့်ရာသီ၊ ခရီးစဉ်၊ ကြာချိန်နှင့်လိုက်ပြီး ကုန်ကျနိုင်ပါတယ်။
မိမိလက်ရှိ တက်ရောက်နေသော သင်တန်းကျောင်းများမှ တာဝန်ယူပြီး ခရီးသွားကုမ္ပဏီများဖြင့် ပူးပေါင်းပြီး၊ အဆင်ပြေအောင် ခရီးစဉ်တွေ ပြုလုပ်ပေးနိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မယ်။
ဒုတိယနည်းလမ်းကတော့ မိမိအစီအစဉ်ဖြင့် အလည်အပတ်သွားရန်ဖြစ်ပါတယ်။
မိမိကိုယ်တိုင် ဗီဇာလျှောက်ရမှာမို့လို့ စာရွက်စာတမ်း၊ လုပ်ငန်းလိုင်စင်၊ ငွေကြေး၊ ဘဏ်အချက်အလက် အလွန်ခိုင်လုံမှ အဆင်ပြေပါလိမ့်မယ်။ သာမန်လူများအတွက်ကတော့ ခက်ခဲမယ်လို့ ထင်မိပါတယ်။ အခန့်မသင့်ရင် ဗီဇာမရတာလညည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။
(ဗီဇာ တစ်ကြိမ် cancel ဖြစ်ပါက နောက်အကြိမ်များ ပိုမိုခက်ခဲတတ်သည်ကို သိထားဖို့လိုအပ်ပါလိမ့်မယ်။)
လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဒီမှာလေ့လာပါ။
https://www.mm.emb-japan.go.jp/itpr_my/consular_my.html
(မိမိအစီအစဉ်ဖြင့် အလည်အပတ်သွားခြင်း pdf )ကို ကိုးကားရန်
တတိယနည်းလမ်းကတော့ ဂျပန်တွင် ကာလရှည် နေထိုင်နေသော မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာသမားများကို အကူအညီတောင်းပြီး ဆွေမျိုး၊ အသိမိတ်ဆွေထံအလည်အပတ်သွားတဲ့ ပုံစံဖြင့် သွားရန်ဖြစ်ပါတယ်။ ဒီနည်းလမ်းက အဆင်အပြေဆုံး နည်းလမ်းဖြစ်မည်ဟု ထင်မိပါတယ်။
ဂျပန်ဘက်က အာမခံပြီး အလည်အပတ် ခေါ်ယူသည့် ပုံစံဖြစ်ပါတယ်။ လိုအပ်သော စာရွက်စာတမ်း၊ ခရီးသွားအစီအစဉ်၊ အာမခံကြောင်း စာရွက်စာတမ်းများကို ဂျပန်ဘက်က ပြင်ဆင်ပေးပါက၊ အလည်ဗီဇာ အများဆုံး ၃လအထိ ရရှိနိုင်ပါတယ်။
ထို ၃လအတွင်း မိမိဘက်ကဖြေဆိုချင်သည့် စာမေးပွဲများကို မအောင်မချင်း ဖြေဆိုဖို့ အခွင့်အရေး ရမှာဖြစ်ပါတယ်။
ကုန်ကျစားရိတ်အနေဖြင့် လေယဉ်လက်မှတ် အသွားအပြန်၊ ဂျပန်တွင်နေထိုင်စားသောက်စားရိတ်နှင့် စာမေးပွဲကြေး ကုန်ကျမှာ ဖြစ်ပါတယ်။
အလည်ဗီဇာအတွက် လိုအပ်သော စာရွက်စာတမ်းများ
https://www.mm.emb-japan.go.jp/itpr_my/consular_my.html
(ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေထံအလည်အပတ်သွားခြင်း pdf) ကိုးကားရန်
(မှတ်ချက်။ ။ ကိုဗစ်ကာလမို့ အနည်းငယ် အပြောင်းအလဲ ရှိနိုင်တာမို့လို့ သံရုံးတွင် အသေးစိတ် မေးမြန်းပါ။)
မိမိအဆင်ပြေသော အထက်ပါနည်းလမ်း တစ်ခုခုဖြင့် ဂျပန်ကို အလည်ဗီဇာဖြင့် ဝင်နိုင်ပါတယ်။
(၂). စာမေးပွဲ ဖြေဆိုခြင်း
စာမေးပွဲဖြေဆိုဖို့က ဂျပန်မသွားမီကတည်းက မိမိ ဘယ်စာမေးပွဲတွေ ဖြေဆိုမလဲဆိုတာကို ကြိုတင်စဉ်းစား ပြင်ဆင်သွားဖို့ လိုအပ်ပါလိမ့်မယ်။
တိုခုတဲဂိနိုး မှာက JFT-Basic လို့ခေါ်တဲ့ ဂျပန်စာ စာမေးပွဲနဲ့ မိမိအလုပ်လုပ်မယ့် လုပ်ငန်းဆိုင်ရာ စာမေးပွဲ ဆိုပြီး ၂မျိုး အောင်ဖို့ လိုအပ်ပါတယ်။
(JLPT N4 နဲ့အထက် အောင်လက်မှတ် ရှိသူများ JFT-Basic ဂျပန်စာ စာမေးပွဲ ဖြေဆိုရန်မလိုအပ်ပါ။)
လုပ်ငန်ဆိုင်ရာ စာမေးပွဲက တိုခုတဲဂိနိုး အမှတ်(၁) အတွက် အောက်ပါ ၁၄မျိုး ရှိပါတယ်။ သက်ဆိုင်ရာ စာမေးပွဲ နေ့ရက်တွေကို website တွေမှာ ကြိုတင်လေ့လာ ပြင်ဆင်ပါ။
(၁). 建設業 ( ဆောက်လုပ်ရေးလုပ်ငန်း)
https://jac-skill.or.jp/exam/index.php
(၂). 造船・舶用工業(သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း)
https://www.classnk.or.jp/hp/ja/authentication/evaluation/index.html
(၃). 自動車整備業(ကားပြုပြင်ရေးလုပ်ငန်း)
https://www.jaspa.or.jp/mechanic/specific-skill/index.html
(၄). 航空業( လေကြောင်း၊လေဆိပ်လုပ်ငန်း)
https://www.jaea.or.jp/
(၅). 宿泊業( ဟော်တယ်လုပ်ငန်း)
https://caipt.or.jp/
(၆). 介護(သက်ကြီးရွယ်အိုစောင့်ရှောက်ရေး)
https://www.mhlw.go.jp/stf/newpage_000117702.html
(၇). ビルクリーニング(အဆောက်အဦးသန့်ရှင်းရေး)
https://www.j-bma.or.jp/qualification-training/zairyu
(၈). 農業(စိုက်ပျိုးရေးလုပ်ငန်း)
https://www.nca.or.jp/support/farmers/nogyosien/index.html
(၉). 漁業(ငါးလုပ်ငန်း)
https://suisankai.or.jp/skill/
(၁၀). 飲食料品製造業 (စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း)
https://otaff1.jp/insyoku/
(၁၁). 外食業(စားသောက်ဆိုင်လုပ်ငန်း)
https://otaff1.jp/gaisyoku/
(၁၂). 素形材産業(သံထည်ပုံသွင်းလုပ်ငန်း)
https://www.meti.go.jp/policy/mono_info_service/gaikokujinzai/index.html
(၁၃). 産業機械製造業(စက်မှုလုပ်ငန်းသုံးစက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း)
https://www.meti.go.jp/policy/mono_info_service/gaikokujinzai/index.html
(၁၄). 電子・電気機器関連産業(လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း)
https://www.meti.go.jp/policy/mono_info_service/gaikokujinzai/index.html
JFT-Basic ဂျပန်ပြည်တွင်း စာမေးပွဲ နေ့ရက်များ (မြန်မာလို လေ့လာရန်)
https://www.jpf.go.jp/jft-basic/my/index.html
လုပ်ငန်းဆိုင်ရာ စာမေးပွဲ နေ့ရက်များ(မြန်မာလို လေ့လာရန်)
https://www.ssw.go.jp/my/about/sswv/exam/
စာမေးပွဲတွေဟာ များသောအားဖြင့် စာမေးပွဲမဖြေခင် တစ်လ၊ နှစ်လခန့် လျှောက်လွှာ ကြိုတင်ရပါတယ်။ အမျိုးအစားတူ စာမေးပွဲအတွက် ဖြေဆိုပြီး ၄၅ရက် နေမှ နောက်တစ်ကြိမ် ထပ်မံဖြေဆိုခွင့် ရကြတာများပါတယ်။
(ဘာသာရပ်အလိုက် ပြန်လည်ဖြေဆိုခွင့်က ရက် အနည်းငယ် ကွဲပြားနိုင်ပါတယ်။)
စာမေးပွဲဖြေဖို့ Prometric ID ရယူဖို့နဲ့ အချို့ စာမေးပွဲတွေဟာ My page registration ကြိုတင်လုပ်ဖို့ လိုအပ်ပါတယ်။
နားမလည်လျှင် ဂျပန်စာ၊ စကားတတ်ကျွမ်းသူများ၊ တိုခုတဲဂိနိုးစာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများ၊ စာမေးပွဲအတွက် သင်တန်းပို့ချနေသူများ၊ အလုပ်အကိုင် ရှာဖွေပေးနေသူများထံ မေးမြန်းပြင်ဆင်ပါ။
အချိန်ကိုက်ပြီး ဂျပန်မှာ JLPT စာမေးပွဲ ဖြေဆိုချင်သူများအတွက်
https://info.jees-jlpt.jp/
(ဂျပန်ပြည်တွင်းလိပ်စာတစ်ခုလိုအပ်ပါတယ်။)
(၃). အခြားသတိထားသင့်သော အရာများ
မြန်မာနိုင်ငံတွင် တိုခုတဲဂိနိုးစာမေးပွဲများ ပုံမှန်အတိုင်း ပြန်လည်ကျင်းပလာနိုင်ပါက အကောင်းဆုံး ဖြစ်ပါတယ်။ ယခု post သည် ထိုစာမေးပွဲများ ပြန်လည် မကျင်းပနိုင်ခင်အတောအတွင်း၊ ဂျပန်နိုင်ငံကို အလည်ဗီဇာဖြင့် ဝင်ရောက်ပြီး စာမေးပွဲ မည်သို့ဖြေဆိုနိုင်ကြောင်း ရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအထိ သွားရောက် ဖြေဆိုရမှာ ဖြစ်တဲ့အတွက် ထိုက်တန်တဲ့ ကုန်ကျစားရိတ်တွေကတော့ ပေးဆပ်ရမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြေဆိုခွင့် မရနိုင်တဲ့ ကားပြုပြင်ရေးလုပ်ငန်း တို့လို လုပ်ငန်းအမျိုးအစား တွေကို ဖြေဆိုနိုင်မယ့်အချက် ဖြစ်ပါတယ်။
သတိပြုရမှာက စာမေးပွဲအောင်ပေမယ့်လည်း၊ ဂျပန်ဘက်က အင်တာဗျူးခေါ်ပြီး၊ အင်တာဗျူးအောင်၊ COE တွေရမှ ဂျပန်မှာ အလုပ်သွားလုပ်ခွင့် ရမယ်ဆိုတာ သတိရချပ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကူးတက ဂျပန်ထိ စာမေးပွဲသွားဖြေ၊ စာမေးပွဲ အောင်ထားပေမယ့်လည်း အင်တာဗျူးကမလာ၊ အင်တာဗျူး ရပြန်တော့လည်း အင်တာဗျူး မအောင်လျှင် အလုပ်မရ၊ ဂျပန်မသွားရဘူးဆိုတာတော့ သတိချပ်ဖို့ လိုအပ်ပါလိမ့်မယ်။
နောက်တစ်ချက်အနေဖြင့် စာမေးပွဲ သွားဖြေဖို့အတွက် အလည်ဗီဇာက PV အမျိုးအစား passport ကို အသုံးပြုရမှာဖြစ်ပြီး၊ အလုပ်ဖြင့် နိုင်ငံခြားထွက်ရတဲ့အခါ PJ အမျိုးအစား passport ကို အသုံးပြုရမှာဖြစ်ပါတယ်။ အလုပ်ရခဲ့လျှင် PV ကနေ PJ ပြန်ပြောင်းဖို့ ကိစ္စတွေ တိုးလာဖို့ ရှိတယ်ဆိုတာ သတိချပ်ဖို့ လိုပါလိမ့်မယ်။
နောက်ဆုံးတစ်ခုအနေဖြင့်ကတော့ စာမေးပွဲဖြေဆိုဖို့အတွက်သာ ရည်ရွယ်ပြီး ဂျပန်ကို အလည်ဖြင့်သွားရောက်သင့်ပြီး “ဝလုံး” တို့ “….” တို့ မပြုလုပ်ဘဲ၊ မှန်ကန်တဲ့ လမ်းကြောင်းဖြင့်သာ ကြိုးစားပြီး၊ နောက်လူတွေအတွက် အခွင့်အရေးတွေကို ချန်ထားပေးကြစေလိုပါတယ်။
အားလုံး သာယာဖြောင့်ဖြူးသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
အကီ ။ ။
03/03/2022
🇯🇵ဂျပန်ပြည်ဝင်ခွင့်
တစ်နေ့အယောက်5,000မှ → အယောက်7,000 သို့ပြောင်းလဲသတ်မှတ်ဖို့ ဒီနေ့ ကြေငြာဖို့ရှိပါတယ်။