TU-Hmawbi_Dept: of Mechatronic Engineering

TU-Hmawbi_Dept: of Mechatronic Engineering

Share

Engineering Education

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 29/01/2021

29 Jan 2021 (Friday)
2nd Day LAB Practical Video ရိုက်ကူးရေး

အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့ကြသော
ဆရာ ဦးနန္ဒကျော်
ဆရာ ဦးနိုင်လင်းထွန်း
ဆရာမ ဒေါ်ခင်မူမူမြင့် တို့ကို လည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 28/01/2021

28 Jan 2021 (Thursday)
BE (Mechatronic Engineering) 2nd Semester LAB Practical Video ရိုက်ကူးရေး ကို Department of Mechatronic Engineering မှာ ပထမ နေ့ ပြုလုပ်ခဲ့ပါတယ်။
3rd Year Electronic Device ဘာသာရပ် အတွက်
ဆရာ ဦးနန္ဒကျော်
5th Year Robotic Analysis ဘာသာရပ် အတွက်
ဆရာ ဦးနိုင်လင်းထွန်း
5th Year Microprocessor and Microcontroller ဘာသာရပ်အတွက်
ဆရာမ ဒေါ်ခင်မူမူမြင့် တို့မှ ပါဝင်ရိုက်ကူး ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 21/01/2021

21-1-2021 (Thursday)
Department of Mechatronic Engineering, TU(Hmawbi) ၏ Master of Engineering (Mechatronic) Thesis Seminar တွင် "Detection and Recognition of ID Number for Myanmar National Registration Cards" Thesis Title ဖြင့် မမြစန်းရင် မှ Defence Seminar ကို အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ပါသည်။
မမြစန်းရင် အတွက်လည်း Congratulations ပါ။
Defence Seminar ကို တက်ရောက်ပေးခဲ့သည့်
SITE မှ ကျောင်းအုပ်ဆရာကြီး Dr. နေဇာအောင် ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း နှင့် ဆရာကြီး၏ Pre Def နှင့် Def seminar များတွင် ပြောကြားညွန်ကြားပေးခဲ့သည့် Suggestions များ ကို လည်း အထူးကျေးဇူးတင်ပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
တက်ရောက်ပေးကြသည့် ဌာနမှူး နှင့်တကွ ဌာနရှိ ဆရာ/ဆရာမ များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 11/01/2021

Mandalay Technological University(MTU) သို့ တွဲဖက်ပါမောက္ခ ရာထူး ဖြင့် ပြောင်းရွေ့တာဝန် ထမ်းဆောင်မည့် ဆရာမ Dr. ခိုင်ဝင်းဖြူ အား ဌာနမှ ဆရာ/ဆရာမ များမှ အမှတ်တရ လက်ဆောင် ပေးအပ် ၍ အစစ အရာရာ အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခြင်း အထိမ်းအမှတ်လေးပါ။

28/12/2020

ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ အမှတ် (၉၈၁/၂၀၂၀)၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၂၄ရက် အရ နည်းပညာတက္ကသိုလ် (မှော်ဘီ) မက္ကာထရောနစ်အင်ဂျင်နီယာ ဌာနမှ တီချယ် ဒေါက်တာခိုင်ဝင်းဖြူ အား ကထိက ရာထူးမှ တွဲဖက်ပါမောက္ခ ရာထူးဖြင့် မန္တ​လေးနည်းပညာတက္ကသိုလ် သို့ ရာထူးတိုးခဲ့သည့် အတွက် နည်းပညာတက္ကသိုလ် (မှော်ဘီ) မက္ကာထရောနစ်အင်ဂျင်နီယာ ဌာနမှ ဌာနမှူးနှင့်တကွ ဆရာ/မ အားလုံးက အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိ မိသားစု ရှိရာ မန္တလေး သို့ ပြောင်းရွေ့တာဝန်ရခဲ့သည့် အတွက်လည်း ဝမ်းသာမိပါကြောင်း နှင့် အစစ အရာရာ အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကထိကရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့စဥ်က မေတ္တာစေတနာ အပြည့်ဖြင့် တတ်ကျွမ်းသမျှကို ဌာန အတွက်ကော ကျောင်းသား/သူ များအတွက်ကော လုပ်ဆောင်သင်ကြားပေးခဲ့သည် အတွက်လည်း အမှတ်ရ ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

28/12/2020

ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ အမှတ် (၈၆၉/၂၀၂၀)၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၂၄ရက် အရ နည်းပညာတက္ကသိုလ် (မှော်ဘီ) မက္ကာထရောနစ်အင်ဂျင်နီယာ ဌာနမှ တီချယ် ဒေါက်တာဇင်မာထွန်း အား ကထိက ရာထူးမှ တွဲဖက်ပါမောက္ခ ရာထူးဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် နည်းပညာတက္ကသိုလ် (မှော်ဘီ) တွင်သာ ရာထူးတိုးခဲ့သည့် အတွက် နည်းပညာတက္ကသိုလ် (မှော်ဘီ) မက္ကာထရောနစ်အင်ဂျင်နီယာ ဌာနမှ ဌာနမှူးနှင့်တကွ ဆရာ/မ အားလုံးက အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း နှင့် နောင်တွင်လည်း ဌာနအတွက် ကျောင်းသား/သူ များအတွက်လည်း လေးစားအားကျရသော ဆရာမအဖြစ် ဆက်လက်မြင်တွေ့ခွင့်ရမည်ကိုလည်း အထူးဝမ်းသာမိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 23/12/2020

21. 12. 2020(Monday) to 23. 12. 2020(Wednesday) အထိ TU(Hmawbi) Dept: of Mechatronic Engg: တွင် Flexible Assembly System(FAS-200) Software Installation & Hardware Assembly Training ကို သင်ကြားပြသပေးခဲ့သည့် ဆရာ ဦးမြင့်လွင် (Thor Dar Hein Co. Ltd) နှင့် စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သင်ယူပေးခဲ့ကြသော
Dr. အောင်ကျော်စိုး (ပါမောက္ခ/ဌာနမှူး)
Dr. ထွန်းလင်းအောင်(ပါမောက္ခ)
ဦးနန္ဒကျော် (တွဲဖက်ပါမောက္ခ)
Dr. ခိုင်ဝင်းဖြူ (ကထိက)
ဒေါ်သန္တာကြည် (လက်ထောက်ကထိက)
ဦးနိုင်လင်းထွန်း (လက်ထောက်ကထိက) တို့ကိုလည်း ပါဝင်တက်ရောက်သင်ယူမှုအား မှတ်တမ်းတင်အပ်ပါသည်။

23/12/2020

SMC ရဲ့ Flexible Assembly System (FAS) ကို Technological University (Hmawbi), Department of Mechatronic Engineering တွင် 3rd year PLC ဘာသာရပ်/ 5th year Industrial Automation ဘာသာရပ် တို့အတွက် သင်ထောက်ကူ ပစ္စည်း အဖြစ် Installation ပြုလုပ်ပြီး Running Condition
23. 12. 2020 (Wednesday)

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 21/12/2020

Flexible Assembly System (FAS) station Installation and Training သင်တန်း ကို နည်းပညာတက္ကသိုလ်(မှော်ဘီ) မက္ကာထရောနစ် အင်ဂျင်နီယာ ဌာန တွင် Covid ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နေမှု
21. 12. 2020 (Monday)

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 15/12/2020

Master of Engineering (Mechatronic) ၏ 4th Online Seminar (Webinar) ကို M.E Thesis ကျောင်းသူ မမြစန်းရင် မှ Microsoft Team Application ဖြင့် 15th December 2020 တွင် ဖတ်ကြားနိုင်ခဲ့ပါသည်။
တက်ရောက်ပေးခဲ့ကြသည့် MC Dept: ဌာနမှူး နှင့်တကွ ဆရာ/ ဆရာမ များကလည်း Suggestions များ၊ သိလိုသည်များ ကို ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 13/12/2020

Asia Pacific Telecommunity (APT ) Young Professional & Students Programme (APTYPS) 2020 ပြိုင်ပွဲ မှာ
အသက်(၁၇)နှစ်မှ အသက်(၂၀) အထိ Senior Innovative Robot Project Competition မှာ
TU(Hmawbi) မှ Mg Wai Hlan Kaung & Mg Lwin Moe Aung မှ Project Name: Multi Sensor Vehicle နှင့် 🥈 Second Winner (ဒုတိယ) ဆုကိုရခဲ့သည့်အတွက် 💥 MC Dept: မှ ဆရာ/ဆရာမ များ က Appreciate လုပ်ပါတယ် 🎉🎉
🖋️ ပြိုင်ပွဲဝင်ဖို့ Motivation ပေးခဲ့တဲ့ TU(Hmawbi), Department of Mechatronic Engineering,
Professor and Head Dr.Aungkyaw Soe
ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်
(စပြိုင်ဖို့ပြောတော့ Covid ကာလဆိုတော့ အခက်အခဲတွေတွေးပူမိခဲ့တာအမှန်ပါ😁, ဆုရတော့ အတိုင်းမသိပျော်ရပါတယ်)
🖋️ Covid ကာလလေးမှာ စိတ်အားလူအား အားစိုက်ကြိုးစားပေးကတည်းက ဆုရရမရရ ကျေးဇူးတင်ပြီးသားပါသားတို့ရေ 🥰
🖋️Senior Phyoe Min Thant ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ် 2019 က Team TTL က experience တွေကို Advance လုပ် အကုန်ကူညီပေးခဲ့လို့
Crd_Supervisor(Dr. Khaing Win Phyu)

Photos from TU-Hmawbi_Dept: of Mechatronic Engineering's post 24/08/2020

ဆရာမ Dr ဇင်မာငြိမ်း မှ OBE Training ကို MC Dept တွင် Training ပေး ရှင်းလင်းတင်ပြခဲ့ပါသည်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon