16/11/2022
MODAL VERBS
⚡ အင်္ဂလိပ်စာ/စကားကိုလေ့လာသင်ယူနေသူများအတွက် အရေးအသား/ အပြောအဆိုတို့မှာ မပါမဖြစ်တဲ့ အသုံးအနှုန်းတချို့ကို ရှင်းလင်းကွဲပြားစွာသုံးတတ်အောင် ပို့ချပေးလိုက်ပါတယ်
◼ ကနဦး မိတ်ဆက်ပေးချင်တာကတော့ MODAL VERBS လို့ သိထားကြတဲ့ စကားလုံးတွေဖြစ်ပါတယ်။
◼ နေ့စဉ်ပြောဆိုနေသမျှ၊ ရေးသားနေသမျှ Everyday English Expressions တွေ၊အမြဲထည့်သုံးနှုန်းနေကြရတဲ့စကားလုံးတွေဆိုရင်လည်း မမှားပါဘူး။
MODAL VERBS ဆိုတာ ( ဖြစ်နိုင်ခြေ/ လုပ်နိုင်ခြေအတွက် သုံးနှုန်းတဲ့စကားလုံးတွေကို ခေါ်ဝေါ်တာဖြစ်ပါတယ်။
အဲဒီစကားလုံးတွေကတော့ -
can, could , may, might, must , ought to, shall , should
will, would တို့ပဲဖြစ်ပါတယ်။
စာသင်သားတို့အဖို့တော့ သိနားလည်ပြီးသား အသုံးအနှုန်းတွေလို့ ထင်မှတ်စရာပါပဲ။
ဒါပေမယ့် နေ့စဉ်သုံးနှုန်းနေကြတဲ့ အင်္ဂလိပ်စကားပြော/ အရေးအသားတွေအတွက်တော့ အဲဒီစကားလုံးတွေမှာ သတိပြုရမယ့် သိမ်မွေ့မှုတွေရှိနေပါတယ်။
အလေးအနက် သတိထားရမှာက MODAL VERBS တွေကို Present , past
Future စသဖြင့် အချိန်ကာလအားလုံးနဲ့ သင့်တော်အောင် သုံးရမယ်ဆိုပေမယ့် ဘယ်စာလုံး ကတော့ Present အတွက် ၊ ဘယ်စာလုံးကတော့ Past အတွက် ၊ ဘယ်စာလုံးကတော့ Future အတွက် ဆိုပြီး ပုံသေမှတ်မထားသင့်တာတွေလည်း ရှိပါတယ်။
MODAL VERBS တွေမှာ အသေအချာမှတ်ထားရမယ့် တစ်ချက်ရှိပါတယ်။
Modal verb နဲ့ တွဲလာတဲ့ main verb မှာ (s) မထည့်ရခြင်းဖြစ်ပါတယ်။
ဆိုပါစို့။
He writes Essay .
သူ အက်ဆေးရေးတယ်။
( He ဆိုတာ တစ်ဦးတည်းကိုဖော်ပြနေတာမို့
main verb ဖြစ်တဲ့ write မှာ s ထည့်တာမှန်ပေမယ့် . . .)
He can write Essay.
သူ အက်ဆေးရေးနိုင်တယ်။
( He ဆိုတာ တစ်ဦးတည်း ဖြစ်နေပါစေ။
modal verb ဖြစ်တဲ့ “လုပ်နိုင်ခြေ” ကိုဖော်ပြတဲ့ can နဲ့ တွဲလာပြီမို
main verb ဖြစ်တဲ့ write မှာ s ထည့်စရာ မလိုတော့ပါဘူး)
အဲဒီအခြေခံအချက်လေးက သေးဖွဲပေမယ့် စာသင်သားတို့ အမှားများလေ့ရှိတတ်ကြပါတယ်။
have to , need to, be able to, be allowed to စတဲ့ အသုံးအနှုန်း
တွေကိုလည်း modal verbs တွေအစား သုံးနှုန်းပြောဆို/ ရေးသားတတ်ကြပါတယ်။
အိုကေ။ အခုလို modal verbs တွေအကြောင်း အသေအချာမပြောခင် သိသင့်
တချို့ကို ကြိုတင်မိတ်ဆက်ပေးပြီးပြီမို့ ရှေ့ဆက်ကြပါစို့ ။
သင်ခန်းစာများကို ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့
Like & Follow လေး လုပ်ပေးထားကျပါအုန်း