MAHAR JP services company limited.

MAHAR JP services company limited.

Share

......

Photos from MAHAR JP services company limited.'s post 03/11/2025

သံတူကြောင်းကွဲများ..
#ဗဟုသုတ
#အသိပညာ

03/11/2025

တန်ဆောင်တိုင် အထူးပရိုမိုးရှင်းနှင့် 5% Discount နဲ့ November လတန်းခွဲသစ်လေးလာပါပြီ။
ကုန်ကျစရိတ် သက်သာစွာနှင့် ဂျပန်နိုင်ငံမှာ ကျောင်းတက်ရင်းအလုပ်လုပ်ချင်သူများအတွက် Scholarship Special Class (ssc) အထူးတန်းခွဲလေးကို လာမယ့် နိုဝင်ဘာလမှ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။
Scholarship Special Class (ssc)
Basic/ N5/ N4 / Kaiwa/ Intreview Training
သင်တန်းစမည့်ရက်- ( 10. 11. 2025)
သင်တန်းရက် ( Monday to Friday) တစ်ပတ် (၅)ရက်
သင်တန်းအချိန် ( 9:30 am – 11:30 am)
သင်တန်းကာလ ( ၈ ) လ
သင်တန်းကြေး ( ၇ )သိန်း (နှစ်ကြိမ်ခွဲသွင်းနိုင်သည်)။ (ဖတ်စာအုပ် ကျောင်း၀တ်စုံဖိုးအပါ)။
ကျောင်းလခကို Kpay Ayapay နှင့်လဲပေးလို့ရပါတယ်။
ဒီသင်တန်းလေးကတော့ ဂျပန်စာအခုမှစတင်လေ့လာပြီး ၂၀၂၆- ၂၀၂၇ မှာ ဂျပန်နိုင်ငံကို ကျောင်းသွားတက်ပြီး အလုပ်လုပ်ချင်သူများအတွက် ရည်ရွယ်ပါတယ်။ Mahar JPက ဖွင့်လှစ်တဲ့ Scholarship Special Class (ssc) တက်ရောက်တဲ့ကျောင်းသားတိုင်း အင်တာဗျူး ဝင်ခွင့်ရမှာဖြစ်ပါတယ်။
🚶🚶လူကိုယ်တိုင်လာရောက်စုံစမ်းလိုပါက
(၇၀၂).B၊သခင်အုန်းဖေကြီးလမ်း၊(၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်။
☎️09761604505
09765155862
ရုံချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။
#သင်တန်
#ပညာ

29/10/2025

ကုန်ကျစရိတ် သိန်း(၁၀၀)မကျော်ပဲဂျပန်မှကျောင်းတက်ရင်အလုပ်လုပ်နိုင်မယ့်အခွင့်အရေးလာပြီးနော်...
ဒီအခွင့်ရေလေကတော့ Subarashii ကျောင်းသား/ကျောင်းသူ များအတွက် အထူးအခွင့်ရေသာဖြစ်ပါတယ်။
ဒီလရဲ့အတန်းအသစ်များကတော့..
Special Class
N5,N4, interview training, kaiwa အတန်း
သင်တန်းကြေး 💵💵၇၀၀၀၀၀
သင်တန်းရက်📆📆
တနင်္လာမှသောကြာ
(၈)လပြတ်သင်တန်းဖြစ်ပါတယ်။
အချိန်⏰️၉:၃၀- ၁၁:၃၀
Interview training +kaiwa အတန်း
သင်တန်းကြေး💵💵 ၁၅၀၀၀၀
သင်တန်းရက် 📆📆
တနင်္လာမှ သောကြာ
(၂)လပြတ်သင်တန်း​ြဖ​စ်ပါတယ်။
အချိန်⏰️⏰️၁၂:၀၀-၂:၀၀
သင်တန်းကြေးကိုနှစ်ကြိမ်ခွဲသွင်းလို့ရပါတယ်။
Kpay,AYA payဖြင့်လည်း097 6160 4505
သို့ပေးသွင်းနိုင်ပါတယ်။
သီတင်းကျွတ်အပြီး2025. November လအတွက်
ဂျပန်စာကိုအခြေခံမှစတင်လေ့လာမည့်သူများ၊ စကားပြောလေ့ကျင်လိုသူများအတွက်အတန်းချိန်အသစ်ဖွင့်လှစ်မှာဖြစ်လို့ နာမည်စာရင်းပေးသွင်းနိုင်ပါပြီး...
🏫Subarashii ဂျပန်စာသင်တန်းကျောင်းမှဂျပန်နိုင်ငံသို့ကျောင်းသား[visa]နှင့်အလုပ်[visa]ဖြင့်လည်ပို့ပေးပါတယ်။
ကျောင်းသား[visa]နဲ့က အိုဆာကာသို့အပို့များပြီးတခြားမြို့များသို့လည်းပို့ပေးပါတယ်။ ကျောင်းသား[visa]ဖြင့် တမူထူးခြားတာကတော့ N5အောင်လက် မှတ်မရှိသေးသော်လည်းဘဲ interview ဖြေဆိုပီး ဂျပန်သို့ကျောင်းတက်လို့ရပါတယ်။
အလုပ်[visa]ဖြင့် အနိမ့်ဆုံးN4အောင်လက် မှတ်နှင့် သက်ဆိုင်ရာအောင်လက် မှတ်လိုအပ်ပါတယ်။အလုပ်[visa]ဖြင့် kaigo၊ 🚍ကားပြုပြင်ခြင်း၊ 🚚ယဉ်မောင်းခြင်း၊ 🍽စားသောက်ဆိုင်ဝန်ဆောင်မှု့နှင့်တခြားအလုပ်များလည်းရှိပါတယ်။
မိမိနှစ်သက်ရာရွေးချယ်လျှောက်ထားလို့ရပါတယ်။
🚶🚶လူကိုယ်တိုင်လာရောက်စုံစမ်းလိုပါက ..
ကျောင်းလိပ်စာ
(၇၀၂),B သခင်အုန်းဖေကြီးလမ်း၊ ၄၂ရပ်ကွက်၊မြောက်ဒဂုံမြို့နယ် ဖြစ်ပါတယ်။
လူအနည်းစုနဲ့အခြေခံမှစလို့စကားပြောတတ်သည်အထိသေချာလေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီးလူဦးရေကန့်သက်ထားလို့Subarashii ဂျပန်စာသင်တန်းကျောင်းသို့ကြွလှမ်းလာဖို့ဖိတ်ခေါ်ပါတယ်။

16/10/2025

🇯🇵🇯🇵📉✒️ဂျပန်စာကိုလေ့လာတဲ့နေရာမှာ သဒ္ဒါနဲ့ စာလုံးပေါင်း တွေထက်၊ အဓိကလက်တွေ့စကားပြောစွမ်းရည် ကို တိုးတက်စေချင်တယ်ဆိုရင်..

နံပတ်(1)...🇯🇵🇯🇵
၎င်းတို့အသုံးအများဆုံး စကားစုများ (Common Phrases) မှ စတင်လေ့လာသင့်ပါတယ်။
ဘာသာစကားတစ်ခုကို စတင်လေ့လာတဲ့အခါ၊ ပထမဆုံးအနေနဲ့ ၎င်းတို့နေ့စဉ်အသုံးအများဆုံး စကားစုများ ကို စတင်လေ့လာခြင်းဟာ အရေးကြီးတဲ့တစ်ချက်ပါ။ဥပမာ နေ့စဉ်ဘဝမှာ ခဏခဏ ကြုံတွေ့ရမယ့် နှုတ်ဆက်စကား (Ohayou gozaimasu - မင်္ဂလာနံနက်ခင်းပါ)၊ ကျေးဇူးတင်စကား (Arigatou gozaimasu)၊ ခွင့်တောင်းစကား (Sumimasen) တို့လို စကားစုတွေကို ပိုင်နိုင်စွာ ပြောတတ်ခြင်းဟာမိမိ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုပိုရှိစေတယ်။စကားပြောဆိုမှုစတင်ဖို့ အခွင့်အရေးများစွာရစေပါတယ်။ဥပမာ "ငါ..." (Watashi wa...)၊ "ဒါက..." (Kore wa...) စတဲ့ ဝါကျတည်ဆောက်ပုံအခြေခံတွေကို လေ့လာပါ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ အချက်အလက် (ဥပမာ- နာမည်၊ နိုင်ငံ) တွေကို ထည့်သွင်းပြောဆိုနိုင်ဖို့ ကြိုးစားရမယ်။

နံပတ်(၂)📝📝📖
စကားလုံး တစ်ခုတည်းမဟုတ်ဘဲ စကားစုလိုက် မှတ်သားပြီး လက်တွေ့ အသုံးချဖို့လိုတယ်။

ဂျပန်စကားလုံး (Vocabularies) တွေကို တစ်ခုချင်းစီ ခွဲခြား မှတ်သားတာထက်၊ ပါဝင်တဲ့ စကားစု (Phrases) နဲ့ ဝါကျပုံစံ အတိုင်း မှတ်သားလေ့လာပါ။ဥပမာ- "စားချင်သည်" လို့ ပြောချင်ရင် "စားသည်" (食べる) ကို တစ်လုံးတည်း မမှတ်ဘဲ၊ "ပီဇာ စားချင်တယ်" (ピッザが食べたいです。 ) ဆိုတဲ့ စကားစုလိုက် မှတ်သားလိုက်ပါ။ စကားလုံးအသစ်တစ်ခုကို လေ့လာတိုင်း၊ အဲဒီစကားလုံးကို သဘာဝကျကျ အသုံးပြုထားတဲ့ ဝါကျအနည်းဆုံး သုံးခုလောက်ကိုပါ အလွတ်မှတ်ထားတာမျိုးလုပ်ကြည့်ပါ။

နံပတ်(၃)🧑‍🦱👩‍🦱📝
"Role Play" လုပ်ခြင်း
သင်ယူထားတဲ့ စကားလုံးနဲ့ စကားစုတွေကို လက်တွေ့ဘဝ အခြေအနေတွေမှာ အသုံးပြုနိုင်ဖို့အတွက် "Role Play" လေ့ကျင့်ခန်းတွေ လုပ်ပါ။စကားပြောဆိုမှုရဲ့ ရည်ရွယ်ချက်က အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်း ဖြစ်တဲ့အတွက်၊ စာအုပ်ထဲက အသိပညာကို လက်တွေ့အသုံးချနိုင်ဖို့အတွက် စိတ်ကူးယဥ်အခြေအနေတွေ ဖန်တီးပြီး လေ့ကျင့်ရပါမယ်။ အမေးအဖြေ (Q&A) ပုံစံ လေ့ကျင့်ခြင်းက တုံ့ပြန်မှုမြန်ဆန်လာစေပါတယ်။
သူငယ်ချင်း တစ်ယောက်နဲ့အတူ ဈေးဆိုင်တစ်ဆိုင်မှာ ပစ္စည်းဝယ်ခြင်း၊ လမ်းမေးခြင်း၊ စားသောက်ဆိုင်မှာ အစားသောက်မှာကြားခြင်း စတဲ့ အခြေအနေတွေကို ဖန်တီးပြီး စကားပြောလေ့ကျင့်ပါ။ တစ်ယောက်တည်းဆိုရင်လည်း မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို စကားပြန်ပြောခြင်း ဖြင့် လေ့ကျင့်နိုင်ပါတယ်။
နံပတ်(၄)📻📻
Shadowing လုပ်ခြင်း
🦻🎧
Shadowing ဆိုတာက
နားထောင်လိုက်ရတဲ့ Native Speaker ရဲ့ စကားလုံးတိုင်းကို သူနဲ့ တစ်ပြိုင်နက်တည်း (သို့မဟုတ်) အနည်းငယ်နောက်ကျပြီး အသံထွက်တူအောင် လိုက်ပြော တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
🎶🎶
ဒီနည်းလမ်းက ဂျပန်ဘာသာစကားရဲ့ အသံထွက် (Pronunciation)၊ အသံအနိမ့်အမြင့် (Pitch Accent) နဲ့ စကားပြောနှုန်း (Speaking Speed) တွေကို တိုးတက်စေဖို့အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။ စကားလုံးတွေကို မှတ်မိရုံတင်မကဘဲ၊ ပါးစပ်နဲ့ လျှာရဲ့ လှုပ်ရှားမှုပုံစံကိုပါ ကျင့်သားရစေပါတယ်။ဂျပန်သတင်းတိုများ၊ Podcast များ (သို့မဟုတ်) YouTube မှ တိုတောင်းသော ဗီဒီယိုအပိုင်းအစများကို ရွေးချယ်ပါ။ စာသား (Subtitles) ဖွင့်ထားပြီး အသံကို သေချာနားထောင်ကာ၊ အသံနဲ့ အတိအကျတူအောင် လိုက်ပြောပါ။ ပထမပိုင်းမှာ နှေးကွေးနိုင်ပေမယ့်၊ ပုံမှန်လေ့ကျင့်ရင် တဖြည်းဖြည်း မြန်လာပါလိမ့်မယ်။

နံပတ်(၅)🧑‍🦱👩‍🦱👩‍🦰🖥
Listening များများလုပ်ပြီး Native Speaker များကို တုပပါ

ဂျပန်စကားရဲ့ လေယူလေသိမ်း (Intonation) နဲ့ မျက်နှာအမူအရာ (Facial Expressions) တွေဟာ စကားပြောဆိုမှုမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ တင်ဆက်သူများ၊ သရုပ်ဆောင်များရဲ့ စကားပြောဟန်၊ ခံစားချက်ပြောင်းလဲပုံ တွေကို စောင့်ကြည့်လေ့လာပြီး၊ ကိုယ်တိုင် ပြန်လည်တုပလိုက်ပြောခြင်းက သဘာဝကျတဲ့ ဂျပန်စကားပြောဟန်ကို ရရှိစေပါတယ်။🖥Anime၊ ဂျပန်ရုပ်ရှင်၊ ဒရာမာ တွေကြည့်တဲ့အခါ စာတန်းထိုးကို အမြဲတမ်း မှီခိုမနေဘဲ၊ စကားလုံးတွေရဲ့ အသံထွက်နဲ့ လေယူလေသိမ်း ကို သေချာ ဂရုစိုက်နားထောင်ပါ။ ကြိုက်နှစ်သက်တဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ရွေးပြီး၊ အဲဒီဇာတ်ကောင်ရဲ့ အသံကို အတတ်နိုင်ဆုံး တူအောင် အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ လိုက်ပြောကြည့်ပါ။

ဒီအချက် (၅) ချက်ကို ပုံမှန် လေ့ကျင့်မယ်ဆိုရင်၊ဂျပန်စကားပြောစွမ်းရည်ဟာ သိသိသာသာ တိုးတက်လာမှာ သေချာပါတယ်။

Photos from MAHAR JP services company limited.'s post 08/10/2025

Scholarship 2026 April Intake များ 14.10.2025 ရက်နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါပြီး..

🇯🇵1.Kaigo Scholar
🇯🇵2.Kaigo Fukushishi Scholar
🇯🇵3.Driver Scholar
🇯🇵4.Truck maintenance Scholar

📝ဂျပန်စာအရည်အချင်းအောင်လက်မှတ်N4နှင့်အထက်ရှိရပါမည်..[Nat Test/Jlpt/jft/J cert/ J test]အောင်လက်မှတ်ရှိပြီး ဆယ်တန်းအောင်ရပါမည်။

အမျိုးသား/အမျိုးသမီး 🧒👧
အသက် ၂၅နှစ် အောက်ဖြစ်ရပါမည်။
Tokutei လက်မှတ်ရှိထားသူများလဲ လျှောက်ထားနိုင်ပါသည်။
🚶‍♂️🚶‍♀️လူဦးရေကန့် သတ်ထား လို့ အမြန်ဆုံးစာရင်း ပေး သွင်းနိုင်ပါပြီ၊Level test စစ်ပြီး အောင်မြင်မှသာအင်တာဗျူး ဖြေဆိုခွင်ရမှာဖြစ်ပါတယ်။
အင်တာဗျူးကို ​ဂျပန်ဘက်ကကိုယ်တိုင် လူတွေ့လာဗျူးမှာ ဖြစ်ပါတယ်..🇯🇵🇯🇵2025.September လ တွင်အင်တာဗျူးဖြေဆိုရမှာဖြစ်ပြီးအင်တာဗျူးမဖြေခင်အင်တာဗျူး Training လဲ လေ့ကျင့်ပေးဦးမှပါ..👩‍🏫🧑‍🏫

LS တစ်နှစ်တက်ပြီး
(1)တိုခုတဲ ခိုင်းဂေါ့ စာမေးပွဲ ✒️✒️
(3)တိုခုတဲ ကားမောင်းစာမေးပွဲ 🚍🚍
(4)တိုခုတဲ ကားပြုပြင်စာမေးပွဲ 🚛🔧🔧
အောင် မြင် တာ နဲ့ လုပ် ငန်း ခွင် ဝင် ရောက် နိုင်မယ့် ပရိုဂရမ်ဖြစ်ပါတယ်📉📉

🫰အခုလိုအချိန်မှာ Japan သို့ စရိတ်သက်သာစွာနဲ့ကျောင်းတက်နိုင်မယ့်အခွင့်အရေး ဖြစ်ပါတယ်🫰
စိတ်ဝင်စားလို့​လျှာက်ထားလိုပါက
MAHAR JP စာသင်တန်းကျောင်း page Messengerကိုစာပို့၍သော်၄င်း၊

ဖုန်း📞ရုံးချိန် အတွင်းသာ
☎️ 09752788200
☎️ 09752787800
Hotline&Viber
09761604505
ရုံးချိန်အတွင်းဆက်သွယ်ပါ..
အမှတ်(၇၀၂)၊သခင်အုန်းဖေကြီးလမ်း၊(၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်။
ယူလာရမည့်အရာများ✏📄📄 -
အောင်လက်မှတ် မူရင်း [၁၀]တန်း/N4.၊
ဓာတ်ပုံနောက်ခံအဖြူ 3/4cm နှစ်ပုံ..🎆

06/10/2025

မိမိကလေးတွေရဲ့နောင်အနာဂက်လှပလာမယ်..

06/10/2025

ကိုယ့်ရဲ့သားသမီးတွေကိုငယ်ငယ်လေထဲကဂျပန်ကိုပို့ထားရင်ပို့ကောင်လာမယ့်...

27/09/2025

🛩🛩ဂျပန်နိုင်ငံ ရဲ့
အလုပ်အကိုင်အခွင့်လမ်းကောင်းများမှာ အင်တာဗျူးဝင်နိုင်ပါပြီး...

သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းအတွက်

- Tokutei ဘိုးဘွားစောင့်‌ ရှောက်ရေးစာမေးပွဲ အောင်လက်မှတ်ရှိသူ
- အသက် ၃၀ နှစ်အောက်
- JLPT N3 အောင်လက်မှတ်ရှိသူ ၊ Nat-Test N3 အောင်မြင်ထားပြီး JLPT N4 or JFT-A2 အောင်လက်မှတ်ရှိသူများ လာရောက်လျှောက်ထားလို့ရပါတယ်နော်...🇯🇵🇯🇵
Tokuteiginou
စားသောက်ကုန်ထုတ်လုပ်ငန်းအတွက် ဂျပန်ဘက်မှ လူဦးရေ၂၀ ဦးခေါ်ယူရန်လည်း
ရှိပါသေတယ်...
စိတ်ဝင်စားလို့ဆက်သွယ်ချင်ရင်တော့..📞09752788200.09752787800
Hotline&Viber
09761604505.သို့ရုံချိန်အတွင်းဆက်သွယ်မေးမြန်နိုင်ပါတယ်။
🚶🚶သင်တန်းကျောင်းသို့လူကိုယ်တိုင်လာရောက်စုံစမ်းလို့ပါက အမှတ်(၇၀၂)
သခင်အုန်းဖေကြီးလမ်း၊၄၂ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်မှတည်ရှိပါတယ်။

25/09/2025

🇯🇵ဂျပန်စာ N5 ကို အခြေခံကနေစပြီး အစဆုံးကျွမ်းကျင်အောင်လေ့လာချင်လား...
🇯🇵ဂျပန်မှာအလုပ်လုပ်ဖို့..ဒါမှမဟုတ် ကျောင်းတက်ဖို့စဥ်စားနေပြီးလား...
မိမိကြိုးစားအားထုတ်မှုတိုင်းအရာထင်စေမယ့်
သင်တန်းတစ်ခုကိုရှာနေပြီးဆိုရင်တော့...🤔🤔🤔
MAHAR JP က October
လအတွက် N5၊N4 ရုံးချိန်အလွတ်အတန်းချိန်လေးရှိပါတယ်။
သင်ကြားရေးမှထိရောက်ဖို့ လူဦးရေကို (၁၀)ဦးသာသက်မှတ်ထားတယ်။

သင်တန်းသားကိုကန့်သက်ထားလို့ Octoberလအတွင်းလူမပြည့်ခင်အမြန်လေးလာပြီးအပ်ထားလိုက်ပါနော်။ဂျပန်နိုင်ငံမှကျောင်းသွားတက်ချင်သူအလုပ်လုပ်ချင်သူများအတွက်လဲဝန်ဆောင်မှုများကိုလဲလုပ်ဆောင်ပေးနေပါတယ်။
👩‍🏫(4.Skills+old question+lnterview Training)နဲ့သင်ကြားပေးမှဖြစ်ပါတယ်။

ရုံးချိန်လွတ်အတန်းအချိန်လေးက🧑‍🏫
📝Basic+N5+N4
🗓Day.Sat &Sunday
🕙Time 10:30am-12:00am
Starting Date(11.10.2025)
⏳Period 8 moths

သင်တန်းသား၊သင်တန်းသူတွေ ငွေကြေးသွင်းရာမှ အစဥ်ပြေစေဖို့ 💵Fees.600000 Ks(နှစ်ကြိမ်ခွဲသွင်းနိုင်)ပါတယ်။

စိတ်ဝင်စားလို့လျှောက်ထားလိုပါက MAHAR JP ဂျပန်စာသင်တန်းကျောင်းရဲ့ page messenger ကိုစာပို့၍သော်၎င်း၊

🚶‍♀️🚶‍♀️🚶‍♂️သင်တန်းကျောင်းသို့လူကိုယ်တိုင်လာရောက်စုံစမ်းလို့ပါက
အမှတ်(၇၀၂)၊သခင်အုန်းဖေကြီးလမ်း၊(၄၂)ရပ်ကွက်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။

ကျောင်းဖုန်း☎️
09752788200.09752787800
Hotline&Viber 09761604505 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

23/09/2025

🤔🤔ဂျပန်စာလေ့လာနေသူတိုင်း Kanji ကို ကြောက်စရာမလိုတော့စေမယ့်လျှို့ဝှက်ချက်...
👩‍🏫
Kanji (漢字) ဆိုတာ???
ဂျပန်စာလေ့လာသူအများစုအတွက်အိပ်မက်ဆိုးပါပဲ။ ဒါပေမယ့် ဒီလျှို့ဝှက်ချက်လေးတွေသိထားရင် သင့်ရဲ့အိပ်မက်ဆိုးကနေ အိပ်မက်လှတစ်ခုအဖြစ် ပြောင်းသွားမှာပါ။

1. "အကြိမ် 100 ရေးပါ" ဆိုတဲ့ ခေတ်ဟောင်းစနစ်ကို မေ့ပါ👩‍🏫👩‍🏫
အချိန်တိုအတွင်း ထပ်ကာထပ်ကာ လုပ်ပါ (Spaced Repetition): တစ်နေ့ကို Kanji 10 လုံးကို 10 ကြိမ်ရေးမယ့်အစား၊ 1 လုံးကို 10 စက္ကန့်ပဲ အချိန်ယူပြီး တစ်နေ့တာလုံး မတူတဲ့အချိန်တွေမှာ 10 ကြိမ် ပြန်ကြည့်ပေးပါ။ ဦးနှောက်က ဒီနည်းနဲ့ ပိုမှတ်မိပါတယ်။

2. "Radicals" (အခြေခံအစိတ်အပိုင်းများ) ကို ရှာပါ

Kanji တစ်လုံးစီဟာ Lego အတုံးလေးတွေလိုပါပဲ။ ဒီ Lego အတုံးလေးတွေကို Radicals လို့ခေါ်ပါတယ်။

🏊 ဥပမာ: 泳 (ရေကူးခြင်း) ဆိုတဲ့ Kanji မှာ...
· 氵 = ရေ (水) ရဲ့ Radical ပုံစံ
· 永 = ထာဝရ
· ဇာတ်လမ်းဖန်တီးပါ: "ထာဝရ (永) ရေ (氵) ထဲမှာ ကူး (泳) နေတယ်" ဆိုပြီး ကိုယ်ပိုင်ဇာတ်လမ်းလေးတွေချိတ်ပါ။ ဦးနှောက်က ဇာတ်လမ်းတွေကို အမှတ်ရလွယ်ပါတယ်။
😊😊

3. စကားလုံးတွေနဲ့တွဲပြီး မှတ်ပါ

Kanji တစ်လုံးတည်းကို အဓိပ္ပာယ်တစ်ခုတည်းအနေနဲ့ မှတ်တာထက် သူ့ကိုသုံးထားတဲ့ စကားလုံး (Vocabulary) တွေနဲ့တွဲပြီး မှတ်ပါ။

· ဥပမာ - 人 (လူ - Person):
· 日本人 (にほんじん) = ဂျပန်လူမျိုး
· 大人 (おとな) = လူကြီး
· 恋人 (こいびと) = ချစ်သူ/ရည်းစား
· ဒီနည်းရဲ့ အားသာချက်: Kanji ကိုလည်း မှတ်မိမယ်၊ Vocabulary အသစ်တွေလည်း တိုးလာမယ်၊ Kanji ကို ဘယ်လိုအသုံးချရမယ်ဆိုတာလည်း သိလာမယ်။

4. လက်တွေ့ဘဝမှာ ရှာဖွေပါ (Kanji Hunting)

သင်ထားတဲ့ Kanji တွေကို လက်တွေ့ဘဝမှာ ရှာကြည့်ပါ။

· ဂျပန်ကားတွေရဲ့ Logo မှာ (Toyota - トヨタ, Honda - 本田)
· ရေပိုက်ခေါင်းတွေပေါ်မှာ (水 - ရေ)
· စားသောက်ဆိုင်မီနူးတွေပေါ်မှာ (ラーメン - ရာမင်, 茶 - လက်ဖက်ရည်)
· Anime/Manga ကြည့်ရင်း စာတန်းထဲကနေ ရှာပါ။

ဒီလိုလုပ်ခြင်းအားဖြင့် Kanji ကို စာအုပ်ထဲက အက္ခရာတစ်လုံးအဖြစ်မြင်တာထက် သက်ရှိလက်တွေ့ဘဝထဲက အရာတစ်ခုအဖြစ် မြင်လာမှာပါ။

5. ပျော်ပျော်နေပါ၊ စိတ်မလောပါနဲ့Kanji ကို လေ့လာတာဟာ Marathon ပြေးပွဲတစ်ခုပါ။🏃‍♀️ Sprint (မြန်မြန်ပြေးတာ) မဟုတ်ပါဘူး။

📆တစ်ပတ်ကို Kanji 5-10 လုံးပဲ သင်ပါ။ တစ်ရက်တည်းနဲ့ 30 လုံးသင်ပြီး အားလုံးမေ့သွားတာထက်၊ 5 လုံးကို ခိုင်ခိုင်မာမာမှတ်မိတာက ပိုကောင်းပါတယ်။
🎤🎼သီချင်းဆိုပါ၊ရုပ်ပုံဆွဲပါ။ Kanjiသီချင်းလေးလုပ်ဆိုတာ၊ ရဲ့ ပုံသဏ္ဍာန်ကို ကြည့်ပြီး ရုပ်ပုံဆွဲကြည့်တာမျိုးလုပ်ပါ။

အဆုံးသတ်အနေနဲ့👨‍🏫
Kanji ဆိုတာ ကြောက်စရာကောင်းတဲ့ စာလုံးတွေမဟုတ်ပါဘူး။ ဂျပန်ယဉ်ကျေးမှုရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဖော်ပြတဲ့ အနုပညာလက်ရာလေးတွေပါ။ ဒီလက်ရာလေးတွေကို နည်းမှန်လမ်းမှန်နဲ့ ဖြေးဖြေးချင်းစူးစမ်းလေ့လာပါ။ သင့်အတွက် ဂျပန်စာလေ့လာရတာ ပိုပြီး နက်ရှိုင်းပျော်ရွှင်စရာကောင်းလာမှာပါ။ဇွဲမလျှော့ပါနဲ့!
頑張ってください

Jp... #

23/09/2025

✈️ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့စဥ်းစားနေပြီးလား🤔🤔
👍ဒါဆိုရင်တော့ "MAHAR JP"နဲ့ အတူသင့်ရဲ့ ဂျပန်စာခရီးလမ်းကို စတင်လျှောက်လမ်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။
သင်ကြားရေးမှထိရောက်ဖို့ လူဦးရေကို (၁၀)ဦးသာသက်မှတ်ထားတယ်။

သင်တန်းသားကိုကန့်သက်ထားလို့ Octoberလအတွင်းလူမပြည့်ခင်အမြန်လေးလာပြီးအပ်ထားလိုက်ပါနော်။ဂျပန်နိုင်ငံမှကျောင်းသွားတက်ချင်သူအလုပ်လုပ်ချင်သူများအတွက်လဲဝန်ဆောင်မှုများကိုလဲလုပ်ဆောင်ပေးနေပါတယ်။
👩‍🏫(4.Skills+old question+lnterview Training)နဲ့သင်ကြားပေးမှဖြစ်ပါတယ်။

ရုံးချိန်လွတ်အတန်းအချိန်လေးက🧑‍🏫
📝Basic+N5+N4
🗓Day.Sat &Sunday
🕙Time 10:30am-12:00am
Starting Date(11.10.2025)
⏳Period 8 moths

သင်တန်းသား၊သင်တန်းသူတွေ ငွေကြေးသွင်းရာမှ အစဥ်ပြေစေဖို့ 💵Fees.600000 Ks(နှစ်ကြိမ်ခွဲသွင်းနိုင်)ပါတယ်။

စိတ်ဝင်စားလို့လျှောက်ထားလိုပါက MAHAR JP ဂျပန်စာသင်တန်းကျောင်းရဲ့ page messenger ကိုစာပို့၍သော်၎င်း၊

🚶‍♀️🚶‍♀️🚶‍♂️သင်တန်းကျောင်းသို့လူကိုယ်တိုင်လာရောက်စုံစမ်းလို့ပါက
အမှတ်(၇၀၂)၊သခင်အုန်းဖေကြီးလမ်း၊(၄၂)ရပ်ကွက်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။

ကျောင်းဖုန်း☎️
09752788200.09752787800
Hotline&Viber 09761604505 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အားလုံးပဲ မင်္ဂလာရှိသောနေ့ရက်လေများစွာကိုပိုင်ဆိုင်နိုင်ကြပါစေ။🎇🧑‍🏫

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No (702. B), Tha Khin Oon Phay Gyie Street, 42 Ward, North Dagon Township
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00