17/04/2026
"ယနေ့ကျရောက်သော မြန်မာနှစ်သစ်ကူးနေ့မှစ၍ မိမိနှင့်တကွ ခုနစ်ရက်သားသမီးအပေါင်း ဘေးဥပဒ်အန္တရာယ်များ
ကင်းဝေးကြပါစေ။
လုပ်ကိုင်ဆောင်ရွက်သမျှ
စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး၊ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးသကဲ့သို့ စီးပွားလာဘ်လာဘများ
ဒီရေအလား တိုးပွားကာ
မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့သော
ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။"
နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် ကောင်းကျိုးလိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။"
Burma Vocational College
15/04/2026
မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် အချိန်အခါသမယတွင် မြန်မာပြည်သူ/သားအပေါင်း အေးချမ်းသာယာရှိကြပါစေကြောင်း Burma Vocational College မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 😍
17/10/2025
AI က ကောင်းကျိုးထက်၊ ဆိုကျိုးများမလား?။
ဆယ်စုနှစ်တခုအတွင်းမှာ AI သုံး ရိုဘော့တွေ တွင်ကျယ်လာတော့မယ် ဆိုကြတယ်။ အီလွန်မတ်၊ ဂျက်ဘေဇော့၊ ဇပ်ကာဘတ်၊ ဆမ်အော့တ်မန်၊ ဘီလ်ဂိတ် အစရှိတဲ့ နည်းပညာသူဌေးတွေ အေအိုင်မှာ ပုံအော ရင်းနှီးမြှပ်နှံနေကြတယ်။(ဘီလျံနာတွေ ထရီလီယံနာ ဖြစ်လာချေရှိတယ်။ အီလွန်မတ်ရဲ့ ပိုင်ဆိုင်မှုက ဘီလျံ ၅၀၀ ကျော်ပြီဆိုတဲ့ သတင်းတွေလည်းတွေ့ရတယ်)။
နည်းပညာမြင့် ထုတ်လုပ်မှုတွေ US လုပ်မယ်လို့ ထရမ့်က ပြောခဲ့တာရှိတယ်။ ဒါဆို အမေရိကန်လိုနိုင်ငံရဲ့ ထုတ်လုပ်နိုင်စွမ်းရည် productivity က နှစ်ဆ၊ သုံးဆမက တက်လာနိုင်ဘွယ်ရှိတယ်။ အခြားတဖက်မှာတော့ လုပ်သားထုရဲ့ ၅၀% နီးပါး အလုပ်လက်မဲ့ဖြစ်လာဖို့လည်းရှိတယ်။ (manufacturing sector) ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ လုပ်သား လိုအပ်ချက် လျော့မယ်။ သယ်ယူပို့ဆောင်ရေးမှာ စက်ရုပ်တွေ အစား ဝင်လာမယ်။ အခုတောင် မောင်းသူမဲ့ တက္ကစီတွေ အသုံးပြု တဲ့ US မြို့ကြီးတွေ များလာပြီ။ ဟိုတယ်လို ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ပစ္စည်းဖြန့်ချီရေး၊ ကုန်အတင်အချ စတာတွေကိုလူတွေနေရာ အစားထိုးလောက် အောင် ရိုဘော့တွေ တွင်ကျယ်လာရင်.. လူတွေဘာလုပ်ကြမလဲ?
မိမိတို့ပညာရေးမှာတော့ လက်ထောက်ဆရာတွေ အလုပ်လက်မဲ့ဖြစ်ဘွယ် ရှိတယ်ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယလိုနေရာမှာ လုပ်သား ၃၀-၅၀% လောက် အလုပ်လက်မဲ့ ဖြစ်ရင် ဘာတွေဖြစ်လာမလဲ?
အမေရိက၊ ဥရောပ၊ ကနေဒါ၊ ဂျပန်လို ဖွံ့ဖြိုးပြီးတိုင်းပြည်တွေကတော့ ပိုပြီး ချမ်းသာလာကြမယ်ထင်ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံမှာလည်း ဆင်းရဲချမ်းသာ ကွာဟမှုက ကြီးသထက်ကြီးလာမှာတော့ ဧကန်ပဲ။ အများစု ဆင်းရဲပြီး နည်းပညာသူဌေးတွေက ပိုင်ဆိုင်မှုမမှတ်မိတော့လောက်အောင် ချမ်းသာလာကြ လိမ့်မယ်။
လူအများစုကတော့ နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှ ဖြစ်လာမှာကို စိတ်မဝင်စားကြပါဘူး။ သူဌေးတွေကတော့ အဲ့ဒီကာလ ရည်မှန်းပြီး ငွေကြေး ရင်းနှီးမြှပ်နှံနေကြလေရဲ့... ...။
ဆြာကြီးဦးကျေယ်ဆန်း
02/10/2025
အာဆီယံမုန့်လုပ်နည်းသင်တန်း 😍
01/10/2025
သင်တန်းလက်တွေ့ ပုံရိပ်များ 😍
01/10/2025
မနက်ဖန် မုန့်သင်တန်း စာရင်းပေးထားသူများ မနက် ၈း၃၀ အရောက် လာရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
01/10/2025
ကြက်ဆီထမင်း၊ အုန်းထမင်း သင်တန်း 😋
30/09/2025
အောက်တိုဘာ ၁ ရက် မှ ၂ ရက်နေ့ထိ ဖွင့်လှစ်မည့် သင်တန်းများကို ၈၃ လမ်း၊ ၂၄×၂၅ လမ်းကြား၊ မန္တလေးမြို့တွင် ဖွင့်လှစ်သင်ကြားပေးပါမည်။ တက်ရောက်မည့်သူများ မနက် ၈း၄၅ အရောက်လာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နေရာ ရှာလို့မတွေ့ပါ က 📞09449909150 နှင့် 09695162062 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။