PC Knowledge Sharing by PTK

PC Knowledge Sharing by PTK

Share

PC နဲ့ပတ်သတ်တဲ့ အသိပညာ များကိုပြန်လည?

Photos from PC Knowledge Sharing by PTK's post 31/01/2022

Computer မှာပါတဲ့ port လေးတွေအကြောင်း ရှာဖွေတင်ပြပေး ထားပါတယ်

Photos from PC Knowledge Sharing by PTK's post 14/01/2022

Computer တစ်လုံးတွင် ပါဝင်သော အစိတ်အပိုင်းများ

13/01/2022

PC ဝယ်ဖို့ စဥ်းစားနေတဲ့သူတွေအတွက် laptop type PC ရဲ့ အားသာချက် အားနည်းချက် လေးတွေကို ရှာဖွေတင်ပြပေးထားပါတယ်

for desktop type PC https://www.facebook.com/108012951748631/posts/113576761192250/

အားသာချက် များ
1️⃣ Laptop က all-in-one computer system ဖြစ်ပါတယ်
keyboard, mouse, speaker, mice, etc... စတဲ့အစိတ်အပိုင်းတွေ ထပ်ဝယ်စရာ မလိုပါဘူး
2️⃣ Laptop portable type ဖြစ်တဲ့အတွက် သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရတာအရမ်းလွယ်ပါတယ် အဲ့ဒါကြောင့် wifi ရတဲ့ restaurant တခုခုမှာ coffee လေးသောက်ရင်း smart ကျကျ အလုပ်လုပ်လို့ရပါတယ်
3️⃣ Laptop တစ်လုံးအတွက် နေရာသပ်သပ်ပေးစရာမလိုပါဘူး လိုအပ်တဲ့အခါ စားပွဲတခုခုပေါ်မှာ အလွယ်တကူ တင်ပြီး အသုံးပြုနိုင်ပြီးတော့ မလိုအပ်ရင်လဲ လွယ်လွယ်ကူကူ သိမ်းလို့ရပါတယ်
4️⃣ Laptop မှာ battery ပါတဲ့အတွက် လျှပ်စစ်မီးပျက်သွားတဲ့ အခါမှာလဲ အလုပ်ဆက်လုပ်လို့ရပါတယ်
original laptop battery တစ်လုံးဟာ ပုံမှန်အားဖြင့် ၃နာရီခန့် အသုံးခံပါတယ်

အားနည်းချက် များ
1️⃣ Laptop PC တစ်လုံးဟာ specifications (CPU, RAM, GPU, etc..) တူတဲ့ desktop PC တစ်လုံးထပ် သိသိသာသာ စျေးပိုကြီးပါတယ်
Performance လဲသိသိသာသာ နိမ့်ပါတယ် (gaming laptop ကတော့ performance တော်တော်လေး ကောင်းပါတယ် )
2️⃣ Laptop မှာ screen size က build-in ဖြစ်ပါတယ်၊ resolution ကလဲ 1366x768 လောက်ပဲ ရနိုင်ပါတယ်
Screen size ကြီးကြီး၊ resolution ကောင်းကောင်း နဲ့ သုံးချင်တဲ့သူတွေအတွက် အဆင်မပြေပါဘူး (monitor ထပ်ဝယ်ရပါလိမ့်မယ်)
3️⃣ ပြင်ဆင်စားရိတ်စျေးကြီးပြီး အပိုပစ္စည်း လဲရှာရခက်ပါတယ် ပုံစံတူထုတ်ထားတဲ့ China made အပိုပစ္စည်း တွေကလဲ quality သိပ်မကောင်းပါဘူး
4️⃣ Laptop မှာ internal drives(HDD, SSD, DVD, etc...)တွေအများကြီးထည့်မရပါဘူး (normally 2units)
5️⃣ Laptop မှာပါတဲ့ ports(USB port, HDMI port, Ethernat port, etc...)
အရေအတွက်က desktop PC နဲ့ယှဥ်ရင် နဲပါတယ် အဲ့ဒါကြောင့် laptop မှာ USB port တစ်ခုတလေ ပျက်သွားရင်တောင် တော်တော်လေး ပြသနာတက်ပါတယ်

🙏🙏🙏 ရွှင်လန်း ချမ်းမြေ့ပါစေ 🙏🙏🙏


13/01/2022

Used laptop တစ်လုံး ဝယ်ယူမယ်ဆိုရင် စစ်ဆေးရမဲ့ အချက်လေးတွေကို ရှာဖွေပြုစုပေးထားပါတယ်

⚠⚠⚠ Memory stick, earphone or headphone and videos ပါတဲ့ DVD တစ်ချပ် (သီချင်းခွေ) စတဲ့ ပစ္စည်းလေးတွေ တပါတည်း ယူသွားဖို့ အကြံပြုပါတယ်

1️⃣ Laptop Body
- Used Laptop တစ်လုံးဝယ်​​တော့မယ် ဆိုရင် အရင်ဆုံးစစ်ရမှာက laptop body ပါ ပွန်းရာခြစ်ရာပါမပါ ကျိုးနေ ပဲ့နေ တဲ့နေရာတွေရှိမရှိ laptop body မှာပါတဲ့ screw တွေစုံမစုံ စတဲ့အချက်တွေကိုသတိထားပြီး စစ်ဆေးဖို့လိုပါတယ် ခဏခဏ လွတ်ကျ(သို့)ထိခိုက် ထားတဲ့ laptop တွေက ပျက်ဖို့ ရာခိုင်နှုန်းပိုများပါတယ်
2️⃣ Laptop Screen
- နောက်ထပ် အရေးကြီးတဲ့ အရာကတော့ Laptop ရဲ့ screen ပါ ရုပ်ထွက်မှန်ရဲ့လား၊ ပုံရိပ်တွေတုန်နေလား၊ အလင်းပေါက်တွေ အစင်းကြောင်းတွေပါလား စတဲ့အချက်တွေ ကိုသေချာ စစ်ဆေးဖို့လိုပါတယ်
Videos တစ်ခုလောက်ဖွင့်ပြီး screen ကိုရှုထောင့်ပေါင်းစုံကနေကြည့်ကြည့်ပါ တချို့ screen error များက တည့်တည့်ကြည့်ရင် မမြင်ရပါ
3️⃣ Keyboard & Touch Pad
- Laptop တစ်လုံးမှာ အသုံးအများဆုံးနဲ့ အပျက်အများဆုံး အစိတ်အပိုင်း နှစ်ခုဖြစ်ပါတယ် Keyboard မှာပါတဲ့ Key တစ်ခုချင်းစီကို စိတ်ရှည်ရှည်နဲ့ စစ်ဆေးဖို့လိုပါတယ် Keyboard testing လုပ်တဲ့ software ကို install လုပ်ပြီးလဲ စစ်ဆေးလို့ရပါတယ်
Touch pad မှာပါတဲ့ mouse key နှစ်ခု ကောင်းကောင်းနိုပ်လို့ ရမရ ၊ touchpad ရဲ့မျက်နှာပြင် ကောင်းကောင်း အလုပ်မလုပ် သေချာစစ်ဆေးပါ
4️⃣ Wi-Fi, We**am, Speaker & Mice
- မိမိဖုန်းကနေ Wi-Fi လွှင့်ပြီး ချိတ်ကြည့်ပါ
(Zapya, Bluetooth, etc...) စတဲ့ software များထည့်ပြီး file copy လုပ်လို့ရမရ စမ်းကြည့်ပါ
Wi-Fi ရပြီဆိုရင် facebook messager, viper စတဲ့ software တခုခုဖွင့်၍ video call ခေါ်ပြီး we**am, speaker နဲ့ mice ကောင်းမကောင်း စမ်းလို့ရပါပြီ
5️⃣ USB Ports & Headphone Jack
- USB port တစ်ခုချင်းစီကို ပါလာတဲ့ USB stick တပ်​ပြီး file copy လုပ်ကြည့်ပါ (laptop မှာ USB port အများကြီးမပါတဲ့အတွက် တစ်ခုတလေ ပျက်နေရင်တောင် အဆင်မပြေပါဘူး)
Headphone jack ကိုလဲ ပါလာတဲ့ earphone or headphone တပ်ပြီး video တစ်ခုဖွင့်၍ အသံစမ်းကြည့်ပါ (headphone ဆိုရင်တော့ mice ပါစမ်းလို့ ရပါတယ်)
6️⃣ DVD drive
- DVD drive ကို ပါလာတဲ့ DVD ထည့်ပြီး အထဲက video ကိုဖွင့်ကြည့်ပါ၊ Laptop ထဲသို့ video file ကို copy ကူးကြည့်ပါ (Laptop အမြင့် တွေမှာတော့ DVD drive မပါတော့ပါဘူး)
7️⃣ Windows
- Windows ကို license ရှိမရှိ စစ်ဖို့လိုပါတယ်
8️⃣ Softwares and Games
- မိမိလိုအပ်တဲ့ software or game နှင့် basic software များကို ရှိမရှိစစ်ပါ မရှိရင် တခါတည်း install လုပ်ပေးဖို့ တောင်းဆိုပါ (second laptop အရောင်းဆိုင်များ အတွက်သာ)
မိမိ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ software or game များကို ကောင်းကောင်းသုံးလို့ ရမရ သေချာ​အောင် run ကြည့်ပါ
9️⃣ Battery
- Laptop battery ​ကောင်းမကောင်းစစ်ဆေးဖို့အတွက် ကျွန်တော်တို့ Laptop တစ်လုံးကို စတင် မစမ်းသပ်ခင်ကတည်းက အားအပြည့် (သို့) အပြည့်နီးပါး သွင်း၍ အားသွင်းကြိုး ဖြုတ်ထားပြီး မှ စတင်စမ်းသပ် သင့်ပါတယ် ဒါမှသာ စမ်းသပ်တဲ့ ကြာချိန်နဲ့ ကုန်သွားတဲ့ အားရာခိုင်နှုန်း ယှဥ်ကြည့်ပြီး battery ကောင်းမကောင်း သိနိုင်မှာဖြစ်ပါတယ်

🙏🙏🙏 ရွှင်လန်း ချမ်းမြေ့ပါစေ 🙏🙏🙏

03/01/2022

PC ဝယ်ဖို့ စဥ်းစားနေတဲ့သူတွေအတွက် desktop type PC ရဲ့ အားသာချက် အားနည်းချက် လေးတွေကို ရှာဖွေတင်ပြပေးထားပါတယ်

for laptop type PC
https://www.facebook.com/108012951748631/posts/113997054483554/

အားသာချက်များ
၁. Laptop နဲ့ Desktop မှာ Specifications (CPU, RAM, GPU, HDD, etc...) တူညီမယ်ဆိုရင် Desktop PC ကစျေးလဲ ပိုသက်သာပါတယ် ပြီးတော့ performance လဲပိုကောင်းပါတယ်
၂. Desktop PC မှာ screen size (monitor size) ကိုမိမိစိတ်တိုင်းကျ ​ရွေးချယ်လို့ရပါတယ်၊ Resolution လဲပိုမြင့်ပါတယ်
၃. ပြင်ဆင် စားရိတ်လဲ ပိုသက်သာပါတယ်၊ အပိုပစ္စည်း လဲအလွယ်တကူရနိုင်ပါတယ်
၄. Upgrade လုပ်ရတာလဲ လွယ်ကူပါတယ်
(CPU, RAM, GPU, HDD, SSD, etc...)
၅. SATA Data Port ပိုများပါတယ်
SSD, HDD, DVD drive, etc... စတဲ့ drive များကို ပိုမိုတပ်ဆင်လို့ရပါတယ် (normally 4ports)

အားနည်းချက်များ
၁. Desktop PC က ရွေ့ပြောင်းရတာ မလွယ်ကူပါဘူး
၂. ​Desktop PC ဟာ size ကြီးတဲ့အတွက် နေရာသီးသန့် ပေးထားရပါတယ်
၃. Battery မပါတဲ့ အတွက် လျှပ်စစ်မီး မရတဲ့နေရာမှာလဲ အသုံးပြုလို့မရပါဘူး၊ လျှပ်စစ်မီး ပျက်သွားတဲ့ အခါမှာလဲ အသုံး​ပြုလို့မရပါဘူး
၄. Desktop PC မှာ keyboard, mouse, speaker, mice, we**am, wifi adapter စတဲ့ အစိတ်အပိုင်း တွေက မပါပါဘူး (ဆိုင်က လက်ဆောင်မပေးလိုက်ဘူးဆိုရင် သပ်သပ် ထပ်ဝယ် ရပါတယ်)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon