Mother's Online Education

Mother's Online Education

Share

သားသားမီးမီးတို့ရဲ့ပညာရေးတိုးတက်စ?

16/08/2024

Secondary 1, အတန်းသစ် (7.8.2024)စပါမယ်ရှင်
တပါတ် ၂ရက်ပါ (Wednesday/Friday)
8:00 to 9:30 pm
60000MMks per month
☎️09 965353461

28/05/2024

Self-esteem သို့မဟုတ် အတ္တအလေးအမြတ်ထားမှု
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•

စိတ်ပညာဘာသာရပ်မှာ Self-esteem ဆိုတဲ့စကားရပ်ကို “အတ္တအလေးအမြတ်ထားမှု”လို့ဆိုဘာသာပြန်ပါတယ်။
မိမိအကြောင်းမိမိ ခံစားမှုပါ။ မိမိအကြောင်းမိမိ အကောင်းခံစားရင် Self-esteem မြင့်တယ်။ မိမိအကြောင်းမိမိ အကောင်းမခံစားရရင် Self-esteemနိမ့်တယ်လို့ပြောကြတယ်။

လူတစ်ယောက်ဟာ Self-esteem ဟာ အမြဲ မြင့်တတ်၊
နိမ့်တတ် တာမျိုးဖြစ်နိုင်သလို တင်္ဒဂမြင့်သွားတာ၊ နိမ့်
ကျသွားတာမျိုးလည်းရှိတယ်။

Self-esteem မြင့်တယ်၊ ကိုယ့်အကြောင်းကိုစဉ်းစား
လို့ အကောင်းခံစားရတယ် ဆိုရင် စိတ်သာယာမယ်၊
ပျော်ရွှင်မယ်၊ မိမိကိုယ်ကို အဖိုးတန်လူတစ်ယောက်လို့
ခံစားမယ်၊ ဂုဏ်ယူမယ်၊ စိတ်ကျန်းမာရေးကောင်းမယ်။

Self-esteem နိမ့်မယ်၊ ကိုယ့်အကြောင်းကို စဉ်းစားရတာ မကောင်းခံစားရမယ်ဆိုရင် သိမ်ငယ်စိတ်ဖြစ်မယ်၊ စိတ်မသာမယာဖြစ်မယ်၊ စိတ်ညစ်မယ်၊ ငါဟာသေမထူးနေမထူးသမားလို့တွေးပြီး မသင့်တော်တဲ့အပြုအမူတွေလုပ်
နိုင်တယ်။ စိတ်ကျန်းမာရေးညံ့မယ်၊ စိတ်ကျရောဂါဖြစ်
နိုင်တယ်။

Self-esteem ဘာကြောင့်နိမ့်ကျရလဲ။ Humanistic စိတ်ပညာရှင်တွေကတော့ မိဘတွေက ကလေးကို
ချစ်ခြင်းမေတ္တာပေးတဲ့အခါ နင်ဘာလုပ်ရင်ချစ်မယ်၊
ဘာလုပ်ရင်တော့မချစ်ဘူးလို့ ချစ်ခြင်းမေတ္တာကို နှောင်
ကြိုးတွေနဲ့ ချည်နှောင်ပေးခြင်းကြောင့် ကလေးရဲ့ Self-esteem ပျက်စီးသွားတတ်တယ်။ ဒါကြောင့် ကလေးကို
ချစ်ခြင်းတ္တောပေးတဲ့အခါ သူဘာလုပ်လုပ် ဘယ်လိုလူ ဖြစ်ဖြစ် လက်ခံတယ်၊ ချစ်နေတယ်တာ ကလေးသိ
အောင် ဖန်တီးပါ။ နှောင်ကြိုးမဲ့အပြုသဘောအလေး
ထားမှုပြပါလို့ဆိုတယ်။ ဒီနေရာမှာ ကလေးကို မကောင်း
တာတွေ အလုပ်ခိုင်းပြီးချစ်ဖို့ဆိုလိုတာမဟုတ်ပါ။ မှား
သွားလည်းချစ်နေမှာပဲဆိုတဲ့မေတ္တာပြဖို့ပါ။ မကောင်း
တာမလုပ်အောင်တော့ မှန်ကန်တဲ့လမ်းညွှန်မှု၊ နွေးထွေး
တဲ့ပြောဆိုဆက်ဆံမှု၊ ယုယပိုက်ထွေးထိတွေမှု၊ နှစ်လို
ဖွယ်အပြုံး၊ ကလေးနေရာကနေ စိတ်ထပ်ခံစားမှုစတာ
တွေပေးဖို့လိုပါလိမ့်မယ်။

လူဟာ မိမိမှာရောဂါတစ်ခုဖြစ်နေတယ်၊ တစ်စုံတစ်ရာ
ကျရှုံးသွားတယ်၊ တစ်စုံတစ်ခုအမှားလုပ်မိတယ်ဆိုရင်
လည်း အခိုက်အတန့် Self-esteemကျသွားတတ်ပါတယ်။ စိတ်ပညာစမ်းသပ်မှုတစ်ခုအရ ကျောင်းသား
အုပ်စုတစ်ကို စိတ်စစ်ဆေးလွှာနဲ့စစ်ဆေး တစ်စုကို
ခင့်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေးအတော်ညံ့တယ် ပြုပြင်
ဖို့အတော်ကြိုးစားရဦးမယ်လို့ ပြောပြီး တဒင်္ဂSelf-esteem ကျအောင်လုပ်ထားလိုက်တယ်။ အုပ်စုတစ်စု
ကိုယ်တော့ ခင်ဗျာ့ ကိုယ်ရည်ကိုယ်သွေးကအတော်
ကောင်းတယ်၊ အနာဂတ်မှာ အောင်မြင်မှုတွေရဦးမယ့်လူပဲလို့ Self-esteem မြင့်အောင်လုပ်ပေးထားလိုက်ပါတယ်။ အဲဒီနောက် အဲဒီအုပ်စုနှစ်စုကို ချောမောတဲ့
ကောင်မလေးတစ်ယောက်ရယ် ရွက်ကြမ်းရေချိုရုပ်
ရည်ရှိတဲ့ ကောင်မလေးတစ်ယောက်ကိုပြပြီး။ သူတို့
နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးပါ။ စိတ်ပညာ
စမ်းသပ်မှုတစ်ခုကိုအတူလုပ်ရမယ်လို့ခိုင်းတယ်။ ပြီးရင် Dateလုပ်လို့လည်း ရတယ်လို့ပြောထားတယ်။ Self-esteem ကျအောင်လုပ်ထားခံရတဲ့ကျောင်းသားတွေဟာချောမောလှပထက်မိန်းကလေးထက် ရွက်ကြမ်းရေချို မိန်းကလေးကိုပဲ ပိုရွေးတယ်လို့ဆိုတယ်။ မိမိရဲ့သိမ်ငယ် စိတ်ကြောင့် ချောမောလှပတဲ့မိန်းကလေးကိုရွေးမိရင်
ငြင်းပယ်ခံရလို့ Self-esteem ကျမှာလိုလားဟန်မတူ။
ရွက်ကြမ်းရေချိုမိန်းကလေးကတော့ Dateလုပ်ရင်
မိမိကို မငြင်းလောက်ဘူးလို့ ယူဆလိုက်ဟန်ရှိသတဲ့။

ဒါကြောင့် Self-esteem အရေးကြီးပါတယ်။ မိမိကလေး
ကိုချစ်ခြင်းမေတ္တာပေးတဲ့အခါ နှောင်ကြိုးမဲ့အပြုသဘောအလေးထားမှုပေးပါ။

Self-esteem သဘာဝအကြောင်းနားလည်ပါ။ မိမိကိုယ်
မိမိ အဖိုးတန်လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ခံစားစိတ် ထားပါ။ သီလ၊ သမာဓိ၊ ပညာနဲ့ပြည့်စုံတဲ့လူတစ်ယောက်
ဖြစ်အောင်ကြိုးစားပြီး လောကဒဏ် တရားတွေကို ရင်
ဆိုင်ပါ။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

02/04/2024
29/03/2024

Government school
Grade 10
Math class
40000 MMKs per month
3 days per week
Wednesday, Thursday, Friday. (6 pm to 7 pm)
With zoom app.
Tr. Myo.

21/02/2024

Maths Online Class...✍️✍️✍️

👉👉နွေရာသီ အားလပ်ရက်များတွင်

သားသားမီးမီးတို့ သချ်ာစွမ်းရည်တွင် သွက်လက်ချက်ချာ ထူးချွန် စေရန် ရည်ရွယ် ၍ Summer Class ကို March လမှ စတင် ၍ ဖွင့်လှစ်ပါမည်ရှင် ။

👉👉Casco 5 (singapore) သင်ရိုးညွှန်းတန်း အတိုင်း သင်ကြားပေးပါမည်။

👉👉Secondary Levelနှင့် Myanmar School အလယ်တန်းတက်နေသူများ အတွက် အခြေခံ လိုအပ်ချက်များ ကျွမ်းကျင်ပိုင်နိုင်မှု ရှိစေရန်

👉👉March မှ May အထိ စုစုပေါင်းစာသင်ချိန် အချိန် 30ဖြင့် ထိရောက်စွာ သင်ကြား ပြသ ပေးသွား မှာပါရှင့် ။

📢📢သင်တန်းကြေး ...100000 (March,April,May)
📣📣Text book ...10000

👉တက်ရောက်လိုပါက page messages or

☎️☎️ 09 965353461ကို ဆက်သွယ် ၍ စာရင်းပေးသွင်းနိုင်ပါပြီရှင့် ....

01/12/2020

မေမေတို့ရေ💕
ယခုလို ကျောင်းနားထားတဲ့ကာလအတွင်းမှာ သားသားမီးမီးတို့ရဲ့ လိုအပ်နေသည့် အရည်အသွေး များပြန်လည်ဖြည့်တင်းဖို့အတွက် အချိန်ကောင်းလေးဖြစ်ပါတယ်
(MOTHER online education) မှအရည်အချင်းပြည့်ဝလာစေရန်အတွက် သက်သာသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင့်📢📢
📕📕 Grade-1,2,3,4,5,6(math & science )
👉 15000 MMK 😍
📗📗 Grade- 7,8,9,10, ( စနစ်သစ်) ,Math,
👉 👉 20000 MMK
☎ 09989175293
📞 09965353461

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yadanar Street
Yangon