We feel really sorry
for the serious Earthquake in Myanmar.
KHIN MYANMAR
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KHIN MYANMAR, Yangon.
After my phone was damaged, I was away for long with my KMM personal acc & page.
Now, I'm back.
02/01/2024
Wish you all the best to all my students and friends.
01/08/2023
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့(အသံထွက်ရုပ်ပြ)ပန်းချီမျိုးမာန် #ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့(အသံထွက်ရုပ်ပြ)ပန်းချီမျိုးမာန် #ျမင့္မိုရ္ေမေမ
01/08/2023
History of Full Moon Day of Waso & why it is important as a religious day in Buddhism.
https://youtu.be/6VmzEdnZkbg
Credit to YouTube original uploader
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့(အသံထွက်ရုပ်ပြ)ပန်းချီမျိုးမာန် #ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့(အသံထွက်ရုပ်ပြ)ပန်းချီမျိုးမာန် #ျမင့္မိုရ္ေမေမ
05/05/2023
ကျမ (ကျွန်မ) ကလေ မြန်မာစာ ဆရာမ ဖြစ်နေလို့ပဲလား မသိ! မြန်မာစာနဲ့ ပတ်သတ်လာရင် စိတ်ထဲ အထိမခံ (Sensitive) ဖြစ်တာမျိုး ရှိတယ်။ တကယ်တော့လေ ... မြန်မာစာဆရာမ ဖြစ်မှ မဟုတ်ပါဘူး။ အလယ်တန်းမှာ ကတည်းက အဝေးရောက် သူငယ်ချင်းတွေနဲ့ စာရေးတဲ့အခါ အဲဒီခေတ်က ခေတ်စားခဲ့တဲ့ (အခုခေတ်လဲ တကျော့ပြန် ခေတ်စား) ရေးနည်းမျိုး "တယ်" ကို "တရ်" လို့ ရေးရင် နည်းနည်းမှ သဘောမကျခဲ့သလို လိုက်တုပ ရေးဖို့ မပြောနဲ့။ သူများရေးလို့ ဖတ်ရရင်တောင် ဘဝင် တော်တော်မကျခဲ့သူ ရယ်ပါ။
ကျမအနေနဲ့ စာသင်ခြင်းက စီးပွားရေး ဖြစ်တာမို့ရယ်၊ ကိုယ့် အကောင့်လေး အတတ်နိုင်ဆုံး သန့်ရှင်းစေချင်လို့ အမုန်းပွားစေတဲ့ post မျိုး ၊ သူများကို Against ဖြစ်စေတဲ့ post မျိုး ၊ ကိုယ့်စိတ်ထဲမှာ မှန်တယ်လို့ ထင်ပေမယ့် သူများနဲ့ ငြိနိုင်တဲ့ comment မျိုး ဆိုရင် မတတ်နိုင်ဆုံး မိမိကိုယ်ကိုယ် ထိန်းချုပ်ပြီး ရှောင်ရှားလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အကောင့်ကို ကိုယ်လေးစားလို့ရယ်၊ Business related account ဖြစ်နေတာရယ်ကြောင့်ပါ။ သို့သော် ခြွင်းချက်အနေနဲ့ လူဆိုတော့ တစ်ခါတစ်ရံ (ထိန်းချုပ်ချင်လဲ) စိတ်ကို လွှတ်ပြီး စိတ်လိုလက်ရ မန့်တတ်တာမျိုးလဲ ရှိပါတယ်။
ဒီတစ်ခါတော့ ကျမ အများနဲ့ Against ဖြစ်ချင်ဖြစ်ပါစေ... ။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်မထားချင်ဘဲ စာရေးချင်မိပါတယ်။
"အများညီရင် ဤ က ကျွဲဖြစ်" ဆိုပေမယ့် အဲလိုလဲ အဖြစ်မခံနိုင်လို့ပါ။ တကယ်ဆိုရင် ဒီလိုတွေ ရေးနေ၊ ပြောနေကြတာ မြင်တွေ့ကြားသိ နေရတာ တော်တော်ကြာနေပေမယ့် (ဆရာ လုပ်သလို ဖြစ်မှာစိုးလို့ ၊ ရေးနေ/ ပြောနေကြသူ လူတစ်စုကို Against လုပ်သလိုမျိုး အမုန်းပွားစေမယ့် အရာကို မပြောလိုတာကြောင့်) မြင်ရ ၊ ကြားရတိုင်း စိတ်မသက်မသာနဲ့ လစ်လျူရှုပြီး အဲဒီ post/ video ကို skip လိုက်တာချည်းပါပဲ။
ခုတစ်ခါတော့ အောင့်မထားနိုင်တော့လို့ ဖွင့်ထုတ်ရေးလိုက်ပါပြီလေ...။
အခုခေတ် Facebook ပေါ်မှာ (လုပ်) ရေးကြတဲ့ မြန်မာစာ အရေးအသားတစ်ခု...။ ကျမလေ... ဖတ်လိုက်မိတိုင်း စိတ်ထဲက ရွစိ ရွစိ နေအောင် မုန်းသလို အဲဒီလို အရေးအသားကိုလဲ Modernized Writing Style ရယ်လို့လဲ ဘယ်လိုမှ ဘယ်တော့မှ မခံစားရသလို မြန်မာလူမျိုးတွေ ကိုယ့်မြန်မာစာကို ကိုယ်ပြန်ဖျက်စီးနေတယ်လို့ပဲ ခံစားရပြီး တော်တော်ကို နှမျောတသ ဖြစ်ရပါတယ်။ စာ/ စကားကို Modernized ဖြစ်ဖြစ်ရေးချင်၊ ပြောချင်သူတွေ၊ ဗန်းစကား ပြောရတာ အာတွေ့သူတွေ၊ အများအာရုံစိုက်အောင် ရေးရတဲ့ Commercial Content Writers တွေနဲ့ online sellers တွေ ပြောလေ့/ ရေးလေ့/ သုံးလေ့ ရှိကြပေမယ့် ကျမကတော့ Totally NO ပါ။
အကြောင်းကတော့ မြန်မာစာ/စကားမှာ Verb (ကြိယာ) / Noun (နာမ်) နေရာတိုင်းမှာ တမင်ကို Adjective in Writing (အရေး နာမဝိသေသန) တွေ ပြောင်းပြီး ထွင်ပြီး လုပ်ပြော၊ လုပ်ရေး နေကြတဲ့ ကိစ္စရပ်ပါ။
ဥပမာ - "ချစ်တို့ရေ" ဆို အဆင်ပြေနေပါလျက် "ချစ်သောလေး တို့ရေ" ၊ "အရမ်းစားကောင်းတယ် /တာပဲ" လို့ ပြောရင် လူတိုင်း နားလည်နေပါလျက် "အရမ်း စားကောင်းသော ပါနော်" စသဖြင့် မြန်မာစာမှာ ဝါကျတစ်ခုရဲ့ နောက်ဆုံးမှာ "တယ်/ တာ / သည်/ ပါ" စသဖြင့် အမြဲ ကြိယာလိုက်ပြီး သုံးနှုန်းရမယ့် နေရာမှာ တမင်ကို "သော" ဆိုတဲ့ အရေး နာမဝိသေသနကို ကြိယာနေရာ ဝါကျရဲ့ နောက်ဆုံးမှာ ရေးနေ၊ ပြောနေ၊ သုံးနေကြတာဟာ တော်တော့်ကို စိတ်ပျက်စရာပါ။
(** စာရေးနေတုန်း foodpanda လာလို့ ဒီနားနဲ့ post တင်ထားနှင့်ပြီး ဒီနားကနေ ဆက်ရေးပါမယ်။)
နောက်ဥပမာတစ်ခု - "ဒီပစ္စည်းကို ဒီဈေးနဲ့ရတာ အရမ်းတန်သောပါနော် ချစ်သောလေးတို့ရေ".... ဒီလို အရေး / အပြောမျိုးကို ဘယ်လိုမှကို မခံစားနိုင်၊ ခံစားလို့ မရတာပါ။ မြန်မာစကားကို မြန်မာဆန်ဆန် ရိုးရိုးရှင်းရှင်း (Subject + Object + Verb) အသုံးအနှုန်းနဲ့ "ဒီပစ္စည်းကို ဒီဈေးနဲ့ရတာ အရမ်းတန်ပါတယ်နော် အချစ်ကလေးတို့ရေ" လို့ တိတိပပ ပြောလို့ ရနေပါလျက် (နိုင်ငံတကာမှာ သူများတွေ ကိုယ့်ကိုယ်ပိုင် ယဥ်ကျေးမှု အမွေအနှစ်ကို တန်ဖိုးထား/ ထိန်းသိမ်း/ ဖြန့်ဝေပြီး ကမ္ဘာသိအောင်လုပ် နေကြချိန်မှာ) ဘာလို့များ မြန်မာစာကို မြန်မာတွေကိုယ်တိုင် ဖျက်လိုဖျက်ဆီး ရေးနေ/ ပြောနေ / ဘောင်မဝင် တန်းမဝင် ဆန်းသစ်နေကြလဲ မသိဘူးနော်။ အဲဒီအတွက် ပြန်ရတဲ့ အကျိုးအမြတ်က ဘာလဲ??
အခုဆိုရင် ကိုယ်တွေ မြန်မာတွေ တော်တော်များများ ဂျပန် ထွက်ကြဖို့ သင်လိုက်ကြရတဲ့ ဂျပန်စာတွေ ... ။ N4, N3, N2, N1 ... သူတို့စာတွေကို ဖျက်ပြော၊ ဖျက်ရေး (စတန့်ထွင်ရေး) တဲ့အခါ ကိုယ်လိုချင်တဲ့ အောင်မှတ် (Language Certificate) ရပါ့မလား စဥ်းစား ကြည့်စမ်းပါ။ နောက်ပြီး တစ်ကမ္ဘာလုံးကို Kpop, Kdrama တွေနဲ့အတူ လွှမ်းမိုးလာ တတ်ချင်လာတဲ့ အိုပါးတို့စာ/စကား။ ပိုဆိုး... အမြင့်ပြော၊ အနိမ့်ပြောတွေနဲ့ ။ အမြင့်ပြောရမယ့်နေရာမှာ အနိမ့်ပြော သွားသုံးမိရင် သူတို့က လက်ခံရဲ့လား? တစ်ကမ္ဘာလုံး သုံးနေတဲ့ အင်္ဂလိပ်စာတော့ ပြောမနေနဲ့တော့။ အစကတည်းက စည်းကမ်းစည်းမျဥ်းတွေ အများကြီးနဲ့။ မယုံရင် Present Tense နဲ့ သုံးရမယ့်နေရာမှာ Past Tense သုံးကြည့်ပါလား! ပြီးတော့ အင်္ဂလိပ်လူမျိုးဆိုတာ အစကတည်းက သူတို့ကိုယ်သူတို့ လူမျိုးကြီးလို့ လက်ခံထားပြီး Proud ဖြစ်နေကြတာ။ အစားအသောက် စားတာကအစ Table Manner တွေ ဗရပွနဲ့။ အင်္ဂလိပ်စာကို ဖျက်လိုဖျက်ဆီး လုပ်ဖို့ဆိုတာ ဝေလာဝေး...။ ဘယ်နိုင်ငံကဖြစ်ဖြစ် ၊ ဘာနိုင်ငံသားဖြစ်ဖြစ် လူကြားထဲ အင်္ဂလိပ်လို ရေးကြ၊ ပြောကြတဲ့အခါမှာ အသုံးအနှုန်း၊ သဒ္ဒါ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ပြောနိုင်၊ ရေးနိုင်ရင် Impressive ဖြစ်ကြရသလို ၊ လက်မခံနိုင်တဲ့ အမှားတွေ အများကြီးနဲ့ လူအများကြားမှာ ပြောဆိုရေးသားမိရင် အနည်းနဲ့အများတော့ လူပုံအလယ် Impression Down ကြရတာပါပဲလေ...။
အဲဒါကြောင့် မိမိစာကို မိမိမချစ်လို့ ဘယ်သူချစ်မလဲ? မိမိစာကို မိမိ တန်ဖိုးမထားလို့ ဘယ်သူထားမလဲ? အဲဒါကြောင့် မိမိ မြန်မာစာ/ မြန်မာစကားကို မိမိကိုယ်တိုင် ဖျက်လိုဖျက်ဆီး မပြောမိဖို့၊ မရေးမိဖို့ ဒီနေရာကကနေ အားလုံးကို မေတ္တာရပ်ခံပါ လိုပါတယ်။ အရင်က ရေးမိ / ပြောမိရင်လဲ အခုကစပြီး ဒီလို လုပ်တာကို စွန့်လွှတ်လိုက်ဖို့နဲ့ အခုကစပြီး နောက်ထပ် မိမိကိုယ်တိုင်ရဲ့ အသိစိတ်ကိုယ်စီနဲ့ မရေးကြ မပြောကြမိအောင် ဂရုစိုက်ကြဖို့ရာ မေတ္တာရပ်ခံလိုပါတယ်ရှင်။
မသိလို့ မှားတဲ့အမှား (ဥပမာ - ကိုယ့်ကိုယ်ကိုယ် လို့ ရေးရမယ့်နေရာမှာ ကိုယ့်ကိုကို လို့ ရေးတာမျိုး) ၊ Accidentally အမှား (ဥပမာ - အစ်မ လို့ ရေးရမယ့်နေရာမှာ အမလို့ ရေးတော့ နေရင်းထိုင်ရင်း ရေးခံရတဲ့သူက တိရစ္ဆာန် အမ ဖြစ်သွားရော) အဲဒါမျိုးက သူမသိလို့ပါလား ရယ်လို့ ခွင့်လွှတ်စိတ်၊ နားလည်ဖော့တွေးပေးစိတ် နဲ့ လက်ခံပေးလို့ ရသေးပေမယ့် တမင်တကာကို စတန့်ထွင်လိုစိတ်နဲ့ မိမိစာ/စကားကို ဖျက်လိုဖျက်ဆီး လုပ်နေကြတာကတော့ တော်တော်ကို အသည်းယားစရာပါလေ...။ မသိလို့ မှားတဲ့အမှားမျိုးတောင် နောက်နောင် ကိုယ်က သတ်ပုံအမှန်ကို (စာတွေ ဖတ်ရင်းက ဖြစ်ဖြစ်) သိသွားတယ်ဆိုရင် နောက်နောင် စာရေးတဲ့အခါ ဂရုတစိုက်နဲ့ ရေးသင့် ၊ ပြောသင့်တယ် မဟုတ်လား!!!
အဲဒီတော့ အချုပ်ပြောရရင် ကျမတို့တွေ ကိုယ်ပိုင် ယဥ်ကျေးမှု အမွေအနေနဲ့ ခိုင်ခိုင်မာမာ ရှိပြီးဖြစ်တဲ့ မိမိစာ ၊ မိမိစကား(မြန်မာစာ ၊ မြန်မာစကား) ကို မိမိကိုယ်တိုင် ဖျက်ဆီးနေသလို မလုပ်မိကြဖို့ တစ်ဦးတစ်ယောက်ချင်းစီက ဂရုတစိုက် ထိန်းသိမ်းစောင့်စည်းကြရင်း ကိုယ့်ယဥ်ကျေးမှု ၊ ကိုယ့်အမွေကို ကိုယ်တိုင် တန်ဖိုးထားကြရအောင်နော်... 🥰
စာရေးသူ = ခင်မြန်မာ (Burmese Language Teacher)
Women's day.
We respect the women's aspect in the world.
Happy New Year 😍
29/12/2022
⚠️ COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၈-၁၂-၂၀၂၂) ⚠️
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရှဒေသနိုင်ငံများအနက် #တရုတ်နိုင်ငံ တွင်
🦠 COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု၊ ဆေးရုံတက်နှုန်းနှင့် အထူးကြပ်မတ်ကုသဆောင်သို့ တက်ရောက်နှုန်း အလွန်မြင့်မားနေပါသည်။
🦠 တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ်ဖြစ်ပွားသော အကြီးမားဆုံး COVID လှိုင်း (First national COVID-19 wave) အဖြစ် မီဒီယာများတွင် ရေးသားဖော်ပြကြပါသည်။
🦠 ပညာရှင်များကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ သန်းချီ၍ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။
❗ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံးထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက် ဖြစ်ပွားနှုန်း ပိုမိုမြင့်မားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်ပါသည်။
COVID-19 ရောဂါအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။ 👇
ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် -
👉 Mask တပ်ခြင်း၊
👉 လက်ဆေးခြင်း၊
👉 လူစုလူဝေး ရှောင်ရှားခြင်း၊
👉 လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊
👉 (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း၊
👉 ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊
👉 လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း
အစရှိသည်တို့ကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
06/10/2022
Holidays Trips for Foreign Expats in Myanmar
Bagan + Mount Poppa (USD199 Per pax; at least 2)
Kalaw + Inle Lake (USD199 Per pax; at least 2)
Date: 7th to 10th/11 th October
Will leave from Yangon 7th October evening about 4:30 P.M.
All expenses include as following:
- English spoken licensed National Tour Guide
- Bus tickets to/ from
- 2 Night Hotel Accommodations
- 6 Meals
- Local Transports
- Local Boat Fares
Since available seats are limited, please join and register A.S.A.P. in the Message box OR contact number 09787767173.
Photos: Original Uploaders on Internet
https://www.facebook.com/people/KHIN-MYANMAR/100064169617732
Click here to claim your Sponsored Listing.
Location
Culinary Team
Attire
Contact the school
Website
Address
Yangon