18/04/2023
ရွှေရောင်လင်းသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းကျောင်း page အသစ်လေးပါရှင့်
ကျောင်းခွဲများ၏ တန်းခွဲသစ်ဖွင့်များကို pageအသစ်မှာဘဲ တင်ပေးသွားမည်ဖြစ်လို့ Like & Follow လုပ်ပေးထားပါဦးရှင့်🥰🥰
https://www.facebook.com/105834882205846/posts/679484867310988/?substory_index=679484867310988&mibextid=Nif5oz
20/08/2022
⭐ရွှေရောင်လင်း သူနာပြုအကူနှင့် ဆေးဝါကျွမ်းကျင် သင်တန်းကျောင်း #သင်္ဃန်းကျွန်းကျောင်းခွဲ တွင် တက်ရောက်သင်ယူခဲ့ပြီး လှိုင်သာမြို့နယ်ရှိ "ရွှေရောင်လင်းအထွေထွေရောဂါကုဆေးရုံ" တွင် အလုပ်ရရှိသွားကြသော
ညမလေး ဇွန်ဇွန်ထိုက်
ညမလေး ဇွန်ပွင့်အောင်
ညမလေး ဝေဝေအောင်
ညမလေး မိုင်စန်းငြိမ်း
ညမလေး နှင်းပွင့်ဖြူ
ညမလေး နော်သလဲဖော
ညမလေး မေသူလွင်
မောင်လေး အေးချမ်းဖြိုး တို့ကို
"Shwe Yaung Linn Training Center " မှ အထူးပင်ဂုဏ်ယူဝမ်းမြှောက်မိပါကြောင်း ပြောကြားပါရစေရှင့်💛💛
✨ မိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်း သမီးကောင်းရတနာလေးများဖြစ်ကြပြီး ရှေ့ဆက်လျောက် လုပ်ငန်းခွင်မှာလဲ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်✨
https://www.facebook.com/105834882205846/posts/119153637540637/
29/07/2022
လှိုင်သာယာမြို့နယ်ရှိ ရွှေရောင်လင်း ဆေးရုံနှင့် တွဲဖက် ဖွင့်လှစ်မည့် ရွှေရောင်လင်း သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းကျောင်း (လှိုင်သာယာကျောင်းခွဲ) တွင် စာသင်ကြားပေးရန် Part Time Teacher အဖြစ် ဆရာဝန် (၁) ဦး (အမြန်) ခန့်ထားလိုပါသည်။
စာသင်ချိန် : တနင်္လာနှင့် အင်္ဂါ မနက် ၉:၀၀ မှ ၁၂:၀၀ အထိ
သင်ကြားရေး ဝါသနာပါပြီး စိတ်ရှည်သူ ဖြစ်ပါက ပိုမို အဆင်ပြေသည်။
သင်တန်းကျောင်းဘက်မှ သင်ရိုးညွှန်းတမ်းစာအုပ် သတ်မှတ်ထားပြီးသား ဖြစ်ပါသည်။
လိုအပ်သော သင်ထောက်ကူ ပစ္စည်းများ၊ video များ စသည်တို့ကို စီစဉ်ပေးပါမည်။
စာသင်ချိန်အလိုက် Teaching fees ညှိနှိုင်းပေးပါမည်။
လျှောက်ထားလိုပါက [email protected] သို့ CV form ပေးပို့ လျှောက်ထားနိုင်သည်။
အသေးစိတ် သိရှိလိုပါက 09755222673 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09/04/2022
ရွှေရောင်လင်း သူနာပြုအကူနှင့်
ဆေးဝါးကျွမ်းကျင်အကူသင်တန်းကျောင်း ၏
မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်အား (၂၀၂၂)ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ မှ (၁၈) ရက်နေ့အထိ သတ်မှတ်ထားကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင့်🙏🙏🙏
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးအခါသမယလေးဖြစ်ပါစေ။
https://maps.app.goo.gl/b4S9moZ3bFaqGh8E9
18/03/2022
ယခုလိုကုသိုလ်ယူခွင့်ရတဲ့အတွက်လဲ ရွှေရောင်လင်း သူနာပြုသင်တန်းကျောင်းမှ အထူးပဲ ကျေးဇူးတင်ပါတယ် ဘုရား🙏
18/03/2022
✅ ရွှေရောင်လင်းသူနာပြုအကူသင်တန်းကျောင်း မှ သင်တန်းသူများ မဟာဗောဓိ ပရိယတ္တိစာသင်တိုက်-ရန်ကင်း တွင် စာသင်စာချ သံဃာတော်များအား သွေးပေါင်ချိန်ပေးခြင်း၊ အဖျားတိုင်းပေးခြင်း၊ အောက်စီဂျင်တိုင်းပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းပေးခြင်း၊ ရင်ဘတ် ဓါတ်မှန်ရိုက်ကူးခြင်း၊ ECG စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်းများကို ကုသိုလ်ဖြစ် လက်တွေ့သင်တန်းဆင်း လုပ်ဆောင်ပေးခဲ့သော ပုံရိပ်များ😍❤
ရွှေရောင်လင်းဆေးခန်းနှင့် သူနာပြုသင်တန်းကျောင်း အဖွဲ့မှ ကုသိုလ်ယူနေပုံများကို မျှဝေ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
#ရွှေရောင်လင်းသူနာပြုအကူသင်တန်းကျောင်း