Teacher Ei Phyu Khin

Teacher Ei Phyu Khin

Share

To deliver customized lessons designed to meet each student’s individual learning needs.

18/05/2026

Grammar and Writing Level 3,
For A2
Age 8+
Saturday and Sunday 6:30-7:30pm
အတန်းသစ် June မှာ ဖွင့်ပါမယ်ရှင့်

Photos from Teacher Ei Phyu Khin's post 05/05/2026

🎉 Congratulations, my dear students! 🎉

I am so proud of all your hard work, effort, and progress. You have shown great determination and courage in your learning journey. Keep believing in yourselves and continue to shine brighter every day.

This is just the beginning—many more successes are waiting for you! 🌟

Well done, everyone! 👏

01/05/2026

🎉 Thingyan Festival Writing Competition – Results Announcement 🎉

We are delighted to announce the winners of our Thingyan Festival Writing Competition!

A big congratulations to all participants for your creativity and effort.👏👏👏

✨ Senior Level Winners
🥇 1st Place – Clara @ Thu Sandi Aung
🥈 2nd Place – Flora @ Lawon Yati Htet
🥉 3rd Place – Paing Sit Hmue

✨ Junior Level Winners
🥇 1st Place – Poe Yoon Pachi
🥈 2nd Place – Hpone Marn Thwin
🥉 3rd Place – Poe Yoon Me

👏 We are very proud of all our students! Keep writing and shining.
📚 More exciting activities are coming soon—stay tuned!

01/05/2026

6နှစ်အရွယ် ကလေးတို့အတွက် Online
Grammar level-1အတန်းသစ်လေး
မေလ ဒုတိယအပတ်မှာ 11th May 2026 စဖွင့်ပါမယ်
အချိန်လေးက ကျောင်းချိန်လွတ်
Monday,Tuesday 6.30pm to 7.15pm ပါ

သင်တန်းကြေး တလ တစ်သိန်းကျပ်ဖြစ်ပြီး

လူအများဆုံး 8ယောက်သာ(3ယောက်ရှိပြီး)လက်ခံမှာပါရှင့်
သင်တန်းကာလ 6လခန့်ပါ
အခြေခံ Grammar တွေကို 4skills နဲ့ပေါင်းစပ်ပြီးသင်ကြားသွားမှာပါ

23/04/2026

မိဘတွေက မေးတတ်ကြပါတယ်
ဘယ်သင်ရိုး စာအုပ်နဲ့သင်လဲ?

“စာအုပ်အတိုင်းပဲ သင်ပေးတာလား?”

အဖြေကတော့ “မဟုတ်ပါဘူး” ပါ။

Course book‌ စာအုပ်‌‌ေတွက အရေးကြီးပါတယ်။ ဘာလို့လဲဆို Structure၊ Vocabulary နဲ့ Grammar ကို စနစ်တကျ ပေးနိုင်လို့ပါ။ ဒါပေမယ့် တကယ့် Real English ကတော့ စာအုပ်ထဲမှာပဲ မရှိပါဘူး။

ကျွန်မရဲ့ class တွေမှာတော့ စာအုပ်ကို အခြေခံအနေနဲ့ အသုံးပြုပြီး၊ အဲဒီထက်ပိုပြီး သင်ယူနိုင်အောင် လေ့ကျင့်ပေးပါတယ်

အဲတော့ ဘာကောင်းကျိုးတွေရပါသလဲ

မိမိတို့ရဲ့ တကယ့် ဘဝအကြောင်းကို ပြောတတ်လာမယ်
တကယ့် conversation တွေကို လေ့ကျင့်တော့
နေ့စဉ်ဘဝမှာပါ English Language ကို အသုံးချတတ်လာမယ်

ဥပမာ— “I like apples” ပဲလို့ သင်ရိုးထဲမှာ ပါပေမယ့်
တီချယ်က expand လုပ်ပြီးသင်ပေးတဲ့အခါ
ကလေးတွေက မိမိတို့ အမှန်တကယ်စားတဲ့ အစားအစာတွေ၊ ကြိုက်နှစ်သက်တာတွေကို ပြောတတ်လာမယ့် အပြင် အစားအစာမှာယူတဲ့ conversation တွေကိုပါ လေ့ကျင့်ကြပါမယ်။

English ကို သင်ယူတာက စကားလုံးတွေ သိရုံတင် သင်ရိုးစာအုပ်ထဲက စာတွေပြီးသွားရုံတင် မဟုတ်ပါဘူး
အမှန်တကယ် အသုံးပြုနိုင်ဖို့က အရေးကြီးပါတယ်။

ဒီလိုပဲ ကျွန်မရဲ့ ကျောင်းသားတိုင်းအတွက် ရည်မှန်းထားပါတယ်။

Grammar and Writing အတန်းတွေမှာတော့ ကိုယ်တိုင် ကိုယ်ပိုင် lesson plan နဲ့ သင်ပါတယ်

အနှစ်ချုပ်အနေနဲ့

ပရော်ဖက်ရှင်နယ် ဆရာ/ဆရာမတွေက lesson ကို ကိုယ်တိုင် ဒီဇိုင်းဆွဲနိုင်ပါတယ်။

- ကျောင်းသားလိုအပ်ချက်အလိုက် lesson ပြင်ဆင်တယ်
- Activities တွေကို စနစ်တကျ စီစဉ်တယ်
- Teaching methods မျိုးစုံ အသုံးပြုတယ်
- Learning goals ကို ရှင်းလင်းစွာ သတ်မှတ်တယ်

Good teaching is not just teaching… it’s designing learning.



တီချယ်အိဖြူ

22/04/2026


‼️ဒီနေ့ Writing Level 4 အတန်းမှာ သင်တဲ့ Topic လေးပါ
21st century မှာ စောင့်ထိန်းသင့်တဲ့အရာပါ

"Netiquette" ဆိုသည်မှာ "Network" (ကွန်ရက်) နှင့် "Etiquette" (ယဉ်ကျေးမှု/ကျင့်ဝတ်) တို့ကို ပေါင်းစပ်ထားသော ဝေါဟာရဖြစ်ပါသည်။ ၎င်းသည် အွန်လိုင်းပေါ်တွင် ဆက်သွယ်ပြောဆိုရာ၌ လိုက်နာရမည့် လူမှုရေးစည်းကမ်းများနှင့် ယဉ်ကျေးသိမ်မွေ့စွာ ပြုမူဆက်ဆံခြင်းကို ဆိုလိုသည်။
☑️အွန်လိုင်းတွင် ပြောဆိုရာ၌ မျက်နှာအမူအရာနှင့် အသံနေအသံထားကို မမြင်ရ/မကြားရသောကြောင့် နားလည်မှုလွဲမှားခြင်းများ မဖြစ်စေရန်နှင့် အပြန်အလှန် လေးစားမှုရှိစေရန် ဤကျင့်ဝတ်များမှာ အလွန်အရေးကြီးပါသည်။
📍လိုက်နာသင့်သည့် အခြေခံအချက်များ
✅လူသားချင်းစာနာပါ (Remember the Human)
စခရင်၏ ဟိုဘက်တွင် ရှိနေသူသည် တကယ့်လူသားတစ်ယောက်ဖြစ်ကြောင်း အမြဲသတိရပါ။ သင်ပြောမည့် စကားကို ထိုသူ၏ မျက်နှာချင်းဆိုင်တွင် ပြောရဲပါ့မလားဟု အရင်စဉ်းစားပါ။
✅ပြောဆိုပုံကို ဆင်ခြင်ပါ (Watch your Tone) စာသားများမှာ အသံနေအသံထား မပါဝင်သည့်အတွက် အလွဲမှားမခံရအောင် ဂရုစိုက်ပါ။ လိုအပ်လျှင် Emojis များသုံး၍ စိတ်ခံစားချက်ကို ဖော်ပြနိုင်ပြီး လှောင်ပြောင်ခြင်း (Sarcasm) များကို ရှောင်ကြဉ်ပါ။
✅အော်ဟစ်ခြင်းကို ရှောင်ကြဉ်ပါ (Avoid "Shouting")
English စာလုံးအားလုံးကို အကြီး (All-caps) ဖြင့် ရေးသားခြင်းသည် အွန်လိုင်းတွင် အော်ဟစ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ပြီး ကြမ်းတမ်းသည်ဟု အထင်ခံရတတ်သည်။
✅ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားပါ (Respect Privacy)
အခြားသူ၏ ခွင့်ပြုချက်မရှိဘဲ သူတို့၏ ကိုယ်ရေးအချက်အလက်များ (လိပ်စာ၊ ဖုန်းနံပါတ်၊ ပုဂ္ဂိုလ်ရေးစာများ) ကို မျှဝေခြင်း မပြုလုပ်ပါနှင့်။
✅သက်ဆိုင်ရာအကြောင်းအရာကိုသာ ပြောပါ (Keep It Relevant)
အဖွဲ့လိုက် ပြောဆိုသည့် နေရာများ (Chat groups/Forums) တွင် သတ်မှတ်ထားသော ခေါင်းစဉ်နှင့် ကိုက်ညီသည်ကိုသာ ပြောဆိုပါ။ ခေါင်းစဉ်ပြင်ပ အကြောင်းအရာများ ပြောခြင်းသည် အဖွဲ့ဝင်များ၏ အချိန်ကို နှောင့်ယှက်ရာရောက်သည်။
✅မတင်ခင် ပြန်ဖတ်ပါ (Read Before You Post) မေးခွန်းတစ်ခုခု မေးမြန်းရန် သို့မဟုတ် ပို့စ်တစ်ခုခု မတင်မီ အဆိုပါအကြောင်းအရာကို တခြားသူများ ပြောပြီးသားလား သို့မဟုတ် အဖြေရှာပြီးသားလားဆိုတာကို အရင်စစ်ဆေးပါ။
✅သည်းခံစိတ်ထားပါ (Be Patient and Forgiving) တခြားသူများကို အပြုသဘောဖြင့်သာ မြင်ပေးပါ။ တစ်ယောက်ယောက်က စာလုံးပေါင်းမှားခြင်း၊ နားလည်မှုလွဲခြင်းမျိုး ရှိလျှင် ဒေါသထွက်မည့်အစား ယဉ်ကျေးစွာဖြင့် ပြန်လည်ပြင်ဆင်ပေးပါ။

📍 Netiquette အဘယ်ကြောင့် အရေးကြီးသနည်း
၁။ ပရော်ဖက်ရှင်နယ်ဆန်ခြင်း
အလုပ်ခွင် သို့မဟုတ် ပညာရေးဆိုင်ရာ ကိစ္စများတွင် သင်၏ ဆက်သွယ်ပြောဆိုပုံသည် သင်၏ ပုံရိပ်ကို ကိုယ်စားပြုသည်။ လေးစားမှုရှိသော အရေးအသားသည် ယုံကြည်မှုကို တိုးတက်စေသည်။
၂။ အသိုင်းအဝိုင်း ကောင်းမွန်ခြင်း
လေးစားမှုရှိသည့် အသိုင်းအဝိုင်းတွင် အားလုံးက ပိုပြီး ပူးပေါင်းဆောင်ရွက်လိုကြသည်။ ညံ့ဖျင်းသော Netiquette သည် အွန်လိုင်းတွင် ရန်လိုမှုများနှင့် အဆိပ်သင့်စေသော ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်။
၃။ ရှင်းလင်းပြတ်သားခြင်း
စည်းကမ်းတကျ ပြောဆိုခြင်းက အပြန်အလှန် နားလည်မှုလွဲမှားခြင်းကို လျော့နည်းစေပြီး ဆက်သွယ်မှု ပိုမိုထိရောက်စေသည်။

‼️အတိုချုပ်ပြောရလျှင် Netiquette သည် အပြင်လောကတွင် သူတစ်ပါးကို ဆက်ဆံသကဲ့သို့ အွန်လိုင်းတွင်လည်း အပြန်အလှန် လေးစားမှုရှိရှိ ဆက်ဆံခြင်းပင် ဖြစ်ပါသည်။

တီချယ်အိဖြူခင်

22/04/2026

📍Cambridge FCE (B2)

First for School အတန်းသစ်လေးပါ

Regular zoom online class

Wednesday, Friday 5:30 to 6:30pm

Only 8 students (4 seats occupied)

Duration: about 12months

Fees per month: 160000 mmk

15/04/2026

‎📚 စာစီစာကုံး ပြိုင်ပွဲ ကြေညာချက်

‎Teacher Ei Phyu ၏ Online English Class မှ ကျောင်းသား/ကျောင်းသူများအတွက် သင်္ကြန်အမှတ်တရ စာရေးပြိုင်ပွဲတစ်ခု ကျင်းပမည်ဖြစ်ပါသည်

‎‼️ ဤပြိုင်ပွဲကို Teacher Ei Phyu ၏ ကျောင်းသားများအတွက်သာ ဖွင့်လှစ်ထားပါသည်။

‎🎯 အဆင့်များ

‎Junior Level

‎Senior Level


‎📝 ခေါင်းစဉ်များ

‎Junior: My Thingyan Day
‎(ကျွန်ုပ်၏ သင်္ကြန်နေ့)

‎Senior: The Importance of Thingyan (သင်္ကြန်၏ အရေးပါမှု)


‎📅 နောက်ဆုံးတင်သွင်းရမည့်နေ့: ဧပြီလ ၁၇ ရက်

‎‼️ ဤပြိုင်ပွဲကို Teacher Ei Phyu ၏ ကျောင်းသားများအတွက်သာ ဖွင့်လှစ်ထားပါသည်။


‎📌 စည်းကမ်းများနှင့် လမ်းညွှန်ချက်များ

‎1. ❌ မကူးယူရ

‎Website များ၊ စာအုပ်များ သို့မဟုတ် အခြားသူများထံမှ မကူးယူရပါ။ မိမိကိုယ်တိုင် ရေးသားထားရပါမည်။


‎2. ✍️ စာလုံးအရေအတွက် ကန့်သတ်ချက်

‎‎Junior: စာလုံး ၁၅၀ မကျော်ရ
‎‎Senior: စာလုံး ၂၀၀ မကျော်ရ

‎‎3. 📝 တင်သွင်း ရမည့်ပုံစံ

‎‎စာကို ရိုက်၍ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။

📍‎Viber private chat မှတဆင့် ပို့ပါ။

‎‎4. 🎨 ဖန်တီးမှု
‎‎ပုံများ ရေးဆွဲနိုင်ပါသည်

‎‎📚 Writing Competition Announcement

‎There’s a writing competition for students from Teacher Ei Phyu’s Online English Class.

‎🎯 Levels:

‎Junior Level
‎Senior Level

‎📝 Topics:
‎My Thingyan Day (Junior)
‎The Importance of Thingyan (senior)

‎📅 Deadline: 17th April

‎‼️ This competition is open only to Teacher Ei Phyu’s students.


‎📌 Rules & Guidelines

‎1. ❌ No copying
‎Do not copy from websites, books, or other people. Your writing must be your own work.

‎2. ✍️ Word Limit
‎Junior: Not more than 150 words
‎Senior: Not more than 200 words

‎3. 📝 Submission Format
‎You can type or handwrite your essay.
‎Send it in Viber private chat.

‎4. 🎨 Creativity
‎You may draw pictures or add images to make your work more interesting.


‎တီချယ် အိဖြူခင်




10/04/2026

📢 Thingyan Holiday Closure Announcement

Dear Parents and Students,

Please be informed that Teacher Ei Phyu's Online English Class will be closed from 11th April to 17th April in celebration of the Thingyan holidays.

Classes will resume as usual after the holiday period.

Thank you for your understanding, and we wish you a joyful and safe Thingyan!

Best regards,
Teacher Ei Phyu

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Lancaster Street
Yangon