10/03/2025
Phrasal Verb သင်ခန်းစာ (အပိုင်း-၇)
အင်္ဂလိပ်စွမ်းရည်တိုးတက်ဖို့ Phrasal Verbs တွေကိုလေ့လာထားဖို့ လိုအပ်ပါတယ်။
( အင်္ဂလိပ်သင်ခန်းစာတွေကိုမျှဝေပေးနေပါတယ် ။)
ဒီတခါမျှဝေပေးချင်တဲ့ phrasal verb တွေကတော့~
1.Chip in
ဆိုလိုရင်း
~To give money, help, or ideas to a group effort.
- Example
Everyone chipped in to buy a wedding gift.
√ လက်ထပ်ပွဲအတွက် လက်ဆောင်ဝယ်ဖို့ လူတိုင်းက ငွေထည့်ဝင်ကြတယ်။
---
2. Show off
ဆိုလိုရင်း
~To try to impress people by showing off what you have or what you can do.
∆Example
He always shows off his new phone to his friends.
- သူက သူ့ဖုန်းအသစ်ကို သူငယ်ချင်းတွေကို အမြဲကြွားတတ်တယ်။
---
3. Go against
- ဆိုလိုရင်း
~To disagree with something or do the opposite of what's expected.
Example
Her decision to quit her job went against her parents’ advice.
√ သူမရဲ့အလုပ်ထွက်ဖို့ဆုံးဖြတ်ချက်ဟာ မိဘတွေရဲ့အကြံပေးချက်ကို ဆန့်ကျင်နေတယ်။
---
4. Let down
ဆိုလိုရင်း
~ to disappoint someone by failing to do what you promised or were expected to do
- Example
I don't want to let down my parents.
ငါ မိဘတွေကိုစိတ်ပျက်အောင် မလုပ်ချင်ဘူး။
---
5. Point out
ဆိုလိုရင်း
~To mention or draw attention to something.
Example
She pointed out the spelling mistakes in my report.
သူမက ကျွန်တော့်အစီရင်ခံစာထဲက စာလုံးပေါင်းအမှားတွေကို ထောက်ပြပေးခဲ့တယ်။
---
6. Vote for
ဆိုလိုရင်း
~To choose someone or something in an election.
- Example
Many people voted for the new policy because it helps the environment.
√ လူအများစုက ပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့ မူဝါဒသစ်အတွက် ထောက်ခံမဲပေးခဲ့ကြတယ်။
7. Aim at
ဆိုလိုရင်း
~ To intend or plan to achieve something, or to affect a specific person or group
- Example
This project aims at improving education in rural areas.
√ဒီစီမံကိန်းဟာ ကျေးလက်ဒေသက ပညာရေးကို မြှင့်တင်ဖို့ ရည်ရွယ်တယ်။
A. Kyaw