04/08/2023
https://www.facebook.com/100064870083198/posts/678329964339334/?sfnsn=mo&mibextid=6aamW6
JLPT 2023 December
သင်တန်းကျောင်းများအတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပတ်သက်၍
(ရန်ကုန် နှင့် မန္တလေး)
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် သင်တန်းကျောင်းများ လျှောက်လွှာဝယ်ယူခြင်းနှင့် ပတ်သတ်သော အသေးစိတ်အစီအစဉ်များအား Google form တွင်ပါရှိသောမေးလ်လိပ်စာများသို့ Email ပေးပို့ထားပြီး ဖြစ်ပါသောကြောင့် မိမိတို့၏ Email အဝင်များအား စစ်ဆေးပြီးပါရှိသော အချက်အလက်များအတိုင်း လာရောက် ဝယ်ယူပေးရမည်ဖြစ်ပါသည်
**အခြားသော စာဖြေသူ ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား (၁၄.၈.၂၀၂၃)ရက်နေ့မှ စတင်ပြီး Online System တွင် လက်ခံဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (အသေးစိတ်အားထပ်မံကြေငြာပေးသွားမည်ဖြစ်ပါသည်။)**
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
၄။ လျှောက်လွှာအရောင်းကာလ
ရန်ကုန်စာဖြေဌာန
- ၉.၈.၂၀၂၃ (ဗုဒ္ဓဟူး) မှ ၁၁.၈.၂၀၂၃ (သောကြာနေ့)
မန္တလေးစာဖြေဌာန
- ၉.၈.၂၀၂၃ (ဗုဒ္ဓဟူး) မှ ၁၀.၈.၂၀၂၃ (ကြာသပတေးနေ့)
သတ်မှတ်ချက်နှင့်အညီ စာရင်းပေးသွင်းထားသောကျောင်းများသို့ လာရောက် ဝယ်ယူရမည့် နေ့ရက်၊ အချိန်၊ နေရာ အသေးစိတ်အား Email မှတဆင့် ဆက်သွယ် ပေးပို့ထားပါသည်။
၅။ လျှောက်လွှာလက်ခံကာလ
ရန်ကုန်စာဖြေဌာန
- ၁၂.၈.၂၀၂၃ (စနေနေ့) မှ ၁၈.၈.၂၀၂၃ (သောကြာနေ့)
မန္တလေးစာဖြေဌာန
- ၁၂.၈.၂၀၂၃ (စနေနေ့) မှ ၁၄.၈.၂၀၂၃ (တနင်္လာနေ့)
လျှောက်လွှာလာရောက်ဝယ်ယူချိန်တွင် မိမိသင်တန်းကျောင်းအလိုက် ပြန်လည်လျှောက်ထားရမည့် နေ့ရက်၊ အချိန်၊ နေရာ အားတပါတည်း ပြောကြား သွားမည်ဖြစ်ပါသည်။
၆။ လျှောက်လွှာ ရောင်းချ/လက်ခံမည့် အချိန် နှင့် နေရာ
အချိန် - မနက် ၉း၀၀ နာရီ မှ နေ့လည် ၃း၀၀ နာရီအထိ
နေရာ - (ရန်ကုန်စာဖြေဌာန) - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
(မန္တလေးစာဖြေဌာန) – MAJA Office (Mandalay Branch)
ပထမထပ်၊ တိုက် (၁)၊ အခန်း (၆)၊ ရေလမ်း၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
JLPTစာမေးပွဲကျင်းပရေးကော်မတီ
စုံစမ်းရန်- 01- 757 10 15