05/06/2026
❤️ End-of-Semester Parent-Teacher Meeting: Thank You for Walking This Journey with Us ❤️
A heartfelt thank you to all the parents who joined us for today’s end-of-semester meeting ✨!
Through these meaningful, face-to-face conversations, we had the wonderful opportunity to reflect on and celebrate each child’s incredible growth and transformation over the past year.
🎒 From their very first steps into group learning, parents and teachers become essential partners in a child's education. We firmly believe that AMI Preschool and our families share the same —to provide our children with the safest care, the warmest support, and the most nurturing education possible.
Thank you for your trust and support throughout the year. As we move forward, let’s continue to work hand in hand, accompanying our children as they grow, learn, and confidently step into the wonderful future awaiting them!💖
❤️【期末親師座談會:感謝有您】❤️
感謝今天前來參與期末親師座談會的每一位家長✨!
透過面對面的交流,我們一同見證了寶貝這一年來的成長與蛻變。
🎒從孩子跨出團體生活第一步的那一刻起,家長與老師便成為教育路上最重要的夥伴。我們深信,無論是家庭還是安美,對孩子的愛與期盼始終一致——給予孩子最安心的照顧、最溫暖的陪伴,以及最適切的教育。
謝謝您一路以來的信任與支持,未來的日子裡,讓我們繼續攜手同行,陪伴孩子成長、勇敢探索每一個精彩的明天!💖
❤️2025-2026 ပညာသင်နှစ်ကုန် မိဘ-ဆရာ တွေ့ဆုံ ဆွေးနွေးပွဲ ။❤️
မိဘများ၏ ပံ့ပိုးမှုအတွက် ကျေးဇူးတင်လွှာ 💌
ဒီကနေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ပညာသင်နှစ်ကုန် မိဘ-ဆရာ ဆွေးနွေးပွဲသို့ မအားလပ်တဲ့ကြားက ကြွရောက်ပေးပါသော မိဘအုပ်ထိန်းသူများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင့်✨။
အခုလို ဆရာနှင့်မိဘ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကလေးငယ်များ၏ တစ်နှစ်တာပတ်လုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲလာပုံများကို မိဘများနှင့်အတူတကွ ဝေမျှသိရှိခွင့် ရခဲ့ပါတယ်ရှင့်။
🎒 ကလေးငယ်တွေ လူမှုပတ်ဝန်းကျင်ထဲကို စတင်ခြေလှမ်းလှမ်းလိုက်တဲ့ အချိန်ကစပြီး မိဘနဲ့ ဆရာမတွေဟာ ပညာရေးခရီးလမ်းရဲ့ အရေးကြီးဆုံး လက်တွဲဖော်တွေ ဖြစ်လာခဲ့ကြပါတယ်။ ရင်သွေးငယ်တွေအပေါ် ထားရှိတဲ့ မိဘတွေရဲ့ မေတ္တာ၊ မျှော်လင့်ချက်တွေနဲ့ ကျွန်မတို့ AMI မူကြို ရဲ့ ရည်မှန်းချက်တွေဟာ အမြဲတမ်း တစ်ထပ်တည်းပဲ ဆိုတာ ယုံကြည်ပါတယ်။ ဒီရည်မှန်းချက်ကတော့ ကျွန်မတို့ဟာ ကလေးတွေကို စိတ်အချရဆုံး စောင့်ရှောက်မှု၊ အနွေးထွေးဆုံး အဖော်ပြုပေးမှုနဲ့ အသင့်တော်ဆုံး ပညာရေးကို ပေးစွမ်းဖို့ပဲ ဖြစ်ပါတယ်။
အခုအချိန်ထိ ကျွန်မတို့ AMI မူကြို ကို ယုံကြည်အားကိုးပြီး အမြဲ ပံ့ပိုးပေးခဲ့ကြတဲ့အတွက် မိဘများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ နောင်အနာဂတ်တွေမှာလည်း ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တောက်ပတဲ့ မနက်ဖြန်တွေကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ဖို့အတွက် ကျွန်မတို့ အတူတကွ ဆက်လက်လက်တွဲ သွားကြပါစို့ရှင်။ 💖
#安美幼兒園 #期末親師座談會