ZaiBot Technology

ZaiBot Technology

Share

education

Photos from ZaiBot Technology's post 15/01/2021

အမျိုးအစားများနဲ့ Data store လုပ်ပုံများအကြောင်း
--------------------------------------
Database ဆိုတာကတော့ အစုအဖွဲ့အလိုက်သိမ်းဆည်းထားတဲ့ data တွေကို computer system ကနေတဆင့် စီမံကိုင်တွယ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ Database တွေကျယ်ပြန့်ကြီးမားလာတာနဲ့အမျှ ကိုင်တွယ်ရတဲ့နည်းစနစ်တွေကလည်းမတူညီပါဘူး။ Database အမျိုးအစားမှာဆိုရင် Relational Database နဲ့ Non-Relational Database ဆိုပြီး (၂) မျိုးရှိပါတယ်။

𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞/ 𝐒𝐐𝐋 (𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞𝐝 𝐐𝐮𝐞𝐫𝐲 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞) ဟာ structure ကျတဲ့ data တွေကို စီမံခန့်ခွဲနိုင်ဖို့ပံ့ပိုးပေးပြီး သူ့မှာ data တွေကို category အမျိုးအစားခွဲခြားသိမ်းဆည်းပေးတဲ့ tables (rows, columns) တွေပါ၀င်ပါတယ်။
Oracle, MySQL, Microsoft SQL Server, PostgreSQL, DB2 အစရှိတာတွေကတော့ နာမည်ကြီး Relational Database တွေပါ။

𝐍𝐨𝐧-𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞/ 𝐍𝐨𝐒𝐐𝐋 ဟာ Relational Database နဲ့ပြောင်းပြန်ပါ။ Relational Database မှာ data တွေ store လုပ်ဖို့ structure ကျနေဖို့လိုအပ်ပေမယ့် Non-Relational Database မှာ structure မကျတဲ့ data တွေကို store လုပ်ပြီး စီမံခန့်ခွဲနိုင်ပါတယ်။
Elasticsearch, Splunk, Solr အစရှိတာတွေကတော့ unstructured data တွေ store လုပ်ရာမှာအသုံးပြုနိုင်တဲ့ Non-Relational Database တွေဖြစ်ပါတယ်။

Database အမျိုးအစားကွဲပြားသလို data store လုပ်တဲ့ပုံစံတွေကလည်း မတူညီကြပါဘူး။ Data store လုပ်ရာမှာ Centralized, Distributed နဲ့ Cloud ဆိုပြီး ယေဘုယျအားဖြင့် အမျိုးအစား (၃) မျိုးခွဲခြားနိုင်ပါတယ်။

✅Centralized Database type
Data တွေကို သတ်မှတ်ထားတဲ့နေရာတစ်ခုတည်းမှာ သိုလှောင်ထားပြီး မတူညီတဲ့တည်နေရာက users တွေ computer network မှတဆင့် Data တွေကို access လုပ်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတာ Centralized အမျိုးအစားဖြစ်ပါတယ်။ Centralized Database type ကို business company အဖွဲ့အစည်းတွေ၊ university တွေမှာအများအားဖြင့်အသုံးပြုလေ့ရှိပါတယ်။

✅Distributed Database type
Distributed Database type က Centralized Database type ရဲ့ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ Distributed database ဟာ data တွေကို မတူညီတဲ့တည်နေရာ၊ data သိုလှောင်တဲ့ တည်နေရာတစ်ခုတည်းဖြစ်နေရင်တောင် မတူညီတဲ့ computers တွေဆီမှာ data တွေထားရှိတဲ့ database type ပါ။
Data သိုလှောင်တဲ့နေရာမတူညီပေမယ့် တည်နေရာအချင်းချင်း ချိတ်ဆက်ထားတာကြောင့် data store လုပ်ထားတဲ့ တည်နေရာမတူညီရင်တောင် data တွေအားလုံးကို အလွယ်တကူ access လုပ်ဆောင်နိုင်ပါတယ်။
Distributed database type မှာ Homogenous နဲ့ Heterogenous ဆိုပြီး terms (၂) မျိုးရှိပါတယ်။ တူညီတဲ့ Hardware, Operating System, Application procedures တွေမှာ run နေတဲ့ database ကို Homogenous လို့ခေါ်ဆိုနိုင်ပြီး မတူညီတဲ့ hardware, operating System, application procedures တွေမှာ run နေတဲ့ database ကိုတော့ Heterogenous လို့ခေါ်ဆိုနိုင်ပါတယ်။

✅Cloud Database type
အခုနောက်ပိုင်းမှာဆိုရင် virtual environment ဖြစ်တဲ့ Clouds တွေပေါ်မှာ data တွေထားရှိမှုဟာ တစ်ဖြည်းဖြည်းများပြားလာပြီဖြစ်ပါတယ်။ Cloud database အမျိုးအစားဆိုတာ အဲ့လို virtual environment clouds ပေါ် data တွေထားရှိရာမှာ ပိုမိုအဆင်ပြေစေဖို့တည်ဆောက်ထားတဲ့ database အမျိုးအစားဖြစ်ပါတယ်။

Crd MIA

kamranahmedse/developer-roadmap 02/12/2020

လမ်းမပျောက်အောင် Roadmapလေးတွေဆောင်👇

Web Developer Roadmap:
https://github.com/kamranahmedse/developer-roadmap

React Developer Roadmap:
https://github.com/adam-golab/react-developer-roadmap

Game Developer Roadmap:
https://github.com/utilForever/game-developer-roadmap

Data Scientist Roadmap:
https://github.com/MrMimic/data-scientist-roadmap

iOS Developer Roadmap:
https://github.com/BohdanOrlov/iOS-Developer-Roadmap

Android Developer Roadmap:
https://github.com/tientnvn/android-developer-roadmap

Flutter Developer Roadmap:
https://github.com/olexale/flutter_roadmap

Low-level Developer Roadmap:
https://github.com/gurugio/lowlevelprogramming-university

kamranahmedse/developer-roadmap Roadmap to becoming a web developer in 2020. Contribute to kamranahmedse/developer-roadmap development by creating an account on GitHub.

30/11/2020

အကြောင်း တစေ့တစောင်း

JavaScript ဟာ Web Development နယ်ပယ်မှာ လူသုံးများတဲ့ Programming Language တစ်ခုဖြစ်ပြီး၊ သူ့ကို Client Side Scripting Language လို့လည်း လူသိများကြပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ စစ်တမ်းတွေအရ JavaScript ဟာ သတ္တမမြောက် (နံပါတ် ၇) လူကြိုက်အများဆုံး Programming Language တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလို ဘက်စုံအသုံးပြုနိုင်တဲ့ စိတ်ဝင်စားဖွယ် JavaScript အကြောင်းကို အောက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။

🤷‍♂️JavaScript ဆိုတာဘာလဲ?

JavaScript ဆိုတာ ၁၉၉၅ ခုနှစ်မှာ အမေရိကန်နိုင်ငံသား Programmer တစ်ယောက်ဖြစ်တဲ့ Brendan Eich ရေးဆွဲခဲ့တဲ့ Scripting Language တစ်ခုဖြစ်ပါတယ်။ JavaScript ကို စတင် Develop လုပ်တုန်းက သူ့အမည်ဟာ Mocha ဖစ်ပြီး နောက်ပိုင်းမှ JavaScript လို့ အမည်ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ JavaScript ကို Website တွေဖန်တီးတဲ့အခါအသုံးပြုနိုင်သလို၊ Mobile Application, Game နဲ့ Desktop Widgets တွေ ဖန်တီးတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။ JavaScript Code တွေကို Web ပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် တစ်နည်းအားဖြင့် သူ့ကို အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း Client Side Scripting Language လို့လည်း ခေါ်လေ့ရှိပါတယ်။ သူ့ရဲ့အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး တစ်ချက်ကတော့ အခမဲ့ Download ဆွဲနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လူအများစုဟာ JavaScript ကို Java နဲ့ အတူတူပဲလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ JavaScript နဲ့ Java ဟာ လုံးဝမတူပါဘူး။ တစ်နည်းအားဖြင့် JavaScript ကို Object Based Scripting Language လို့သတ်မှတ်နိုင်ပြီး Java ကို Object Oriented Programming Language လို့သတ်မှတ်နိုင်ပါတယ်။

💁‍♂️🤷‍♂️ဘာကြောင့် JavaScript ကို လူကြိုက်များပြီး၊ အလွန်ကောင်းတဲ့ Scripting Language တစ်ခုလို့ ပြောနိုင်တာလဲ?

- ကမ္ဘာ့အကျော်ကြားဆုံးနဲ့ အကြီးကျယ်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ Wordpress လို Content Management System တစ်ခုကတောင် JavaScript ကို သူတို့ရဲ့ အရေးအကြီးဆုံး Programming Language တွေထဲက တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။
- ကမ္ဘာ့လူသုံးအများဆုံး Search Engine တစ်ခုဖြစ်တဲ့ Google ဟာလည်း JavaScript ကို အသုံးပြုလျက်ရှိနေပါတယ်။

- လေ့လာတွေ့ရှိချက်တွေအရ Online ပေါ်မှာရှိနေတဲ့ ၉၄.၅ % သော Website တွေဟာ JavaScript ကို အသုံးပြုကြတယ်လို့ သိရပါတယ်။
JavaScript File ဆိုတာဘာလဲ?

- JavaScript File ထဲမှာ စာသားတွေကို ရိုးရိုးရှင်းရှင်းရေးသားနိုင်သလို JavaScript Code တွေကိုလည်း ရေးသားနိုင်ပါတယ်။

- JavaScript File တွေရဲ့ Extension ကတော့ '.js' ပဲဖြစ်ပါတယ်။

- JavaScript Code တွေကို Head Element (သို့) Body Element တွေကြားမှာလည်း ရေးသားနိုင်ပါတယ်။

🤷‍♂️JavaScript ကို အသုံးပြုပြီး ဘာတွေ ပြုလုပ်နိုင်ပါသလဲ?

- JavaScript ကိုအသုံးပြုပြီးတော့ Dynamic Page Content (လှုပ်လှုပ်ရွရွ ပုံစံ) တွေကို ဖန်တီးနိုင်ပါတယ်။

- Website တွေနဲ့ Game တွေကို ဖန်တီးနိုင်ပါတယ်။

- Mobile Application တွေ Develop လုပ်ဖို့အတွက်လည်း JavaScript ကို အသုံးပြုနိုင်ပါတယ်။

- JavaScript ကို Backend Services (Server Side) အတွက်လည်း အသုံးပြုနိုင်ပါတယ်။

- Smartwatch အတွက် Apps နဲ့ Game တွေကိုလည်း Develop လုပ်နိုင်ပါတယ်။

- JavaScript ကို အသုံးပြုပြီး Desktop App တွေနဲ့ Widget တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

💁‍♂️ ဒါဆို JavaScript ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

- JavaScript ကို Windows, Linux, Unix, Mac OS X တို့အပါအဝင် အခြား Platform တွေမှာလဲ အသုံးပြုနိုင်ပါတယ်။

- JavaScript ဟာ ၂၁ ရာစုမှာလူသုံးများတဲ့ Browser တွေနဲ့လည်း လိုက်ဖက်မှုရှိနေပါတယ်။ (E.g. Chrome, Safari, Firefox etc.)

- PHP ဟာ အခမဲ့ Scripting Language တစ်ခုလည်းဖြစ်ပါတယ်။

- JavaScript ဟာ လေ့လာရလွယ်ကူပြီး Client Side မှာ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ပါတယ်။

ထွက်ရှိထားသမျှ JavaScript Version တွေကတော့

- JavaScript ရဲ့ ပထမဦးဆုံး Version ကို ၁၉၉၇ ခုနှစ်မှာ ECMAScript 1 အမည်နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။

- ဒုတိယ Version ကိုတော့ ၁၉၉၈ ခုနှစ်မှာ ECMAScript 2 အမည်နဲ့ မိတ်ဆက်ခဲ့ပါတယ်။

- ၁၉၉၉ ခုနှစ်မှာ ECMAScript 3 ကိုမိတ်ဆက်ခဲ့ပါတယ်။

- ECMAScript 4 ကို ကျော်ပြီး ၂၀၀၉ ခုနှစ်မှာ ECMAScript 5 (JS ES5) ကို မိတ်ဆက်ခဲ့ပါတယ်။

- ECMAScript 6 (JS ES6) ကို ၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး သူဟာ JavaScript ရဲ့ နောက်ဆုံး Version အနေနဲ့ ရှိနေပါတယ်။ (ECMAScript ကို ES လို့လည်း အတိုကောက် ခေါ်လေ့ရှိပါတယ်။)


Mysql Database Replication 27/11/2020

Mysql Database Replication

Mysql Database Replication mysql replication ဆိုတာ ကိုယ့်ရဲ ဒေတာဘေစ်ကို copy ပြုလုပ်ချင်းပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ဒေတာဘေစ် ပျက်စီ...

27/11/2020

Node.js 🤩🤩 ဆိုတာဘာလဲ??
--------------------------------------------------------------------------

JavaScript ဟာ Node.js မပေါ်ခင်က Web Browser မှာသာrunနိုင်တဲ့ Client Side Scripting Language တစ်ခုဖြစ်ပါတယ်။Node.jsပေါ်လာတဲ့အချိန်မှာတော့JavaScript ဟာ Client Side သာမက Server Side ပါအသုံးပြုလို့ရတဲ့Language တစ်ခုဖြစ်လာခဲ့ပါတယ်။🥰

Node.js ဆိုတာ 2009 ခုနှစ်မှာ အမေရိကန်နိုင်ငံသား👨🏻‍💻 Software Engineer တယောက်ဖြစ်တဲ့ Ryan Dahl ကတီထွင်ခဲ့တာဖြစ်ပါတယ်။ Node.js ဟာ Computer/Server ပေါ်မှာJavaScript codeတွေကိုrunနိုင်အောင်လုပ်ထားတဲ့နည်းပညာဖြစ်ပါတယ်။open-source, cross-platform နည်းပညာတခုလည်းဖြစ်ပါတယ်။ Node.js ကိုDatabaseနဲ့လဲအလွယ်တကူချိန်ဆက်အသုံးပြုနိုင်ပါသေးတယ်။

🤷🏼‍♂️Node.js ကိုဘယ်လိုတည်ဆောက်ထားလဲ???
Node.js ကို Google Chromeရဲ့ V8 Engine ပေါ်မှာအခြေခံထားပြီး Windows, Linux, Mac အစရှိတဲ့ platform အမျိုးမျိုးမှာလဲအသုံးပြုနိုင်ပါတယ်။V8 Engineဆိုတာ Google Chrome မှာအသုံးပြုတဲ့JavaScript Engine တစ်ခုဖြစ်ပါတယ်။ Nod.js ဟာ non-blocking I/O( Process တစ်ခုနဲ့တစ်ခုစောင့်စရာမလိုဘဲပြိုင်တူအလုပ်လုပ်လို့ရတဲ့နည်းပညာ ) သုံးထားတာဘဲဖြစ်ပါတယ်။

💁🏽‍♂️Node.js ကိုဘယ်နေရာ‌တွေမှာအဓိကအသုံးပြုသလဲ???
Node.js ဟာReal-time communication programs, browser games တွေနဲ့ Data များစွာစီမံရတဲ့ App‌ တွေ developလုပ်တဲ့နေရာမှာကောင်းမွန်တဲ့နည်းပညာတခုဖြစ်ပါတယ်။Netflix, Uber, LinkedIn, Walmart, eBay အစရှိတဲ့ Dataများစွာကိုစီမံရတဲ့ နာမည်ကျော်website‌တွေမှာလဲNode.jsကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။
-Node.js ကိုအဓိကအားဖြင့် 85%‌‌ ဟာweb app development အတွက်အသုံးပြုကြပါတယ်။

-PayPal Company လည်း Node.jsကိုအသုံးပြုပြီးနောက်သူတို့ရဲ့average response timeဟာ35%😯လျော့ကျသွားပါတယ်။

-ဒါ့အပြင် Node.js ဟာ applications' performance တွေ50%လောက်မြှင့်တက်သွားပါတယ်။

-Node.js ကိုအသုံးပြုချင်ရင်တော့ node.org မှာDownload ရယူနိုင်ပါတယ်။

Crd school_of_software_engineering

25/11/2020

DBMS (( Database Management System ))

Database ဆိုတာ Data (သို့) အချက်အလက်တွေကို စုစည်းထားတဲ့ နေရာလို့ အခြေခံအားဖြင့် ပြောလို့ရပါတယ်။

Database Management System (DBMS) ဆိုတာက Data (သို့) အချက်အလက်တွေ ထိန်းသိမ်းပေးနိုင်တဲ့ ကွန်ပျူတာ စနစ် (software system) တစ်ခုပါ။

ဒီစနစ်မှာ Data (သို့) အချက်အလက်တွေကို
(( Create / Store )) သိမ်းထားပေးနိုင်တယ်။

(( Retrieve / Search ))
သိမ်းထားတဲ့ အထဲက လိုအပ်တဲ့ Data တွေကို အချိန်မရွေးပြန်ကြည့်နိုင်တယ်။

(( Edit / Update ))
လိုအပ်ရင် ပြင်လို့ရတယ်။

(( Delete / Remove ))
မလိုတော့ရင်လဲ ဖျက်ပစ်လို့ရတယ်။

✍🏻 Data Security
ဒါတွေအပြင် စုစည်းထာတဲ့ Data တွေကို လုံခြုံအောင် စနစ်တကျထားမယ်။

✍🏻 Data integrity
သိမ်းဆည်းမယ့် Data ထဲမှာ မသင့်လျော်တဲ့ Data မျိုးဆိုရင်လက်မခံ ပဲ မှန်ကန်တဲ့ Data တွေကိုပဲသိမ်းထားမယ် စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

ပုံမှန်အားဖြင့် DBMS တွေဟာ Data ပမာဏ အများအပြားကို လူအများက တပြိုင်နက်ထဲ သုံးနေရင်တောင် လျင်မြန်သွက်လက်စွာ ကိုင်တွယ် လုပ်ဆောင်နိုင်ပါတယ်။

ဒီနေရာမှာ မေးခွန်းက ကျွန်တော်တို့က Data တွေကိုသိမ်းမယ်ဆိုရင် DBMS ကို အမြဲတမ်းသုံးရမှာလား၊ ဒါမှမဟုတ် တခြားနေရာတွေမှာ သိမ်းလို့မရတော့ဘူးလား ဆိုတာ ဖြစ်ပါတယ်။

အဲဒီလိုတော့ မဟုတ်ပါဘူး။
ရှေ့မှာပြောခဲ့သလိုပါပဲ Data တွေကို ဘယ်လိုထားမယ် ဘယ်နေရာမှာ ထားမယ်၊ စတာတွေကတော့ ကိုယ့်ရဲ့ လိုအပ်ချက် ပေါ်မူတည်ပါတယ်။

ကျွန်တော်တို့က Data တွေကို သာမန် file တစ်ခုနဲ့ သိမ်းထားမယ်။

ဥပမာ Data တွေကို excel မှာ သိမ်းထားမယ်ဆိုပါစို့။

DBMS မှာလုပ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေဖြစ်တဲ့
- သိမ်းဆည်းတာ (create/store) ၊
- ပြန်ကြည့်တာ (retrieve/search) ၊
- ပြင်တာ (edit/update) ၊
- ဖျက်တာ (delete/remove) ဒါတွေတော့ အကုန်လုပ်လို့ ရပါတယ် ။

သို့သော်လည်း

- ထည့်သွင်း သိမ်းဆည်းမယ့် Data တွေဟာ မှန်လား၊ (data integriy) အတွက် သင့်တော်မှု ရှိရဲ့လား၊ ၊
- Data တွေ ရဲ့လုံခြုံရေး (data security) ၊
- Data တွေကို ဘယ်သူကတော့ ပြင်လို့ရမယ် (modify access) ၊
- ဘယ်သူကတော့ ဖြင့် ဖတ်လို့ပဲရမယ် (read only access) စသဖြင့် သတ်မှတ်နိုင်တဲ့ (access control) တွေ၊

နောက်တစ်ခုက ပုံမှန်ဆိုရင် ကျွန်တော်တို့ က Data တွေကို သိမ်းဆည်းတဲ့အခါမှာ အကြောင်းအရာ တစ်ခုကို တစ်ခါပဲ သိမ်းမယ်။

ဥပမာ။ ။

ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက် ကိုစာရင်းမှတ်ရင် တစ်ခါပဲ မှတ်သလိုမျိုး ၊ ကျောင်းသားတစ်ယောက်ကို နှစ်ခါ စာရင်းသွင်းမိရင် မလိုအပ်တဲ့ အချက်အလက် ( redundant data ) တွေ မဖြစ်အောင် DBMS က ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေကို တော့ DBMS တွေမှာမှ အဆင်ပြေပြေ သုံးနိုင်မှာပါ။

နောက် ဥပမာ တစ်ခုလောက်ထပ် စဉ်းစားကြည့်ရအောင်။

Company တစ်ခုမှာ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ (နေရပ်လိပ်စာ ၊ ပညာအရည်အချင်း ၊ …) ကို HR ဋ္ဌာနကနေပြီး တော့ excel မှာ မှတ်ထားတယ် ဆိုပါစို့ ။

မှတ်ပြီးသွားရင် လုပ်ငန်းလိုအပ်ချက်အရ HR ကနေ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ ပါတဲ့ file ကို လိုအပ်တဲ့ ဋ္ဌာန အသီးသီးကို copy လုပ်ပြီးပေးလိုက်မယ်။

Engineering ဋ္ဌာနကဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို Engineering ဋ္ဌာနကို ပို့ပေးလိုက်မယ်။ အုပ်ချုပ်ရေးဋ္ဌာနကိုလဲ ပို့ပေးမယ်၊ လုံခြုံရေးဋ္ဌာနကိုလဲပေးမယ် ။

နောက်မကြာခင် Engineer တစ်ယောက်က အိမ်ပြောင်းသွားရင် လိပ်စာကို သူ့ဋ္ဌာနက file မှာပဲ ပြင်လိုက်မယ်ဆိုရင် တခြား ဋ္ဌာနတွေမှာ ရှိတဲ့ သူ့လိပ်စာဟာ မှားနေမှာပါ။

ဒါက ဥပမာ ပြောတာပါ ။
အရေးကြီးတဲ့ အချက်အလက် (bank account no…) လိုမျိုး update မလုပ်မိလို့ ဆိုရင် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေက ပိုများပါတယ်။

တကယ်လို့ မှားတဲ့ Data တွေက Company ရဲ့ Business နဲ့ ပတ်သတ်တဲ့ Data တွေဆိုရင် Company ရဲ့ Business ပါ ထိခိုက်နိုင်ပါတယ်။

ကျွန်တော်တို့က DBMS တစ်ခုသုံးပြီး ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းထားမယ် ဆိုရင် အချက်အလက်တွေအားလုံးကို တစ်ခါပြင်ရုံနဲ့ လုံလောက်ပါတယ်။

ခုန ဝန်ထမ်း လိပ်စာလိုမျိုး ၊ ဘဏ်အကောင့် လိုမျိုးဆိုရင် တစ်ခါပြင်ရုံနဲ့ ဋ္ဌာန အသီးသီးက ပြင်ပီးသား အချက်အလက်ကိုတွေ့ရမှာပါ။

MS Excel လိုမျိုး file ကိုပဲ လူအများကြီးက သုံးမယ်ဆိုလည်း ရတာပဲ။

ဒါပေမယ့် excel ၁ ဖိုင် ထဲကို လူအများကြီးက တပြိုင်နက်တည်း ဝိုင်းသုံးမယ်ဆိုရင် data တစ်ခုထဲကို ပဲလူအများကဝိုင်းပြင်တာမျိုး စသဖြင့် ပြဿနာတွေအများကြီးရှိပါတယ်။

နောက်ပြီး excel လိုတော်တော်ကောင်းတဲ့ software system မှာတောင် limitation တွေ အများကြီးရှိပါတယ်။

ဥပမာ 1,048,576 rows, 32,767 total number of characters that a cell can contain, as of office 2007 စတဲ့ ကန့်သတ်ချက်မျိုးတွေ ဖြစ်ပါတယ်။

DBMS စနစ်မှာလည်း အားသာချက် ၊ အားနည်းချက်တွေ ရှိပါတယ်။

အောက်မှာ အားသာချက်၊ အားနည်းချက် အချို့ကို ပြောထားပါတယ်။

အားသာချက်များ

(၁) အချက်အလက် လုံခြုံရေး (Data Security) – အချက်အလက်တွေ အားလုံးကို DBMS မှာ သိမ်းထားမှာဖြစ်တဲ့ အတွက် အသုံးပြုခွင့်ရှိတဲ့လူကပဲ သုံးနိုင်မှာပါ။

(၂) အချက်အလက် မှန်ကန်မှု (Data Integrity) – မှန်ကန် ပြည့်စုံတဲ့ အချက်အလက်တွေကို ပဲလက်ခံ သိမ်းဆည်းပေးပါတယ် (ဥပမာ – ဝန်ထမ်းတိုင်းမှာ မှတ်ပုံတင် နံပါတ် ရှိရမယ်လို့ သတ်မှတ်ထားရင် ၊ မှတ်ပုံတင်နံပါတ်မပါတဲ့ ဝန်ထမ်းရဲ့ အချက်အလက်ကို ထည့်သွင်းသိမ်းဆည်းလို့ မရပါဘူး)

(၃) မလိုအပ်တဲ့ အချက်အလက်များ (Redundant Data) – မလိုအပ်ဘဲ အပိုအချက်အလက်တွေ ထည့်သွင်းလို့ မရအောင် လည်း ကန့်သတ်ပေးနိုင်ပါတယ် (ဥပမာ – မှတ်ပုံတင် နံပါတ်တစ်ခုဟာ ဝန်ထမ်းတစ်ယောက်ထက်ပိုပြီး ကိုယ်စားပြုလို့မရတာမျိုး)

(၃) အချက်အလက် ထိန်းသိမ်းခြင်း (Data Administration) – အချက်အလက်တွေအားလုံးကို တစ်စုတစ်စည်းထဲ သိမ်းထားတဲ့ အတွက် ထိန်းသိမ်းဖို့လွယ်ကူပါတယ်။

(၄) တပြိုင်နက်ထဲ သုံးစွဲနိုင်ခြင်း (Concurrency) – အချက်အလက်တွေကို သုံးစွဲသူ (user) တွေက တပြိုင်နက်ထဲသုံးနေလို့ ရပါတယ်။

(၅) အချက်အလက် မျှဝေခြင်း (Data sharing) – သုံးစွဲသူ (user) တွေက အချက်အလက်တွေကို မျှဝေသုံးစွဲနိုင်ပါတယ် (ပေါ်မှာ ပြောခဲ့တဲ့ ဝန်ထမ်း နေရပ်လိပ်စာလိုမျိုး)

(၆) အချက်အလက် ပုံစံ သတ်မှတ်ချက် (Data standards) – လူအများကြီးက သုံးစွဲပေမယ့် အချက်အလက်တွေက တနေရာထဲမှာ သိမ်းထားတဲ့ အတွက် အချက်အလက် ပုံစံ သတ်မှတ် ဖို့လွယ်ကူပါတယ် (ဥပမာ – အမည်ဆိုရင် မောင်မောင် (ဦး) လို့ သတ်မှတ်မလား (သို့) ဦးမောင်မောင် လို့ သတ်မှတ်မလား ဆိုတာမျိုးပါ) ။

(၇) အချက်အလက်များ ပြန်လည်ရယူခြင်း (Data recovery) – ကွန်ပျူတာ software ပိုင်းပြဿနာကြောင့် ဖြစ်ဖြစ် hardware ပိုင်းပြဿနာ ကြောင့်ဖြစ်ဖြစ် သိမ်းဆည်းထားတဲ့ အချက်အလက်တွေ ပျက်ဆီးသွားရင် ပြန်လည်ရယူနိုင်တဲ့ backup and recovery လုပ်ဆောင်ချက် ပါဝင်ပါတယ် ၊ ပြဿနာဖြစ်ခဲ့ရင်တောင် အချက်အလက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

အားနည်းချက်များ

(၁) ခက်ခဲရှုပ်ထွေးမှု (Complexity) – DBMS တွေဟာ ပြည့်စုံကောင်းမွန်အောင် တည်ဆောက်ထားတဲ့အတွက် အချို့လုပ်ဆောင်ချက်များဟာ ခက်ခဲ ရှုပ်ထွေးပါတယ်။

(၂) ငွေကြေးကုန်ကျမှု

– Software and Hardware Cost – ကောင်းမွန်တဲ့ DBMS တစ်ခုကို အကောင်အထည်ဖော် သုံးစွဲမယ်ဆိုရင် အတိုင်းအတာ တစ်ခု အထိ ငွေကြေးကုန်ကျမှာပါ (DBMS license ဝယ်ရတဲ့ ငွေကြေး ၊ DBMS install လုပ်မယ့် ကွန်ပျူတာ)

– Cost of Conversion – လက်ရှိသုံးစွဲနေတဲ့ စနစ်ကနေ DBMS ကိုပြောင်းလဲ သုံးစွဲတဲ့ အတွက် ကုန်ကျမယ့်ငွေကြေး ၊ ဒီမှာ ဝန်ထမ်းတွေကို training ပေးရမယ့် ကုန်ကျစားရိတ်တွေ ၊ DBMS ကျွမ်းကျင်သူတွေကို ခန့်ထားရမယ့် စားရိတ်တွေပါဝင်ပါတယ် ၊ ဒီကုန်ကျစားရိတ်က တခါတရံ (Software and Hardware cost) ထက်တောင်ပိုများပါတယ်။

(၃) ပျက်ဆီးဆုံးရှုံးမှု (impact of failure) – DBMS ကို သုံးစွဲတဲ့ အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေ မှားယွင်းမှုတွေ ဖြစ်လာရင် ဘာတွေလုပ်မလဲ ဘယ်လိုလုပ်မလဲ ဆိုတဲ့ (backup and recovery plan) ရှိဖို့သိပ်အရေးကြီးပါတယ်။ ဒါကို သေချာမလုပ်ထားရင် ပြဿနာ ဖြစ်လာတဲ့ အခါမှာ အချက်အလက်တွေအားလုံး ကတစ်နေရာထဲမှာ ရှိတဲ့အတွက် ဆုံးရှုံးမှု ပမာဏ ၊ ဆုံးရှုံးမှုအတွက် အကျိုးဆက် ကအများကြီးဖြစ်သွားနိုင်ပါတယ်။

အပေါ်မှာပြောထားတွေကို ပြန်ကြည့်မယ် ဆိုရင် DBMS ဟာ software system တစ်ခုပါ ။ Data တွေ စနစ်တကျ ထိန်းသိမ်းဖို့ အတွက်သုံးပါတယ်။ သူ့မှာ ကောင်းတဲ့ အချက်တွေရှိသလို ၊ မကောင်းတဲ့ အားနည်းချက်တွေလဲ ရှိပါတယ်။ DBMS တစ်ခုကို သုံးတော့မယ်ဆိုရင် တကယ်လိုအပ်လားဆိုတာ သေချာ သုံးသပ်စေချင်ပါတယ်။ အောက်မှာ စဉ်းစား သင့်တဲ့ အချက်အချို့ကို ပြောထားပါတယ်။

– အချက်အလက် တွေကို လူအများကြီးက တပြိုင်နက်ထဲ သုံးဖို့လိုလား?

– သိမ်းဆည်းမယ့် အချက်အလက်တွေက ဘယ်လောက်ရှုပ်ထွေးလဲ?

– အချက်အလက် ပမာဏ သိပ်များလား?

– လုံခြုံရေးကောင်းဖို့လိုလား?

အောက်မှာ ရေးထားတဲ့ DBMS တွေက လက်ရှိ အသုံးများတဲ့ DBMS တွေပါ။

– Microsoft SQL Server

– Oracle

– MySQL

– Microsoft Office Access

– PostgreSQL

– DB2

– Sybase

Credit : SQL Myanmar
http://www.sqlmyanmar.com/database-management-system-dbms/

•••
Credit

20/11/2020

✅Google သုံးနည်း လမ်းညွှန်✅

Google သုံးတတ်ရင် တော်ရုံကတော့ အေးဆေးပဲနော်

လေ့လာကြည့်ကြပါဦး
------------------------------
ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့်
အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့်
အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်
အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊
သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။

Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV

၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com

🔳🔳🔳🔳🔳

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်
အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက
ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်
# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင်
Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို
ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge
အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို
မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

🔳🔳🔳🔳🔳

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page
ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။
စာအုပ်များ ရှာဖွေခြင်း
မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless
Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး
ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ
ရှာဖွေနိုင်မည် ဖြစ်ပါသည်။
ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်
ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။
Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ
လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

Credit-မူရင်း

15/11/2020

Intermediate System-to-Intermediate System (IS-IS) Introduction
ဒီ နေ့တော့ IS-IS basic ကို လေ့လာရမှာဖြစ်ပါတယ်။
Intermediate System-to-Intermediate System (IS-IS) ဆိုတာကတော့ Open standard link state routing protocol တစ်ခုဖြစ်ပါတယ်။ service provide network တွေမှာ အသုံးပြုများပါတယ်။ ရံဖန်ရံခါဆိုသလိုတော့ တစ်ချို့ enterprise network တွေမှာလည်း တွေ့ရတတ်ပါတယ်။ Cisco ရဲ့ Enterprise network solution ဖြစ်တဲ့ DNA ကို အသုံးပြုတဲ့အခါ Cisco ရဲ့ recommendation ကတော့ IS-IS ဖြစ်ပါတယ်။ Data Center ထဲမှာ fabric path run တဲ့အခါမှာလည်း IS-IS ကို မေ့ထားလို့ မရပြန်ပါဘူး။ ဒါကြောင့် IS-IS ရဲ့ အသုံးပြုမှုဟာ တွင်ကျယ်လာပါတယ်။ IS-IS ဟာ convergence time မြန်သလို၊ large network တွေမှာလည်းအသုံးပြုနိုင်ပါတယ်။ protocol ပေါင်းမြောက်များစွာကို support လုပ်ပါတယ်။

IS-IS Fundamentals
IS-IS ကိုလေ့လာတဲ့အခါ OSI seven layer ကို ချန်ထားခဲ့လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ IS-IS ဆိုတာ ISO ရဲ့ Connectionless Network Protocol (CLNP) အတွက် သတ်မှတ်ထားတဲ့ routing protocol တစ်ခု ဖြစ်ပါတယ်။ First computer networking protocol တွေဟာ government ဒါမှမဟုတ် vendor proprietary တွေဖြစ်ပါတယ်။ ဒါကြောင့် different protocol နှစ်ခု အဆက်သွယ်လုပ်ဖို့ အဆင်မပြေခဲ့ပါဘူး။ ဒီအခက်ခဲကို ဖြေရှင်းဖို့ International Organization for Standardization (ISO) ကနေ OSI model လို့ခေါ်တဲ့ OSI seven layer ကို vendor အားလုံးရဲ့ ဘုံဆိုင် စံတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ layer တိုင်းမှာ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ function တွေရှိပါတယ်။ vendor အချင်းချင်း inter-compatibility အတွက် OSI seven layer ကို အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

TCP/IP protocol suite ကို IETF က develop လုပ်ခဲ့တာဖြစ်ပြီး၊ OSI protocol suite ကိုတော့ ISO က create လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ OSI protocol suite မှာ Layer 3 connectivity အတွက် Connectionless Network Protocol (CLNP) ဆိုတာ ပါဝင်ပါတယ်။ IP protocol နဲ့ တူညီပါတယ်။ Connectionless Network Service (CLNS) က transporting protocol data units (PDUs) အတွက် Packet လို့ခေါ်တဲ့ mechanism ကို support လုပ်ပါတယ်။ OSI model မှာ CLNS PDU က CLNP datagram ကို transport လုပ်ပါတယ်။

OSI protocol suite ရဲ့ အခေါ်အဝေါ်တွေကို အရင်ဆုံးနားလည်အောင် လေ့လာသင့်ပါတယ်။ ဒါမှသာ IS-IS term တွေကို နားလည်မှာ ဖြစ်ပါတယ်။ OSI protocol suite မှာ routing မလုပ်တဲ့ network device တွေကို end systems (ES) လို့ခေါ်ပါတယ်။ အဲဒီ end system တွေ connectivity ရအောင် provide လုပ်ပေးတဲ့ router တွေကိုတော့ intermediate systems (IS) လို့ခေါ်ပါတယ်။ end system နဲ့ router ကြားက connection တွေကိုတော့ ES-IS connection လို့ခေါ်ပါတယ်။ Router-to-router communication ကျတော့ intermediate system-to-intermediate system (IS-IS) လို့ခေါ်ပါတယ်။

OSPF and IS-IS Terminology
OSPF | IS-IS
Host | End System (ES)
Router | Intermediate System (IS)
Link | Circuit
Packet | Protocol Data Unit (PDU)
Designated router (DR) | Designated IS (DIS)
Backup DR (BDR) | N/A (no BDIS is used)
Link-state advertisement (LSA) | Link-State PDU (LSP)
Hello packet = IIH PDU
Database Description (DBD) | Complete sequence number PDU (CSNP)

IS-IS ကလည်း Level 1 (L1) နဲ့ Level 2 (L2) connection ဆိုပြီး two level hierarchy ကို အသုံးပြုပါတယ်။ ES-IS communication အတွက် L1 ကိုသုံးပါတယ်။ IS-IS communication အတွက်တော့ L1,L2 ဒါမှမဟုတ် နှစ်ခုစလုံးကို အသုံးပြုပါတယ်။ L2 router တွေက တခြား L2 router တွေနဲ့ပဲ အဆက်သွယ်လုပ်သလို၊ L1 router တွေကလည်း တခြား L1 router တွေနဲ့ပဲ အဆက်သွယ်လုပ်ပါတယ်။ L1-L2 router တွေက L1 နဲ့ L2 level အကြား connectivity provide လုပ်ပေးတာဖြစ်ပါတယ်။ L2 router တစ်လုံးက same area ထဲမှာရှိတဲ့ L2 router နဲ့ communicate လုပ်နိုင်သလို၊ different area ထဲမှာရှိတဲ့ L2 router တွေနဲ့လည်း communicate လုပ်နိုင်ပါတယ်။ L1 router ကတော့ same area ထဲမှာရှိတဲ့ L1 router တွေနဲ့ပဲ communicate လုပ်နိုင်ပါတယ်။

IS-IS router တွေကြားမှာ adjacencies တွေကို အောက်မှာ လေ့လာကြည့်ပါ။

 L1 L1
 L2 L2
 L1-L2 L1
 L1-L2 L2
 L1-L2 L1-L2

IS-IS အနေနဲ့ link-state packet database (LSPDB) ကိုတည်ဆောက်ဖို့ LSP ကို အသုံးပြုပါတယ်။ LSPDB ဆိုတာကတော့ OSPF ရဲ့ link-state database (LSDB) နဲ့ အလားတူဖြစ်ပါတယ်။ IS-IS ကလည်း shortest path အတွက် loop free topology တည်ဆောက်တဲ့အခါ Dijkstra Shortest Path First (SPF) algorithm ကိုပဲ အသုံးပြုပါတယ်။ Router တစ်ခုခြင်းစီအနေနဲ့ သူတို့ကိုယ်သူတို့ tree ရဲ့ top လို့ပဲ မြင်ပါတယ်။ Tree မှာ IS-IS level တစ်ခုအတွင်းမှာရှိတဲ့ destination network အားလုံးပါဝင်ပါတယ်။ SPF tree (SPT) ကတော့ IS-IS router တစ်ခုခြင်းစီမှာ ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် LSPDB ကတော့ သက်ဆိုင်ရာ level ထဲမှာ ရှိတဲ့ router အားလုံးမှာ လုံးဝကိုတူရပါတယ်။

Areas
OSPF ရော၊ IS-IS ရော နှစ်ခုစလုံးက two level hierarchy ကိုအသုံးပြုပါတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့ Function ကတော့ မတူပါဘူး။ OSPF ကျတော့ မတူညီတဲ့ Area တွေအချင်းချင်း အဆက်သွယ်လုပ်ဖို့ router တစ်လုံးကို multi area run ပြီး အလုပ် လုပ်ပါတယ်။ IS-IS ကျတော့ အဲဒီလို မဟုတ်တော့ပါဘူး။ IS-IS router တစ်လုံးဟာ၊ သူ့ရဲ့ interface အားလုံးကို specific area တစ်ခုတည်းမှာပဲ နေရာချပြီး run ခိုင်းပါတယ်။ OSPF ကျတော့ Backbone area 0 ထဲကို prefix တွေ advertise လုပ်၊ ပြီးရင် Nonbackbone area တွေထဲကို အဲဒီ prefix တွေ ပြန်ပြီး advertise လုပ်ပြီး အချင်းချင်းအဆက်သွယ်လုပ်လို့ ရအောင် လုပ်ပေးသွားတာဖြစ်ပါတယ်။ ဒါကြောင့် nonbackbone area တွေဟာ backbone area 0 နဲ့ တစ်ဆက်တည်းဖြစ်နေဖို့လိုပါတယ်။ IS-IS မှာကျတော့ level 2 ကို backbone area လို့ခေါ်ပါတယ်။ OSPF နဲ့မတူတာကတော့ level 2 adjacency တွေ continue ဖြစ်နေသမျှ ကာလပတ်လုံး multiple area ကို ဖြတ်သွားနိုင်ပါတယ်။

Same level တစ်ခုတည်းမှာရှိတဲ့ IS-IS router အားလုံးဟာ same LSPDB ကိုပဲ copy ယူပြီး maintain လုပ်ပါတယ်။ L1 router တွေဟာ outside level (area) ထဲမှာရှိတဲ့ router တွေ၊ network တွေကို မသိပါဘူး။ အလားတူပဲ L2 router တွေဟာလည်း တခြား L2 router တွေနဲ့ LSPDB ကို separate လုပ်ပြီး maintain လုပ်ပါတယ်။ L2 router တွေကလည်း L2 LSPDB ထဲမှာ ရှိတဲ့ တခြား L2 router တွေနဲ့ network တွေကိုပဲ သိပါတယ်။

L1-L2 router တွေကတော့ L1 prefix တွေကို L2 topology ထဲကို inject လုပ်ပါတယ်။ L1-L2 router တွေအနေနဲ့ L2 route တွေကို L1 area ထဲကို advertise မလုပ်ပါဘူး။ ဒါပေမယ့် L1 LSP ထဲကို attached bit တစ်ခု ထည့်ပေးလိုက်ပါတယ်။ အဲဒီ attached bit က IS-IS backbone network နဲ့ အဆက်သွယ်ရှိတဲ့ router ကို ညွှန်ပြပေးပါတယ်။

Inter – Router Communication
IS-IS ကို pure CLNS environment မှာ အသုံးပြုဖို့ design ဆွဲထားတာဖြစ်ပါတယ်။ ဒါကြောင့် OSI seven-layer မှာ layer 2 မှာ အလုပ် လုပ်ပါတယ်။ နောက်ပိုင်းကျတော့ IP protocol ကို support လုပ်ဖို့ modify လုပ်ခဲ့ပါတယ်။ အဲဒါကိုပဲ integrated IS-IS လို့ခေါ်ပါတယ်။ integrated IS-IS က OSI model ဒါမှမဟုတ် TCP/IP model အတွက် routing packet တွေထိ အလုပ် လုပ်နိုင်ပါတယ်။ integrated IS-IS ကို IS-IS လို့ခေါ်ကြပါတယ်။
IS-IS က VLSM ကို support လုပ်ပါတယ်။ IPv4 ရော၊ IPv6 ပါ support လုပ်ပါတယ်။ OSPF ဆိုရင် protocol number 89 ကိုအသုံးပြုပါတယ်။ တခြား routing protocol တွေနဲ့ မတူတာတစ်ခုကတော့ IS-IS က protocol independent ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ inter-router communication က network layer မှာ encapsulate လုပ်တာ မဟုတ်ပဲ၊ data link layer မှာ လုပ်တာ ဖြစ်ပါတယ်။

အချိန်ရတဲ့အခါ IS-IS အကြောင်း ထပ်မျှဝေပါဦးမယ်။
လေးစားစွာဖြင့်
Crd အောင်နိုင်မိုး (AMS)

08/10/2020

ဆော့ဝဲအလိုက် ဒ/ဓ ပြဿနာ ဖြေရှင်းနည်း
🔻🔻🔻🔻🔻🔻🔻🔻🔻🔻

စာရွက်ခေါ်ပီးပီးချင်းလုပ်ပါ။ မဟုတ်လျှင်ခဏခဏလုပ်ရတတ်သည်။

InDesign, Illustrator, Photoshop, Pagemaker, Corel Draw 12, Microsoft Word, မှာ win innwa နဲ့ ဒ, ဓ ရိုက်မရသူများအတွက်

InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။

Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotesကို Uncheck လုပ်ပါ။

Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheckလုပ်ပါ။

PageMaker 7 ... File > Preference > General > More > Use Typographer's

Quotes ကို Uncheck လုပ်ပါ။

Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။

အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotesကို Uncheck လုပ်ပေးပါ။

(အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)

Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကို ထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။

အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ 🥰
🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Credit

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00