5 Star Engineering & Computer Training Center

5 Star Engineering & Computer Training Center

Share

အချိန်တိုအတွင်းအခြေခံ မှစပြီးကျွမ်းကျင်မှုရသည်အထိလေ့ကျင့်သင်ကြားပေးပါသည်

Photos from 5 Star Engineering & Computer Training Center's post 09/07/2022

𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 သုံးမပြုတတ်သေးတဲ့ သူတွေအတွက်အခြေခံကနေ လေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်💻💻💻 Computerသင်တန်းများကိုone by oneစနစ်ဖြင့် တက်ရောက်နိုင်ပါပြီ reviewကြည့်ပြီးမှတက်ချင်သူတွေအတွက်REVIEWလေးတွေတွဲတင်ပေးလိုက်ပါတယ်💻💻💻
သင်တန်းစုံစမ်းရန် ☎-09986793850/09420271404
=====================================

Computer အသုံးအနှုန်း။

Monitor ကို >> (Desktop,Logo,Home page) လို့ခေါ်
မြှားလေးကို >> Pointer လို့ခေါ်
Computer မှာ အသုံးပြုနေတဲ့ Software Application တွေကို Shortcut icon လို့ခေါ်
OS = Operating System (စနစ်တစ်ခုလုံးကို လည်ပတ်စေတဲ့ System)

Computer မှာ Partation (2) ပိုင်းရှိသည်။

(1)Local Disk: (C)
(2)Local Disk: (D) ဆိုပြီး အပိုင်း (2) ရှိသည်။
Local Disk: (C)က Window တင်ကတည်းက ပါလာသောအပိုင်း
ထို့ကြောင့် မိမိရဲ့ အရေးကြီးသော Data များကို Local Disk: (D) ထဲမှာ သိမ်းရန်
Local Disk: (C)ထဲမှာထားမိပါက Window ကျသည်နှင့်တပြိုင်နက် Data အားလုံးပျက်သွားမည်။
Phone တစ်လုံးပြင်မယ်ဆိုရင် Computer မှာ System 32 bit
နဲ့ Window က Window 7 နဲ့မှ ပိုအဆင်ပြေမည်။
Computer ရဲ့ System Type ကို ကြည့်ချင်ရင် My Computer >> R-Click >> Properties ကို နှိပ် Box တတ်လာရင် System Type မှာ System 32 bit (or) 64 bit ကြည်နိူင်။
( Shortcut က < Alt + Enter > )

Mouse အသုံးပြုနည်း

Mouse တစ်ခုတွင် Button Key နှစ်ခု Wheel တစ်ခုပါသည်။
ဘယ်ဘက်က Key ကို Left Click လို့ခေါ်
ညာဘက်က Key ကို Right Click လို့ခေါ်
အလယ်က ဘီးလေးကို Wheel လို့ခေါ်

ဘယ်ဘယ် ခလုတ် နှိပ်ခြင်းကို Single Click (or) Click လို့ခေါ် (Click 1 ချက်)
ညာဘယ် ခလုတ် နှိပ်ခြင်းကို Right Click လို့ခေါ်(Click 1 ချက်)
Click နှစ်ချက် ဆက်တိုက်နှိပ်ခြင်းကို Double Click လို့ခေါ်(Click 2 ချက်)

Select မှတ်ချင်ရင် Single Click (or) Click (Click တစ်ချက်)
Software application တစ်ခုခုကို ဖွင့်ချင်လျှင်/၀င်ချင်လျှင် Double Click (Click နှစ်ချက်)

New Folder ဆောက်နည်း။

My Computer ရဲ့ လွတ်တဲ့နေရာမှာ Right Click >> New >> Folder (or) New Document (or) New World Document , etc….

Software application တစ်ခုခုကို (Rename) နာမည်ပြောင်းနည်း။

မိမိပြောင်းချင်သော Software application လေးကို Select မှတ် ပြီးရင် R-Click >> Rename ကိုနှိပ်ပြီး Name ပြောင်းနိုင်သည်

File / Folder တစ်ခုခုကို ဖျက်နည်း။

မိမိ ဖျက်ချင်သော File / Folder ကို Select မှတ် R-Click >> Delete နဲ့ဖျက်

Computer မှာ Stick (or) Memory Card (or) SD Card ကိုဖြုတ်နည်း။

My Computer ကိုဖွင့် Stick (or) SD Card ကို Select မှတ် >> R-Click >> Eject ကိုနှိပ်ပြီးဖြုတ်နိုင်။

Computer မှာ Have Disk တတ်ထားပြီး ဖြုတ်နည်း။

Computer အောက်ခြေတွင် ရှိသော TaskBar ပေါ်ရှိ Up arrow icon ကို တစ်ချက်နှိပ် ပြီးရင် USB ခေါင်းပုံစံ ကို Click တစ်ချက်နှိပ် Eject နဲ့ဖြုတ်။

Copy / Paste လုပ်နည်း (4) နည်းရှိသည်။

(1)Simple Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo , Video , Music , Application ,etc…. ကို Select မှတ် >> R-Click >> Copy ကိုနှိပ်။
ပြီးရင် မိမိထားချင်သောနေရာ (e.g Desktop,Lacal Disk:D,Stick,SD Card,Have Disk) တွင် R-Click >> Paste ကိုနှိပ်။

(2) ဖိဆွဲပြီး Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo , Video , Music , Application ,etc…. ကို Select မှတ်
မိမိထားချင်သောနေရာ (e.g Desktop,Lacal Disk:D,Stick,SD Card,Have Disk) Drag and Drop ဖိဆွဲပါ။
Partation မတူရင် Copy ဖြစ်
Partation တူရင် Cut ဖြစ်သွားသည်။

(3) Shortcut သုံးပြီး Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc…… ကို Select မှတ် ပြီးရင် Ctrl + C ကိုနှိပ်။
ပြီးရင် မိမိ ထားချင်သော (e.g Desktop,Local Disk: D,Have Disk,etc…… နေရာတွင် Ctrl + V နှိပ်။
Cut နဲ့ ကူးချင်ရင် Ctrl + X
Paste လုပ်ချင်ရင် Ctrl + V

(4) Send To နဲ့ Copy ကူးနည်း။

မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc……
ကို Select မှတ် R-Click >> Send to နဲ့ မိမိ ပို့ချင်သော partation ကို ရွေးပြီးပို့။

Cut နဲ့ ကူးနည်း။

မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc….. ကို Select မှတ် R-Click >> Cut
မိမိ ထားချင်သော နေရာ (e.g Desktop,Local Disk:D,Have Disk,etc……) တွင် R-Click >> Paste

Copy = ပွားယူခြင်း။
Cut = အပြီးကူးခြင်း/အပြီးရွေ့ခြင်း။

ကျော်မှတ်ချင်ရင် Ctrl Key ကိုဖိနှိပ်။
တစ်ဆက်ထဲမှတ်ချင်ရင် Shift Key ကိုဖိနှိပ်။

File / Folder ခွဲနည်း။

File Name ပါပြီး File Extension မပါတာကို Folder လို့သတ်မှတ်။
File Name ပါပြီး File Extension ပါတာကို File လို့သတ်မှတ်။
File Name ရဲ့ နောက်မှာ (.zip,.rar) နဲ့ ဆုံးရင် zip file (or) rar file လို့ သတ်မှတ်။
zip File / rar File မှန်ရင် zip/rar ဖြည်ရမည်။

File extension ဖော်နည်း။

Organize >> Folder and Search Options >> View Tab >> Hide extension for known file type ကို အမှန်ခြစ်ဖြုတ် Apply >> Ok
Shortcut < Alt + T + O >

Zip file / Rar file ဖြည်နည်း။


Zip file / Rar file ဖြည်နည်း (4) နည်းရှိသည်။

Extract files
Extract Here
Extract to
Extract each

Extract File (Location တောင်းဖြည်ခြင်း။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract file ကိုနှိပ်။
Box တတ်လာရင် မိမိ ထားချင်သော နေရာ (e.g Desktop,Local Disk D,Have Disk,etc…..) ရွေး ပြီးရင် Ok ကိုနှိပ်။

Extract file ရဲ့ အကျိုးသက်ရောက်မှုက Zip ချုပ်ထားတဲ့ အတိုင်း ဖြည်ပေးသည်။

Extract Here ( ဒီနေရာမှာပဲဖြည်ပေးသည်။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract Here ကိုနှိပ်။
Extract Here ရဲ့ အကျိုးသက်ရောက်မှုက Extract file လိုပဲ Zip ချုပ်ထားတဲ့ အတိုင်းဖြည်ပေးသည်

Extract To ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract to ကိုနှိပ်။

Extract to ရဲ့ အကျိုးသက်ရောက်မှု က Zip ဖြည်ရင် Folder လိုက်ပဲဖြည်သည်။

Extract each ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။) (တစ်ခုထက် ပိုပြီး ဖြည်ချင်ရင် သုံး။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract each ကို နှိပ်။

(တစ်ခုထက်ပိုပြီး ဖြည်ချင်မှသုံးသည်)

Zip file / Rar file ချုပ်နည်း။

Zip file / Rar file ချုပ်နည်း (2) နည်းရှိသည်။

(1) Add to archive နဲ့ချုပ်နည်း။

မိမိ ချုပ်ချင်သော File / Folder ကို Select မှတ်။
R-Click >> Add to archive ကိုနှိပ်။
Box တတ်လာရင် Zip/Rar စိတ်ကြိုက်ရွေးချုပ်နိုင်သည်။
ပြီးရင် OK ကိုနှိပ်။

(2) Add to Name .rar နဲ့ချုပ်နည်း။

မိမိ ချုပ်ချင်သော File/Folder ကို Select မှတ်။
R-Click >> Add to Name .rar နဲ့ချုပ်။

Computer မှာ Software များ Install / Uninstall လုပ်နည်း။

Install လုပ်နည်း။

မိမိ Install လုပ်ချင်သော Software ကို Select မှတ် Double Click ခေါက်ပြီး Run ပါ။
( Computer မှာ (Yes) (or) (No) Box ) တတ်လာရင် (Yes) ကိုနှိပ် ( Computer မှာ (OK) (or) (Cencle) Box တတ်လာရင် (OK) ကိုနှိပ်
ပြီးရင် Next နဲ့ဆက်သွား ပြီးရင် Finish ကိုနှိပ်။ ( ချွင်းချက်။ ။ Software တစ်ခုနှင့်တစ်ခု မတူ)

Uninstall လုပ်နည်း။

My Computer ကိုဖွင့် Uninstall (or) Change a program ကိုနှိပ်။ ပြီးရင် မိမိ Uninstall လုပ်ချင်သော Software ကို Select မှတ် Uninstall ကိုနှိပ်
( Software ကို Double Click ခေါက်လဲရ)

Shortcut

My Computer = Window + E
New Window = Ctrl + N
Close Window = Ctrl + W
Close Window = Alt + F4 (or) Alt + Space + C
Window Minimize = Window + Down arrow
Window Maximize = Window + Up arrow
Window Left = Window + Left arrow
Window Right = Window + Right arrow
Window Hide = Window + D
Window Hide = Window + M
Lock = Window + L
Window Style (3D) = Window + Tab
Window Style (Simple) = Alt + Tab
Properties = Alt + Enter
Back = Backspace
Copy = Ctrl + C
Cut = Ctrl + X
Paste = Ctrl + V
Select All = Ctrl + A
Print = Ctrl + P
File Open = Ctrl + O
Save = Ctrl + S
ကျော်မှတ်ချင်ရင် = Ctrl Key ဖိ
တစ်ဆက်တည်းမှတ်ချင်ရင် = Shift Key ဖိ
Select မှတ်ချင်ရင် = Spacebar
နေရာရွေးချင်ရင် = Tab Key
၀င်ချင်ရင်/ဖွင့်ချင်ရင် = Enter Key
ဖျက်ချင်ရင် = Shift + Delete (or) Delete
Stop = Esc

New Tab = Ctrl + T
Close Tab = Ctrl + W
New Window = Ctrl + N
Close Window = Alt + F4
ရှေ့သို့ ရွေ့ချင်ရင် = Ctrl + Tab
နောက်သို့ ပြန်ရွေ့ချင်ရင် = Ctrl + Shift + Tab
www. …… .com = Ctrl + Enter
www. …… .net = Shift + Enter
www. …… .org = Ctrl + Shift + Enter

Computer Shutdown = Alt + F4 + Enter
Computer Shutdown = Window + Right arrow + Enter

Computer မှာ Software တစ်ခုခု error တတ်ရင်
Computer ရဲ့ အောက် bar မှာ R-Click >> Start Task Manager ကို နှိပ် Box တတ်လာရင် Application နဲ့ Processes မှာ End Task (or) End Process လုပ်ပေး။

Unit

1024Byte = 1Kilobyte (1KB)
1024KB = 1Megabyte (1MB)
1024MB = 1 Gagabyte (1GB)
1024GB = 1 Terabyte (1TB)

အမြဲတမ်း 1000 နဲ့ပဲတွက်
e.g >> 1000MB = 1GB
1000GB = 1TB

04/07/2022

ရှေ့အပတ်ကသင်တန်းပြီးသွားတဲ့ညီ၊ညီမတို့Certificateတွေလာထုတ်လိုရပါပြီ

27/06/2022

User အများစုသတိမထားမိကြတဲ့
Laptop များရဲ့အားသာချက်တချို့
========================
Desktop နဲ့ Laptop ရဲ့ ကွာခြားမှုအများစုကို အသုံးပြုသူအများစုသတိထားမိကြမှာပါ။ ၂ မျိုးစလုံးမှာ အသုံးဝင်ပုံနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ အားနည်းချက် အားသာချက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် Computer အသုံးပြုသူတွေ သတိမပြုမိကြတဲ့ Laptop တွေရဲ့ အားသာမှုတချို့ ရှိပါတယ်။ အများအားဖြင့် Desktop အသုံးပြုသူတွေအနေနဲ့ မသိကြတာများပါတယ်။ အဲဒါတွေကိုစုစည်းဖော်ပြလိုက်ပါတယ်။
ပုံစာနဲ့လည်း ပူးတွဲဖော်ပြထားပါတယ်။
(၁) Wi-Fi / Bluetooth
Laptop တွေဟာ Mobile Used သွားလာသယ်ဆောင်အသုံးပြုရတဲ့ ပစ္စည်းတစ်ခုဖြစ်တာကြောင့် Wifi / Bluetooth အစရှိတဲ့ ကြိုးမဲ့ကွန်ယက်ကို အသုံးပြုလို့ရအောင် စံနှုန်းအနေနဲ့ ထည့်သွင်း‌ထားပါတယ်။ Desktop System Unit အားလုံးနီးပါးမှာ Wifi Network Chip နဲ့ Bluetooth Chip တွေ မပါဝင်တဲ့အတွက် Wifi / Bluetooth ချိတ်ဆက်မှု တွေကို လုံးဝ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ User အများစုက Desktop ကို Wifi စနစ်ပါတယ်ထင်ပြီး Wifi ချိတ်ဆက်ဖို့ ခဏခဏကြိုးစားကြပါတယ်။ အဲဒီလိုချိတ်ဆက်နိုင်ဖို့အတွက် USB Wifi / Bluetooth Adapter လေးတွေ ဝယ်ယူတပ်ဆင်ပြီးအသုံးပြုရပါမယ်။

(၂) We**am
Laptop အများစုမှာ we**am တပါတည်း ပါဝင်‌လေ့ရှိပါတယ်။ Desktop တွေအားလုံးမှာတော့ We**am ပါဝင်မှုမရှိပါဘူး အဲဒါကြောင့် USB We**am ကို ထပ်မံတပ်ဆင်အသုံးပြုရပါမယ်။

(၃) Sound Speaker
Mobile ထုတ်ကုန် ဖြစ်တဲ့ Laptop တွေမှာ အသံထွက်စနစ်အတွက် Speaker တစ်စုံကိုပါ တစ်ပါတည်းတပ်ဆင်ထားပါတယ်။ Desktop တွေမှာက Buzzer လို့ခေါ်တဲ့ Error Message ပေးတဲ့ Speaker သေးသေးလေးကိုသာ Motherboard မှာတပ်ဆင်ထားတာကလွဲပြီး တခြားအသံစနစ်အတွက် Speaker တွေတပ်ဆင်ထားတာမရှိပါ။ (တချို့ Branded PC တွေနဲ့ AIO PC တွေမှာတော့ Monitor မှာ တပါတည်းတပ်ဆင်ပေးထားပါတယ်) အဲဒါကြောင့် သီချင်းသံ အစရှိတဲ့ အသံတွေနားထောင်ချင်ရင် Desktop Computer System Unit ရဲ့ Audio Out အပေါက်ကနေတစ်ဆင့် အသံချဲ့စနစ်ပါတဲ့ Active Computer Speaker ကိုသီးသန့် တပ်ဆင်ရပါတယ်။

(၄) Hibernation Power Option
Laptop တွေမှာ Battery ပါဝင်တဲ့အတွက် အသုံးပြုနေတဲ့ System ကို မပိတ်ပဲ Hibernate Option ကို အသုံးပြုနိုင်ပါတယ်။ Hibernate ဟာ ရောက်လက်စ သုံးလက်စနေရာကို မှတ်ထားပြီး Battery ရှိနေသမျှ ကြိုက်တဲ့အချိန် အသင့်ပြန်ဝင်သုံးနိုင်ပါတယ်။ အဲဒီ Option ကို On Windows ထဲမှာ ထားရင် Shut Down ခလုပ်နှိပ်တဲ့အခါ Hibernate ခလုတ်လေးပိုလာပါမယ်။ Desktop တွေမှာက Battery မပါတာကြောင့် Hibernation ဟာ အပိုဖြစ်နေပါတယ်။

(၅) Fn Key
Fn Key ဟာ Laptop တွေမှာ စံနှုန်းတစ်ခုတွေနဲ့ ပါဝင်ပါတယ်။ Fn Key ကို တခြား Key တွေနဲ့ တွဲနှိပ်မယ်ဆိုရင် Laptop တလုံးရဲ့ အရေးပါတဲ့ အလင်းအမှောင်ချိန်ညှိတာတွေ/ အသံအတိုးအကျယ်တွေ/Wireless စနစ် အဖွင့်အပိတ်တွေ
/ ပြင်ပ Monitor သို့မဟုတ် TV နဲ့ချိတ်ဆက်မှု Screen Sharing အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်သလို Laptop Model အပေါ်မူတည်ပြီး Fn ခလုတ်ရဲ့ အသုံးဝင်ပုံချင်း ကွာခြားပါတယ်။

(၆) Screen Sharing
Laptop တွေဟာ ၎င်းမှာပါဝင်တဲ့ HDMI/VGA Port ကနေတစ်ဆင့် External Monitor သို့မဟုတ် TV တွေကို ကြိုးနဲ့ချိတ်ဆက်ပြီး Screen Sharing ပြုလုပ်နိုင်သလို Wifi ကို အသုံးပြုပြီး Screen Cast စနစ်နဲ့ Smart TV တွေနဲ့ ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Desktop တွေမှာက Monitor သီးသန့် ပါဝင်ပြီးသားဖြစ်တဲ့အတွက် Graphic Card အပေါ်မူတည်ပြီး နောက်ထပ် Monitor/TV တစ်လုံးနဲ့ချိတ်ဆက်ဖို့ အကန့်အသတ်ရှိပါတယ်။

(၇) Card Reader
Laptop အများစုမှာ Card Reader တပါတည်း ပါဝင်ပါတယ်။ ပုံမှန်အနေနဲ့ SD Card ထည့်သွင်းအသုံးပြု ရသလို မော်ဒယ်မြင့်ပါးလွှာတဲ့ Laptop တွေမှာဆိုရင် Micro SD Card ပေါက်ပါဝင်ပါတယ်။ အဲဒါကြောင့် Memory Card များကို တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်ကြပါတယ်။
ဒါတွေဟာ User အများစု သတိမထားမိတဲ့ Laptop တွေရဲ့ အားသာချက်တချို့ ဖြစ်ပါတယ်။

လေးစားစွာဖြင့်မူရင်းရေးသားသူအား credit ပေးပါသည်။

09/12/2021

သင်တန်းသားများနှင့်လာရောက်စုံစမ်းအပ်နှံ
မည့်သူများခင်ဗျာ10.12.2021တွင်
သင်တန်းတစ်ရက်ပိတ်ပါတယ်11.12.2021တွင်ပုံမှန်အတိုင်းပြန်လည်ဖွင့်ပါမည်။
ဖုန်းဖြင့်သင်တန်းစုံစမ်းလိုပါကစုံစမ်းနိုင်ပါသည်။
ဖုန်း ၀၉၉၈၆၇၉၃၈၅၀

Photos from 5 Star Engineering & Computer Training Center's post 29/11/2021

💻 သင်တန်းဖွင့်ပြီလားလို့ခနခနမေးနေကြလို့အားလုံးသိအောင်တင်ရခြင်းပါခင်ဗျာ💻
ခုလိုချိန်မှာ တင်ရလို့အနှောက်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ခင်ဗျာ 🙏
🖥🖥🖥 ကျွန်တော်တို့5 Star Computer သင်တန်း မှာ Computer သင်တန်းနှင့် Engineeringသင်တန်းများကို ကိုဗစ်စည်းကမ်းနဲ့အညီ တစ်ချိန်မှာသင်တန်းသားနှစ်ယောက်နှုန်းဖြင့် ပြန်လည်ဖွင့်လှစ်သင်ကြားနေပါပြီ

✳အိမ်အရောက်သင်ကြားလိုသူများအတွက်လည်းကျွမ်းကျင်ဆရာမများလွှတ်ပြီးသင်ကြားပေးပါတယ်ခင်ဗျာ
တက်ရောက်နိုင်မဲ့Courseတွေကတော့
✅ Computer Basic
✅ Advanced Excel
✅ DTP
✅ Graphic Design
✅ Autocad
✅ Revit
✅ Google Sketch + Vray
✅ 3D Studio Max + Vray

💠 မိမိနဲဲ့အဆင်ပြေမဲ့အချိန်ကိုညှိနှိုင်းတက်ရောက်နိုင်ပါသည်။
သင်တန်း လိပ်စာက အမှတ်၇/၂၊ ခရေပင်လမ်း၊တညင်းကုန်းလမ်းဆုံအနီး၊အင်းစိန်မြို့နယ်၊ရန်ကုန်။
☎09-986793850

23/05/2021

*Autocad sharing *

1.Autocad fileမှာ Excel file ထည့်ချင်တဲ့အခါ

Annotate > Table > Link data >Data Link Manager boxကျလာရင် Create a new Excel Data Link > Name ပေး Ok > New Excel Data Link boxကျလာရင် Browse for a file ဘေးက အစက်သုံးစက် (click the ....for Microsoft Excel file on your computer ကို နှိပ်)နှိပ်ပြိး Excel fileရွေးပြိး Open > Ok > Ok > Ok ပြိးရင်
Tableဆိပြန်သွား click > table> Ok

(Workspace switching မှာ Drafting & Annotations ထား)

2. Calculator ခေါ်ချင်ရင် QC enter

3.sc =scale factor
SC = required measurements/ current measurement
SC = လိုချင်တဲ့အတိုင်းအတာ/လက်ရှီ ရှီနေတဲ့အတိုင်းအတာနဲ့ စားပေးပြိး scale factorရှာထား

SC enter > select object enter or right click enter > Base point clickချ ပြိး scale factor value
ထည့်

I . scale copy
II. scale referenceရယ်

scale copy လုပ်မယ်ဆို အရင်ဆုံး Group ဖွဲ့ပေး
4. G enter > Object select enter >

5. construction line (XL line )
စမှတ် ဆုံးမှတ်မရှီသော မျဉ်း
XL enter > H or V or A enter
H= horizontal
V= vertical
A= angle

6. RAY (စမှတ်သတ်မှတ်ပေးလို့ရ ဆုံးမှတ်မရှီ)

ray enter> စမှတ် သတ်မှတ်ပေးပြိး click

23/05/2021

Laptop ဝယ်တော့မယ်ဆိုရင်
ဒါလေးကိုအရင်ဖတ်ကြည့်လိုက်ပါ။
=====================
Laptop တစ်လုံးဝယ်မယ်ဆိုရင်
i3 လား i5 လား၊ generation ဘယ်လောက်လဲ၊ ram ဘယ်လောက်လဲ၊ graphic ကရောဘယ်လောက်ပါလဲ၊ HDD ရောဘယ်လောက်လဲ စသည်ဖြင့် ယေဘူယျမေးမြန်းတတ်ကြပါတယ်။ ဟုတ်ပြီ။ ကိုယ်တိုင်လဲ စစ်ဆေးကြည့်လို့ရပါတယ်။

စစ်ဆေးကြည့်ဖို့ဆိုရင် -

window key + pause break key နှိပ်ပါ။
(ပုံ ၁ အတိုင်းပေါ်လာပါမည်။)

processor မှာ i3-3110M လို့ ပြပါတယ်။ i3 ကတော့ ရှင်းပါတယ်။ Brand Modifier ပါ။ 3110 ရဲ့ အစစာလုံးက generation ပါ။ 3 ဆိုတော့ third generation ပေါ့။

Installed memory(RAM) ကေတာ့ ram 4GB ပါ။

graphic ဘယ်လောက်ပါလဲ ကြည့်မယ်ဆိုရင် -

window key + r(R) key ကို နှိပ်ပါ။ Run dialog box ကျလာပါလိမ့်မယ်။ အဲ့မှာ dxdiag လို့ရိုက်ပြီး enter ခေါက်ပါ။ Display ထဲ ဆက်ဝင်ပါ။(ပုံ ၂ အတိုင်းပေါ်လာပါမည်။)

Total Memory 1766MB ပါ။ (1024MB = 1GB)

HDD ကကြည့်ရလွယ်ပါတယ်။
window key + e(E) key နှိပ်ပြီး C နဲ့ D ပေါင်းကြည့်လိုက်ပါ။ HDD 500 GB ပါရင် သုံးလို့ အဆင်ပြေပြေရှိတယ်ပေါ့။ အဲထက်နည်းရင်တော့ data သိမ်းတာ ချွေတာရေးတွေ လုပ်ဆောင်ရပါလိမ့်မယ်။

500GB++ ပါရင် ok စိုပြေပဲ။ ဗဟုသုတပြောပြရရင် SSD ဆိုတာ ရှိပါသေးတယ်။ HDD ထက် 30% ပိုမြန်တယ်လို့ဆိုပါတယ်။

ယခု အချက်အလက်တွေအပေါ်
ချင့်ချိန်ပြီး laptop တစ်လုံးဝယ်ဖို့ ဆုံးဖြတ်သင့်ပြီလားဆိုတော့ မပြည့်စုံသေးဘူးလို့ပြောရပါမယ်။

CPU ရဲ့ performance ကလည်း အရေးကြီးပါတယ်။ ပထမဆုံး ကိုယ်က ဘာအတွက်သုံးချင်တာလဲ သိရပါမယ်။

ပုံမှန် software လေးတွေသုံးချင်တာလား၊ ပုံမှန် game လေးတွေပဲ ဆော့ချင်တာလား။ ဒါမှမဟုတ် photoshop တို့လို၊ video editingတို့လိုပြီးတော့အတန်အသင့်မြင့်တဲ့
ဂိမ်းမျိုးတွေဆော့ချင်တာလားဆုံးဖြတ်ရပါမယ်။(ဟဲဗီးသုံးချင်သူတွေအတွက်ကတော့ ရှင်းပါတယ် gaming laptop မှတပါး အခြားမရှိပါဘူး။)

CPU မှာ B, U, M, H, HQ, K စသည်ဖြင့် series တွေ ရှိပါတယ်။(ဘယ်လိုကြည့်ရလဲဆိုတော့ 7500U ဆို U series ပါ။ 3110M ဆို M series ပါ။)

B, U က low performance ပါ။
ဒါပေမယ့် သူ့ရဲ့အားသာချက်က ဘက်ထရီကြာကြာခံပါတယ်။
ပုံမှန် software တွေကို ဇိမ်လေးနဲ့သုံးချင်တယ်ဆို ရွေးချယ်သင့်တဲ့ အမျိုးအစားပါ။

ကွန်ပျူတာ အပူချိန်တက်တာ သက်သာတဲ့ အားသာချက်လဲ ရှိပါတယ်။ ကွန်ပျူတာအမျိုး အစားအပေါ်မူတည်ပြီး display ပိုင်း အားသာချက်တွေလည်းရှိပါတယ်။

B, U series က low performance ဆိုပေမယ့်လည်း photoshop, video editing(not professional) နဲ့ ပုံမှန်ဂိမ်းတွေ ကောင်းကောင်းဆော့လို့ရပါတယ်။

H, HQ, K ကတော့ high performance ပါ။ ကွန်ပျူတာအပူချိန်မြင့်ခြင်း၊ ဘတ်ထရီစားခြင်း စတဲ့ အားနည်းချက်တွေ ရှိပါတယ်။ စျေးမြင့်တဲ့ gaming laptop တွေမှာ အသုံးပြုလေ့ရှိတာကြောင့် cooling စနစ်ကောင်းကောင်းနဲ့ cover ပြန်လုပ်ထားတော့ OK တာပေါ့။

M ကတော့ B, U ထက်စာရင် CPU performance ကောင်းပါတယ်။ထို နည်းတူပဲ အပူချိန်မြင့်၊ ဘတ်ထရီစားစတဲ့ အားနည်းချက်တွေရှိပါတယ်။ တခြား U series စျေးမြင့်တာနဲ့ ယှဉ်ရင်လည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။

ဒါနဲ့ ကျန်ခဲ့တာလေး ပြောပြပါဦးမယ်။ i3-3110M နောက်က 2.40GHz က clock speed ပါ။

(ပုံ ၁) ရိုးရိုးလေးတွေးလိုက်တဲ့အတိုင်း clock speed များရင် ပိုကောင်းပါတယ်။ ပိုသိချင်ရင်တော့ What is ဆိုပြီး google ခေါက်လိုက်တာ ပိုအဆင်ပြေပါတယ်။

အဓိက ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းက စျေးသက်သာတဲ့ အချက်ပါ။
U series အသစ်တွေနဲ့ ယှဉ်ရင် စျေးတော်တော်လေးသက်သာပြီး တော်တော်လေးယှဉ်သုံးနိုင်ပါတယ်။



#ဆူးဂီးနိုင်း(ဇလပ်မြေ)

Photos from 5 Star Engineering & Computer Training Center's post 07/01/2021

💁‍♂️ သင်တန်း ဘယ်တော့ဖွင့်မလဲလို့ မေးနေကြသူများအတွက်📚 နှစ်သစ်မဂ်လာ 2021 ကိူကြိုဆိုရင်း January တစ်ရက်နေ့မှာသင်တန်းများပုံမှန်အတိုင်း
ပြန်လည်ဖွင့်နေပါပြီ📣 📣 📣 🖥 💻▫

5 Star Computer Training Center တွင် Computer Basic သင်တန်းမှစ၍Graphic Designသင်တန်းအပြင် Autocad/ 3D Max/ Sketch up/Revit စသည့်Engineering softwareတွေပါတနေရာထဲစုံလင်စွာဖြင့်ဆက်သွယ်စုံးစမ်း တက်ရောက်နိုင်ပါပြီရှင်…☺☺

👇👇👇👇👇
Social Distantion အနေဖြင့် Sectionတစ်ခုမှာသင်တန်းသား ၃ယောက်နှုန်းဖြင့်သာလက်ခံပါမည်။one by oneစနစ်ဖြင့်သင်ကြားပေးပါမည်။အင်းစိန်မြို့နယ်အနီးတဝိုက်အိမ်ခေါ်သင်ချင်လဲ ရပါတယ်။
ဆရာများရောကျောင်းသားများပါmaskများစနစ်တကျတပ်ဆင်ထားရပါမည်။သင်တန်းကိုမဝင်ခင်လက်သန့်ဆေးဖြင့်သန့်စင်ရမည်။

COMPUTER BASIC COURSE (45000k) 🖥💻🖥
======================================
ဘယ်သူတွေ တက်ရောက် သင့်သလဲ ?👨‍🎓👩‍🎓👩‍🏫💁‍♂️🙎
- ကွန်ပျူတာပညာရပ်ကို အခြေခံမှစ၍စနစ်တကျလေ့လာမည့်သူများ၊
- ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊
- အစိုးရဝန်ထမ်းများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ၊
- ရုံးလုပ်ငန်း နှင့် ကုမ္ပဏီလုပ်ငန်းများတွင် အလုပ်ဝင်ရန် ပြင်ဆင်နေသူများ၊ လက်ရှိအလုပ်လုပ်နေသူများ အားလုံးအတွက် ယခုနည်းပညာခေတ်ကြီးတွင် မသိမဖြစ်လိုအပ်သော သင်တန်းဖြစ်ပါတယ်။

ဘာတွေသင်ကြားပေးမှာလဲ ?????
👉 Course Outline
===================
Computer Knowledge
Computer တစ်လုံးဝယ်လျှင် သိထားရမည့် အချက်များ။
Microsoft Word
(စာစီစာရိုက်ခြင်း၊ ပုံများထည့်သွင်းခြင်း၊ shapeများဖြင့် ပုံဖော် ဒီဇီုင်းဖန်တီးခြင်း၊ စာအုပ်အဖုံး (Page Cover)ပြုလုပ်ခြင်း၊ Chart အသုံးပြုနည်း၊ စာမျက်နှာအလိုအလျောက်တပ်ဆင်နည်း၊ သင်္ချာ Equation, Symbol ထည့်နည်းများ စသဖြင့် အခြေခံရုံးသုံး အဆင့်ထိ တတ်မြောက်အောင် အသေးစိတ်သင်ကြားပေးခြင်း),
Excel အခြေခံ စာရင်းဇယားများ ရေးဆွဲနည်း
Power Point(Presentation ပြသနည်း)
Publisher(လိပ်စာကဒ်၊ လက်ကမ်းစာဆောင်၊မွေးနေ့ ဖိတ်စာကဒ်၊ပြက္ခဒိန် စသည့်ဖိတ်စာကဒ်အမျိုးမျိုးကို အသင့်သုံး Tamplates များ အသုံးပြုနည်း)
Typing (Eng, Zawgyi, Unicode/ Pyidaungsu) Fonts,
လက်တွေ့ Print ထုတ်နည်း and Copy ကူးနည်း
Internet & Emailအသုံးပြုနည်း
PageMaker (စာစီဒီဇိုင်း ပြုလုပ်နည်း)
စာစီ၊စာရိုက်ပြုလုပ်နည်း၊ ဖိတ်စာကဒ်အမျိုးမျိုးပြုလုပ်နည်း၊ Tools/ Templates များအသုံးပြုနည်း၊ လက်တွေ့ Printထုတ်နည်း စတဲ့သင်ခန်းစာများကိုအသေးစိတ်သင်ကြားပေးနေပါပြီ။

Graphic Design Course (70000k) 🖥🖥🖥
====================================
Photoshop CC 2017
Illustrator CC2017
Indesign CC 2017

👇👇👇👇👇
ဒီသင်တန်းတက်ပြီးရင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ?

ဒီ Course လေးက Photoshop/Ilustrator/Indesign ကို မထိတွေ့ဖူးသေးတဲ့သူတွေအတွက် Foundation ဖြစ်စေမယ့်အပြင် Beginner Level အနေနဲ့ Photoshop /Ilustrator/Indesign softwareတွေနဲ့ familiarဖြစ်စေဖို့ရည်ရွယ်ပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားရင်တော့ Beginner အနေနဲ့ Photoshop Ilustrator/Indesign Interface တွေ workspace တွေအပြင် Photo Retouching, Skin Retouching စတဲ့ အခြေခံ retouching သဘောတရားတွေကိုပါ သိသွားမှာဖြစ်ပါတယ်။

Course Outline
==============
🔎Introduction to Digital Graphics
🔎Understanding the Adobe Photoshop 🔎Workspaces and panals
🔎Opening and importing images
🔎File sizes, Image sizes and resolutions
🔎Layers
🔎Color principles
🔎Essential tools for beginners
🔎Copy and pasting options
🔎Image transforming options
🔎Usage of photo retouching tools
စတာတွေကို စနစ်တကျ ကျွမ်းကျင်တဲ့အထိသင်ပေးသွားမှာပါ။
software မရှိသေးတဲ့သူတွေဖို့လဲ installation fileနဲ့Tutorial filesကို provide လုပ်ပေးသွားမှာဖြစ်ပါတယ်

Autocad 2D+3D+Isometric+Project Drawings Course (70000k only)
====================================

🛑 ဘာ Software နဲ့ သင်မှာလဲ?
AutoCAD 2019 နဲ့ သင်ကြားမှာဖြစ်ပါတယ်


�ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်လဲဆိုတော့

✅ AutoCAD ကို အခြေခံမှစပြီး လေ့လာလိုသူများ

✅ Engineer နဲ့ကျောင်းပြီးခါစ ကျောင်းသား/ကျောင်းသူများ

✅ Drafter တစ်ယောက်အဖြစ် အလုပ်ဝင်လိုသူများ

✅ AutoCAD အခြေခံလောက်ပဲသိပြီး တကယ့်လုပ်ငန်းခွင် Project တွေ Drawing တွေ ရေးဆွဲလိုသူများတက်ရောက်သင့်ပါတယ်

ဘာတွေသင်ပေးမှာလဲ
👇👇👇👇👇
🔴Autocad Drawing ဆွဲတဲ့နေရာမှာ ပိုမိုမြန်ဆန်အောင် သုံးနိုင်မယ့် Command တွေ Shortcut တွေ၊ အသုံးများတဲ့ Tools တွေအကြောင်း
🔴 Title Block ပြုလုပ်ပုံတွေ
🔴 Drawing ဆွဲပြီး Print ထုတ်ဖို့လိုအပ်တဲ့ Print Setting တွေအပြင် AutoCAD error တွေဖြေရှင်းတဲ့နည်းလမ်းတွေကအစ အသေးစိတ် သင်ကြားပေးမှာ ဖြစ်ပါတယ်
🔴 အခြေခံကစပြီး Detail ကျကျ သင်ကြားပေးမှာဖြစ်တဲ့အတွက် ကျောင်းပြီးခါစလူငယ်တွေအပြင် AutoCAD နဲ့အလုပ်လုပ်လိုတဲ့ ရိုးရိုးဘွဲ့ရသမားတွေအတွက်ပါ အဆင်ပြေပါတယ်
🔴 အလုပ်ဝင်ချင်လို့ အင်တာဗျူး ဖြေတဲ့နေရာမှာလဲ လက်တွေ့ Drawing တွေဆွဲပြခိုင်းရင် Confidence ရှိရှိ ဆွဲပြနိုင်မှာဖြစ်ပြီး လုပ်ငန်းခွင်ကိုလဲ Confidence ရှိရှိ ဝင်နိုင်ပါပြီနော်

Course Outlines:

🛑 AutoCAD2019 Software Installation
🛑 About Workspace
🛑 Auto CAD Knowledge
🛑 Option Setting ,Drafting Setting
🛑 Units & Draw Tool
🛑 Selection
🛑 Modify Tool
🛑 Properties Bar
🛑 Leader & Multileader Style
🛑 Text & Text Style
🛑 Dimension Style
🛑 Dimension
🛑 Multiline & Express Tool
🛑 Line Type Creation
🛑 Hatch & Gradient
🛑 Super Hatch
🛑 Wipeout
🛑 Block & BlockEditor
🛑 Divide, Measure & PointStyle, Lengthen
🛑 2D Exercises
🛑 About UCS and UCS Follow
🛑 LayerTool
🛑 Isometric
🛑 How to make Dimension and Text in Isometric Drawing
🛑 Iso Exercises
🛑 DesignCenter
🛑 Tool Palettes
🛑 TitleBlock PrintandLayout
🛑 Plotting AboutViewports
🛑 2DSampleProject(OneStoreyedRCBuilding)
🛑 Archi Floor Plan
🛑 Roof Plan
🛑 2D Door and Window Details
🛑 Elevations(Front,Back,Left & Right)
🛑 Find & Replace
🛑 Rename,QuickSelect
🛑 3D Modelling
🛑 3D Exercises
🛑 3D Stair
🛑 3D Model(One Storeyed RC Building)
🛑3D Roof
🛑 3D Door and Window
🛑 3D Spiral Stair
🛑 3D Furnitures

📜📆🗓
Monday: Tuesday:Wensday
Friday:Saturday:Sunday
Saturday: Sunday

⏰⏰⏰
8:00 am to 10:00am
10:00am to 12:00am
1:00pm to 3:00am
3:00 pm to 5:00pm
5:00 pm to 7:00pm

🚌 🚎 YBS Route >>>> 21, 78, 39, 65, 40, 15, 88,
94, 76 စသည့် ယဥ်လိူင်းများ
💢 Register Now 👷‍♀️👷
▪▪▪▪▪▪▪▪▪
💁‍♂️ သင်တန်းအပ်နှံရန်ဖုန်း… 📌
5 Star Engineering & Computer Training Center
📞 09 -986793850 / 09-798242305
🏢 NO: 7/2 : ခရေပင်လမ်း၊ တညင်းကုန်းလမ်းဆုံအနီး ၊အင်းစိန်မြို့နယ်၊ရန်ကုန်မြို့။

09/11/2020

Computer အသုံးပြုတဲ့ သူငယ်ချင်းတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Computer အခြေခံ
စကားလုံး အဓိပ္ပာယ်များ

Alternate key
▪▪▪▪▪▪▪▪▪▪
ကွန်ပျူတာ ကီးဘုတ်များ ပေါ်တွင် တွေ့ရတတ်သည့် ခလုပ်တစ်ခုဖြစ်သည်။ ယင်းကို အခြားခလုပ်များ နှင့်တွဲသုံးလေ့ရှိသည်။ ယင်းခလုပ်ကို နှိပ်ထားပြီး အခြားခလုပ်များ နှိပ်ခြင်း၊ ညွှန်ကြားခိုင်းစေချက်များ ရိုက် သွင်းခြင်း ပြုရသည်။ ထိုခလုပ်ကို တစ်ခါတစ်ရံ Alt ခလုပ်အဖြစ် ဖော်ပြထားတတ်သည်။

Backspace
▪▪▪▪▪▪▪
(cursor) ကိုနောက်သို့ရွှေ့ယူသည်ကို backspace လုပ်သည်ဟု ခေါ်သည်။ ကီးဘုတ်တစ်ခုပေါ် တွင် backspace key နှစ်ခုရှိသည်။ တစ်ခုသည် မျှားပြကီး (arrow keys) လေးခု အုပ်စုတွင် ရှိသည်။ ယင်းက cursor ကို အခြားမည်သည့်အရာကိုမျှ အပြောင်းအလဲမဖြစ်စေဘဲ ရွှေ့ပေးသည်။ နောက်ကီးတစ် ခုကမူ cursor ကနောက်ရွှေ့ပေးသည့် စာလုံးကို delete လုပ်ပေးမည်ဖြစ်၏။

BIOS
▪▪▪▪

Basic Input Output System အတွက်အတိုကောက် အသံထွက် စာလုံး acronym ဖြစ်သည်။ (BIOS သည် ကွန်ပျူတာကို အလုပ်ဘယ်လိုလုပ်ရမည်ကို) စေခိုင်းသော ညွှန်ကြားချက်များ တစ်ခုဖြစ် သည်။ BIOS သည် operating system ၏ အစ်ိတ်အပိုင်း ဖြစ်သည်။

Bit
▪▪▪
သိုလှောင်မှု သို့မဟုတ် မှတ်ဥာဏ် (memory) ၏ အငယ်ဆုံးယူနစ်ကိုဆိုလိုသည်။ Bit တစ်ခုသည် ဂဏန်း (digit) တစ်လုံးဖြစ်ပြီး ယင်းသည် 0 (သုည) တစ်လုံးသော်လည်းကောင်း၊ ၁ (တစ်) တစ်လုံးသော် လည်းကောင်း ဖြစ်နိုင်သည်။ ဤဂဏန်းနှစ်လုံးကိုပင် binary code တွင် အသုံးပြု၏။ Bit သည် Binary digit အတွက်အတိုကောက်ဖြစ်သည်။

Boot
▪▪▪▪▪
Boot လုပ်သည်ဆိုခြင်းမှာ ကွန်ပျူတာတစ်လုံးကို စဖွင့်သည်ဟု အဓိပ္ပါယ်ရသည်။ ကွန်ပျူတာကို လျှပ်စစ်ဓါတ်အားပေး၍ စဖွင့်လိုက်သည့်အခါ ပရိုဂရမ် တစ်ခုသည် အလိုအလျောက်စတင်လုပ်ဆောင် တော့သည်။ ပရိုဂရမ်သည် operating system ကိုထည့်သွင်းထားခြင်းကြောင့် ကွန်ပျူတာက်ို အသုံးပြုရန် အဆင်သင့်ဖြစ်သွားခြင်း ဖြစ်သည်။

Byte
▪▪▪▪▪
ကွန်ပျူတာမှတ်ဥာဏ် ( memory ) ကိုတိုင်းတာသော ယူနစ်တစ်ခုဖြစ်သည်။ byte တစ်ခုကို သာ မန်အားဖြင့် bits ရှစ်ခုဖြင့် ဖွဲ့စည်းဖန်တီးထားသည်။ ကွန်ပျူတာထဲ၀င်လာသော စာလုံးတိုင်း၊ သင်္ကေတ တိုင်းသည် မှတ်ဥာဏ်ဖြင့် byte တစ်ခုကို ရယူအသုံးပြုသည်။

Caps Lock
▪▪▪▪▪▪▪▪▪
ကွန်ပျူတာတစ်လုံး၏ ကီးဘုတ် ပေါ်မှ ခလုတ်(key) တစ်ခုဖြစ်သည်။ယင်းကို နှိပ်လိုက်လျှင် ရိုက် ထားသောစာလုံးများ အားလုံးသည် အကြီးစာလုံးများ (capitals or upper case) ဖြစ်သွားမည်ဖြစ်သည်။ ယင်းကို နောက်တစ်ကြိမ်ထပ်နှိပ်လျှင် ကီးဘုတ်သည် မူလ အတိုင်းပြန်ဖြစ်သွားသည်။ Caps Lock ခလုတ် သည် toggle switch တစ်ခု ဖြစ်သည်။

Control key
▪▪▪▪▪▪▪▪
ကွန်ပျူတာ ကီးဘုတ် တစ်ခုပေါ်မှ ခလုပ်တစ်ခုဖြစ်၏။ ဤခလုပ်ကို ကွန်ပျူတာသို့ အမိန့် (commands) များပေးရန်၊သို့မဟုတ် မြင်ကွင်းဖော်ယူနစ်ပေါ်၌ အထူးအက္ခရာ သင်္ကေတများ ထုတ်လုပ် ရန် အခြားခလုပ်များနှင့် တွဲလျက်အသုံးပြုရသည်။

Crash
▪▪▪▪▪
Hardware သို့မဟုတ် Software အတွင်း အပြစ်တစ်ခုခုကြောင့် ကွန်ပျူတာ အလုပ်ရပ်ဆိုင်းသည့် အခါမျိုး ၌ crash ဖြစ်ပေါ်ခြင်းဖြစ်၏။ တခါတရံ ကွန်ပျူတာကို ပိတ်ပစ်ပြီး ပြန်ဖွင့် (booting) သည့်အခါ ဤ ပြဿနာကို ဖြေရှင်းလိုက်နိုင်တတ်၏။ crash တစ်ခုသည် ကွန်ပျူတာ၏ အစိတ်အပိုင်းတစ်ခုခုကို ပြုပြင်ပေး ရမည်ဟု အဓိပ္ပါယ်ရသည်။ Head crash တစ်ခုကမူ read-write heads တွင်ပြဿနာတစ်ခု ရှိနေသည့် အဓိပ္ပါယ်ဖြစ်၏။

Disable
▪▪▪▪▪▪
ကိရိယာတစ်ခု ရပ်ဆိုင်းသွားသည်။ သို့မဟုတ် ဆော့ဖ်ဝဲလုပ်ဆောင်ချက် software procedure အကောင်အထည်ဖော်မှုကို ဟန့်တားထားသည်။

DOS
▪▪▪▪▪
Disk Operating System အတွက် အတိုကောက်စာလုံးဖြစ်၏။ ကွန်ပျူတာကို ဖွင့်လိုက်တိုင်း ကွန်ပျူတာထဲ သို့ ထည့်သွင်း (loaded) ပေးသည့် system software ဖြစ်၏။

Edit
▪▪▪▪▪▪
Edit လုပ်သည် ဆိုသည်မှာ များသောအားဖြင့် ပိုမိုကောင်းမွန်ရန်အတွက် ပြောင်းလဲပြင်ဆင်ခြင်း ဖြစ်သည်။ အက္ခရာများကိုသော်လည်းကောင်း၊ ရုပ်ပုံများကိုသော်လည်းကောင်း edit လုပ်နိုင်သည်။

Enable
▪▪▪▪▪▪
Enable လုပ်သည်ဆိုသည်မှာ hardware တစ်ခုသို့မဟုတ် program တစ်ခုကို set up ဖြစ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ သို့မှသာ ယင်းသည် အလုပ်လုပ်နိုင်မည် ဖြစ်သည်။

End key
▪▪▪▪▪
Computer ၏ keyboard များတွင် တွေ့နိုင်သော key တစ်ခုဖြစ်သည်။ end key ကိုနှိပ်ခြငးဖြင့် cursor သည်များသောအားဖြင့်စာကြောင်းတစ်ခု သို့မဟုတ် စာမျက်နှာတစ်ခု သို့မဟုတ် file တစ်ခု၏ အဆုံးသို့ ရောက်သွားသည်။ အခြားကိစ္စရပ်များအတွက်လည်း ယင်းကို program ရေးဆွဲနိုင်သည်။

Enter key
▪▪▪▪▪▪▪
Computer keyboard ပေါ်ရှိ key တစ်ခုဖြစ်သည်။ ယင်း key ကို ညွှန်ကြားချက်တစ်ခုပြီးဆုံး ကြောင်းနှင့် ဆောင်ရွက်ရန် အသင့်ဖြစ်ကြောင်း ညွှန်ပြရန် အသုံးပြုသည်။ များစွာသော wordprocessing program များတွင် enter key စသည် hard return တစ်ခုကို ဆောင်ရွက်သည်။ စာကြောင်းသစ်တစ် ကြောင်း သို့မဟုတ် စာပိုဒ်သစ် တစ်ခုကို စတင်ရန် ဖော်ပြသည်။

Escape key
▪▪▪▪▪▪▪▪
Computer keyboard ပေါ်ရှိ key တစ်ခုဖြစ်သည်။ ယင်းကို escape ညွှန်ကြားချက်ပေးရန်အတွက် အသုံးပြုသည်။ escape key ကိုများသောအားဖြင့် ‘‘Esc’’ ဟု အတိုကောက် ရေးသားသည်။ ယင်းသည် keyboard ၏ အပေါ်ဖက် function keys များနှင့်နီးကပ်စွာ ရှိလေ့ရှိသည်။

Function Key
▪▪▪▪▪▪▪▪
Computer keyboard ပေါ်ရှိ key များအနက်မှ တစ်ခုဖြစ်သည်။ ယင်း key တစ်ခုချင်းစီကို F နှင့် နံပါတ်တစ်ခုတွဲ၍ ဖော်ပြထားသည်။ Function key တစ်ခုကို နှိပ်ခြင်းဖြင့် အသုံးပြုနေသော software အ ပေါ် မူတည်၍ ကွဲပြားခြားနားသော အလုပ် သို့မဟုတ် function များကို လုပ်ဆောင်လိမ့်မည်။ function key များကိုလည်း program အဖြစ်ရေးဆွဲနိုင်သည်။ function key များသည် အများအားဖြင့် keyboard ၏အပေါ်ဘက် (သို့မဟုတ်) အောက်ဘက်တွင် ရှိသည်။

Gateway
▪▪▪▪▪▪▪
gateway သည် device တစ်ခုဖြစ်သည်။ network တစ်ခုအတွင်း ရှိ computer များကို အခြား network တစ်ခုအတွင်းရှိ computer များနှင့် အလုပ်လုပ်စေသည်။

Gigabyte
▪▪▪▪▪▪▪
Gigabyte သည် ကွန်ပျူတာ၏ မှတ်ဥာဏ် memory ကိုတိုင်းတာသည့် ယူနစ်တစ်ခုဖြစ်သည်။တစ် gigabyte ကို byte သန်းတစ်ထောင်အဖြစ် သတ်မှတ်သည်။ ကွန်ပျူတာများသည် binary သင်္ကေတကို အသုံးပြုသည်။ ထို့ကြောင့် တစ် gigabyte တွင် 1,073,741,824 byte ရှိသည်။

Hardware
▪▪▪▪▪▪▪
Hardware သည် computer ၏ ပစ္စည်းကိရိယာဖြစ်သည်။ ယင်းတွင် ကွန်ပျူတာတစ်ခု ဖြစ်လာ ရန် အသုံးပြုသော အစိတ်အပိုင်းများအားလုံး ပါ၀င်သည်။ ယင်းတွင် cables များ၊ connector များနှင့်ကွန် ပျူတာ peripheral များလည်း ပါ၀င်သည်။ များစွာသော ကွန်ပျူတာ စနစ် (system) များသည် hardware ဖြစ်ပြီး program များသည် software ဖြစ်သည်။ Hard disk hard disk သည် အဝိုင်းပုံ မာကျောသော disk သို့မဟုတ် disk များကို ခေါ်သည်။ disk တစ်မျိုး ထက်ပို၍ ရှိသောအခါ ယင်းတစ်မျိုးချင်းစီကို platter ဟုခေါ်သည်။ disk များကို သံလိုက်ဓါတ် သွင်းထား သော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပြီး သေတ္တာတစ်ခုအတွင်း ၌ ထည့်သွင်းထားသည်။ Hard disk သည် များစွာသော ကွန်ပျူတာများတွင် အသုံးပြုသော memory device များဖြစ်သည်။

Home key
▪▪▪▪▪▪▪
home key သည် ကွန်ပျူတာ keyboard ပေါ်ရှိ key တစ်ခုဖြစ်သည်။ home key ကိုနှိပ်ခြင်းဖြင့် cursor သည် လိုင်းတစ်လိုင်း၏ အစ၊ စာမျက်နှာတစ်ခု၏ ထိပ်သို့လည်းကောင်း file ၏ ထိပ်ပိုင်းသို့လည်း ကောင်း ရွေ့လျားသည်။ home key ကို တစ်ခါတစ်ရံတွင် အခြား key များနှင့်လည်း တွဲဖက်အသုံးပြုသည်။

Insert key
▪▪▪▪▪▪
Insert ပြုလုပ်သည်ဆိုသည်မှာ အခြားအရာ ၂ ခုကြားသို့ တစ်စုံတစ်ရာကို ထည့်သွင်းခြင်းဖြစ်သည်။ ဥပမာအားဖြင့် လိုင်းအလွတ်တစ်ခုကို စာကြောင်း ၂ ကြောင်းကြားသို့ ထည့်သွင်းနိုင်သည်။

Keyboard
▪▪▪▪▪▪▪
keyboard သည် သတင်းအချက်အလက်များ ရိုက်သွင်းရန်အတွက် အသုံးပြုသော input device တစ်ခုဖြစ်သည်။ထို input device တွင်အက္ခရာ စာလုံးများ၊ ဂဏန်းများ၊ သင်္ကေတများ ( symbols ) နှင့် ဖန်သားပြင်တစ်လျှောက် cursor ကိုရွေ့လျားပေးနိုင်သည့် key များ ပါရှိသည်။ ကွန်ပျူတာများစွာတွင် function keys များပါရှိသည်။key တစ်ခုကို ရိုက်နှိပ်ကာ ကွန်ပျူတာသို့ singnal တစ်ခုကိုပေးပို့ ( send ) သည်။ signal ကို disk တွင် store လုပ်ထားနိုင်သည်။ screen ပေါ်တွင် display လုပ်နိုင်ပြီး ပရင်တာကို ပေးပို့နိုင်သည်။

Kilobyte
▪▪▪▪▪▪
kilobyte သည် computer ၏မှတ်ဥာဏ် ( memory ) ကို တိုင်းတာသော unit တစ်ခုဖြစ်သည်။ တစ် kilobyte ကို byte တစ်ထောင် ကိုယ်စားအသုံးပြုသည်။ computer များသည် binary code နှစ်လီ စနစ် သင်္ကေတ ကို အသုံးပြုသောကြောင့် တစ် kilobyte သည် 1.204 bytes ရှိသည်။

Megabyte
▪▪▪▪▪▪▪
Megabyte သည် computer ၏ memory ကို တိုင်းတာသည့် unit ဖြစ်သည်။ One megabyte သည် byte တစ်သန်းရှိသည်။ binary code တွင် တစ်သန်းသည် 1,048,576 byte ရှိသည်။

Mouse
▪▪▪▪▪
Mouse သည် computer အချို့တွင် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ယင်းသည် ပလပ်စ တစ် သေတ္တာငယ်တစ်ခုဖြစ်ပြီး ထိပ်တွင် ခလုပ်များပါရှိ၍ အောက်ဘက်တွင် အလုံးတစ်လုံးရှိသည်။ အလုံး ကို မျက်နှာပြင်တစ်ခုပေါ်တွင်ရွေ့လျားသော အခါအလုံးသည် လိမ့်သွားပြီး အမှတ် သင်္ကေတတစ်ခုသည် visual display unit ပေါ်တွင်ပေါ်သည်။ mouse ပေါ်ရှိ ခလုပ်များကို ဖိပေးခြင်းဖြင့် computer သို့ညွန် ကြားချက်များ ပေးသည်။

Motherboard
▪▪▪▪▪▪▪▪▪
ကွန်ပျူတာငယ်တစ်ခုတွင်ရှိသော ပင်မ printed circuit board ဖြစ်ပါသည်။ central processing unit နှင့် RAM တို့ကိုတပ်ဆင်ထားပြီး အများအားဖြင့် ထပ်မံတိုးချဲ့ တပ်ဆင်နိုင်သော အပေါက် slot များ ပါရှိပါသည်။

NUM lock key
▪▪▪▪▪▪▪▪
numeric lock ဖြစ်သည်။ ကွန်ပျူတာ ကီးဘုတ်တွင် ရှိသော key ဖြစ်သည်။ input ကို ဂဏန်းများ ထားသောနေရာ numeric keypad မှ ယူရန် ကွန်ပျူတာကို ပြောသောအခါ အသုံးပြုသည့် toggle switch ဖြစ်သည်။

Partition
▪▪▪▪▪▪▪
ကွန်ပျူတာ memory ကို ပုံသေအခန်းများအဖြစ်သို့ ခွဲခြမ်းသည်။ အခန်းခွဲတစ်ခုချင်းသည် program တစ်ခုသို့မဟုတ် program များကို ထိန်းသိမ်းသည်။ အခန်းတစ်ခုကို operating system အတွက်အသုံးပြုသည်။

Pointer
▪▪▪▪▪
(၁) Visual display ယူနစ်ပေါ်တွင် မိမိတို့လုပ်ငန်း ဆောင်ရွက်နေသောနေရာကို user အားပြသသည့် သင်္ကေတ။ cursor အမျိုးအစားဖြစ်သည်။ (၂) ဖိုင်ထဲတွင်ရှိသော မှတ်တမ်းများကို သိမ်းဆည်းထားသောနေရာကို ပြသောအရာ။ ပွိုင့်တာသည် မှတ်တမ်း၏ တည်နေရာ address ကို ပေးသည်။

Processor
▪▪▪▪▪▪
ပေါင်းစည်းလျှပ်စီးပတ်လမ်း (integrated circuit) တစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ ကွန်ပျူတာ၏ ဦး နှောက် ဟုလည်း ခေါ်သည်။ processor သည် data များကို အီလက်ထရွန်းနစ် အချက်ပြများ အဖြစ်ထား ၍ ဆောင်ရွက်ပြီး အဖြေများကို အချက်ပြအသစ်များအဖြစ် ထုတ်ပေးသည်။ microprocessor နှင့် အထူး processor များဖြစ်သော Math processor စသည်ဖြင့် processor အမျိုးမျိုးရှိသည်။

RAM
▪▪▪▪▪
Random Access Memory ၏ အတိုကောက်။ ကွန်ပျူတာ main Memory ၏ အစိတ်အပိုင်းတစ် ခုဖြစ်သည်။ data ကို RAM မှ လက်တန်းဖတ်၍ ရသည်။ ပေးထားသော အချိန်၌ ကွန်ပျူတာက အသုံးပြု ထားသော data နှင့် ပရိုဂရမ် များကို RAM က ထိန်းသိမ်းထားသည်။ RAM အများစုသည် ပျက်စီးလွယ် သည်။ ဆိုလိုသည်မှာ ကွန်ပျူတာကို ပိတ်လိုက်သောအခါ ပါ၀င်သော အချက်အလက်အားလုံး ပျောက် ကွယ်သွားသည့် သဘောပင်ဖြစ်သည်။ SRAM ခေါ် static RAM ကဲ့သို့ သောအချို့ RAM များသည် ကွန် ပျူတာကို ခလုတ်ပိတ်လိုက်သည့်တိုင်အောင် data ကို သိုလှောင်ပေးထားသည်။

Shift key
▪▪▪▪▪▪
ကွန်ပျူတာကီးဘုတ်ပေါ်တွင်ရှိသော ကီးဖြစ်သည်။ စာလုံးအကြီး upper case ကိုလိုအပ်သောအခါ ကွန်ပျူတာကို ခိုင်းသော ကီး ဖြစ်သည်။ ကီးဘုတ်၏ ထိပ်ပိုင်းရှိ ဂဏန်းများ၏ အပေါ်တွင်ရှိသော သင်္ကေတ အမှတ်အသားများကို ရွေးချယ်ရန် အတွက်လည်း သုံးသည်။

Software
▪▪▪▪▪▪
ကွန်ပျူတာ၏ hardware ကို လည်ပတ်စေရန် အသုံးပြုသော program များ၊ routine များနှင့် procedure များကို ပေးထားသော အမည်ဖြစ်သည်။ အဓိက software အမျိုးအစားသုံးမျိုးရှိသည်။ application software, System software နှင့် ထို ပရိုဂရမ်များကို ရေးသားရာတွင် အသုံးပြုသော Tool တို့ဖြစ်သည်။

Space bar
▪▪▪▪▪▪▪
ကွန်ပျူတာ ကီးဘုတ်ပေါ်တွင်ရှိသော ကီးတစ်ခုဖြစ်သည်။ ကီးဘုတ်၏ အောက်ဘက်တွင်ရှိသော ဘားရှည်ဖြစ်သည်။ space bar ကိုဖိပေးခြင်းဖြင့် hard space ကို input လုပ်ပေးသည်။

Credit > CKK နည်းပညာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


7/2. Lower Mingalardon Road. Insein Township. Yangon. Near Yangon Golf Club. Phone 09798242304. 09798242305
Yangon
11012

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00