Spring 春 Japanese Language Center

Spring 春 Japanese Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spring 春 Japanese Language Center, Language school, No. 12 2/F, လှည်းတန်းလမ်းမ , 3 ရပ်ကွက် , ကမာရွတ်မြိုနယ် (လှည်းတန်းcenter မျက်နှာချင်းဆိုင်), Yangon.
(1)

" စာပဲကျက်နေရတာ မဟုတ်ဘူးနော်! Spring မှာဆိုရင် ဒီလို ပျော်စရာ Activity လေးတွေပါ ရှိပါတယ်.. 🍙✨"ဂျပန်စာ N5 ကို ပျော်ပျော်ပ...
17/08/2026

" စာပဲကျက်နေရတာ မဟုတ်ဘူးနော်! Spring မှာဆိုရင် ဒီလို ပျော်စရာ Activity လေးတွေပါ ရှိပါတယ်.. 🍙✨"

ဂျပန်စာ N5 ကို ပျော်ပျော်ပါးပါးနဲ့ သေချာ ပိုင်ပိုင်နိုင်နိုင် လေ့လာချင်သူတွေအတွက် ဩဂုတ်လ (၂၄) ရက်နေ့ အတန်းသစ်တွေ စတော့မယ်နော်!

🔸 N5 Intensive Online Class (ရုံးချိန်လွတ်)
• Mon ~ Thu | 7:00 PM - 8:30 PM

🔸 BASIC + N5 Offline Class (မြောက်ဒဂုံကျောင်းခွဲ)
• Mon ~ Fri | 12:30 PM - 2:30 PM
• ပုံထဲကလို Uniform ရော ဖတ်စာအုပ်ပါ အခမဲ့ (Free) ရမှာပါ 🎁

🔥 Aug 18 မတိုင်ခင် အပ်ရင် [ 3 သောင်း Discount ] ပါ ရဦးမှာမို့ အခုပဲ Inbox ကို စာပို့လိုက်တော့နော်!

⚠️ URGENT : Hotel Tokutei အလုပ်ခေါ်စာ 🇯🇵ဒီနေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းပေးပါရန်! 🏨 အလုပ်နေရာ – Fukushima ခရိုင်💰 လ...
17/08/2026

⚠️ URGENT : Hotel Tokutei အလုပ်ခေါ်စာ 🇯🇵
ဒီနေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းပေးပါရန်!

🏨 အလုပ်နေရာ – Fukushima ခရိုင်
💰 လစာ – ¥185,000~

📌 လိုအပ်ချက်များ

• Hotel Tokuteiလက်မှတ်ရှိထားသူ
• JLPT N3 နှင့်အထက်ရှိသူ
• ကျား/မ - ၂ ဦး
• အသက် - ၃၀ အောက်
• ဂျပန်နိုင်ငံတွင် နှစ်ရှည်အလုပ်လုပ်နိုင်သူ

💼 အလုပ်တာဝန်များ

• ဧည့်ကြိုဝန်ဆောင်မှုပေးခြင်း
• ဧည့်သည်များအား ဟိုတယ်အတွင်း လမ်းညွှန်ပေးခြင်း
• အခန်းပြင်ဆင်ပေးခြင်း
• ဧည့်သည်များအား ဝန်ဆောင်မှုပေးခြင်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ အခြားတာဝန်များ

‼️သတ်မှတ်လူဦးရေပြည့်လျှင် ဖောင်ပိတ်ပါမည်။

📩 အသေးစိတ်အချက်အလက်များနှင့် လျှောက်ထားရန် Messenger မှာသွယ်မေးမြန်းနိုင်ပါတယ်။

☎️09783761000, 09783762000

မြောက်ဒဂုံကျောင်းခွဲ 🏫 : အမှတ်(၁၂၀၉)၊ ၃၅ရပ်ကွက် ၊ ပင်လုံလမ်းမကြီး၊ ဆက်သွယ်
ရေးမှတ်တိုင်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်
(ရွှေမိုးဖိနပ်ဆိုင်အပေါ်ထပ်)

#အလုပ်ခေါ်စာ

🏮 ဂျပန်နိုင်ငံရဲ့ နွေရာသီ ရိုးရာပွဲတော် "Obon (お盆)" အကြောင်း သိကောင်းစရာဩဂုတ်လလယ်မှာ ဂျပန်ရောက် ကျောင်းသား/သူတွေနဲ့ အလုပ...
14/08/2026

🏮 ဂျပန်နိုင်ငံရဲ့ နွေရာသီ ရိုးရာပွဲတော် "Obon (お盆)" အကြောင်း သိကောင်းစရာ

ဩဂုတ်လလယ်မှာ ဂျပန်ရောက် ကျောင်းသား/သူတွေနဲ့ အလုပ်လုပ်နေသူတွေ အလုပ်/ကျောင်းတွေ ခဏနားပြီး ခရီးထွက်ကြ၊ အိမ်ပြန်ကြတာကို သတိထားမိကြမှာပါ..

ဒါဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ "Obon Festival" ကြောင့်ပဲ ဖြစ်ပါတယ်။

🏮 Obon ပွဲတော်ဆိုတာ ဘာလဲ?

အိုဘွန်းပွဲတော်ဆိုတာ ဘိုးဘေးဘီဘင်၊ ကွယ်လွန်သူ ဆွေမျိုးမိတ်ဆွေတွေရဲ့ ဝိညာဉ်ရေးရာတွေကို ပြန်လည်ကြိုဆို ပူဇော်ကြတဲ့ ဂျပန်တို့ရဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်..

မြန်မာနိုင်ငံရဲ့ သီတင်းကျွတ်/တန်ဆောင်တိုင် ပွဲတော်တွေလိုပဲ မီးထွန်းပွဲတော် အငွေ့အသက်လေးတွေ ပါဝင်ပါတယ်..

📅 ဘယ်အချိန်မှာ ကျင်းပလေ့ရှိလဲ?

ဂျပန်နိုင်ငံရဲ့ တရားဝင် အစိုးရရုံးပိတ်ရက် (National Holiday) မဟုတ်ပေမဲ့ နှစ်စဉ် ဩဂုတ်လ ၁၃ ရက်ကနေ ၁၆ ရက် အထိကို ကုမ္ပဏီ၊ ရုံးနဲ့ ကျောင်းအများစုက "Obon Holiday" အဖြစ် သတ်မှတ်ပြီး ပိတ်ပေးလေ့ရှိပါတယ်။

🌟 အိုဘွန်းပွဲတော်ရဲ့ ထူးခြားတဲ့ အလေ့အထများ

Mukae-bon (迎え盆) - ဩဂုတ် ၁၃ ရက်:

ဝိညာဉ်တွေကို အိမ်သို့ လမ်းမမှားဘဲ ပြန်လာနိုင်ဖို့ အိမ်ရှေ့မှာ မီးပုံ (Mukae-bi) လေးတွေ ထွန်းပြီး ကြိုဆိုကြပါတယ်။

Shōryō-uma (精霊馬) - သခွားသီးနဲ့ ခရမ်းသီး ရုပ်တုများ:

သခွားသီးမှာ သွားကြားထိုးတံစိုက်ပြီး "မြင်း"၊ ခရမ်းသီးမှာ စိုက်ပြီး "နွား" ပုံစံ လုပ်ကြပါတယ်။ ဘိုးဘေးတွေ အိမ်ကို အမြန်ဆုံး ပြန်လာနိုင်အောင် "မြင်း" နဲ့ ကြိုပြီး၊ ပြန်ကြတဲ့အခါ ဖြည်းဖြည်းချင်း ငြိမ်းချမ်းစွာ ပြန်နိုင်အောင် "နွား" နဲ့ နှုတ်ဆက်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Bon Odori (盆踊り):

ညဘက်တွေမှာ ရိုးရာဝတ်စုံ (Yukata) လေးတွေ ဝတ်၊ ရိုးရာတေးဂီတတွေနဲ့အတူ ဝိုင်းဖွဲ့ ကကြတဲ့ ပျော်စရာ ရိုးရာအက ပွဲတော်ဖြစ်ပါတယ်။

Okuri-bon (送り盆) - ဩဂုတ် ၁၆ ရက်:

ပွဲတော်ပြီးဆုံးချိန်မှာတော့ ဝိညာဉ်တွေကို နှုတ်ဆက်တဲ့အနေနဲ့ မီးပုံ (Okuri-bi) ထွန်းတာ၊ ဒါမှမဟုတ် မြစ်/ပင်လယ်ထဲ မီးအိမ်မျှော (Tōrō Nagashi) တာတွေကို ပြုလုပ်ကြပါတယ်။

✨ ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားသူများနဲ့ ဂျပန်စာ လေ့လာနေသူများအတွက် ဗဟုသုတရရှိပါစေနော်။

ONLINE လား? OFFLINE လား?အချိန်မရှိဘူး၊ အလုပ်မအားဘူးဆိုတာ အကြောင်းပြချက် မဟုတ်တော့ဘူးနော်..✔️ Spring မှာ လူကိုယ်တိုင်တက်မ...
13/08/2026

ONLINE လား? OFFLINE လား?

အချိန်မရှိဘူး၊ အလုပ်မအားဘူးဆိုတာ အကြောင်းပြချက် မဟုတ်တော့ဘူးနော်..

✔️ Spring မှာ လူကိုယ်တိုင်တက်မလား?
✔️ ရုံးချိန်လွတ် အိမ်မှာပဲ Online ကတက်မလား?

ကြိုက်တာရွေးပြီး AUGUST လ (24) ရက်နေ့ မှာ အမြန်ဆုံး စတင်လိုက်တော့❗️

🔸 BASIC + N5 Offline Class (ကျောင်းမှာ စနစ်တကျ သင်ယူမယ်)

သင်တန်းရက်: တနင်္လာ မှ သောကြာ (Mon ~ Fri)
သင်တန်းအချိန်: နေ့လည် 12:30 PM ~ 2:30 PM (၃ လခွဲ)
သင်တန်းကြေး: 220,000 Ks (ဖတ်စာအုပ်ရော Uniform ပါ အခမဲ့)

🔸 BASIC + N5 Online Class (အိမ်မှာနေရင်း ရုံးချိန်လွတ် တက်မယ်)

သင်တန်းရက်: တနင်္လာ မှ ကြာသပတေး (Mon ~ Thu)
သင်တန်းအချိန်: ညနေ 7:00 PM ~ 8:30 PM (၃ လခွဲ)
သင်တန်းကြေး: 200,000 Ks (ကျောင်းလာစရာမလို၊ ခရီးစရိတ်မကုန်ဘဲ ရုံးချိန်/ကျောင်းချိန်လွတ် အေးဆေးတက်)

🚨Early Bird Promotion !

18 ရက်နေ့မတိုင်ခင် အမြန်ဆုံး စာရင်းပေးသွင်းသူ ပထမဆုံး (၅) ယောက် သာလျှင် သင်တန်းကြေး 20,000Ks DISCOUNT ထပ်ရမှာဖြစ်လို့ နှေးနေရင်တော့ အခွင့်အရေး လက်လွတ်သွားပါလိမ့်မယ်! 🏃💨

☎️ : 09783761000 , 09783762000

• မြောက်ဒဂုံကျောင်းခွဲ 🏫 : အမှတ်(၁၂၀၉)၊ ၃၅ရပ်ကွက် ၊ ပင်လုံလမ်းမကြီး၊ ဆက်သွယ်ရေးမှတ်တိုင်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန် (ရွှေမိုးဖိနပ်ဆိုင်အပေါ်ထပ်)

#ဂျပန်စာ #ဂျပန်

💥 ကျောင်းလခ 80% ထောက်ပံ့ကြေးရရှိမယ့် -🎌 2027 April Intake – Shinbun Scholar (သတင်းစာစကော်လာ) နောက်ဆုံးအသုတ် ခေါ်ယူခြင်း ...
13/08/2026

💥 ကျောင်းလခ 80% ထောက်ပံ့ကြေးရရှိမယ့် -

🎌 2027 April Intake – Shinbun Scholar (သတင်းစာစကော်လာ) နောက်ဆုံးအသုတ် ခေါ်ယူခြင်း 🇯🇵

အကြောင်းအမျိုးမျိုးကြောင့် ပထမအသုတ်မှာ မလျှောက်လိုက်ရတဲ့သူတွေအတွက် ကျောင်းလခ 80% အထိ ထောက်ပံ့ပေးမည့် စကော်လာရှစ် နောက်ဆုံးလက်ကျန်နေရာ (Final Call) ရောက်ရှိလို့လာပါပြီ!

လူဦးရေ ပြည့်လုနီးပါး ဖြစ်နေပြီမို့ အခွင့်အရေးကို လက်မလွတ်ဘဲ အခုပဲ အမြန်ဆုံး လာရောက်လျှောက်ထားလိုက်ပါ။

📌 လျှောက်ထားရန် လိုအပ်ချက်များ

✅ အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း (ကျား/မ မရွေး)
✅ Passport (PV) ရှိပြီးသား ဖြစ်ရပါမည်။
✅ အထက်တန်း အောင်မြင်ထားသူ ဖြစ်ရပါမည်။
✅ JLPT N4 နှင့်အထက် အောင်မြင်ထားသူ ဖြစ်ရပါမည်။
✅ ကျန်းမာရေးကောင်းမွန်ပြီး စည်းကမ်းလိုက်နာနိုင်သူ ဖြစ်ရပါမည်။
✅ Language School (၂) နှစ်တာကို စိတ်အားထက်သန်စွာ တက်ရောက်နိုင်သူ ဖြစ်ရပါမည်။

⚠️ လူဦးရေ ကန့်သတ်ထားသဖြင့် နေရာပြည့်ပါက စာရင်းပိတ်ပါမည်။

📍 မြောက်ဒဂုံကျောင်းခွဲ – အမှတ် (၁၂၀၉)၊ ၃၅ ရပ်ကွက်၊ ပင်လုံလမ်းမကြီး၊ ဆက်သွယ်ရေးမှတ်တိုင်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန် (ရွှေမိုးဖိနပ်ဆိုင်အပေါ်ထပ်)

☎️ 09 783761000
09 783762000

Spring ရဲ့ JOT Exam ဖြေဆိုခဲ့ကြတဲ့ ကျောင်းသား (၅) ယောက်လုံး အောင်မြင်မှုနဲ့အတူ ဂျပန်နိုင်ငံဆီ သွားကြစို့ 🚀☎️ 09783761000...
12/08/2026

Spring ရဲ့ JOT Exam ဖြေဆိုခဲ့ကြတဲ့ ကျောင်းသား (၅) ယောက်လုံး အောင်မြင်မှုနဲ့အတူ ဂျပန်နိုင်ငံဆီ သွားကြစို့ 🚀

☎️ 09783761000 , 09783762000

📍 မြောက်ဒဂုံကျောင်းခွဲ: အမှတ် (၁၂၀၉)၊ ၃၅ ရပ်ကွက်၊ ပင်လုံလမ်းမကြီး၊ ဆက်သွယ်ရေးမှတ်တိုင် (ရွှေမိုးဖိနပ်ဆိုင်အပေါ်ထပ်)

🇯🇵 Training စိုက်ပျိုးရေးအလုပ်ခေါ်စာ အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပါပြီ❗️🌟 Spring ကျောင်းသားများဦီးစားပေးပါမည် ⭐️လျှော...
12/08/2026

🇯🇵 Training စိုက်ပျိုးရေးအလုပ်ခေါ်စာ အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပါပြီ❗️

🌟 Spring ကျောင်းသားများဦီးစားပေးပါမည် ⭐️

လျှောက်ထားလိုသူများ

✔️ နာမည်
✔️ မွေးသက္ကရာဇ်
✔️ ဓာတ်ပုံ ( 3cm *4cm ဓါတ်ပုံ နောက်ခံအဖြူ )
✔️ ဂျပန်စာအောင်လက်မှတ်
✔️ ပညာအရည်အချင်း

စတဲ့အချက်အလက်များကို Scan ဒေတာ ပေးပို့၍ အမြန်ဆုံးလျှောက်ထားလိုက်ပါ‼️

( Kaiwa ရတဲ့သူဦးစားပေးပါမည် )

❗️အလုပ်နေရာ - Kagawaခရိုင်

❗️Interview training (Free) တက်ရောက်ပေးနိုင်သူသာလက်ခံပေးသွားပါမည်။❗️

✨SJTC - Your Bridge To Japan 🇯🇵

‼️ သက်မှတ်လူဦးရေပြည့်တာနဲ့ ဖောင်ပိတ်မှာဖြစ်လို့ အမြန်ဆုံးလာရောက်လျှောက်ထားလိုက်ပါ ‼️

📩 09783761000/ 09783762000

📍 လိပ်စာ – အမှတ် ၁၂၀၉၊ ၃၅ ရပ်ကွက်၊ ပင်လုံလမ်းမကြီး၊ ဆက်သွယ်ရေးမှတ်တိုင်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့ ( ရွှေမိုးဖိနပ်ဆိုင်အပေါ်ဆုံးထပ်)

#ဂျပန်စာလေ့လာကြမယ် #စိုက်ပျိုးရေး

Edit - သတ်မှတ်လူဦးရေပြည့်သွားပါပြီရှင့်..(အလုပ်ခေါ်စာတွေဝင်နေတာမို့ ကြိုတင်ဖောင်တင်ချင်သူများ မြောက်ဒဂုံကျောင်းကိုလာတင်ထ...
11/08/2026

Edit - သတ်မှတ်လူဦးရေပြည့်သွားပါပြီရှင့်..
(အလုပ်ခေါ်စာတွေဝင်နေတာမို့ ကြိုတင်ဖောင်တင်ချင်သူများ မြောက်ဒဂုံကျောင်းကိုလာတင်ထားလို့ရပါတယ်..)

‼️Training ဆောက်လုပ်ရေး (ကျား) 2ဦးအမြန်အလိုရှိပါသည်‼️

လူဦးရေ - ကျား(၂) ဦး
နေရာ - Osaka
လစာ - 210,000円 ~
လိုအပ်ချက် - JLPT N4 passed N3 level
- (N3 Passed ဦးစားပေးမည်)


🔺 Interview Training ( Free ) တက်ရောက်ပေးနိုင်ရပါမည်
🔺 ဖောင်ဖြည့်ရန် ကျောင်းသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားပေးနိုင်ရပါမည်

✨SJTC - Your Bridge To Japan 🇯🇵

‼️ သက်မှတ်လူဦးရေပြည့်တာနဲ့ ဖောင်ပိတ်မှာဖြစ်လို့ အမြန်ဆုံးလာရောက်လျှောက်ထားလိုက်ပါ ‼️

📩 အသေးစိတ်သိရှိလိုပါက 09783761000/ 09783762000 (သို့)
Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📍 လိပ်စာ – အမှတ် ၁၂၀၉၊ ၃၅ ရပ်ကွက်၊ ပင်လုံလမ်းမကြီး၊ ဆက်သွယ်ရေးမှတ်တိုင်၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့ ( ရွှေမိုးဖိနပ်ဆိုင်အပေါ်ဆုံးထပ်)

#ဂျပန်စာလေ့လာကြမယ် #ဆောက်လုပ်ရေး #ဆောက်လုပ်ရေးအလုပ်ခေါ်စာ

Shinbun Scholarship  4 ယောက်ဖြေ - 4 ယောက်လုံးအောင် !!Final Interview ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ကြတဲ့ ကလေး ...
07/08/2026

Shinbun Scholarship 4 ယောက်ဖြေ - 4 ယောက်လုံးအောင် !!

Final Interview ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ကြတဲ့ ကလေး ၄ ယောက်လုံးအတွက် အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်…

Congratulations ပါနော်! 🥳

ရှေ့ဆက်ရမယ့် ပညာရေးခရီးမှာလည်း အခုလိုပဲ အောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်ပါစေ။

📣 ကျောင်းသားတွေထပ်ခေါ်နေသေးတာဖြစ်တဲ့အတွက် -

Shinbun Scholarship ကို 🔸 N5အောင်/ N4 Level 🔸 ရှိတဲ့ လျှောက်ထားချင်တဲ့ ကလေးတွေအတွက်လည်း အခွင့်အရေးရှိသေးတာမို့ Messenger ကနေ အမြန်ဆုံး လာရောက်စုံစမ်း လျှောက်ထားနိုင်ပါတယ်နော်

☎️ : 09783761000 , 09783762000

#သတင်းစာစကော်လာ

⚠️ August 10 ရက်နေ့တွင် မြောက်ဒဂုံကျောင်းခွဲ (၁) ရက် ပိတ်ပါမယ်ရှင့်..၁၀ ရက်နေ့ စဖွင့်ဖို့ သတ်မှတ်ထားတဲ့ မြောက်ဒဂုံကျောင်...
07/08/2026

⚠️ August 10 ရက်နေ့တွင် မြောက်ဒဂုံကျောင်းခွဲ (၁) ရက် ပိတ်ပါမယ်ရှင့်..

၁၀ ရက်နေ့ စဖွင့်ဖို့ သတ်မှတ်ထားတဲ့ မြောက်ဒဂုံကျောင်းခွဲက အတန်းတွေကိုတော့ August 11 ရက်နေ့မှ စတင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်..

✅ အတန်းသစ် စာရင်းပေးဖို့နဲ့ စုံစမ်းချင်တာတွေကိုတော့ Messenger ကနေ ပုံမှန်
အတိုင်း မေးလို့ရပါတယ်နော်..

လှည်းတန်းကျောင်းခွဲကတော့ ပုံမှန်အတိုင်း ဖွင့်ထားတာမို့ လှည်းတန်းမှာ လာစုံစမ်းလို့ ရပါတယ်ရှင့်။ ❤️

#အတန်းသစ်

Address

No. 12 2/F, လှည်းတန်းလမ်းမ , 3 ရပ်ကွက် , ကမာရွတ်မြိုနယ် (လှည်းတန်းcenter မျက်နှာချင်းဆိုင်)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959898390586

Website

Alerts

Be the first to know and let us send you an email when Spring 春 Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Spring 春 Japanese Language Center:

Shortcuts

Share