24/09/2023
❝ Preposition of Time ❞
- အချိန်ကာလ တစ်ခုခုကို ဖော်ပြပေးသော ပုဒ် သို့မဟုတ် ပုဒ်အစုအပေါင်းကို ချိတ်ဆက်ပေးသော ဝိဘတ်ကိုအချိန်ကာလပြဝိဘတ် (Preposition of Time) လို့ခေါ်ပါတယ်။
- In, On, At
ဒီ Preposition (၃) လုံးကတော့ အချိန်ကာလနှင့်ပက်သက်သမျှ နာမ်၊ နာမ်စား၊ နာမ်အစုအပေါင်းတွေကိုချိတ်ဆက်ပေးတဲ့ Preposition of Time တွေပဲ ဖြစ်ပါတယ်။
ကဲ... ဒါဆို တစ်မျိုးချင်းစီကို ပိုပြီး အသေးစိတ် လေ့လာကြည့်ရအောင် …
In
- "In" ကို Preposition of Time အနေနဲ့သုံးတဲ့ အခါ ဘယ်လိုအခါမှာ ဘယ်လိုအချိန်တွေမှာ သုံးကြမလဲ❓
- နေ့ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မနက်၊နေ့လည်၊ ညနေ စတဲ့ အချိန်တွေနဲ့ ရှည်ကြာတဲ့ အချိန်အပိုင်းအခြားတွေဖြစ်တဲ့ လ၊ နှစ်၊ ရာသီ၊ ဆယ်စုနှစ်၊ ရာစုနှစ်၊ အတိတ်၊ အနာဂတ် စတာတွေကို ချိတ်ဆက်ပေးတဲ့အခါမျိုးမှာ သုံးပါတယ်။
Eg: I usually relax in the evening.
In summer it's too hot to do anything.
I'm always really busy in December.
(in 2016, in the 21st century, in the 80s, in the past, in the future, in the last few years/months/weeks/days)
On
- "On" ကိုတော့ နေ့စွဲ၊ နေ့ရက်တွေနဲ့ တွဲသုံးရပါတယ်၊ တစ်ပတ်စာ နေ့ရက်တွေ၊ ပြက္ခဒိန်ထဲက နေ့စွဲတွေ၊ မွေးနေ့တွေ စတဲ့ နေ့ရက်တွေကို ဖော်ပြချင်တဲ့အခါ သုံးနိုင်ပါတယ်။
Eg: On Fridays, I have a long lunch.
It's his birthday on 19 October.
(on Monday/Tuesday, on my birthday, on New Year's Day, on 30 July, on the second of August)
At
- မြန်မာလို ဘာသာပြန်ရင်တော့ ငယ်စဉ်က "၌၊ မှာ၊ တွင်၊ ဝယ်" ဆိုပြီး မှတ်ခဲ့သလိုပါပဲ။
- English မှာ "At" ကို Preposition of Time အနေနဲ့ သုံးတဲ့အခါမှာရော ဘယ်လိုခွဲခြားပြီး ချိတ်ဆက်သုံးပေးရမလဲ?
- "At" ကိုတော့ အချိန်နာရီ၊ အစာစားချိန်၊ နားချိန်၊ ပိတ်ရက် စတာတွေနဲ့ တွဲသုံးပါတယ်။
- ထူးထူးခြားခြားအနေနဲ့ "Christmas, Easter" စတဲ့နေ့ထူးနေ့မြတ်တွေကို ဖော်ပြတဲ့အခါမှာလည်း "At" ပဲသုံးကြပါတယ်။
Eg: I get up at 6.30 a.m. and go for a run.
She doesn't like to leave the office at lunchtime.
The weather is very cold here at Christmas.
At Chinese New Year, many people go home to their families.
ဒီ In, On, At ကို များသောအားဖြင့်တော့ အချိန်ကာလအလိုက် ကာလ အရှည်ကြာဆုံးမှ အတိုဆုံးဆိုပြီး ခွဲခြားကြပါတယ်။
ဒီလောက်ဆို In, On, At ကို ဘယ်နေရာတွေမှာသုံးလဲ သေချာသိသွားလောက်ပါပြီ။ နောက်ထပ်လည်း ဒီလိုမျိုး အကြောင်းအရာတွေမျှဝေပေးမှာမို့ Page မှာ ဘာတင်မလဲ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။