Study With Wint Htet

Study With Wint Htet Education

皆さん、こんばんは🌠⛩️ဒီနေ့မှာတော့ N5 / N4 Level ရဲ့ Grammar ‌တွေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ Form ပြောင်းနည်းကို လေ့လာလို့ရမယ့် You ...
17/04/2022

皆さん、こんばんは🌠⛩️

ဒီနေ့မှာတော့ N5 / N4 Level ရဲ့ Grammar ‌တွေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ Form ပြောင်းနည်းကို လေ့လာလို့ရမယ့် You Tube Channel တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အခုပြောပြပေးမယ့် しのせんせい ( You Tube Channel ) ထဲမှာဆိုရင် Form ပြောင်းနည်းတစ်ခုချင်းစီကို Flash Card ပုံစံမျိုးနဲ့နားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်။

Dictionary Form ( じしょ形 )
http://youtube.com/watch?v=w_Hp2hVkjuE&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=3

Te Form ( て形 )
https://www.youtube.com/watch?v=i2Qw_lv0IfE&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=1

Nai From ( ない形 )
https://www.youtube.com/watch?v=Z4LGJjIgIg0&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=2

Ta From ( た形 )
https://www.youtube.com/watch?v=-5lLDfW_-Cw&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=4

Plain Form ( ふつう形 )
https://www.youtube.com/watch?v=0ysO3ZCDAaw&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=6

Potential Form ( かのう形 )
https://www.youtube.com/watch?v=Nk8CFlwqdpI&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=7

Volitional Form ( いこう形 )
https://www.youtube.com/watch?v=PVICn-mATlY&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=8

Imperative Form ( めいれい形 )
https://www.youtube.com/watch?v=3i7olo5bxho&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=9

Condition Form ( じょうけん形 )
https://www.youtube.com/watch?v=c_wmp_DBj-8&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=10

Passive Verbs ( うけい どうし )
https://www.youtube.com/watch?v=JCmn2tQpb-c&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=11

Causative Verbs ( しえき どうし )
https://www.youtube.com/watch?v=mHk04Cc1cmw&list=PLJov1NnDE_N-jymLWDz5IKFJCtLLk8FjN&index=12

Links များကိုတစ်စုတစ်စည်းတည်း ပြုလုပ်ပေးထားတာမို့ လေ့လာရတာအဆင်ပြေကြမှာပါ။

နောက်နေ့မှာလည်း နောက်ထပ်အကြောင်းအရာကို ထပ်မံပြောပြပေးသွားမှာမို့ စောင့်မျှော်ပေးကြပါအုန်းရှင့်.....

Hello ....Hello !!! 📚⛩️ဒီနေ့မှာတော့ ဂျပန်စာအုပ်တွေကို အများကြီးတစ်စုတစ်စည်းတည်း Download လုပ်လို့ရမယ့် Website တစ်ခုညွှန...
31/03/2022

Hello ....Hello !!! 📚⛩️

ဒီနေ့မှာတော့ ဂျပန်စာအုပ်တွေကို အများကြီးတစ်စုတစ်စည်းတည်း Download လုပ်လို့ရမယ့် Website တစ်ခုညွှန်းပေးချင်ပါတယ်။ PDF File Download ဆွဲပြီး လေ့လာနေသူများအတွက်လည်း အသုံးဝင်မယ့် Website ပဲဖြစ်ပါတယ်။

JLPT လည်းအတွက်လည်းအသုံးဝင်မယ့် Practice Books တွေလည်းအများကြီးရှိပါတယ်။ Website ထဲမှာဆိုရင် N5 to N1 စာအုပ်ပေါင်းများစွာရှိပါတယ်။
Website Link 🔎
https://freejapanesebooks.com/

⬇️Download လုပ်နည်း⬇️

ကိုယ်လိုချင်တဲ့စာအုပ်ကိုရှာပါ။ပြီးရင်ပေးထားတဲ့ အကွက်လေးတွေမှာ ကိုယ့်နာမည်ရယ် ၊ အီးမေးလ်လိပ်စာရယ်ထည့်ပြီး "Send Download Link"နှိပ်လိုက်ရင်ရပါပြီ။
ကိုယ်လိုချင်တဲ့စာအုပ် Download လုပ်ရမယ့် Link ကို မေးလ်ချက်ချင်းပို့ပေးပါလိမ့်မယ်။

Thank You ...

24/03/2022

What To Say " When You Leave Home Or Come Home " In Japan 🏡🇯🇵

အိမ်ကနေအပြင်သွားတဲ့အခါ နဲ့ အိမ်သို့ပြန်လာတဲ့အခါ ပြောတဲ့ဂျပန်လိုအပြန်အလှန်နှုတ်ဆက်ပြောစကားများ

1. いってきます - သွားလိုက်ပါအုန်းမယ်။

2. いってらっしゃい - ကောင်းကောင်းသွားပါ။

3. ただいま - ပြန်ရောက်ပါပြီ။

4. おかえりなさい - ကြိုဆိုပါတယ်။

🔸 တစ်ယောက်ယောက်အိမ်အလည်သွားသောအခါ

1. おじゃまします - ကျေးဇူးပြု၍ ဝင်ခွင့်ပြုပါ။

2. おじゃましました - အနှောင့်အယှက်ပေးမိပြီ။


皆さん、こんにちは ⛩️📚ဒီနေ့မှာ ထပ်ပြီးတော့ N5 Grammar မှာပါတဲ့ Grammar Notes တွေကိုထပ်မံ Sharing လုပ်ပေးမှာပါ။ဒီနေ့ပြောပြပေးမယ့် ...
18/03/2022

皆さん、こんにちは ⛩️📚

ဒီနေ့မှာ ထပ်ပြီးတော့ N5 Grammar မှာပါတဲ့ Grammar Notes တွေကိုထပ်မံ Sharing လုပ်ပေးမှာပါ။

ဒီနေ့ပြောပြပေးမယ့် Grammar Notes ကတော့ N5 Minna no nihongo ဖတ်စာအုပ်ထဲက Lesson - 12 မှာပါတဲ့ Grammar ပဲဖြစ်ပါတယ်။

Grammar Pattern လေးအရင်ပြောကြရအောင်....

Noun と Noun と どちらが Adj ですか。
Noun နှင့် Noun နှင့် ဘယ်ဟာကို Adj လဲ။

ဒီလိုမေးလာလျှင် အဖြေဖြေနည်း ( ၂ ) မျိုးရှိတယ်။

🔹 နှစ်မျိုးနှိုင်းယှဉ်မေးခြင်းဖြစ်၍ တစ်ခုခုကိုရွေးချယ်ဖြေမယ်ဆိုရင်
1. Noun のほうが Adj です。
Noun ကိုပိုပြီး Adj ဖြစ်သည်။

🔹 နှစ်ခုစလုံးလို့ ဖြေမယ်ဆိုရင်
2. どちらも Adj です。
ဘယ်ဟာမဆို ၊ နှစ်မျိုးစလုံး Adj ဖြစ်သည်။

れい⇛ あかと あおと どちらが すきですか。
အနီနှင့် အပြာနှင့် ဘယ်ဟာကိုကြိုက်လဲ။

あかのほうが すきです。
အနီကိုပိုပြီး ကြိုက်တယ်။

どちらも すきです。
ဘယ်ဟာမဆို ၊ နှစ်မျိုးစလုံးကြိုက်တယ်။

ဒီနေ့ Sharing လုပ်ပေးတဲ့ Grammar အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်🌿⛩️

🔸 これ、それ、あれ အကြောင်း
https://www.facebook.com/107780734941482/posts/142910074761881/

🔸 あげます、もらいます အကြောင်း
https://www.facebook.com/107780734941482/posts/143956434657245/

🔸 もう + Verb ました အကြောင်း
https://www.facebook.com/107780734941482/posts/149022270817328/

🔸 ~ます、~ません、~ました、ませんでした အကြောင်း
https://www.facebook.com/107780734941482/posts/156593266726895/


Hello Hello !!! ⛩️အခုတစ်ခေါက်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Japanese Learner အတွက် အသုံးပြုလို့ရမယ့် Sharing တစ်ခုပဲဖြ...
17/03/2022

Hello Hello !!! ⛩️

အခုတစ်ခေါက်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Japanese Learner အတွက် အသုံးပြုလို့ရမယ့် Sharing တစ်ခုပဲဖြစ်ပါတယ် 🤭❣️

" How To Write Your Name In Japanese " ဆိုပြီး ခေါင်းစဉ်လေးပေးထားပါတယ်။

ကိုယ်တိုင်က ဂျပန်စာလေ့လာနေတဲ့သူဖြစ်တဲ့အတွက် ကိုယ့်နာမည်ကို ဂျပန်လိုရေးချင်ကြမှာအမှန်ပါပဲ.....

🔹 ကိုယ့်နာမည်ကို ရေးတဲ့အခါ Katakana စာလုံးတွေရေးရမှပဲဖြစ်ပါတယ် ။

အခုပြောပြပေးမယ့် Link ထဲဝင်ပြီး ကိုယ့်နာမည်ကို အဂ်လိပ်လိုရိုက်ထည့်လိုက်တာနဲ့ ဂျပန်လိုပေါ်လာမှာပဲ ဖြစ်ပါတယ် ဒါ...ဒါ....

https://japanga.com/name-converter

အသံထွက်ကတော့ ဂျပန်လိုဖြစ်တဲ့အတွက် အနည်းငယ်ပဲ တူမှာပါရှင့်🌿

Japanese Learner တွေကိုယ်နာမည်ကို ဂျပန်လို Comment မှာရေးပြပေးထားပါဦး❣️

皆さん、こんにちは ⛩️📚お元気ですか !!!ဒီနေ့မှာတောဘ N5 Grammar မှာပါတဲ့ Grammar Notes တွေကိုထပ်မံ Sharing လုပ်ပေးမှာပါ။ဒီနေ့ပြောပြပေးမယ့...
17/03/2022

皆さん、こんにちは ⛩️📚
お元気ですか !!!

ဒီနေ့မှာတောဘ N5 Grammar မှာပါတဲ့ Grammar Notes တွေကိုထပ်မံ Sharing လုပ်ပေးမှာပါ။

ဒီနေ့ပြောပြပေးမယ့် Grammar Notes ကတော့ N5 Minna no nihongo ဖတ်စာအုပ်ထဲက Lesson - 4 မှာပါတဲ့ Grammar ပဲဖြစ်ပါတယ်။

ဒီနေ့ပြောပြပေးမယ့် Grammar ကိုအလွတ်ဒီလိုလေးကျက်ရအောင်.....
ます - သည်
ません - ဘူး
ました - ခဲ့သည်
ませんでした - ခဲ့ဘူး

အခုလိုကျက်ပြီးပြီဆိုရင် သူ့ကိုအသုံးပြုပုံလေးကြည့်ရအောင်....

〜ます ( သည် )

〜ます ကိုဖြုတ် 〜ません ပေါင်း ( ဘူး ) အငြင်း

〜ます ကိုဖြုတ် 〜ました ပေါင်း ( ခဲ့သည် ) အတိတ်

〜ます ကိုဖြုတ် 〜ませんでした ပေါင်း ( ခဲ့ဘူး ) အတိတ်အငြင်း

🔹 မေးခွန်းမှာအတိတ်နဲ့မေးလို့ ကိုယ်ကငြင်းမယ်ဆိုရင် 〜ません ( ဘူး ) ဆိုတဲ့ရိုးရိုးအငြင်းနဲ့မငြင်းဘဲ 〜ませんでした ( အတိတ်အငြင်း ) နဲ့ငြင်းရမယ်။

🔹~ます/~ません အသုံးပြုပုံ

れい⇒あした はたらきますか。
မနက်ဖြန် အလုပ်လုပ်မှာလား။

はい、はたらきます。
ဟုတ်ကဲ့ အလုပ်လုပ်မယ်။

いいえ、はたらきません。
ဟင့်အင်း အလုပ်မလုပ်ဘူး။

🔹~ました/~ませんでした အသုံးပြုပုံ

れい⇒きのう はたらきましたか。
မနေ့ကအလုပ်လုပ်ခဲ့လား။

はい、はたらきました。
ဟုတ်ကဲ့ အလုပ်လုပ်ခဲ့တယ်။

いいえ、はたらきませんでした。
ဟင့်အင်း အလုပ်မလုပ်ခဲ့ဘူး။

ဒီနေ့ Sharing လုပ်ပေးတဲ့ Grammar ကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

🔸 これ、それ、あれ အကြောင်း
https://www.facebook.com/107780734941482/posts/142910074761881/

🔸 あげます、もらいます အကြောင်း
https://www.facebook.com/107780734941482/posts/143956434657245/

🔸 もう + Verb ました အကြောင်း
https://www.facebook.com/107780734941482/posts/149022270817328/


N4 Minna no nihongo -2 Textbook Answer ( れんしゅう B - C ) 📚⛩️အခန်း ၂၆ မှ ၅၀ အထိ အကုန်ပါပါတယ်ရှင့်။လိုချင်သူများအတွက် ပြန်လည...
16/03/2022

N4 Minna no nihongo -2 Textbook Answer ( れんしゅう B - C ) 📚⛩️

အခန်း ၂၆ မှ ၅၀ အထိ အကုန်ပါပါတယ်ရှင့်။
လိုချင်သူများအတွက် ပြန်လည် Sharing လုပ်ပေးတာပါ။

N4 Minna no nihongo Textbook ( かいわ )
https://m.facebook.com/story.php?story_fbid=151644820555073&id=107780734941482

N4 Minna no nihongo Textbook Vocabulary ( ことば )
https://www.facebook.com/107780734941482/posts/155656943487194/


Edit - စာရင်းပိတ်ပါပြီ။"𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐁𝐚𝐬𝐢𝐜 𝐅𝐫𝐞𝐞 𝐂𝐥𝐚𝐬𝐬 " 📚⛩️Study With Wint Htet Page မှ Japanese Basic ပညာဒါနအတန်းလေး ဖွင့်ပ...
13/03/2022

Edit - စာရင်းပိတ်ပါပြီ။

"𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐁𝐚𝐬𝐢𝐜 𝐅𝐫𝐞𝐞 𝐂𝐥𝐚𝐬𝐬 " 📚⛩️

Study With Wint Htet Page မှ Japanese Basic ပညာဒါနအတန်းလေး ဖွင့်ပါပြီ🇯🇵

✅အခြေခံကစပြီး ဂျပန်စာကိုစနစ်တကျလေ့လာချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးဖွင့်ထားတာပါ။

𝐂𝐥𝐚𝐬𝐬 𝐃𝐞𝐭𝐚𝐢𝐥𝐬 👩‍🏫

🔸 Basic Free Class ကတော့ " 10 Days " ပဲဖြစ်ပါတယ်။

ဒီဆယ်ရက် အတွင်းမှာ သင်ကြားပေးမှာကတော့......

1. Japanese Alphabets
2. Greetings
3. Number Counting
4. Ages
5. Time ( Hour , Minute , Second )
6. Days of Week
7. Months , Years

စသည်ဖြင့် စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ် 👩‍🏫

အတန်းက Video Class ဖြစ်တဲ့အတွက်စာသေချာလိုက်လုပ်ပြီး အိမ်စာပုံမှန်ထပ်ဖို့အရေးကြီးပါတယ်📝

🔸 ဆယ်ရက်အတွင်းစာပုံမှန်လုပ်ပြီးအိမ်စာထပ်သူများအတွက် N5 Class " Scholar " ရှိပါတယ်။

" အတန်းအပ်ဖို့ ဘာတွေလုပ်ရမလဲ " ❓

🔹 အခြား Learner တွေလဲသိရှိရအောင်
Postကို Pu blic နဲ့ Shareပေးပါ။

🔹နောက်ထပ်အနေနဲ့ Page Cbမှာ Basic Free Class လို့ပို့‌ရပါမယ်။ သက်ဆိုင်ရာ Groupထဲ ထည့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အခြားသိချင်တာတွေရှိရင်လဲ Page Cb မှာလာမေးထားလို့ရပါတယ်။

15.3.2022 နောက်ဆုံးထား၍အပ်နှံပေးပါ။


13/03/2022

5 Phrases Using " What " In Japanese ❓🇯🇵
ဂျပန်လို " What " ကိုအသုံးပြုတဲ့စကားစု ၅ စု

1. What 's your name ❓နာမည်ဘယ်လိုခေါ်လဲ။
お名前 何ですか ?
( おなまえなん ですか )

2. What did you say ❓ ဘာပြောလိုက်တာလဲ။
何ですか ?
( なんですか )

3. What time is it ❓ ဘယ်နာရီလဲ။
何時ですか ?
( なんじですか )

4. What is this ❓ ဒါကဘာလဲ။
これは何ですか ?
( これはなんですか )

5. What did you do today ❓ဒီနေ့ဘာလုပ်ခဲ့လဲ။
今日何しましたか ?
( きょうなにしましか )


N4 -kanji ၂၀၀ တစ်ရက်တည်းနဲ့ မှတ်မိဖို့ဒီပိုစ့်လေးက်ို အခေါက်ခေါက် အခါခါ ဖတ်ကြစို့...( မူရင်းရေးသားသူ Akio ကို Crd ပေးပါတ...
12/03/2022

N4 -kanji ၂၀၀ တစ်ရက်တည်းနဲ့ မှတ်မိဖို့

ဒီပိုစ့်လေးက်ို အခေါက်ခေါက် အခါခါ ဖတ်ကြစို့...( မူရင်းရေးသားသူ Akio ကို Crd ပေးပါတယ် )

N4-kanjiအကုန်🈷️⛩️

မင်း住-(sumu)နေထိုင်တဲ့所(tokoro)"နေရာ"ကိုသာပြောလိုက်ပါ 東京都(とうきょうと)တိုကျို မကလို့ 大阪府(おおさかふ) အိုဆာကာ ဖြစ်နေပါစေ မီးတောင်ကိုကျော်၍ သွေးumiကိုဖြတ်ပြီးကျော်ခဲ့ပါ့မယ့် 県 ခရိုင် တွေ市မြို့တွေ 区ရပ်ကွက်တွေ 町 မြို့တွေ材ရွာတွေပဲဖြစ်ဖြစ်明"လင်းလဲ့"နေတဲ့ မင်းရဲ့ အပြုံးမျက်နှာလေးကို တစ်ရွာထင်ပြီး ဒို့လာခဲ့မှာပါ ဒို့ နှသားလုံးကို暗(အမှောင်)ဖုံးအုပ်သွားအောင်တော့မလုပ်လိုက်ပါနဲ့နော် အနေ 遠 "ဝေး"ရင် သွေးအေးသွားမယ်မဟုတ်လား လာချင်ရင်所 "နီးနီး"လေးပါဆိုတဲ့ 強 "ပြင်းပြ"တဲ့ စိတ်လေးသာရှိမယ်ဆိုရင်ပေါ့လေ 弱"ပျော့ညံ့"တဲ့ စိတ်တွေကြောင့် 重 "လေးလံ"ခဲ့တဲ့ခြေထောက်တွေတောင် တွေ့ချင်တဲ့ စိတ်အစဉ်ကြောင့်軽"သွက်လက်ပေါ့ပါး"သွားပြီး 太 "ဝ"ရင်မကြိုက်ဘူးဆိုလို့ ဝိတ်ချလိုက်တာ 細"သေးသွယ်ပြီး"မော်ဒယ်စတိုင်ဖြစ်နေတာကို မင်းမြင်စေချင်နေပါပြီ特 အထူးသဖြင့် 別 "ခွဲခြား"မှုတွေ有ရှိခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ 便စာလေးပို့လိုက်တဲ့利အကျိုးရလာဒ်ကြောင့် 不မဟုတ်တာတွေ မဖြစ်နိုင်တာတွေကို တွေးနေတဲ့ စိုးရိမ်စိတ်ကို 切 လှီးဖြတ်ကာ 元 အရင်းတုန်းကအတိုင်း ပြန် 好ချစ်သွားဖို့ ပြောချင်တာကြောင့် 急အလျှင်အမြန် ဂျပန်နိုင်ငံကြီးကိုလာချင်နေပါပြီ 低 အရပ်လေးနိမ့်ကာ広 နဖူးလေးကျယ်ပြီး短ဆံပင်တိုတိုလေးနဲ့ 良ကောင်းပါတယ် မင်းဘယ်လောက် 悪 ဆိုးဆိုး မင်း正 မှန်တယ် ညီမလေး 変ပြောင်းလဲသွားတာကတော့ မျက်နှာ 赤 နီနီလေးနဲ့ 青 အပြာရောင်ဆံပင်黒အနက်ရောင် အိကျီးလေးနဲ့ မင်းကိုတွေ့လိုက်ရတာ映 画 ရုပ်ရှင်ကြည့်လိုက်ရသလိုပါပဲ 音 楽 တေးဂီတသံတွေ歌သီချင်းတွေ နားထောင်ရင်း ဟိုအရင်က 写ဓာတ်ပုံလေးကိုပြန်ကြည့်ပြီး လွမ်းနေတာ 真အမှန်တရားပါ မင်းနဲ့အတူတူ 旅ခရီထွက်ပြီး 世 界ကမ္ဘာကြီးကိုပတ်ကာ
仕 事 အလုပ်လုပ်ပြီး 銀 ငွေတွေစုကာ 員အဖွဲ့ တစ်ဖွဲ့ထဲ အလုပ်လုပ်ချင်နေတဲ့ စိတ်တွေကြောင့် 医 者 ဆရာဝန်ထံမှာ ဆေးပြနေရပေမယ့် 働အလုပ်မနားပါဘူး 屋အခန်း ကျဉ်းကျဉ်းလေးထဲမှာ 産 ထုတ်ကုန်တွေ業လုပ်ငန်းဆောင်တာတွေကို ကြိုးစားခဲ့သူပါ林 သစ်ပင်လေးတွေ森သစ်တောကြီးတွေအတွက် 地မြေကြီး ဟာ မရှိမဖြစ်လိုအပ်သလို ညီမဟာ ဒို့အတွက် မရှိမဖြစ်ပါ 池ရေကန်တွေ 海ပင်လယ်တွေပေါင်းရင် 洋သမုဒ္ဒရာကြီးဖြစ်သလို အချစ်တွေ မေတ္တာတွေ သံယောဇဉ်တွေပေါင်းစပ်ပြီး သာယာလှပတဲ့ မိသားစုဘဝလေးတည်ထောင်ကြရအောင်လား 雪 နှင်းစက်ဖြူဖြူလေးတွေဟာ光လင်းလဲ့နေသလို ဖြူဖွေးနေတဲ့ ညီမရဲ့ ပါးပြင်လေးဟာ ကိုယ့်နှလုံးသားကို လင်းလဲ့စေပါတယ် 台 風တိုင်ဖုန်းမုန်တိုင်းဝင်ဖျက်လို့ ပြိုကျပျက်စီးသွားမှာကိုတော့ ကြောက်မိသားပဲ季 節ရာသီတွေအလီလီပြောင်း 春နွေးဦးကုန်လို့ 夏နွေရာသီ 秋 ဆောင်းဦး ကုန်လို့ဆောင်း冬 ဆောင်း မမဆောင်းလို ခု暑 ပူတယ်ပြော ခု寒 ချမ်းတယ်ပြောတော့မလုပ်နဲ့နော် ညီမရဲ့ 暖နွေးထွေးတဲ့ ရင်ခွင်နဲ့တွေ့မှသာ 涼အေးမြနိုင်မည့် ဒို့ကမ္ဘာလေးမို့ပါ体ခန္ဓာကိုယ်လေးဟာ ဘော်ဘီဆာဆာလို 頭 ဦးခေါင်း顔 မျက်နှာ မအေးသောင်ပမာ 首သမင် လည်ပြန် အိချောပိုဟန် 心 နှလုံးသားထဲက声 အသံတွေပေါ်ထွက်နေလို့病ဆေးရုံကိုသွားကို 薬 ဆေးသောက်ပေမယ့် 科 ကိုယ့်အချစ်မေတ္တာဘာသာရပ်ရဲ့内အတွင်း問 題ပြဿနာ ဆရာဝန်တွေ မသိရှာဘူး 朝 မနက်ခင်းရဲ့ အလင်းဟာ ညီမရှိမှ သာယာနိုင်သလို昼 နေ့လည်နားချိန်မှာလဲ ညီမရဲ့ အပြုံးလေးကိုပဲမြင်ချင်တယ် 夜 ညရောက်ရင် ဖုန်းဆက်ပါလို့夕ညနေကပြောခဲ့ပေမယ့် ဘေးချေး 方 ရမည့် နည်းလမ်းတွေကို ကြိုးစားရင်း ဖုန်းဆက်မလာတာကြောင့်晩 ညရောက်တဲ့အထိ 時計နာရီလေးကို ကြည့်ကာ လွမ်းနေရတာ 曜နေ့ရက်တိုင်းပါ 以来 မင်းဖုန်းမဆက်ကတည်းက今度နောက်တစ်ခါ မျှော်လင့်နေတဲ့စိတ်ကို
止 ရပ်လိုက်ပြီ 歩လမ်းလျှောက်ရင်း လမ်းပျောက် လိုက်လေ 走ပြေးလေ မနက်စောစော起အိပ်ယာထတာနဲ့ သူမကို 持ပိုင်ဆိုင်ချင်စိတ်တွေ ထပ်ပေါ်လာတာကြောင့် အောင့်အီးသည်းခံ 待 စောင့်ရပြန်တယ် 借ချေးယူထားသမျှ အချစ်ကြွေးတွေ貸ပြန်ပေးလိုက်ရင် ကောင်းမယ်လို့ 始စတင်တွေးရင်း သူမနဲ့ 終ပြီးဆုံးသွားခဲ့ပါပြီ။家族မိသားစုထဲမှာ 私ကျွန်တော်ဟာ 自မိမိကိုယ်မိမိ အချောလို့ ထင်ထားတာကို 親両 မိဘ၂ပါးလုံးက ထောက်ခံကြပြန်တယ်兄အကိုဖြစ်တဲ့ ကျွန်တော်ကချောပြီး 弟ညီလေးကမချောတာကိုတော့ 姉 အမကော妹 ညီမလေးကော သိကြပါတယ်။活ဖြတ်လတ်လန်းဆန်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ခါ 回 လှည့်လည်ပြီး品ကုန်ပစ္စည်း売ရောင်းတဲ့ ဘဝသမားလေးပါ ဝယ်ကြအုံးမလား သင့်ဘဝအတွက်主ခင်ပွန်းလောင်းလေး 🤣 服အလှပတဲ့အဝတ်လေးကို着るဝတ်ကာ色အရောင်形 ပုံစံလေးက ဘာ民လူမျိုး လိုလိုပေါ့ 漢 字kanjiတွေကို 習လေ့လာသင်ယူရင်း 教သင်ကြားပေးမည့် ဆရာမချောချောလေးလိုအပ်လာတာကို 注သူငယ်ချင်းတစ်ယောက်က သတိပေးလာတယ် ဟုတ်တော့လဲဟုတ်သားပဲ အဲတာမှ勉ကြိုးစားချင်မယ်လို့ 研 究သုတေသနပြုချက်အရသိရပါတယ် 質အရည်အသွေးတွေတက်လာသလို試 験စာမေးပွဲတွေလည်းအောင်လောက်မယ်လို့答ဖြေကြားတဲ့သူတွေရှိသောကြောင့် ဆရာမလေး လာပြီး 説ရှင်းပြပေးရင် ကောင်းမှာပဲလို့考စဉ်းစားရင်း思တွေးတောမိတယ် 合အကြိုက်ချင်း ကိုက်ညီဖို့အတွက်犬ခွေးချစ်တာလေးတော့同တူညီရမယ်နော်
米ဆန်တွေ 料ကုန်ကြမ်းတွေဟာ တကယ့် 理 ပင်မအကြောင်းအရာဖြစ်ပေမယ့် 鳥肉ကြက်သားနဲ့ 野 菜 အသီးအရွက်လေးတွေမပါလို့မဖြစ်ပါဘူး茶လဖက်ရည်သောက်ရင်း 飯ထမင်းစားရတဲ့ 味အရသာဟာ ဆရာမလေးရဲ့ အလှအပနဲ့ 代အစားမထိုးနိုင်ပါဘူး 信ယုံတယ်မလား 使 အချစ်တွေကို အသုံးပြုကား作ပြုလုပ် 化 ပြောင်းလဲချင်တာကတော့ ရည်းစားစာ紙စာရွက် ရောင်းချင်တာပဲသိတယ် အဲတာဆိုရင် 進ရှေ့းတိုးတက်ပါ့မလားမသိ 場နေရာ ကိုသာပြောလိုက် 送အရောက်ပို့ပေးမယ် 建物အဆောက်ဦး 院 ဟောခန်းကြီး館ခန်းမကြီး 堂 ခန်းမဆောင်室 အခန်း ကြိုက်တဲ့နေရာပြော 工場စက်ရုံတွေထိပို့ပေးတယ်図 မြေပုံနံ ဖုန်း号နံပါတ်လေးသာချန်ခဲ့ ဆိုပြီး စျေးရောင်းရင်း 発စတင်乗စီးနင်းလိုက်ပါရင်း通ဖြတ်ကျော်သွားတော့မှ 降ဆင်းမယ်လုပ်တော့ 動လုပ်ရှားမှုမရှိပဲ ခြေကျင်နေတဲ့ ခြေအစုံကြောင့် 帰အိမ်အပြန်လမ်းမှာ転တလိမ့်ခေါက်ခွေးလဲကျခဲ့တဲ့သူမကိုကြည့်ရင် 洗လျှော်ဖွတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို引ဆွဲထုတ်ခါ用လက်တွေ့အသုံးပြုနိုင်ရန် ပေးခဲ့တာဟာ運ကံကြမ္မာရဲ့ဆုံဆည်းပေးရာလားပေါ့返ပြန်ပေးဖို့မလိုဘူးလို့ 意စိတ်ဆန္ဒထဲမှာပြောရင်း 英အင်္ဂလန်က မော်ဒယ်လေးနဲ့တူတဲ့去ထွက်ခွာသွားတဲ့ သူမကိုကြည့်ရင်း文ရင်ဘတ်ထဲမှာ မညီညာတဲ့ဇာတ်လမ်း စာကြောင်းတွေကိုစာစီနေမှိပြန်တယ်開နှလုံးသားတံခါးကိုဖွင့်ချင်ပေမယ့် 死မသေခြာ မရေရာ သေနေရှာတဲ့ ကိုယ့်ဘဝကို知သိကာ ပြန့်လွင့်နေတဲ့ စိတ်ကို集 ပြန်စုဝေးပြီး နှလုံးသားတံခါးကို閉ပိတ်လိုက်သည်။

credit Akio

N5 kanji 🈷️⛩️( မူရင်းရေးသားသူ Akio အား crdပေးပါသည်)------------------山 (တောင်)လို မားမားမတ်မတ် မင်းကိုကာကွယ်မယ်川 (မြစ်)ရ...
12/03/2022

N5 kanji 🈷️⛩️
( မူရင်းရေးသားသူ Akio အား crdပေးပါသည်)
------------------

山 (တောင်)လို မားမားမတ်မတ် မင်းကိုကာကွယ်မယ်
川 (မြစ်)ရေလို အချစ်တွေတသွင်သွင်စီးဆင်နေမယ်
田 (လယ်ကွင်း)ကြီးလို ကုသိုလ်ကောင်းမှု မျိးစေ့တွေအတူစိုက်ပျိုးမယ်
日(နေ့)ရက်တိုင်းချစ်တယ်
月(လမင်း)လေးလို အေးမြမှုတွေအမြဲပေးမယ်
火(မီး)မပူစေရဘူး ကိုယ်ကိုယ်တိုင်ချက်ကျွေးမယ်
水 (ရေ)ခပ်တာ ကိုယ့်တာဝန် ရေချိုးမှာမင်းတာဝန်
木(သစ်)အောက်မှာ ဒါန်းလေးလေးစီးမလား လွှဲပေးမယ်လေ
金 (ပိုက်ဆံ)အတွက်မပူနဲ့ ကိုယ် ခိုးကျွေးမယ်
土(မြေ)လို မိုးလို ချစ်တယ်ဆိုတာယုံမလား
一 (တစ်)ယောက်တည်းသောသူကမင်းပဲ😆
二(နှစ်)ယောက်ဆိုတာမရှိဘူး မင်းမှမင်းပဲ
三(သုံး)နှစ်သုံးမိုးစောင့်ရမယ်ဆိုလဲရပါတယ်
四( လေး)သင်္ချေတိုင်တိုင် မင်းအနားမှာပဲရှိနေပါရစေ
五(ငါး)ဆိုတာ မင်းနဲ့စတွေ့ရတဲ့ ကံကောင်းခြင်းလက်ဆောင်မွန်goenပေါ့
六(ခြောက်)နှစ်တောင်ရှိနေပါပြီ မင်းကိုကြွေနေတာ ဒါမဲ့ ခုထိမင်းမသိရှာ
七 (ခုနှစ်)လပ်ကီးဆိုရင် မင်းက ကိုရဲ့ ခုနှစ်လေးဖြစ်ပေးလို့ရမလား
八(ရှစ်)တာနဲ့ချစ်တာနဲ့ မပီသတာလေးက ချစ်စရာ
九(ကိုး)နဝင်း မိုးမလင်း တစ်အာတာဖြစ်နေပါပြီ အသဲကွဲလို့သောက်နေတာ
十(တစ်ဆယ်) မင်းကိုချစ်တာ ၁၀%အပြည့်ပါ
百 (တစ်ရာ)မှာ တစ်ယောက် မင်းလေးအလှတွေက ကိုယ့်ဘွတွက်ဟိုးထွဋ်ခေါင်ရောက်နေပါပြီ
千 (တစ်ထောင်)ငါးရာ မင်းအတွက်ပါ
万 (တစ်သောင်း)တန်လေးတစ်ရွက်ကစလို့ ဖုန်းဘေလ်တောင်မထည့်ပဲ မင်းအတွက်စုနေပါပြီ
円(ယာန်း)ငွေမကိုင်နိုင်တဲ့ ကိုယ့်ဘွကြီးထဲ မင်းမလာချင်စမ်းပါနဲ့ကွာ
年 (နှစ်)တွေအလီလီပြောင်းပေမယ့် အချစ်တွေကမပြောင်းဘူး ခင်
上 (အပေါ်)ကပြောတယ်တော့မထင်ပါနဲ့ ကိုယ်တစ်ယောက်ထဲကိုပဲ ချစ်ပေးနိုင်မလား
下(အောက်)ကြို့ခံပြီးပြောနေတာပါ ချစ်တယ်လို့ တစ်ခါလောက်ပြန်ပြောပေးပါလား
中(အတွင်း)ထဲမှာ မင်းအကြောင်းရာတွေကြီးပဲနေရာပေးထားတယ်
半 (တစ်ဝက်)
分(ခွဲဝေ)ပြီးတော့ကို တခြားအကြောင်းအရာတွေ နေရာမပေးနိုင်တာ နားလည်ပေးပါ
人(လူ)ဆိုတာ
子 (ကလေး)မှာလဲ အသဲနှလုံးရှိပါတယ်
女(မိန်းကလေး)တစ်ယောက်အလှဟာ
男 (ယောက်ျား)လေးတွေကိုစွဲဆောင်နိုင်တာဘာတွေလဲဆိုတော့
目 မျက်လုံး
口 ပါးစပ်
耳 နား
手လက်
足ခြေထောက် အကုန်အစဆုံးပါပဲ အဲတာတွေကသာ ဆွဲဆောင်မှုရှိနေလျှင်
力(ခွန်အား)တွေ အလိုလိုပြည့်လာတော့တာပါပဲ
父 (အဖေ)နဲ့
母 (အ‌မေ)ကို
先(အရင်ဦးစွာ)ပြောထားချင်တာက
生(မွေးဖွား)လာခဲ့တဲ့ ကျွန်တော်ဟာ
学(လေ့လာ)ဖို့မဟုတ်သလို
校(ကျောင်း)တက်ဖို့လဲမဟုတ်
友(သူငယ်ချင်း)တွေနဲ့ လျှောက်လည်မယ်
本(စာအုပ်)တော့ မဖတ်ခိုင်းနဲ့နော်
毎(နေ့တိုင်း)
何(ဘာ)တွေ တွေးနေသလဲဆိုရင်
前(ရှေ့)ကကြည့်လည်းယဉ်တယ်
後 (နောက်ကျောဘက်)ကကြည့်လည်းယဉ် ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူလေးတွေအကြောင်းစဉ်းစားနေတာပါ
外 (အပြင်)ထွက်တဲ့အခါ
左 ဘယ်
右ညာ ဘယ်ညာ လမ်းလေးလျှောက် မတ်တပ်ရပ်ခါ ခါးလေးထောက် ပြီး လှနေတဲ့
東(အရှေ့)ဘက်ရွာက ထွေးခင်
西 (အနောက်)ဘက် ရွာက စာဥ
南 (တောင်)ဘက်ရွာက အစွာတစုနဲ့
北 (မြောက်)ဘက်ရွာက အချောတသိုက်
名前(နာမည်)ကြီးတဲ့သူတွေကိုပဲ ရွေးလိုက်နေရတာ
牛 (နွား)နဲ့
馬 (မြင်း)လေးကိုရောင်းထားတဲ့ ပိုက်ဆံတွေလဲကုန် သူတို့စားသမျှတွေရှင်းပေးရလို့လေ
魚 (ငါး)ကင်ကလည်းကြိုက်
貝 (ခရု)တောင်အဆစ်ပါသေး
雨(မိုး)ရွာနေပါပြီ ရင်ဘတ်ထဲမှာ
空 (ကောင်ကင်)ကြီး မသာယာနိုင်တော့ဘူ
気(စိတ်)ခံစားချက်တွေက
車(ကား)ကြီးကို အရှိန်နဲ့မောင်းနှင်ပြီး
門(ဂိတ်)ဝကိုသာ ဝင်တိုက်လိုက်ချင်ပါတော့တယ်
午後(မွန်းလွဲပိုင်း)ရောက်လာပြီလားဆိုရင် ကြားရပါပြီ
大ကြီးကြီးလား
小 သေးသေးလေးပဲလား
高 စျေးကြီးတာကိုယူမလား
安စျေးနည်းတာကိုယူမလား
新အသစ်တွေကော
古အဟောင်းတွေကော
長ရှည်လျှာ သွယ်မြနေတဲ့ ညီမတို့အတွက် အိကျီ င်္တွေရမယ်တဲ့
多များပြားသော သူတွေ နားငြီးလို့ဝယ်မယ်ဆို စျေးဆင်းမေးတော့
少 နဲနဲ စျေးကြီးနေလို့
早မြန်မြန် ငါတို့ အိမ်ရှေ့က ထွက်သွားဆို အော်လွှတ်လိုက်တယ်
行 (သွား)ရင်လဲ သူ့ကိုသတိရ
来 (လာ)ရင်လဲ သူ့ကိုသတိရ
食(စား)နေရင်တော့ သတိမရရဲဘူး တအားအစားကြီးလို့
見( ကြည့်)နေတုန်းမှာပဲ အိမ်အပေါက်ဝမှာ
入 (ဝင်)လိုက်
出(ထွက်)လိုက်
立 (မတ်တတ်ရပ်)ပြီး
書(ရေး)ထားတဲ့ စာအိပ်လေးကိုကိုင်ပြီး
言 (ပြော)တဲ့ စကားလေးက sayoonaraတဲ့ဗျာ
飲(သောက်)တော့တာပေါ့ sayoonaraဆိုမှတော့
話(စကား)ပြောချင်သေးတယ် သူမရဲ့ မခို့တရို့အပြုံးလေးတွေကိုကြည့်ရင်း
読(စာဖတ်)ပြတာတွေ နားထောင်ချင်သေးတယ်
語 (ဘာသာစကား)တွေ အတူလေ့လာချင်သေးတယ်
間 (ကြား)ထဲကို ဝင်ယောက် အောက်သွယ်ပေးမည့်သူ မရှိတော့ဘူလားလို့
聞 (မေး)ချင်ပါတယ်
買(ဝယ်)ထားတဲ့ မုန့်တွေအကုန်ကျွေးမယ်ဗျာ
休(အနားယူ)လိုက်အုံးမယ်နော်
今အခုတော့
社 နတ်ကွင်းမှာ
会 တွေ့ဆုံနိုင်ဖို့ ဆုတွေတောင်းတာ
時 (နာရီ)အချိန်တိုင်းပါပဲ
週(ရက်သတ္တပတ်)ခန့်ကြာပြီးသည့်နောက်
駅(ဘူတာ)အရှေ့က
店(စျေးဆိုင်)လေးရှိတဲ့
道(လမ်း)မပေါ်မှာ
国(တိုင်ပြည်)ကိုပြန်လာခဲ့တဲ့ သူမဟာ
白 (အဖြူ)ရောင်
空(ကောင်ကင်)ကြီးအောက်မှာ အရမ်းလှပနေတော့
花 (ပန်း)စီးလေးပေးမယ်ဆိုပြီး သူမစီကို အပြေး
電(လျှပ်)စီ ဖြတ်ခနဲ လင်းလက်လာပြီး ဒိန်းဆို မိုးကြိုးပြစ်သံကြားလိုက်မှ
夢(အိပ်မက်)မှ နှိုးထလာခဲ့တယ်။

Credit Akio

N4 Minna no nihongo -2 Textbook Vocabulary ( ことば ) 📚⛩️အခန်း ၂၆ မှ ၅၀ အထိ အကုန်ပါပါတယ်ရှင့်။လိုချင်သူများအတွက် ပြန်လည် Sh...
12/03/2022

N4 Minna no nihongo -2 Textbook Vocabulary ( ことば ) 📚⛩️

အခန်း ၂၆ မှ ၅၀ အထိ အကုန်ပါပါတယ်ရှင့်။
လိုချင်သူများအတွက် ပြန်လည် Sharing လုပ်ပေးတာပါ။

N4 Minna no nihongo Textbook ( かいわ )
https://m.facebook.com/story.php?story_fbid=151644820555073&id=107780734941482



Address

Yangon

Telephone

+959258135764

Website

Alerts

Be the first to know and let us send you an email when Study With Wint Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study With Wint Htet:

Shortcuts

Share

Category