Food For Thought - ဗဟုသုတ

Food For Thought - ဗဟုသုတ

Share

Sharing Knowledges and wisdom for all.

11/12/2025

✨သက်ရှည် ကျန်းမာချင်တယ် ဆိုရင်-

၁။ အစာ လျော့စားပါ။
၂။ စားတဲ့ ပမာဏကို လျော့ပါ။
၃။ မလိုအပ်တဲ့ အရသာရှိအောင် ထည့်တဲ့ အပိုတွေ မသုံးသင့်ပါ။
၄။ ရိုးရိုးရေပဲ သောက်ပါ။
၅။ အိပ်ရေး ဝအောင် အိပ်ပါ။
၆။ လမ်းလျှောက်ပါ၊ ကိုယ်လက်လှုပ်ရှားပါ။
၇။ Vegetable oil, Soy bean oil, Corn oil, Canola oil ​တွေကို မီးပြင်းပြင်းဖြင့် ချက်ခြင်းကို ရှောင်ပါ။
၈။ အသား၊ ကြက်ဥ ပိုစားပါ။
၉။အဆီ စားပါ။
၁၀။ Carbohydrates ဓာတ်ကို လျှော့နိုင်သမျှ လျှော့ပါ။
၁၁။ နေရောင်ခြည် တစ်နေ့ ကို ၁၅ မိနစ် နာရီဝက် လောက်အထိ ခံပါ။
၁၂။ မြေဓာတ် ယူပါ။
၁၃။ အပြင် အစားအသောက်များ လျှော့နိုင်သမျှ လျှော့ပါ။ အိမ်မှာ ချက်စားပါ။
၁၄။ ချဉ်ဖတ်စားတဲ့ အကျင့် လုပ်ပေးပါ။
၁၅။ အိမ်လုပ် ဒိန်ချဉ် အကောင်းဆုံး ဖြစ်ပါတယ်။ ဒိန်ချဉ်လုပ်တဲ့အခါ Probiotics ဖောက်ထည့်ပါ။
၁၆။Vitamin D3 5000 IU မှန်မှန်သောက်ပါ၊ Vitamin K 2 နဲ့ တွဲ သောက် ပါ။
၁၇။ ကျောက်ပွင့် စားတတ်အောင် လေ့ကျင့်ပါ။
၁၈။ အသီးစားတဲ့ ပမာဏကို လျော့ပါ။
၁၉။ တတ်နိုင်တယ် ဆိုရင် လိုအပ်တဲ့ ဗီတာမင်နဲ့ အကူဓာတ်စာများကို မှီဝဲပါ။ (Magnesium, Zinc, Probiotic, B complex, Fish Oil, Coq10)
၂၀။ (အကောင်းမြင်ဝါဒ နဲ့ နှလုံးသွင်းခြင်း) ရှိရင် စိတ်အေးချမ်းမယ်။
၂၁။ အစားနည်းတဲ့သူဟာ အသက်ရှည်တတ်ပါတယ်။

စားတဲ့ အစာကို ခန္ဓာကိုယ်က စွမ်းအင်ထုတ်တဲ့ အခါ (Krebs Citric Acid Cycle ) မှာ စွမ်းအင်တွေ ထွက်လာတာနဲ့ အမျှ ဥပါဒ်ပေးမဲ့ free radicals တွေလည်း ထွက်လာလို့ ဖြစ်ပါတယ်၊ ဆေးကျောင်းတုန်းက သင်ထားတဲ့ အခြေခံ ဖြစ်ပါတယ်။

Free radical တွေ များလေ ခန္ဓာကိုယ် ​ရောင်ကိုင်းလေ ဖြစ်ပါတယ်။

များများစားလေ ခန္ဓာကိုယ်ယောင်ကိုင်းဖို့ လမ်းများလေလေ ဖြစ်ပါတယ်။

လူတွေ အများကြီး စားနေကြတာဟာလည်း များသောအားဖြင့် ရသတဏှာကြောင့် ဖြစ်ပါတယ်။ ရသတဏှာသည် သံသရာ၌ ဆင်းရဲအပေါင်းကို ဖြစ်စေတတ်သောကြောင့် နိကနတ္တိ​ဘေး ဘေးမည်၏။

အစာစားတဲ့အခါ မမက်မော၊ မတွေဝေဘဲ အလိုရှိ သော အကျိုးကိုသာ ဥာဏ်နဲ့ယှဉ်ပြီး စားရမှာ ဖြစ်ပါတယ်။
*လေးစားစွာဖြင့်-
# Credit To A Better Health

USA Supplements

27/11/2025

💥 သင့်ခန္ဓာကိုယ်က
💥 ဗီတာမင်တွေလိုအပ်နေကြောင်း
💥 အချက်ပြတဲ့ လက္ခာများ

• ဆံပင်ကျွတ်ခြင်း :
Vitamin D

• အသားအရေခြောက်သွေ့ခြင်း :
Vitamin E

• စိတ်တိုလွယ်/ဒေါသထွက်လွယ် :
Vitamin B1, D

• ခဏခဏနေမကောင်း/ ခုခံအားနည်း:
Vitamin C

• ခံတွင်းပျက်/ ဆံပင်ပါး :
Lysine

• ပင်ပန်းနွမ်းနယ်လွယ်:
Vitamin B, D, Magnesium

• လက်သည်းပေါ် အဖြူစက်ဖြစ်:
Iron, Vitamin B12

• ညောင်းညာကိုက်ခဲ/အကြောတက် :
Vitamin D

• ခြေ/လက် ကျင်လွယ်/ မောလွယ်ပန်းလွယ် : Vitamin B12

•မျက်လုံးမှူန်/ကြည်ကြည်လင်လင်မမြင်ရ : Vitamin A

• မောပန်း အားနည်းလာခြင်း၊
ခေါင်းခဏခဏကိုက် :
Vitamin B5

• နှုတ်ခမ်းခြောက်၊နှခမ်းအပူဖြစ် :
Vitamin B12

• အသားအရေခြောက်ပြီး
အမည်းစက်လေးများဖြစ်ခြင်း :
Vitamin A, E

• သွားဖုံးအရေပြားရောင်ရမ်းခြင်း၊
သွားဖုံးသွေးထွက်လွယ် :
Vitamin C, K

• ဆံပင်မြန်မြန်ဖြူလာခြင်း :
Vitamin B12, Folate

• အထိမခံ ညိုမဲစွဲလွယ်ခြင်း :
Vitamin B1, D

👉ဗီတာမင်ရရှိနိုင်သော အစားအစာများ 👈👈

• Vitamin A :
အသည်း, ကြက်ဥအနှစ်/ အဝါ/လိမ္မော်/အစိမ်းရောင်ရှိတဲ့အသီးအရွက်များ (carrots , pumpkin)
• Vitamin B : ပဲစုံများ, အသား၊ ငါး, ကြက်ဥ, နို့နှင့် နို့ထွက်ပစ္စည်းများ

• Vitamin C :
ချ်ုချဉ်အရသာရှိသည့် အသီးများ
(လိမ္မော်, စတော်ဘယ်ရီ, etc)

• Vitamin D :
အဆီများသော ငါးမျိုးများ, liver oil, ဥ အနှစ်

• Vitamin E :
သစ်ဆံအဆီများ, ပဲအမျ်ူးမျိူး/
(Almond, Walnut)

• Vitamin K :
ဗရိုကိုလီ, ဂေါ်ဖီ, အသည်း

• Lysine :
အမဲသား, ဝက်သား, ကြက်သား, ဆယ်လ်မွန်, ပဲနီ

• Magnesium :
ဗရိုကိုလီ, ပဲမဲ/ ပဲနီ, Banana/ အာဗိုကာဒို,
ဆယ်လ်မွန်

💥☝️💥☝️💥☝️

06/11/2025

၁၉၈၁ခုနှစ်လောက်ကထင်တယ်၊
မန္တလေးမှာ မစိုးရိမ်တိုက်ဟောင်းက
နာယကဆရာတော်ကြီးတပါးကို
စာသင်သားရဟန်းတပါးက ဓါးနဲ့ ခုတ်သတ်တဲ့
အမှုတခု ဟိုးလေးတကြော်ဖြစ်ခဲ့ဘူးတယ်။

ဖြစ်ရတဲ့ကိစ္စက ပြောပလောက်တဲ့ကိစ္စလည်းမဟုတ်၊သံဃာတော်များ မှတ်ပုံတင်ကိုင်ဆောင်သင့် မသင့် နာယကဆရာတော်ကြီးများ အစည်းဝေးလုပ်နေတုန်း အဲဒီစာသင်သားရဟန်း စကား၀င်ပြောရာက ဓါးခုတ်ခံရတဲ့ နာယကဆရာတော်ကြီးက ကိုယ်နဲ့မဆိုင်ဘဲ ၀င်မပြောဘို့ တားဆီးရာကနေစတာပါ။

အပြောခံရတဲ့ရဟန်းက မကျေနပ်။
င့ါအကြောင်းသိစေမယ် လို့ ကြိမ်းမောင်းပြီး ကျောင်းပေါ်က ဆင်းသွားတယ်။ အခြားနာယကဆရာတော်ကြီးများက ပြောရှာတယ်။

အဲဒီဦးဇင်းက တယူသန် တဇွတ်ထိုးလုပ်တတ်တယ်၊ ပြဿနာအေးငြိမ်းသွားအောင် ပြန်တောင်းပန်ဘို့ တိုက်တွန်းတာကြောင့် ဓါးခုတ်ခံတဲ့ဆရာတော်ကြီးက ရဟန်းတော်လေးထံကြွသွားပြီး
သူပြောမိတာမှားကြောင်း၊ခွင့်လွတ်ဘို့ သွားတောင်းပန်ပါတယ်။

တောင်းပန်ပေမယ့် စာသင်သားရဟန်းတော်က ကျေနပ်မှုမရှိဘဲ ဆရာတော်ကြီးအပေါ်မှာ အငြိုးအတေးထားတာကို ဆရာတော်ကြီးက မသိရှာဘူး။
တနေ့ …
မနက်ပိုင်းဆရာတော်ကြီး အိမ်တအိမ်မှာ ဆွမ်းစားကြွရာကအပြန် မြတောင်ကျောင်းတိုင်နားမှာ
လမ်းကစောင့်ပြီး ဓါးနဲ့ခုတ်တယ်။ဆရာတော်ကြီးက လက်လေးကာပြီး တောင်းပန်ပေမယ့် ဒေါသဘီ
လူးစီးနေတဲ့ ဦးဇင်းက ဆရာတော်ကြီးကို အသေခုတ်သတ်လိုက်ပါတော့တယ်။

သွေးအလူးလူးနဲ့ လမ်းဘေးမှာ နာယကဆရာတော်ကြီး ပျံလွန်တော်မူရရှာတယ်။
တကယ့်ကို ထိတ်လန့်စရာ အဖြစ်အပျက်ပါ။
အဲဒီဦးဇင်း လူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျသွားတယ်။

သူတော်ကောင်းကို ပြစ်မှားမိတဲ့အပြစ်က ထောင်ထဲရောက်တာနဲ့ မကြာခင် အကျိုးပေးတော့တာဘဲ။
တကိုယ်လုံး နူနာစွဲကပ်လာတော့တယ်။
နံစော်လွန်းလို့ ထောင်၀န်ထမ်းတွေတောင် အနားမကပ်နိုင်ရှာတဲ့အဖြစ်။

ထောင်ထဲမှာ နှစ်အနည်းငယ်ကြာလာတော့ ထောင်အာဏာပိုင်တွေက အခြားအကျဉ်းသားတွေကို
ရောဂါကူးစက်မှာစိုးရိမ်လို့လား၊ဒါမှမဟုတ် မကြာခင် သေတော့မှာ သိလို့လားမသိ၊
နှစ်မစေ့ဘဲ ထောင်က လွတ်ပေးလိုက်တယ်လို့ ကြားတာဘဲ။

ထောင်ကလွတ်တော့ သူ့ဇာတိရွာပြန်တယ်၊
ကုဋ္ဌနူနာသည်လည်းဖြစ် မိုက်ခဲ့တာတွေကိုလည်း သိထားတော့ ရွာကလည်းလက်မခံလို့ ညီမတော်စပ်သူတယောက်က ရွာနဲ့မနီးမဝေး တောထဲမှာ
တဲလေးတလုံးဆောက်ပေးပြီး နေစေခဲ့တယ်၊
တနေ့ ညီမဖြစ်သူ ထမင်းသွားအပို့ ဘယ်အချိန်ကသေပြီး ဘာကောင်ကစားသွားတယ်မသိဘူး။

အရိုးစုဘဲ တွေ့ရတော့တယ်။သူတော်ကောင်းပြစ်မှားမိသော အကုသိုလ်အကျိုးပေးကား နောက်ဘ၀ထိမစောင့်၊ ပစ္စုပ္ပန်ဘ၀မှာတင် ကုဋ္ဌနူသည်အဖြစ် လူတောမတိုးတဲ့ ဒုက္ခသည်အဖြစ် အငတ်ငတ်အပျက်ပျက်နဲ့ တိရစ္ဆာန်အစာ ဖြစ်သွားရှာတယ်။

ဒါ့ကြောင့် ၀စီကံကြောင့်လည်း အပြစ်ဖြစ်တတ်တယ်၊
ဒေါသနဲ့ယှဉ်တဲ့ ကာယကံကြောင့်လည်း ဒုစရိုက်မှုတွေ ကျူးလွန်တတ်တယ်။

မိမိ၏ အပြောအဆို အလုပ်အကိုင်တွေကို
မေတ္တာနဲ့ယှဉ်ပြီး လုပ်ကိုင်နိုင်ကြပါစေ။ ။
“ဒေါသော အတ္တံ နဇာနာတိ ၊
ဒေါသော ဓမ္မံ နပဿတိ”
ဒေါသ ဟာ အကျိုးကိုလည်း မသိဘူး ။
အကြောင်းကိုလည်း မမြင်ဘူး။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို
ဓားပြတိုက်ယူသွားတယ်။

(ဆရာတော်ဦးဇောတိက)

07/09/2025

ကျမ်းမာရေးအတွက်
မပြုလုပ်သင့်တဲ့ အလေ့အထများ
အသေးအဖွဲလေးပါ ဆိုပေးမဲ့
တစ်ချိန်ကြရင် ပြသာနာကြီးကြီးမာမာ
ဖြစ်လာတက်ပါတယိ

၁)ဆီးချို ည ဖက် အစာစားခြင်းနှင့်
သကြား ပါဝင်မှုများသော အစားအစာများ သတိထားပါ

၂)သွေးတိုး ဆားအလွန်အကျွံစားသောက်ခြင်းနှငိ့ အတွေးလွန်
စိတ်ဖိစီူမှူများ သတိထားပါ

၃) ခေါင်းကိုက်ခြင်း အစာရှောင်ခြင်းနှင့်
ဖုန်းကဲ့သို့ အကြည့်များတာ သတိထားပါ

၄) နှလုံးရောဂါ ကိုယ်လက် လှုပ်ရှားမှူ
မရှိခြင်း သန့်ရှင်းမှူ အားနည်းသော
ဆီ စားသောက်ခြင်း ( အညံ့စာ စားအုန်းဆီ)

၅)အစာအိမ်ရောဂါ
အစာအမြန်စားခြငိးနှင့်
ရေခဲရေ အအေး သတိထားပါ

၆) သွေးအားနည်းရောဂါ
ထမင်းစားပြီးတိုင်း လက်ဖက်ရည်သောက်တာ
အသားအစားနည်းတာ သတိထားပါ

၇)အစာအိမ်လမ်းကြောင်းပြသာနာ
ရေ လုံလောက်စွားမသောက်ခြင်း
နှင့် ညစ်ညမ်းသော အစားအစာ
စားမိတာ သတိထားပါ

၈)အသဲ ပြသာနာ ပြုပြင်ထားသော
အစားအစာ နှင့် အရက်
သတိထားပါ

၉)ကျောက်ကပ် အပြင်းစာ ဆေးများနှင့်
စိတ်ဖိစီးမှူများ သတိထားပါ

၁၀ )အိပ်မပျော်ရောဂါ
လေ့ကျင့်ခန်း မလုပ်ခြင်းနှင့်
ညနက်ထိ ဖုန်းကြည့် သတိထားပါ

တစ်ချို့က လုပ်တယ် ဘာမှ မဖြစ်ဘူး
ဆိုတဲ့ မန့် တွေ့ရတယ်
အသက် ၄၀ အောက်ဆိုရင်
ဘာမှာမဖြစ်ပေးမဲ့
အသက် ၅၀ ကပ်လာပြီဆိုတဲ့ တစ်နေ့
ဒဏ်ခံရ လိုက်ပါမယ်

ချစ်တဲ့ကေခိုင်

06/08/2025

(𝗥𝗮𝗯𝗶𝗲𝘀) ခွေးရူးပြန်ရောဂါ
လိုင်းပေါ်မှာ အခုရက်ပိုင်း ခွေးရူးပြန်ရောဂါခံစားနေရတဲ့ လူနာတွေကို တစ်ယောက်ပြီးတစ်ယောက် မြင်တွေ့လာလာနေရပါတယ်။

ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါ ခံစားရရင် သေဆုံးဖို့က ရာနှုန်းပြည့်ပါ။
ခွေးရူးပြန်ရောဂါသမိုင်းမှာ အလွန့်အလွန်ရှားပါးစွာ တစ်ယောက်တည်းသာ အသက်ရှင်သန်ခဲ့ဖူးတယ်လို့တော့ သိရပါတယ်။

ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ Rabies ခွေးရူးပြန်ပိုးဟာ ခွေး၊ ကြောင်၊ လင်းနို့တွေမှာ ရှိနေတတ်ကြပါတယ်။
သူတို့ကမှတဆင့် လူတွေကို ကူးစက်ခံကြရခြင်းဖြစ်ပါတယ်။
.....
ဒီရောဂါပိုးရဲ့ ရောဂါပျိုးချိန်တွေကို သိထားရင် ကိုယ့်ဆီကို ကူးစက်နိုင်ချေရှိန်ိုင် မရှိနိုင်ကို ကျနော်တို့ အကဲဖြတ်နိုင်ပါလိမ့်မယ်။

ခွေးရူးရောဂါပိုးဝင်ပြီး ခွေးနဲ့ ခွေးရူးရောဂါပိုးဝင်ခံရတဲ့ လူနဲ့ ရောဂါပျိုးရက် အနည်းငယ်ကွာခြားပါတယ်။

ခွေးတွေမှာရောဂါပိုးဝင်ပြီးရင် အနည်းဆုံး ဆယ်ရက်ကြာကနေ၊ အများဆုံး ခြောက်လအတွင်းရောဂါလက္ခဏာပြတတ်ပါတယ်။
ခွေးရူးပြီဆိုရင် လွန်ခဲ့တဲ့ ခြောက်လကတည်းက ဒီခွေးမှာ ခွေးရူးရောဂါပိုး စွဲကပ်နေနိုင်တယ်လို့ ကျနော်တို့ တွေးဆစေချင်ပါတယ်။
ခွေးမှာ ခွေးရူးရောဂါလက္ခဏာတွေပြလာရင်တော့ ရက်ပိုင်းအတွင်း ခွေးဟာသေဆုံးပါတယ်။
ခွေးရူးရောဂါနဲ့ သေဆုံးသွားတဲ့ခွေး ခြောက်လအတွင်း ကိုက်ခံခဲ့ရတဲ့သူတိုင်း ခွေးရူးပြန်ရောဂါဖြစ်ပွားနိုင်ချေ အရမ်းများပါတယ်။

လေ့လာချက်များအရ ခွေးတွေမှာ ခွေးရူးရောဂါဝင်ရောက်တဲ့အခါ ရောဂါပျိုးရက်ဟာ ၆လထိရှိတာတော့ တော်တော်ကိုရှားပါးပါတယ်။
ခွေးရူးရောဂါဝင်ရောက်ပြီး ၁၀ရက်အတွင်း ရောဂါလက္ခဏာတွေပြလာကြတာများပါတယ်။
အဲဒါကြောင့် ခွေးကိုက်ခံရပြီး မိမိကို ကိုက်တဲ့ခွေးကို ၁၀ရက်အတွင်း သေသေချာချာစောင့်ကြည့်လို့ ခွေးဟာမရူးခဲ့လျင် ခွေးရူးရောဂါ ကူးစက်ခံရဖို့ လေးပုံတစ်ပုံလျော့နည်းသွားပြီလို့ မှတ်ယူလို့ရပါတယ်။
ခြောက်လအထိ ခွေးဟာမရူးခဲ့ဘူးဆိုရင်တော့ မိမိမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားဖို့ အခွင့်အရေး တော်တော်ကိုနည်းသွားပါပြီ။

ကိုယ့်ကို ကိုက်လိုက်တဲ့ခွေးမှာ ခွေးရူးလက္ခဏာတွေရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ထိုခွေးကို သတ်လိုက်ခြင်းဖြင့် ခွေးရူးရောဂါ ကိုယ့်ဆီမဝင်ရောက်နိုင်တော့ဘူးဆိုတာလည်း အယူအဆအမှားပါ။
ခွေးတွေမှာ ခွေးရူးရောဂါလက္ခဏာတွေမပြသေးပဲလည်းရောဂါပိုးရှိနေနိုင်သလို ၊ လက္ခဏာပြရင်လည်း ရောဂါပိုးသေချာကိုရှိနေနိုင်တဲ့အတွက်၊ ကိုယ့်ကိုကိုက်ပြီးမှ ၊ ထိုခွေးကို သတ်လိုက်လည်း ထိုခွေးဆီမှခွေးရူးရောဂါပိုးက ကိုယ့်ကိုကူးစက်သွားပြီးတာက ကူးစက်သွားပြီးတာပါပဲ။

ထိုကြောင့် ခွေးရူးကိုက်ခံရသည်ဖြစ်စေ ၊ ခွေးကောင်းကိုက်ခံရသည်ဖြစ်စေ ကျနော်တို့ ခွေးရူးပြန်ကာကွယ်ဆေးထိုးကြဖို့လိုအပ်ပါတယ်။
ခွေးရူးပြန်ကာကွယ်ဆေးကို စနစ်တကျ အကြိမ်ပြည့်ထိုးနှံရင် ခွေးရူးပြန်ရောဂါဟာ ရာနှုန်းပြည့်ကို ကိုယ့်ဆီမှာမဖြစ်ပွားနိုင်တော့ပါဘူး။

ခွေးတွေမှာ ခွေးရူးတဲ့ လက္ခဏာတွေကတော့ ၊ ဒယိုးဒယိုင် လမ်းလျှောက်နေမယ်၊ သားရေတွေကျမယ်၊ အရမ်းရန်လိုမယ်၊ မြင်မြင်သမျှ ထိုးကိုက်မယ်၊ အမြှီးကုပ်မယ်၊ ထိန်းချုပ်မရနိုင်ပဲ ပတ်ပြေးနေမယ်။
ခွေးရူးမရူးက အရမ်းသိသာတဲ့အတွက် လူတိုင်းဟာ ဒီခွေးရူးမရူးဆိုတာကိုလည်း လွယ်လွယ်ကူကူသုံးသပ်နိုင်ကြပါတယ်။
.......
လူတွေမှာကြတော့ ခွေးနဲ့ ရောဂါပျိုးရက် အနည်းငယ်ခြားနားပါတယ်။
လူတွေမှာရောဂါပျိုးရက်ဟာ တစ်ပါတ်ကနေ ငါးနှစ်အထိကြာမြင့်တတ်ပါတယ်။
ငါးနှစ်အထိကတော့ တော်တော့်ကိုရှားပါတယ်။
ခွေးကိုက်ခံရပြီး တစ်ပတ်ကနေ တစ်နှစ်အတွင်း ရောဂါလက္ခဏာတွေပြလာကြတာများပါတယ်။
သုံးနှစ်ကြာမှပြတာလည်း ရှားပါးစွာတွေ့ရတတ်ပါတယ်။
......
ခွေးရူးပြန်ရောဂါပိုးဟာ လူတွေရဲ့ ဦးနှောက်ကို အဓိကတိုက်ခိုက်ပါတယ်။
လူတွေမှာ ပြတဲ့ ခွေးရူးပြန်ရောဂါလက္ခဏာတွေကတော့ ၊
ရေအရမ်းကြောက်တာ၊
လေအရမ်းကြောက်တာ၊
ရေမြိုရခက်တာ၊
လည်ပင်းအရမ်းနာတာ၊
ကြွက်သားတွေနာပြီး ကျုံ့လိုက်တင်းလိုက်ဖြစ်တာ၊
ဂနာမငြိမ်တာ၊
အသိစိတ်လွတ်တာ၊
သွေးရူးသွေးတမ်းဖြစ်တာတွေပါပဲ။
.....
ခွေးရူးပြန်ရောဂါဝေဒနာဟာ အရမ်းအရမ်းကို နာကျင်ရတဲ့ ဝေဒနာတွေ စုပြုံခံစားရတဲ့ ရောဂါတစ်မျိုးပါ။
အရမ်းကို နာကျင်ခံစားရပြီးမှ ထွက်ခွာသွားကြရတဲ့ရောဂါပါ။
လက္ခဏာတွေပြပြီဆိုရင်လည်း ရက်ပိုင်းအတွင်းမှာကို ထွက်ခွာသွားကြရပါတယ်။
.....
ခွေးကိုက်ခံရပြီးရင် ၂၄နာရီအတွင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးတာက အထိရောက်ဆုံးဖြစ်ပါတယ်။
အကြောင်းကြောင်းကြောင့် ၂၄နာရီကျော်သွားရင်လည်း ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးကြရမှာပါ။
ခွေးရူးပြန်ကာကွယ်ဆေးဟာ တစ်ကြိမ်တည်းထိုးဖို့လည်း မလုံလောက်ပါဘူး။
သူ့ကာကွယ်ဆေးသဘောတရားအရ လေးကြိမ်မှ ငါးကြိမ်ထိ ထိုးကြရပါတယ်။
အကြိမ်ရေပြည့် သေသေချာချာ စနစ်တကျထိုးနှံသွားရင် ခွေးရူးပြန်ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်ပါတယ်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံပြီးရင်လည်း တစ်နှစ်ကြာလို့ ခွေးထပ်ကိုက်ခံရရင်၊ အစအဆုံးပြန်ထိုးကြရမှာ ဖြစ်ပါတယ်။
ရက်အလိုက်ခွေးရူးပြန်ကာကွယ်ဆေးထိုးလို့ ရက်ကျော်သွားရင်လည်း အစကနေပြန်ထိုးကြရမှာပါ။
.....
ခွေးကိုက်ခံရရင် ခွေးကိုက်ဒဏ်ရာကို ရေနဲ့သေချာဆေးကြောပါ။
ဆပ်ပြာနဲ့ အချိန်ကြာကြာဆေးပါ။
ခွေးကိုက်ဒဏ်ရာ အနည်းအများ အတိမ်အနက်ပေါ်မူတည်ပြီး ကာကွယ်ဆေးထိုးရခြင်း နည်းလမ်းတွေလည်း ကွဲပြားနိုင်ပါတယ်။
ဒဏ်ရာကြီးပြီး ဒဏ်ရာများရင် ဆေးရုံတွေမှာ Immunoglobulin ဆိုတဲ့ ကာကွယ်ဆေးလည်း ထိုးကြရမှာပါ။
.........
ကျနော်တို့ရွာဘက်မှာ ခွေးရူးပြန်ရောဂါဖြစ်ဖို့ တည်းတည်းလေးပဲလိုတဲ့ မှတ်မှတ်ရရ လူနာလင်မယားနှစ်ယောက်နဲ့ ကျနော်ကြုံဖူးပါတယ်။

ခွေးရူးက သူတို့အိမ်ကနွားပေါက်လေးကို ဝင်ကိုက်တာပါ။
သူတို့ကလည်း နွားလေးကို အရမ်းချစ်တော့ နွားလေးမှာ ခွေးရူးရောဂါ ကူးစက််နိုင်တာကို မမှုပဲ နွားလေးကို ဆက်လက်မွေးဖွားထားခဲ့ပါတယ်။
ခွေးရူးကိုက်ပြီး ဆယ်ရက်အကြာမှာ နွားလေးဟာ ခွေးရူးပြန်လက္ခဏာတွေခံစားလာရပါတယ်။
ယောက်ျားဖြစ်သူဟာ နွားလေးရဲ့ပါးစပ်ထဲက ကြပ်နေတဲ့ ချွဲတွေကို လက်နဲ့နှိုက်ထုတ်ပါတယ်။
မိန်းမကလည်း ကူပါတယ်။
နွားလေးထွက်ခွာသွားတော့ သူတို့ နွားလေးကို မြေမြုပ်လိုက်ကြပါတယ်။
နွားလေးဆုံးပါးပြီး နှစ်ရက်အကြာ လင်မယားနှစ်ယောက် ကျနော့်ဆေးခန်းရောက်လာကြပါတယ်။
စကားစပ်မိရင်း အပေါ်ကအကြောင်းတွေကို ကျနော်တို့ပြောဖြစ်ကြပါတယ်။
သူတို့လင်မယားက "နွားလေးကို သနားလိုက်တာ"လို့ ပဲတတွတ်တွတ် ပြောနေပေမယ့်၊ ကျနော့်အတွေးမှာတော့ ဒီလင်မယားနှစ်ယောက် ခွေးရူးပြန်ရောဂါ ကူးစက်ခံနေရလောက်ပြီလို့ တွက်ဆနေခဲ့ပါပြီ။

ခွေးရူးပြန်ရောဂါကာကွယ်ဆေး လင်မယားနှစ်ယောက်လုံးထိုးသင့်ကြောင်း ကျနော်ပြောပါတော့တယ်။
သူတို့လက်မခံပါဘူး။
သူတို့ လက်မခံမခြင်းလည်း ကျနော်သူတို့လင်မယားနှစ်ယောက်လုံးကို ဆေးခန်းကပြန်မလွှတ်ပါဘူး။
လင်မယားနှစ်ယောက်လုံးနဲ့ကျနော်ကလည်း ရင်းနှီးတာကြာပြီဖြစ်တဲ့ ဆက်ဆံရေးလည်းရှိပါတယ်။

နောက်ဆုံးမှာတော့ ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ သူတို့လက်ခံခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံးကို ကျနော်ကယ်ဆယ်ပေးလိုက်နိုင်ခဲ့ပါတယ်။

ခွေးရူးပြန်ရောဂါဟာ ခွေးရူးပြန်တဲ့သတ္တဝါရဲ့ ချွဲတွေ သလိပ်တွေနဲ့ သူ့ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေမှာလည်း နေနိုင်ပါတယ်။
ရောဂါပိုးရှိတဲ့သူနဲ့ထိတွေ့ပြီးရင်လည်း ထိတွေ့မိသူတွေဟာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ထိုးကြရမှာပါ။
.....
ခွေးမကိုက်အောင်နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ။
ကိုက်ခံရရလည်း ကာကွယ်ဆေးထိုးကြပါလို့ခင်ဗျာ။

Crd ....Thet Pan
#ခွေးရူး #ခွေးရူးပြန် #ခွေးကိုက်

06/07/2025

''အစဆိုတာ အမြဲခက်ခဲ လေ့ရှိတယ်''
===========================
စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။
ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။ ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာ ကောင်းသလို ကြောင်တောင်တောင်လည်း ဖြစ်နိုင်ပါတယ်။ လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။ ဒါ့ကြောင့် အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။ ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့သတ္တိတွေက ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလဲ လုပ်ရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့ လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။
“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”

နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။
အနည်းဆုံးတော့ အတွေ့အကြုံရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့ မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။ ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Innat Street
Yangon