Bright Future - Training School

Bright Future - Training School Education is the first.

06/02/2024

Don't laugh at me.
ငါ့ကိုမလှောင်ပါနဲ့

Day-2 (useful vocabularies)-proverb=စကားပုံ-idiom=ဒေသိယစကားတစ်နေ့နည်းနည်းစီ အင်္ဂလိပ်စာလုံးများကိုလေ့လာကြမယ်https://driv...
14/12/2023

Day-2 (useful vocabularies)

-proverb=စကားပုံ
-idiom=ဒေသိယစကား

တစ်နေ့နည်းနည်းစီ အင်္ဂလိပ်စာလုံးများကိုလေ့လာကြမယ်

https://drive.google.com/file/d/120QkSod5xAlfSh03PL2TSdz8ZfjXf_I5/view?usp=drivesdk



အပေါ်က လင့်လေးကို နှိပ်ပြီးလေ့လာနိုင်ပါသည်။

ကဲကဲ ဘယ်အတန်းကိုစိတ်ဝင်စားကြလဲ။
13/12/2023

ကဲကဲ ဘယ်အတန်းကိုစိတ်ဝင်စားကြလဲ။

21/11/2023

ကုန်ဈေးနှုန်းနဲ့ကိုယ်ရည်ကိုယ်သွေး

“ဈေးတွေကလည်း အကုန်ကို တက်နေတာပဲ...စရိတ်လေးတွေ လျှော့သုံးဦးမှပါ...”

☝️☝️☝️ဒီလိုမျိုးစိတ်ဓာတ် မထားပါနဲ့...

“ဈေးတွေဒီလောက်တက်နေတာ ငါဒီထက် ပိုကြိုးစားရမယ်... ဒီထက် ပိုရှာနိုင်ရမယ်...” ဆိုတဲ့စိတ်ဓာတ်မျိုးထားရပါမယ်။

မိမိပြုပြင်လို့မရတဲ့ ကုန်ဈေးနှုန်းကို ပြန်ကျမယ့်အချိန်ထိစောင့်ပြိး ချွေတာသုံးနေမယ့်အစား

ယခုထက် ပိုကောင်းမယ့်အလုပ် သို့မဟုတ် ပိုကောင်းမယ့်နည်းကိုရှာဖွေကြိုးစားနေခြင်းက

မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဦးနှောက်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်

(လွတ်လပ်စွာ သဘောထား ကွဲပြားနိုင်ပါတယ်၊ မိမိတို့ရဲ့အမြင်ကိုလည်း ဆွေးနွေး ပြောကြားနိုင်ပါတယ်။ တခြားသူပြောသမျှကို ခေါင်းငြိမ့်မခံဘဲ သူပြောတာ ဖြစ်နိုင်လားမဖြစ်နိုင်လား၊ ကောင်းတာလားမကောင်းတာလား၊ အကျိုးရှိတာလား မရှိတာလားဆိုတာကိုလည်း အမြဲစဉ်းစားကာ ‌ကိုယ့်အမြင်ကိုလည်း ဝင်ရောက်ဆွေးနွေးမှ ကိုယ့်ရဲ့ကိုယ်သွေးလည်း မြင့်တက်လာမှာပါ)

- စနစ်သစ်မှာ                     - ပုံစံအသစ်နဲ့                      -ကလေးတို့                      -မိမိကိုယ်ကိုယ်     ...
19/06/2023

- စနစ်သစ်မှာ
- ပုံစံအသစ်နဲ့
-ကလေးတို့
-မိမိကိုယ်ကိုယ်
-ယုံကြည်မှု
-ပိုတိုးလာအောင်

“BRIGHT FUTURE ”

နှင့်အတူ ပူးပေါင်းလိုက်ပါ။

________________________________ကလေးတစ်ယောက်စာမလိုက်နိုင်တာ ဘယ်သူ့မှာ                        တာဝန်ရှိလဲ?________________...
07/06/2023

________________________________
ကလေးတစ်ယောက်စာမလိုက်နိုင်တာ ဘယ်သူ့မှာ
တာဝန်ရှိလဲ?
________________________________
-ဆရာမလား?
-မိဘလား?
-ကလေးကိုယ်တိုင်လား?
=======================

*တကယ်တော့ တာဝန်ရှိသူက ၃ယောက်လုံးပါပဲ*

✔️တြိဂံဆိုတာ သုံးနားညီမှ လှပတင့်တယ်နိုင်သလို
✔️ဆရာ+မိဘ+ကလေး=ဒီသုံးယောက်လုံးပေါင်းမှ ကလေးတစ်ယောက်ဟာ တကယ်အရည်အချင်းရှိတဲ့ကလေးဖြစ်လာမှာပါ။

? ဒါဆို ဒီသုံးယောက် ဘယ်လိုညီအောင်ညှိကြမလဲ?

🔍ကလေးတစ်ယောက် စာမလိုက်နိုင်တာကို အရင်ဆုံးသိသူက ဆရာမပါ။

-ဒါဆို ဆရာမက ကလေးရဲ့အခြေအနေကို ရိပ်မိလာပြီဆိုတာနဲ့ မိဘနဲ့ ချက်ချင်း(အမြန်နိုင်ဆုံး) ဆွေးနွေးတိုင်ပင်ပါ။

?ဘယ်လိုညှိနှုင်းတိုင်ပင်ရမလဲဆိုရင်တော့...?

(ဆရာမ မှ တစ်ဆင့် မိဘတို့အား...)

“အစ်မရေ... ကလေးက စာမလိုက်နိုင်တဲ့အတွက် သူစာပိုရအောင် အိမ်စာလေးတွေပေးထားတယ်။ သူစာလုပ်ဖို့ အစ်မက အနားကနေ ကြီးကြပ်ပေးပါ။ မှားတာ/မှန်တာ ဘာမှမဖြစ်ဘူးအစ်မ။ အဓိကက သူကိုင်တိုင် တကယ်လုပ်လာဖို့ပဲ အရေးကြီးတယ်။ သူ့အခြေအနေက နားမလည်တဲ့ပုံ/မတွတ်တတ်တဲ့ပုံပေါက်နေရင်တော့ (“သား/သမီးရေ ဒီအပုဒ်နားမလည်လို့လား။ ဘာမှမဖြစ်ဘူးနော်။ မနက်ဖြန်မှ ဆရာမကို ပြန်ရှင်းပြပြီးမေးလာခဲ့ပေါ့။ အဲဒါဆိုရင် နားလည်သွားလိမ့်မယ်။ အဲ့တော့မှ တစ်ခေါက်ပြန်တွက်ပေါ့...နော် ။”)အဲလိုလေးပြောပေးပါ။

-ပြီးရင် ဆရာမဆီကိုပြန်ဆက်သွယ်ပြီး ကလေးရဲ့အိမ်က အခြေအနေကို အကြောင်းကြားထားပေးပါ။
-အဲဒီအခါကျရင် စာရှင်းပြဖို့က ဆရာမအလုပ်ပေါ့။

***နောက်ပြီး ကလေးရဲ့စိတ်ထဲ အမှန်တကယ် စာလိုချင်လာဖို့လည်း အရေးကြီးပါတယ်။ အဲဒါကတော့ မိဘရော ဆရာရဲ့ အလုပ်ပါ။ နှစ်ဘက်လုံးမှာ တာဝန်ရှိပါတယ်။ ကလေးစိတ်ဓာတ်မကျဖို့၊ စာအမှန်တကယ်လိုချင်လာဖို့၊ ကောင်းကျိုး/ဆိုးကျိုးတို့ကို ကလေးနားလည်မယ့် စကားမျိုးနဲ့ များများပြောပြ/ရှင်းပြပေးပါ။

=ကလေးတစ်ယောက် စာလိုက်နိုင်ဖို့ မိဘတစ်ယောက် ထဲထဲဝင်ဝင် ပါဝင်မှ ရတော့မှာပါ။ ဆရာမနဲ့ဘယ်လိုပဲ/ဘယ်လောက်ပဲ စာတွေလေ့ကျင့် လေ့ကျင့် အိမ်ရောက်ရင် ကိုယ်တိုင်ပြန်မလုပ်တဲ့အခါ အဲဒီစာတွေဟာ တိမ်တွေလိုပဲ ခဏသာခံပြီး လွင့်ပျယ်ပျောက်ပျက်သွားမှာပါ

📣📣📣ဒါကြောင့် ဖေဖေမေမေတို့ရေ ဆရာ/ဆရာမတို့နဲ့ ပူးပေါင်းပြီး မိမိကလေးရဲ့ အရည်အသွေးကို မြှင့်တင်ပါ။



#အင်္ဂလိပ်+သင်္ချာအထူးလေ့ကျင့်ရေးဝိုင်း

ကလေးများအတွက် social ပြဿနာ ဖြေရှင်းခန်း_____________________✓စာဖတ်ကြသူများ အချိန်မကုန်အောင် တိုတိုနဲ့ လိုရင်းကိုပဲ ပြောပ...
30/05/2023

ကလေးများအတွက် social ပြဿနာ ဖြေရှင်းခန်း
_____________________

✓စာဖတ်ကြသူများ အချိန်မကုန်အောင် တိုတိုနဲ့ လိုရင်းကိုပဲ ပြောပြပေးပါမယ်။

✓မိမိကလေးအတွက့် အကောင့်ကို ကိုယ်တိုင်ဖွင့်ပေးပြီး ထိုအကောင့်ကို မိမိဖုန်းထဲတွင်လည်းဖွင့်ထားပါ။
-ထိုအချက်သည် မိမိကလေးရဲ့အကောင့်ကို မိမိကိုယ်တိုင် စီမံ၊ စစ်ဆေးနိုင်ပါသည်။

✓ကလေးများအတွက် တင်ဆက်ပေးနေသည့် channel များကို add and subscribe လုပ်ပေးပါ။

✓ပြီးလျှင် history မှာ ဝင်စစ်ပြီး မိမိမကြိုက်သည့်၊ မကြည့်စေချင်သည့် video များကို restrict လုပ်ပေးပါ။

✓game နဲ့ ပတ်သက်လျှင်လည်း သူတို့အကြိုက်ရော မိမိဆော့စေချင်သည့် game များ(ကလေးများ ဉာဏ်ရည်တိုးစေရန်ထုတ်ထားသည့်ဂိမ်းများ) ကိုပါ ထည့်သွင်းပေးထားပါ။

✓ကလေးတို့သည် မလုပ်နဲ့လို့ပြောလျှင် ပိုလုပ်ချင်ကြသည့်အတွက် အလိမ္မာ နည်းလေးနှင့် ထိန်းပေးရပါမယ်။

✓ကလေးတို့ ပြည်ပမှ video များ ကြည့်သည့်အခါတွင် နားငြီးတယ်၊ နင်တို့နားလည်လို့လားဆိုပြီး အသံတိုးမကြည့်ခိုင်းပါနဲ့။ မြန်မာvideo ဖြစ်ဖြစ်၊ ပြည်ပမှ videoဖြစ်ဖြစ် အသံထုတ်ပြီးကြည့်ခိုင်းသည့်အခါ listening စကေး တိုးတက်စေပြီး ကလေးတို့ရဲ့ နားလည်မှု တုံပြန်နိုင်စွမ်း မြင့်မားစေပါတယ်။
(တစ်ချို့ listening စကေး ချို့တဲ့သည့်အခါမှာ တစ်ဖက်ကသာပြောနေတာ သူတို့ဘာမှနားမလည်လိုက်ဘဲ ဘာပြောလိုက်တာဆိုပြီး အူတူတူ အတတ ဖြစ်စေပါတယ်။)

✓ပြီးလျှင် ကလေးတို့နဲ့ တူတူ တစ်နေ့ကို နှစ်ပုဒ်လောက်အထိ Myanmar fairy tale ပုံပြင်များကိုကြည့်ပေးပါ။ ပြီးလျှင် ကလေးများကို လူဆိုးနဲ့လူကောင်း ခွဲခြားပြပြီး လူဆိုးတွေက ဘယ်လိုအဆုံးသတ်ရကြောင်း၊ လူကောင်းတွေက ဘယ်လို ဆုလာဘ်တွေရကြောင်း သေချာရှင်းပြ‌သင်ပေးပါ။ ပြီးမှ သားသားမီးမီးတို့ကြိုက်ရာကို ကြည့်ခိုင်းပါ။

✓game ဆော့လျှင်လည်း မိမိဆော့စေချင်သည့် ဂိမ်းကို နှစ်ခါ၊ သုံးခါလောက်ဆော့ခိုင်းပြီးမှ ကလေးတို့ကြိုက်ရာကိုဆော့ခိုင်းပါ။

***ဒါပေမယ့် အချိန်လေးတော့ သတ်မှတ်ပေးရပါမယ်။ အဖြစ်သင့်ဆုံးအချိန်ပေါ့။ အရမ်းနည်းရင်တော့ ဘယ်သူမှ စိတ်ကျေနပ်မှာမဟုတ်ဘူးလေ။

**"ကလေးတို့ကို စည်းကမ်းလေးနဲ့စိတ်ကျေနပ်စေပါ။

✓✓✓ဒီနည်းလေးများသည် ကိုယ်တိုင်သုံးနေပြီး တကယ်ထိရောက်အကျိုးရှိသည့်အတွက် ဝေမျှပေးခြင်းဖြစ်ပါတယ်။ မရှင်းသည့်အချက်ရှိလျှင် ပြန်မေးမြန်းနိုင်ပါတယ်။ သေချာရှင်းပြပေးပါမယ်။

#သုံးတတ်ရင်အကျိုးရှိစေပါတယ်။

‘‘ကလေးနဲ့အတူ ယုံကြည်မှုတည်ဆောက်ပါ’’________________________________*ယုံကြည်မှု* = ဒီစကားသုံးခွန်းက တကယ့်ကိုမှ           ...
26/05/2023

‘‘ကလေးနဲ့အတူ ယုံကြည်မှုတည်ဆောက်ပါ’’
________________________________

*ယုံကြည်မှု* = ဒီစကားသုံးခွန်းက တကယ့်ကိုမှ
အရေးကြီးပါတယ်။

-မိဘနဲ့သားသမီးကြားမှာ ယုံကြည်မှုမရှိရင်ဘာတွေ
ဖြစ်လာမလဲ???
(ကလေးပဲ ဒုက္ခပင်လယ်ဝေသွားမှာပေါ့)

:ဥပမာတစ်ခုကိုကြည့်ကြရအောင်နော်:

ကလေးတစ်ယောက်က ကျောင်းမှာ သူငယ်ချင်းတွေနဲ့ဆော့ရင်း ရှုံးသွားတဲ့အခါ မုန့်ဝယ်ကျွေးရတော့မယ်။ ဒါပေမယ့် သူ့ဆီမှာရှိတဲ့ မုန့်ဖိုးနဲ့ဝယ်ဖို့ကမလောက်ဘူး။ အဲဒီအခါမှာ သူ့အမေကို ဖွင့်ပြောပြီးတိုင်ပင်ဖို့ သူ့အမေဆူမှာကြောက်တယ်။ သူ့အမေက မကူညီဘူးလို့ သူ့စိတ်ထဲမှာ ထင်နေတယ်။ အဲဒါနဲ့ သူ့အမေ မသိအောင် မုန့်ဖိုးတွေကိုယူတော့တယ်။

☝️☝️☝️☝️☝️

ဒီလိုအဖြစ်မျိုး ကလေးတော်တော်များများဖြစ်ဖူးပါတယ်။

-တကယ်လို့သာ ကလေးရဲ့စိတ်ထဲမှာ မေမေ့ကိုဖွင့်ပြောရမယ်။ ဆူတယ်ဆိုတာလဲ ငါလိမ္မာအောင်လို့ဆိုတဲ့ စိတ်ဓာတ်မျိုးကို မိဘက ရိုက်သွင်းပေးထားရင် အဲဒီကလေးဟာ ဘယ်တော့မှ လမ်းမှားမရောက် ဒုက္ခမရောက်ပါဘူး။

-အဲဒီလိုစိတ်ဓာတ်မျိုးရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကတော့ နည်းနည်းလေးတော့ခက်မယ်။
ကျွန်မတို့ဟာ လူသားတွေဖြစ်တာမလို့ လူတိုင်းစိတ်တိုကြပါတယ်။ ဒါပေမယ့် သတိကပ်ပြီးထိန်းပါ။ ပြီးရင် မိမိရဲ့ စိတ်ထဲမှာ ငါ့ကလေးလမ်းမှန်ရောက်အောင် ငါဆုံးမပေးရမယ်။ သူနားလည်အောင်ဆုံးမရမယ် ။ဘယ်လိုဆုံးမရမလဲဆိုတာတွေကို ဒေါသထိန်းတဲ့အနေနဲ့ လက်လေးပိုက်ပြီး စဉ်းစားနေလိုက်ပါ။ အဲအချိန်မှာ ဒေါသလေး လျော့သွားပါလိမ့်မယ်။ လျော့သွားပြီဆိုရင်တော့

( "ဒီလိုလေးလုပ်မယ့်အစား ဒီလိုလေးက ပိုမကောင်းဘူးလားကလေးရေ''
မိမိရဲ့ကလေးကို မှားခွင့်ရှိတယ်။ ဒါပေမယ့် ဒီလိုအမှားမျိုးမဖြစ်အောင် ပြုပြင်ရမယ်။)

ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ကို ခွဲခြားပြီးသိအောင် မိမိက ပြောပြပေးရမယ်။
ဒီနေ့ပြော ဒီနေ့ရမှာတော့ မဟုတ်ဘူး။ စိတ်ရှည်ပါ။ စိတ်ထိန်းပါ။ ကလေးအမှန်တကယ် မသိသေးမချင်း ငါပြောဖို့လိုသေးတယ်။ ငါထပ်ပြောမယ်။ ငါပြောနိုင်မယ်ဆိုတာ ယုံကြည်တယ်။ ငါ့ကလေးလဲ လိမ္မာမယ်ဆိုတာ ယုံကြည်တယ်။ အဲဒီလိုမျိုး စိတ်ဓာတ်မွေးပါ။
မေမေဖေဖေတို့‌ေရ သားသားမီးမီးတို့အတွက် စိတ်ဓာတ်ခိုင်မာ ရဲရင့်ပြီး သားသမီးတွေအားကိုးယုံကြည်ရတဲ့မိဘများ ဖြစ်ကြပါစေ။🙏

နောက်တစ်နေ့မှာ ကလေးတို့ကို အမှားအမှန်ခွဲခြားနိုင်အောင် ယခုခေတ်နဲ့အညီသင်ပေးနည်းလေးကို ဝေမျှပေးပါဦးမယ်။

Address

North Dagon
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Alerts

Be the first to know and let us send you an email when Bright Future - Training School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share