SLC Advocates - Advocates for Sustainable Lifestyle and Culture

SLC Advocates - Advocates for Sustainable Lifestyle and Culture

Share

SLC Advocates is a youth organization which aims to educate towards people about the importance of sustainability and environmentalism.

Join our telegram 📍 https://t.me/slcadovcates2020

17/08/2026

National Couples Day မှသည်

အမျိုးအစားမတူတဲ့ စည်းစနစ်တွေ၊ ကမ္ဘာ့အရေးအခင်းတွေနဲ့ ရှုပ်ထွေးလှတဲ့ ဒီခေတ်ကြီးထဲမှာ "လူနှစ်ယောက် အပြန်အလှန် ချစ်မြတ်နိုးကြတာ" ဟာ ရိုးရှင်းတဲ့ ကိစ္စတစ်ခုလို ထင်ရပါလိမ့်မယ်။

ဒါပေမဲ့ ဩဂုတ်လ ၁၈ ရက်နေ့ National Couples Day မှာ ကမ္ဘာကြီးက ဂုဏ်ပြုချင်တာဟာ လက်ဆောင်ပစ္စည်းတွေ၊ ရိုမန်တစ်ဆန်တဲ့ ညစာတွေကို မဟုတ်ပါဘူး။ လူနှစ်ယောက်ကြားက "အပြန်အလှန် နားလည်ပေးမှု၊ တန်းတူညီမျှမှုနဲ့ ခိုင်မာတဲ့ သံယောဇဉ်" ဆိုတဲ့ သေးငယ်တဲ့ အလင်းရောင်လေးတွေကနေ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်လို နွေးထွေးသွားစေနိုင်သလဲဆိုတဲ့ အရာကိုပါ။ ( Salt Air သီချင်းသံလေးတွေပျံ့လွင့်နေတာ တစ်ကဏ္ဍပေါ့လေ ) 🎐🫶

ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) ဆိုတာ စာရွက်ပေါ်က မျှော်မှန်းချက်တွေတင် မဟုတ်ပါဘူး။ အဲဒီ ပန်းတိုင်တွေရဲ့ အသက်ရှူသံဟာ အိမ်တိုင်းရဲ့ ဧည့်ခန်းထဲမှာ၊ အိမ်ထောင်ဘက် နှစ်ယောက်ရဲ့ အကြည့်တွေထဲမှာနဲ့ အပြန်အလှန် လေးစားမှုတွေထဲမှာ ကိန်းဝပ်နေတာပါ။

၁။ တကယ့် ချစ်ခြင်းမေတ္တာဆိုတာ ရှေ့ကဆွဲခေါ်တာလည်း မဟုတ်ဘူး၊ နောက်က လိုက်ရတာလည်း မဟုတ်ဘူး။ ဘေးချင်းယှဉ်ပြီး လှမ်းလျှောက်တာပါ။ 🤍

အမျိုးသမီးတွေရဲ့ အိမ်တွင်း ပြုစုစောင့်ရှောက်ရေး တာဝန်တွေကို အတူတကွ ကူညီပခုံးထမ်းပေးတဲ့ အမျိုးသားတစ်ယောက်ရဲ့ လက်စွဲပြုမူမှုဟာ SDG 5 ရဲ့ ဂျန်ဒါ တန်းတူညီမျှရေးကို ကိုယ်ရောစိတ်ပါ အသက်သွင်းပေးနေတာပါ။ အိမ်တစ်မိုးအောက်မှာ တစ်ယောက်ရဲ့ တန်ဖိုးကို တစ်ယောက်က မြင်ပေးနိုင်မှ၊ ရည်မှန်းချက်တွေကို အတူတကွ ပံ့ပိုးပေးနိုင်မှသာလျှင် အကြမ်းဖက်မှုတွေကင်းစင်ပြီး တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းဆိုတာ စတင်မွေးဖွားလာနိုင်မှာ ဖြစ်ပါတယ်။

၂။ ပင်ပန်းလှတဲ့ ကမ္ဘာကြီးထဲမှာ အိမ်ပြန်ချိန်တိုင်း ငြိမ်းချမ်းခွင့်ရတာဟာ အကြီးမားဆုံး ဆုလာဘ်တစ်ခုပါပဲ။ 🫶

အပြန်အလှန် နားလည်ပေးနိုင်တဲ့ စုံတွဲတစ်တွဲရဲ့ ဆက်ဆံရေးဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်ခွက် (SDG 3) ဖြစ်ပါတယ်။ Harvard တက္ကသိုလ်ရဲ့ နှစ် ၈၀ ကျော် လေ့လာမှုက သက်သေပြခဲ့သလိုပါပဲ လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းနဲ့ သက်ရှည်ကျန်းမာခြင်းရဲ့ သော့ချက်ဟာ စည်းစိမ်ဥစ္စာ မဟုတ်ဘဲ "ခိုင်မာကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေး" ပဲ ဖြစ်ပါတယ်။ အချင်းချင်း စာနာပေးတဲ့ အပြုံးတစ်ခု၊ နားထောင်ပေးတဲ့ နားတစ်စုံဟာ စိတ်ကျရောဂါနဲ့ ဖိစီးမှုတွေကို ကုသပေးနိုင်တဲ့ အစွမ်းထက်ဆုံး အကာအကွယ်ဖြစ်ပါတယ်။

၃။ အကြမ်းမဖက်ဘဲ ပြဿနာကို စကားနဲ့ ဖြေရှင်းတတ်တဲ့ မိဘတွေဆီကနေ ငြိမ်းချမ်းရေးကို ချစ်တဲ့ ကလေးတွေ စတင်မွေးဖွားလာတယ်။ 🙆‍♀️

စုံတွဲတွေကြားမှာ နားလည်မှုရှိရှိ ပဋိပက္ခတွေကို ဖြေရှင်းတတ်တဲ့ ယဉ်ကျေးမှုဟာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်း (SDG 16) အတွက် မူလအုတ်မြစ် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန် လေးစားမှုကို မြင်တွေ့ကြီးပြင်းလာရတဲ့ ကလေးသူငယ်တွေဟာ နောင်တစ်ချိန်မှာ အမုန်းတရားတွေ ကင်းစင်ပြီး မေတ္တာတရားကို ရှေ့တန်းတင်တတ်တဲ့ ကမ္ဘာကြီးကို ဖန်တီးကြပါလိမ့်မယ်။

National Couples Day မှာ ကျွန်တော်တို့ အမှတ်ရဖို့လိုတာကတော့ “ချစ်ခြင်းမေတ္တာဆိုတာ နှစ်ယောက်တည်းပိုင်တဲ့ ကမ္ဘာငယ်လေး မဟုတ်ဘူး" ဆိုတာပါပဲ။
မင်းနဲ့ ငါ အပြန်အလှန် လေးစားတန်ဖိုးထားလိုက်တဲ့ ခဏတိုင်း၊ အိမ်တွင်းတာဝန်တွေကို မျှတစွာခွဲဝေယူလိုက်တဲ့ အချိန်တိုင်း၊ တစ်ယောက် စိတ်ဓာတ်ကျချိန်မှာ တစ်ယောက်က အားဖြည့်ပေးလိုက်တဲ့လက်ဆုပ်လက်ကိုင်ပြုမှုတိုင်းဟာ... ဒီကမ္ဘာကြီးကို ပိုမိုငြိမ်းချမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ တွန်းပို့ပေးနေတဲ့ အလှပဆုံး ဂယက်လှိုင်းလေးတွေပဲ ဖြစ်ပါတယ်။

August 18 ရက်နေ့ ရောက်ပြီဆိုရင် အဲ့ဒီ့နေ့မှာ မင်းကနေ မင်းချစ်ရသူလေးရဲ့လက်ကို ဆုပ်ကိုင်ပြီး ဒီလိုလေး ပြောလိုက်ပါ။ 👩‍❤️‍👨

“ မင်းရဲ့ ချစ်ခြင်းမေတ္တာဟာ ကမ္ဘာကြီးအတွက်သေးငယ်တယ်လို့ပြောရင် ငါ့ရဲ့ ကမ္ဘာ့ငယ်လေးဟာ မင်းကြောင့် ရယ်နေခဲ့ပြီလေ“ ဆိုတာပေါ့။

Telegram📍
https://t.melslcadovcates2020

Linkedln📍
https://www.linkedin.com/company/slc -advocate

Content - Thatoe
Graphic - JUNE

12/08/2026

🐘🌿 ကမ္ဘာ့ဆင်များနေ့ | ဩဂုတ်လ ၁၂ ရက်

ဆင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးကုန်းနေသတ္တဝါတွေထဲက တစ်မျိုးဖြစ်ရုံသာမက သဘာဝဂေဟစနစ်ကို ထိန်းညှိပေးနေတဲ့ အရေးကြီးတဲ့ သတ္တဝါတွေလည်း ဖြစ်ကြပါတယ်။

ဒါ​ပေမယ့် မြန်မာနိုင်ငံအပါအဝင် နေရာအချို့မှာဆိုရင် ဆင်စီးခြင်း၊ ဆင်နဲ့ ဓာတ်ပုံရိုက်ခြင်း၊ ခရီးသွားဖျော်ဖြေရေးအတွက် ဆင်တွေကို အသုံးပြုခြင်း စတဲ့ ဓလေ့တွေ ရှိနေဆဲဖြစ်ပါတယ်။တကယ်​တော့ ဆင်တွေဟာ လူတွေအတွက် ဖျော်ဖြေရေးအတွက် အသုံးချရမယ့် သတ္တဝါတွေမဟုတ်ဘဲ၊ ကိုယ်ပိုင်သဘာဝအပြုအမူတွေနဲ့ လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့်ရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ ဖြစ်တာကို ​မေ့ထားကြပါတယ်။
ဒီလိုဆင်တွေကို လူတွေနဲ့ နီးကပ်စွာ အလုပ်လုပ်စေဖို့ လေ့ကျင့်ထိန်းချုပ်ရတဲ့ နည်းလမ်းတွေဟာ ဆင်တွေရဲ့ သဘာဝအပြုအမူနဲ့ကျန်းမာ​ရေး (animal welfare) စတာ​တွေကို ထိခိုက်စေနိုင်သလို ဆင်စီးခြင်းကို ခရီးသွားဖျော်ဖြေရေးအဖြစ် ပုံမှန်ပြုလုပ်ခြင်းက ဆင်တွေကို သဘာဝအတိုင်း လွတ်လပ်စွာ လှုပ်ရှားနေထိုင်ခွင့်ကိုလည်း ကန့်သတ်ထားသလိုလည်း ဖြစ်​စေပါတယ်။

ဆင်တွေကို ချစ်တယ်ဆိုရင် စီးမယ့်အစား သူတို့ရဲ့ သဘာဝအပြုအမူတွေကို လေ့လာပြီး အစာ​ကျွေးတာမျိုး သူတို့ရဲ့ ​နေထိုင်ရာ သဘာ၀ပတ်၀န်းကျင်ကို ကာကွယ်​ပေးတာမျိုး လုပ်​ပေးကြရမှာဖြစ်ပါတယ်။

Telegram 📍
https://t.me/slcadovcates2020

LinkedIn 📍
https://www.linkedin.com/company/slc-advocates/

Content-Hsu
Graphic-Cho Lae


07/08/2026

✨ SLC Advocates × Show Your Kindness | Media Partnership Announcement ✨

ကလေးတိုင်းမှာ လှပတဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ❤️

မွေးဖွားလာတဲ့ နေရာကို သူတို့ မရွေးချယ်နိုင်ခဲ့ပေမယ့်...သူတို့ရဲ့ အနာဂတ်ကိုတော့ ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိသင့်ပါတယ်။

ဒီယုံကြည်ချက်နဲ့အတူ SLC Advocates အနေနဲ့ Show Your Kindness ရဲ့ Bright Future Project အောက်မှာ ဖော်ဆောင်နေတဲ့ "Life Skill Training for Children in Slum Area" စီမံကိန်းတွင် Media Partner အဖြစ် ဝမ်းမြောက်ဂုဏ်ယူစွာ ပါဝင်အားဖြည့်ခွင့်ရရှိခဲ့ပါတယ်။ 🤝💙

🌟 Bright Future Project ဆိုတာ...

ပညာရေးနဲ့ ဘဝကျွမ်းကျင်မှု အခွင့်အလမ်းတွေကို လူတိုင်း လက်လှမ်းမီစေဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး၊ ယခုအခါ ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များမှ ကလေးငယ်များ အတွက် အကောင်အထည်ဖော်လျက်ရှိပါတယ်။

📍 စီမံကိန်းအချက်အလက်
• တည်နေရာ – ဒလမြို့နယ်၊ ရန်ကုန်
• သင်တန်းကာလ – (၄) လ (စနေနေ့တိုင်း)

📚 သင်ကြားပေးမည့် ဘာသာရပ်များ
✨ Vocational Skills – Handmade Accessories & Recycle Handmade
✨ Life Skills – ဘဝကျွမ်းကျင်မှု
✨ Soft Skills – လူမှုဆက်ဆံရေး ကျွမ်းကျင်မှု
✨ Basic Literacy – မြန်မာ၊ အင်္ဂလိပ် အခြေခံ အရေးအဖတ်

🎯 ဒီစီမံကိန်းရဲ့ ရည်မှန်းချက်က...

(၄) လ သင်တန်းပြီးဆုံးချိန်မှာ ကလေးငယ်တွေဟာ ကိုယ်တိုင် Handmade ပစ္စည်းတွေ ဖန်တီးထုတ်လုပ်နိုင်ရုံသာမက၊ အားလပ်ချိန်တွေမှာ မိသားစုအတွက် ဝင်ငွေအနည်းငယ် ရှာဖွေနိုင်မယ့် အရည်အချင်းတွေကိုပါ ရရှိလာစေဖို့ ဖြစ်ပါတယ်။

တစ်ခါတလေ...
အနာဂတ်ကို ပြောင်းလဲပေးတာဟာ ငွေအများကြီး မဟုတ်ပါဘူး။ အခွင့်အရေးတစ်ခု၊ ပညာတစ်ခုနဲ့ ယုံကြည်မှုပေးနိုင်ခြင်းကပဲ ဘဝတစ်ခုကို ပြောင်းလဲပေးနိုင်ပါတယ်။ 🌱

ကလေးငယ်တွေရဲ့ အိပ်မက်တွေကို ပြန်လည်အသက်သွင်းပေးမယ့် Bright Future Project ကို အားပေးပြီး မျှဝေပေးခြင်းကလည်း အဖိုးတန်တဲ့ ပါဝင်မှုတစ်ခု ဖြစ်ပါတယ်။ 💙






05/08/2026

အ​မေဇုန်မိုးသစ်​တော ဘယ်လိုဖြစ်လာသလဲ? 🌳

👀 Amazon Forest (အမေဇုန်မိုးသစ်တော) ဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး အပူပိုင်းမိုးသစ်တော (Tropical Rainforest) ဖြစ်ပြီး တောင်အမေရိကတိုက်ရှိ Brazil၊ Peru၊ Colombia နှင့် အခြားနိုင်ငံများအတွင်းမှာပါ ကျယ်ပြန့်စွာ တည်ရှိပါတယ်။ဒီသစ်တောဟာ တစ်ရက် သို့မဟုတ် တစ်နှစ်တည်းအတွင်း ဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်ဘဲ နှစ်သန်းပေါင်းများစွာကြာသော သဘာ၀ဖြစ်စဥ်များ​ကြောင့်စု​ပေါင်း​ပေါ်​ပေါက်လာခြင်းဖြစ်ပါတယ်။

Amazon Forest ဖြစ်ပေါ်လာရာတွင် ကမ္ဘာမြေ၏ မြေထုလှုပ်ရှားမှု (Plate Tectonics) ဟာလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက တောင်အမေရိကတိုက်နှင့် အာဖရိကတိုက်တို့သည် Gondwana ဟုခေါ်သော မြေထုကြီးတစ်ခု၏ အစိတ်အပိုင်းများ ဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင်မှ မြေခွံများ ရွေ့လျားကွဲထွက်သွားပြီး တောင်အမေရိကတိုက်၏ ယနေ့ပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

⛰️ ထို့နောက် Andes တောင်တန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်းကြောင့် ရေစီးဆင်းသည့်လမ်းကြောင်းများ ပြောင်းလဲခဲ့သလို အနောက်ဘက်သို့ စီးဆင်းနေသော ရေများက အရှေ့ဘက်သို့ လှည့်ပြောင်းစီးဆင်းလာကာ ယနေ့ Amazon မြစ်ကြီးနှင့် မြစ်လက်တက်များကို ဖြစ်​ပေါ်လာ​စေခဲ့ပါတယ်။ အဲ့ဒီမြစ်များသည် ရေ၊ အာဟာရဓာတ်များနှင့် နုန်းမြေများကို သယ်ဆောင်ပေးသဖြင့် အပင်များ ကြီးထွားရန် သင့်တော်သော ပတ်ဝန်းကျင်ကိုပါတစ်ပါထဲဖန်တီး​ပေးခဲ့ပါတယ်။

Amazon Forest ဟာ အီကွေတာအနီးတွင် တည်ရှိသောကြောင့် တစ်နှစ်ပတ်လုံး နေရောင်ခြည် လုံလောက်စွာ ရရှိပြီး အပူချိန်လည်း မြင့်မားတာ​ကြောင့် သစ်ပင်များနှင့် အပင်မျိုးစုံကို တစ်နှစ်ပတ်လုံး ရှင်သန်ကြီးထွားစေပြီး ထူထပ်သော မိုးသစ်တောကြီးတစ်ခုအဖြစ် အသွင်​ပြောင်းလာခဲ့ပါတယ်။ ☀️🗺

ဒါ့အပြင် သစ်ပင်များက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ကို စုပ်ယူပြီး အောက်ဆီဂျင် ထုတ်ပေးသဖြင့် ကမ္ဘာ့ရာသီဥတုကို ထိန်းညှိပေးရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှာပါ၀င်​နေပါတယ်။

​မြောက်များစွာ​သော မြေထုလှုပ်ရှားမှု Andes တောင်တန်းနှင့်Amazon မြစ်စနစ်၏ ဖွံ့ဖြိုးလာမှုနှင့် အီကွေတာဒေသ၏ ပူနွေးစိုစွတ်သော ရာသီဥတုတို့ ပေါင်းစပ်ကာ နှစ်သန်းပေါင်းများစွာအတွင်း တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သော အ​မေဇုန်မိုးသစ်​တောဟာ ကမ္ဘာ့အရေးပါဆုံး သဘာဝဂေဟစနစ်များထဲမှ တစ်ခုဖြစ်လာတာ ငြင်းနိုင်စရာမရှိပါဘူး။

Content - Hsu
Graphic - Cho Lae

Telegram 📍
https://t.me/slcadovcates2020

LinkedIn 📍
https://www.linkedin.com/company/slc-advocates/

Photos from SLC Advocates - Advocates for Sustainable Lifestyle and Culture's post 03/08/2026

SLC နဲ့ Mindful Burma Mindful Burma တို့ပူးပေါင်းကျင်းပတဲ့ သစ်ရိပ်ဝါးရိပ်စကားဝိုင်း (Sinking Land Edition) လေးပတ်တာကာလလေးက အောင်မြင်စွာပြီးခဲ့ပါပြီ။ ✨🍀

ဒီပွဲလေးအတွက် ဆွေးနွေးဖို့ resources တွေကို အဓိကကူညီအားဖြည့်ပေးတဲ့ Mindful Burma နဲ့အတူ လာရောက်ပြောကြားပေးတဲ့ Guest တွေများ၊ Media Partnership များဖြစ်ကြတဲ့
Planet Impacts
To the Green - စိမ်းမြရပ်၀န်းသို့
Environment, Health and Safety Myanmar - EHS Myanmar
The Youth Horizon နဲ့
Day One English Language School
တိုကိုလည်းကျေးဇူးတင်ရှိကြောင်းပြောရင်း

အပတ်တိုင်းမှာ တက်ကြွစွာဆွေးနွေးပေးကြတဲ့ participant တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောပါရစေ။ 🫶

SLC ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်းလေးကလည်း အားလုံးအတွက် အသိပညာအသစ်၊ အမြင်အသစ်တွေရရှိခဲ့မယ်လို ယုံကြည်ပါတယ်။ အခုလိုတက်ကြွစွာပါဝင်ပေးကြလို နောက်ထပ်အစီအစဥ်တွေကိုလည်း ထပ်လုပ်ဖို့အင်အားရှိရပါတယ်။

ကဲ...ဒါဆို နောက်အစီအစဥ်တွေမှာပြန်ဆုံတွေ့ကြပါမယ်။ သာယာသောနေ့လေးဖြစ်ကြပါစေရှင်။ 🙌🙆‍♀️

Telegram 📍
https://t.me/slcadovcates2020

LinkedIn 📍
https://www.linkedin.com/company/slc-advocates/

Photos from SLC Advocates - Advocates for Sustainable Lifestyle and Culture's post 31/07/2026

အိမ်တွင်းလေသန့်စင်ဖို့ အပင်လေးတွေ အခုမှ စစိုက်မယ့်သူလေးတွေ ရှိလား?

အိမ်ထဲမှာ အစိမ်းရောင်အပင်လေးတွေထားတာက အလှဆင်ဖို့တင်မဟုတ်ပါဘူး။ အိမ်ကို ပိုပြီးအသက်ဝင်စေသလို စိတ်ကိုလည်း အေးချမ်းစေပြီး နေ့စဉ်ဘဝထဲကို သဘာဝရဲ့ စိမ်းလန်းမှုလေးတွေ ယူဆောင်လာပေးပါတယ်။

ဒါပေမယ့် အပင်စိုက်ချင်ပေမယ့် “ပြုစုရခက်မှာလား”၊ “အချိန်မပေးနိုင်လို့ အပင်သေသွားမှာလား” ဆိုပြီး စိတ်ပူနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။

တကယ်တော့ အပင်စိုက်တာက ထင်သလောက် မခက်ပါဘူး။ အပင်အမျိုးအစားကို မှန်မှန်ရွေးချယ်ပြီး အခြေခံလိုအပ်ချက်လေးတွေကို သိထားရင် Beginner တွေတောင် အိမ်တွင်းအပင်လေးတွေကို အောင်မြင်စွာ ပြုစုနိုင်ပါတယ်။

ဒီနေ့တော့ အပင်စစိုက်မယ့်သူတွေအတွက် အထူးသင့်တော်တဲ့ ပြုစုရလွယ်ကူပြီး အိမ်တွင်းမှာ ကောင်းကောင်းရှင်သန်နိုင်တဲ့ Indoor Plants (၄) မျိုးကို မျှဝေပေးသွားမှာပါ။

Indoor Plants တွေကို ပြုစုတဲ့အခါ အခြေခံသိထားသင့်တာလေးတွေ

၁။ ရေကို အလွန်အကျွံ မလောင်းပါနဲ့။
အိမ်တွင်းအပင်အများစု ပျက်စီးရတဲ့ အဓိကအကြောင်းရင်းက ရေများလွန်းတာကြောင့်ပါ။ ရေလောင်းမယ့်အချိန်မှာ မြေခြောက်၊ မခြောက်ကို အရင်စစ်ဆေးပေးပါ။

၂။အလင်းရောင်ကို မှန်ကန်စွာ ပေးပါ။
Indoor Plant ဆိုပေမယ့် လုံးဝအမှောင်ထဲမှာ မထားသင့်ပါဘူး။ နေရောင်တိုက်ရိုက်မဟုတ်တဲ့ သဘာဝအလင်းရောင်ရတဲ့ နေရာက အကောင်းဆုံးပါ။

၃။အိုးနဲ့ မြေကို မှန်ကန်စွာ ရွေးပါ။
ရေထွက်ပေါက်ပါတဲ့ အိုးကို အသုံးပြုပြီး ရေဝပ်မနေအောင် ဂရုစိုက်ပေးပါ။

၄။အပင်ကို ကြည့်ရှုလေ့လာပါ။
အရွက်အရောင်ပြောင်းလာတာ၊ ညှိုးနွမ်းလာတာတွေက အပင်ရဲ့ လိုအပ်ချက်ကို ပြောပြနေတဲ့ အချက်တွေပါ။

ဒီအခြေခံအချက်လေးတွေကို သိထားရင် အပင်စစိုက်တဲ့သူတွေအတွက်လည်း အိမ်တွင်းအပင်လေးတွေကို ပျော်ပျော်ရွှင်ရွှင် ပြုစုနိုင်မှာပါ။

အခုတော့ Beginner တွေအတွက် သင့်တော်တဲ့ Indoor Plants (၄) မျိုးကို အောက်ကပုံလေးတွေမှာကြည့်လိုက်ရအောင်နော်။

Content-Aeint Thaw
Graphic-Cho Lae

Telegram 📍
https://t.me/slcadovcates2020

LinkedIn 📍
https://www.linkedin.com/company/slc-advocates/


28/07/2026

ကမ္ဘာ့သဘာဝထိန်းသိမ်းရေးနေ့ (World Nature Conservation Day) ကို နှစ်စဉ် ဇူလိုင်လ (၂၈) ရက်နေ့မှာ ကျင်းပကြပါတယ်။

ဒီနေ့က ကုလသမဂ္ဂက တရားဝင်သတ်မှတ်ထားတဲ့ နေ့တော့ မဟုတ်ပေမယ့်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေက သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းဖို့၊ သစ်တောတွေ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်ဖို့ လူတွေကို အသိပညာပေးရင်း စတင်လှုံ့ဆော်ခဲ့ကြတာပါ။

အခုဆိုရင် နိုင်ငံတော်တော်များများမှာ ဒီနေ့ကို အထိမ်းအမှတ်အနေနဲ့
-သစ်ပင်စိုက်တာ၊
-အမှိုက်ကောက်သန့်ရှင်းရေးလုပ်တာ၊
-ပလတ်စတစ်အသုံးလျှော့တာနဲ့ သဘာဝထိန်းသိမ်းရေး လှုပ်ရှားမှုတွေ ပြုလုပ်ကြပါတယ်။
ဒါတွေက တစ်ယောက်တည်းလုပ်နေရင် ဘာမှ ထူးခြားမလာဘူးလို့ ထင်ရပေမယ့် ဒီလို တစ်ယောက်ပေါင်းများစွာက လုပ်နေတာပေါင်းလိုက်ရင် အရွေ့လေးတစ်ခုတော့ စတင်လာမှာ သေချာပါတယ်။

သဘာဝကို ထိန်းသိမ်းတာက ကမ္ဘာမြေအတွက်ပဲ မဟုတ်ပါဘူး။ ကိုယ်တွေနဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက်လည်း ပိုကောင်းပြီး ရေရှည်တည်တံ့ခိုင်မြဲမယ့်အနာဂတ်ကို ဖန်တီးပေးတာပါ။ 🌿💚

Telegram 📍
https://t.melslcadovcates2020

Linkedln 📍
https://www.linkedin.com/company/slc-advocate

Content - Aeint Thaw
Graphic - Cho Lae

25/07/2026

Biophilia (ဘိုင်အိုဖီးလီးယား) ဆိုတာ ဘာလဲ။ ❓

“အပင်စိမ်းစိမ်းစိုစိုလေးတွေ၊ စမ်းချောင်းထဲက ရေစီးသံလေးတွေ မြင်ရကြားရတဲ့ အခါမှာ စိတ်လေးတွေ ဘာလို့ ပေါ့ပါးအေးချမ်းသွားတာလဲ” လို့ စဉ်းစားဖူးလား။ 🍃

တကယ်တော့ အဲ့ဒီ ခံစားချက်ကို Biophilia (ဘိုင်အိုဖီးလီးယား) လို့ ခေါ်ပါတယ်။

Biophilia ဆိုတာ လူသားတွေမှာ ပါလာပြီးသား သဘာဝ ကို ချစ်ခင်ပြီး နီးနီးကပ်ကပ် နေချင်တဲ့ စိတ်သဘောထားကို ဆိုလိုတာပါ။ 🪵🌿

ဒီ စကားလုံးက ဂရိဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး
Bio - အသက်၊ သက်ရှိ
Philia - ချစ်ခင်မြတ်နိုးခြင်း
ဆိုတော့ Biophilia ကို “သဘာဝကို ချစ်မြတ်နိုးတဲ့စိတ်” လို့ အလွယ်တကူ နားလည်ထားလို့ရပါတယ်။

ဒီအယူအဆကို ဂျာမနီနိုင်ငံဖွား အမေရိကန်နိုင်ငံသား Erich Fromm ဆိုသူက မိတ်ဆက်ခဲ့ပြီး အမေရိကန် ဇီဝဗေဒပညာရှင် Edward O. Wilson က လူသားတွေရဲ့ သဘာဝနဲ့ ဆက်နွယ်လိုတဲ့ ဒီမွေးရာပါစိတ် ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပါတယ်။

Biophilia က ဘာလို့ အရေးကြီးတာလဲ။

စာတမ်းသုတေသနတွေမှာ ဖော်ပြထားတာကတော့ သဘာဝနဲ့ ထိတွေ့နေသူတွေဟာ
-စိိတ်ဖိစီးမှုလျော့နည်းတယ်၊
-စိတ်အပန်းပြေပြီး စိတ်ကျန်းမာရေးပိုကောင်းတယ်၊
-အာရုံစူးစိုက်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းလည်း ပိုတိုးတက်တယ်၊
ဒါကြောင့်မလို့လည်း လူနေမှုဘဝကိစ္စမျိုးစုံကိုကြုံလာတဲ့အခါ အားလုံးကိုရပ်ပစ်ပြီး ခရီးသွားလိုက်တာပဲဖြစ်ဖြစ်၊ ပန်းခြံထဲ လမ်းသွားလျှောက်တာပဲ ဖြစ်ဖြစ် လုပ်လိုက်တာဟာ စိတ်ဖိစီးမှုကို တစ်စိတ်တစ်ပိုင်း သက်သာစေတာ အားလုံးလည်းခံစားမိဖူးမှာ သေချာပါတယ်။

နောက်ပိုင်းခေတ်မှီလာတာနဲ့ အမျှတော့ အချိန်ကုန်ခံပြီး ခရီးတွေထွက်မှ တောတောင်တွေဘက်ကိုသွားမှ Biophilia စိတ်ကို ခံစားလာရမှာမဟုတ်ဘဲ Biophilia Design ဆိုတဲ့ သဘာဝကို လူနေအဆောက်အအုံပတ်ဝန်းကျင်ထဲ ခေါ်ဆောင်လာတဲ့ ဒီဇိုင်းအယူအဆဟာလည်း ပေါ်ပေါက်ခဲ့ပါတယ်။ 🌿🏡

ဥပမာပြောရရင်တော့

-အိမ်၊ရုံး၊ ကော်ဖီဆိုင်၊ ဆေးရုံတွေမှာ အတွင်းရော အပြင်ရောမှာပါ အပင်လေးတွေ စိုက်ထားတာ၊
-သဘာဝအလင်းရောင်ဝင်အောင်ရော လေဝင်လေထွက်ကောင်းအောင်ရောပြတင်းပေါက်အကြီးတွေ၊ skylight တွေသုံးတာ၊
-Green Wall (အစိမ်းရောင်နံရံ) တွေ၊ ရေတံခွန်၊ ရေကန်၊ သစ်သား၊ ကျောက်အေးအေးလေးတွေ၊ ဝါး စတဲ့ သဘာဝပစ္စည်းတွေကို နောက်ပိုင်း အဆောက်အအုံတွေမှာ တွင်တွင်ကျယ်ကျယ်သုံးပြီး အလှဆင်လာတာကိုတွေ့လာရပါတယ်။ စာရေးနေရင်းနဲ့တောင် စိတ်ထဲမှာ ပုံဖော်ပြီး အဲ့နေရာတွေမှာ စာသွားပြေးရေးလိုက်ချင်တယ်။

မြန်မာနဲ့ အနီးဆုံးနဲ့ အမြင်သာဆုံး Biophilia Design တွေသုံးထားတဲ့ ကြီးကြီးမားမား အဆောက်အအုံတွေဆိုရင်တော့ 🗾

-Singapore က Gardens by the bay (မြို့ပြအလယ်မှာ သဘာဝနဲ့ နည်းပညာကိုပေါင်းစပ်ထားတဲ့ ဥယျာဉ်ကြီး) ရှိမယ်၊
-နောက်တစ်ခုကလည်း စင်္ကာပူ Changi လေဆိပ်ထဲက Jewel (လေဆိပ်ထဲမှာ mini တောအုပ်လေးနဲ့ ရေတံခွန်အကြီးစားကို ဖန်တီးထားတဲ့ ဒီဇိုင်းဆိုရင်လည်း ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကိုဖမ်းစားပြီး စိတ်အမောပြေစေအောင်ပြုလုပ်ထားတာလည်း တကယ်ကိုအေးချမ်းစေပါတယ်)။

အချုပ်ပြောရရင်တော့ Biophilia ဆိုတာ သဘာဝကို ကြည့်ရတာ သဘောကျတဲ့စိတ်ထက် ပိုပါတယ်။ လူသားတွေအနေနဲ့ သဘာဝနဲ့ ချိတ်ဆက်နီးကပ်နေတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ချမ်းသာတယ်၊ ပိုကျန်းမာလာတယ် ဆိုတဲ့ အယူအဆကို ဖော်ပြပေးတာပါ။

ဒါကြောင့် စိတ်ဖိစီးမှုအရမ်းပေးတဲ့ ရုံး၊ ကျောင်း၊ ဆေးရုံစတာတွေမှာ၊ ပြီးတော့ စိတ်အမောပြေစေဖို့ ပြန်လာရတဲ့ ကျွန်တော်တို့ နေထိုင်ရာ အိမ်တွေမှာလည်း Biophilia Design တွေ ထည့်သွင်းပေးလိုက်တာက ဒီလူတွေအားလုံးရဲ့ ဘဝအရည်အသွေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို တစ်နည်းတစ်ဖုံ ပြောင်းလဲပေးမှာ အသေချာပါပဲ။ 🦜🍃

Telegram 📍
https://t.me/slcadovcates2020

Linkedln 📍
https://www.linkedin.com/company/slc-advocate

Content - Aeint Thaw
Graphic - Cho Lae

22/07/2026

📢 SLC Volunteer Recruitment ~ Research and Development Team

SLC မှာ Volunteer အဖြစ် ပါဝင်ကူညီချင်တဲ့သူတွေကို ဖိတ်ခေါ်လိုက်ပါတယ်! ✨

R&D Team ရဲ့ အဓိကတာဝန်ကတော့ content ideas တွေကို brainstorm လုပ်ခြင်း၊ creative concepts တွေစဉ်းစားပေးခြင်းနဲ့ content planning မှာ ပါဝင်ကူညီခြင်း ဖြစ်ပါတယ်။

လိုအပ်တဲ့အရည်အချင်းများ

• Creative ideas တွေ စဉ်းစားနိုင်သူ

• Content brainstorming ကို စိတ်ဝင်စားသူ

• သွက်လက်ပြီး တာဝန်ယူစိတ်ရှိသူ

• Teamwork ကောင်းမွန်သူ

• Deadline အမီ အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်သူ

Brainstorm စိတ်ဝင်စားပြီး ကိုယ့်ရဲ့ idea တွေနဲ့ SLC ကို အတူတူတိုးတက်စေချင်တယ်ဆိုရင် အခုပဲ Volunteer အဖြစ် လျှောက်ထားလိုက်ပါ။

Register here 📍
https://forms.gle/AGDArzjo88VkTgq17

Telegram 📍
https://t.me/slcadovcates2020

Linkedln 📍
https://www.linkedin.com/company/slc-advocate

20/07/2026

ရှေ့အပတ်က ဒုတိယအပတ် ဆွေးနွေးပွဲလေးပြီးခဲ့ပြီမို့ အခုဆိုရင် သစ်ရိပ်ဝါးရိပ်စကားဝိုင်းရဲ့ မြေပြင်နိမ့်ဆင်းမှုအကြောင်းဆွေးနွေးကြမယ့် တတိယမြောက်အပတ်ကိုရောက်ရှိလာပါပြီ။🤍🙌

ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံရဲ့နိမ့်ဆင်းနေတဲ့ ကုန်းမြေ‌တွေအကြောင်းကို role play game ‌လေးတွေဆော့ပြီး အားတက်သရောဆွေးနွေးခဲ့ကြပြီမလို့ အခုလာမယ့်အပတ်မှာကမ်းရိုးတန်းနဲ့ပတ်သက်ပြီး နိမ့်ဆင်းနေတဲ့ကုန်းမြေတွေအကြောင်းကိုလေ့လာကြပါမယ်။ 🏖

ဒီအပတ်စကားဝိုင်းမှာ မြို့ပြအပြင် ကမ်းရိုးတန်းအနီးက မြေပြင်နိမ့်ဆင်းမှုအကြောင်းကိုအပြန်အလှန်ဆွေးနွေးပြီးအမြင်ဖလှယ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ 👈

ဒါ့ကြောင့် ကမ်းရိုးတန်း‌ဒေသ‌တွေရဲ့မြေပြင်နိမ့်ဆင်းမှုအကြောင်းကို အပြန်အလှန်အတွေးအမြင်ဖလှယ်ရင်း ဆွေးနွေးကြဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နော်။ 🫶🌿

For 3rd week - Register Here!
https://forms.gle/9NjH9mXVuvrM35tY7

Date - 25 July, 2026
Time - 7:30-9:00 PM
Platform - ZOOM

Telegram 📍
https://t.me/slcadovcates2020

Linkedln 📍
https://www.linkedin.com/company/slc-advocate


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon