02/04/2022
Steering Gear System
မင်္ဂလာပါ။ ဒီနေ့ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ Steering System ပဲဖြစ်ပါတယ်။ သင်္ဘောတစ်စီးလိုရာဆီခုတ်မောင်းနိုင်ဖို့ Propeller နဲ့ ဦးတည်ရာထိန်းချုပ်နိုင်ဖို့ Rudder တို့လိုအပ်ပါတယ်။ Steering System ကတော့ Rudder ကိုထိန်းချုပ်တဲ့ system တစ်ခုပဲဖြစ်ပါတယ်။
Steering System မှာ
1. Hydraulic system
2. Electro-hydraulic system
3. All electric system တို့ဆိုပြီးရှိပါတယ်။
1.Hydraulic System မှာ Axial Piston Pump (Swash Plate Pump) နဲ့ Radial Cylinder (Hele-Shaw Pump) တို့ကိုသုံးပါတယ်။
2. Electro-hydraulic System မှာ Ram Type(2 or 4 Rams) နဲ့ Rotary Vane Type တို့ကိုသုံးပါတယ်။
3. All Electric System မှာတော့ Ward Leonard System, Single-Motor System တို့ကိုသုံးပါတယ်။
ဒီနေ့အဓိကရေးချင်တာကတော့Electro-hydraulic System ( Ram Type ) အကြောင်းပဲဖြစ်ပါတယ်။
Electro-hydraulic System ကိုအဓိကအားဖြင့်
Control unit နဲ့ Power unit ဆိုပြီးခွဲခြားထားပါတယ်။
Control unit မှာတော့ Bridge ကနေထိန်းချုပ်မယ့် Telemotor Transmitter နဲ့ Transmitter ကနေပို့တာကိုလက်ခံမယ့် Steering room ထဲက Telemotor Receiver တို့ပါဝင်ပါတယ်။ သူတို့ကို Telemotor System လို့ခေါ်ပါတယ်။ သူတို့၂ခုကြားမှာ small diameter copper pipe ၂ခုနဲ့ဆက်သွယ်ထားပြီး special non-freezing oil နဲ့ charged လုပ်ထားပါတယ်။
Transmitter unit မှာ Bronze moving ram ၂ခုပါဝင်ပြီး cylinder ၂ခုထဲတွင်ရှိနေကာ cylinder ၂ခုကို cast in one လုပ်ထားပါတယ်။ Rams တွေရဲ့ Upper ends တွေကနေ Extended Racks တွေထုတ်ထားပြီး Sttering wheel ကနေ Operate လုပ်မယ့် Spur gear မှာတပ်ဆင်ထားပါတယ်။
Receiver Unit မှာတော့ အသေတပ်ဆင်ထားတဲ့ two Fixed Bronze Rams နဲ့ သူတို့ကြားထဲမှာ one moveable cylinder ပါဝင်ပါတယ်။ Rams တွေရဲ့ outer ends တွေကို Transmitter system ရဲ့အောက်ခြေနဲ့ pipe တွေ valve တွေသုံးကာဆက်သွယ်ထားပါတယ်။ Cylinder ကို cylinder movement တစ်ခုပြီးတိုင်း မူလ mid-positioned ကို Spring force အားဖြင့်ပြန်ရောက်စေပါတယ်။
Telemotor System ရဲ့ operation ကတော့ Bridge ကနေ Steering wheel လှည့်လိုက်တဲ့အခါ transmitter unit မှာရှိတဲ့ Rams ၂ခုထဲကတစ်ခုက အောက်ကိုရွေ့လျားပြီး oil ကို receiver unit ရဲ့ moveable cylinder ထဲပို့ပေးပါတယ်။ တစ်ချိန်တည်းမှာ ကျန်တဲ့ Ram တစ်ခုကအပေါ်တက်သွားပြီး receiver unit က moveable cylinder ရဲ့တစ်ခြမ်းကနေ released ဖြစ်လာမယ့် oil ကိုလက်ခံပေးပါတယ်။ Oil တွေရဲ့ရွေ့လျားမှုကြောင့် receiver unit က moveable cylinder ကိုကိုလိုချင်တဲ့ဘက်ကိုရွေ့လျားမှုဖြစ်စေပါတယ်။ အဆိုပါ cylinder ရဲ့ရွေ့လျားမှုကို crosshead အားဖြင့် Power unit မှာရှိတဲ့ Floating lever နဲ့ hydraulic pump control rod တို့ကို transmitted လုပ်ပေးပါတယ်။
Power Unit မှာတော့ Motor နဲ့ Hydraulic pump,
Rams or Vane တို့ပါဝင်ပါတယ်။
ဒီမှာတော့ Ram type ကိုပဲရေးသွားပါမယ်။
Hydraulic cylinders ၄ခုရှိပြီး တစ်ဖက်တစ်ချက်စီမှာရှိတဲ့ Hydraulic Rams တွေမှာတပ်ဆင်ထားပါတယ်။ Cylinders တွေကို pipes တွေနဲ့ electrically driven hydraulic pump တွေဆီကိုတိုက်ရိုက်တပ်ဆင်ထားပါတယ်။ Rudder stock မှာ Tiller ကိုတပ်ဆင်ထားပါတယ်။ Tiller ရဲ့ ends ၂ခုမှာ Swivel blocks ၂ခုတပ်ထားပါတယ်။
Telemotor receiver ကနေ Hydraulic pumps တွေရဲ့ pump control rods တွေကို linearly တွန်းလိုက်တဲ့အခါ pump ကနေ hydraulic ဆီတွေကို Bi-directional control valve တွေကိုဖြတ်ပြီး လိုအပ်တဲ့ cylinder တွေကိုပို့ပါတယ်။
Cylinder နံပါတ်
1_____2
3_____4
ဆိုပြီးရှိရင် Tilller ကအလည်မှာကန့်လတ်ဖြတ်ရှိတာကြောင့် Rudder ကို Port side ကိုလည်ချင်ရင် Hydraulic oil ကို Cylinder No. 2 နဲ့ 3 ကိုပို့ပေးပြီး 1 နဲ့ 4 က oil ကိုပြန်ဆွဲယူပါတယ်။ Starboard side ကိုလည်ချင်ရင် Cylinder No. 1 နဲ့ 4 ကိုဆီပို့ပေးပြီး 2 နဲ့ 4 ကဆီကိုပြန်ဆွဲယူပါတယ်။
Rams တွေဟာ Tiller ကို swivel blocks တွေကိုတွန်းခြင်းအားဖြင့် ဟိုဘက်ဒီဘက်လည်စေပါတယ်။ Swivel blocks တွေက Rams တွေရဲ့ linear movement ကို Tiller ရဲ့ rotary movement အဖြစ်ပြောင်းပေးပါတယ်။ Tiller လည်တော့ Rudder stock ပါလိုက်လည်ပြီး Rudder ကို လိုချင်တဲ့ angle ကိုရွေ့စေပါတယ်။
Hydraulic pump တွေကို တစ်လုံးချင်းစီမောင်းလို့ရပြီး တစ်လုံးပျက်ရင် တစ်လုံး standby ထားလို့ရပါတယ်။ Power unit ၂ခုထားလို့ရပါတယ်။ Rams type က torque များများလိုတာကြောင့် rudder size နဲ့ torque ပေါ်မူတည်ပြီး Hydraulic oil pressure က 100-175 bars အထိရှိပါတယ်။ System total failure ဖြစ်တာကိုကာကွယ်ဖို့ Double shock valve နဲ့ bypass valve တွေတပ်ဆင်ထားပါတယ်။ Tiller နဲ့ Floating lever ကြားမှာ Buffer spring ကိုတပ်ထားပါတယ်။ Heavy weather မှာ control system ကို damage မဖြစ်အောင်လို့ပါ။ Buffer Spring+ Floating Lever + Pump Control Rod + Tiller ကို Hunting Gear Arrangement လို့ခေါ်ပါတယ်။
သူ့ရဲ့ရည်ရွယ်ချက်က Bridge ကနေ Helm ကို angle တစ်ခုကိုလှည့်လိုက်ရင် Rudder ကိုအဲ့ angle ကိုလိုက်လည်စေပြီး လိုချင်တဲ့ angle ရောက်တဲ့အခါ pump control rod ကို neutral postion မှာထားထားပါတယ်။ အဲ့တော့ Rudder ကိုနောက်တစ်ခါပြန်မလှည့်မချင်းလှည့်ထားတဲ့ Position မှာရှိနေစေပါတယ်။ အဲ့ဒါ ကို Follow Up system လို့ခေါ်ပါတယ်။ Rudder ကို midships မှာထားချင်ရင် Helm ကို manually 0° ကိုပြန်လှည့်ရပါမယ်။
Non Follow Up ဆိုရင်တော့ control ကို release လုပ်တာနဲ့ Rudder က midships ကိုပြန်ရောက်ပါတယ်။
Steering Gear System ရဲ့ Regulations များ ( SOLAS Convention အရ)
. Every Ship မှာ main and auxilary steering gear ပါရပါမယ်။
. Main steering gear က Max. Ahead Speed နဲ့
summer load line မှာ 28 sec အတွင်း 35° Port to 35° Starboard and vice-versa လှည့်နိုင်ရပါမယ်။
. Power unit ကို၂ခု duplicate လုပ်ထားပြီး တစ်ခု fail လို့တစ်ခုတည်းနဲ့မောင်းရရင် half max. speed မှာ 1min အတွင်း 15° Port to 15° Starboard and vice-versa လှည့်နိုင်ရပါမယ်။
. Emergency Steering Gear နဲ့ဆိုရင် 15° Port to 15° Starboard and vice-versa ကို 1min အတွင်း 7 knots ahead speed (or) one half of max. ahead speed နဲ့လှည့်နိုင်ရပါမယ်။
Steering Gear System ကတော့ဒီလောက်ပဲဖြစ်ပါတယ်။