09/05/2026
အမေများနေ့ ဆုမွန်ကောင်း 🙏🏻
မနက်ဖြန်မှာ မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာလုံးဆိုင်ရာ အမေများနေ့မှစ၍ ကမ္ဘာပေါ်ရှိမိခင်များအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏🏻🤍
#2026
08/05/2026
𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ၏ ပျော်ရွှင်စရာ 𝐅𝐢𝐞𝐥𝐝 𝐓𝐫𝐢𝐩 🤩
ကျောင်းစာတွေနဲ့ပဲ လုံးပန်းထားရလို့ ပင်ပန်းနေကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေအတွက် အပန်းလည်းပြေ၊ ဗဟုသုတတွေလည်း ရရှိနိုင်အောင် 𝐊𝐁𝐓𝐂 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 မှ 𝐌𝐲 𝐝𝐫𝐞𝐚𝐦 𝐠𝐚𝐫𝐝𝐞𝐧 သို့ လေ့လာရေးခရီးစဥ်လေးတစ်ခု စီစဥ်ပို့ဆောင်ပေးခဲ့ရာ လိုက်ပါခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ အမှတ်တရပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ရပါတယ် 🤗
30/04/2026
အလုပ်သမားနေ့ 🎉
ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အား 𝐊𝐁𝐓𝐂 မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ☺
29/04/2026
ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🏻
ဗုဒ္ဓဘာသာဝင်လူမျိုးတို့ရဲ့ ညောင်ရေသွန်းပွဲတော်ကို ကျင်းပကြတဲ့ ကဆုန်လပြည့်နေ့မှစလို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ☺
17/04/2026
ပျော်ရွှင်စရာ နှစ်သစ်ကူးအချိန်အခါ 🥰
မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအချိန်အခါသမယလေးဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှစလို့ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပြီး လိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း 𝐊𝐁𝐓𝐂 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏❤️
#နှစ်သစ်ဆုမွန်ကောင်း
12/04/2026
အတာသင်္ကြန် အကြိုနေ့ 🎉
သင်္ကြန်ဆိုသည်မှာ (သင်္ကန္တ၊ သင်္ကြန္တ) ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရပြီး တပေါင်းလအကုန် တန်ခူးလသို့ကူးပြောင်းသောကာလအရောက်မှာ မြန်မာ့နှစ်သစ်ကူးပွဲတော်အဖြစ် နှစ်စဥ်ကျင်းပတဲ့ မြန်မာ့ဆယ့်နှစ်လရာသီပွဲများထဲမှ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ 𝐔𝐍𝐄𝐒𝐂𝐎 မှ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်းခံထားရတဲ့ အတာသင်္ကြန်ပွဲတော်ချိန်တွင် မြန်မာတို့ရဲ့အစဥ်အလာအရ အတာရေများကို ပက်ဖြန်းကာ နှစ်ဟောင်းမှ အညစ်အကြေးများကို သန့်စင်ကြတာပဲဖြစ်ပါတယ်။
သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှာ စတုဒီသာအကျွေးအမွေးများဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပကြပြီး ဥပုသ်သီလဆောက်တည်ချင်သူများအနေနဲ့လည်း ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီများတွင် စတင်ကာ သင်္ကြန်ဥပုသ်ကိုဆောက်တည်ကြတာလည်း ဖြစ်ပါတယ်။ မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာပြည်သူ၊ ပြည်သားများအတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သင်္ကြန်ပွဲတော်စတင်ကျင်းပတဲ့ အကြိုနေ့ကို 𝐊𝐁𝐓𝐂 မိသားစုမှလည်း ကြိုဆိုလိုက်ရပါတယ်။ 🤍
09/04/2026
အတာသင်္ကြန် ရုံးပိတ်ရက်ကြေငြာခြင်း 🎉
မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ အတာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ၁၀.၄.၂၀၂၆(သောကြာနေ့) မှ ၂၂.၄.၂၀၂၆(ဗုဒ္ဓဟူးနေ့) အထိ ၁၃ ရက်တာကာလအတွင်း 𝐊𝐁𝐓𝐂 ကျောင်းများနှင့် ရုံးများအားလုံးကို ပိတ်ထားမည်ဖြစ်ပါသည်။
ဖုန်းဖြေဆိုမှုများနှင့် 𝐎𝐧𝐥𝐢𝐧𝐞 မှ 𝐑𝐞𝐩𝐥𝐲 ဖြေဆိုမှုများကိုလည်း ရုံးပြန်ဖွင့်မည့်ရက် ၂၃.၄.၂၀၂၆ (ကြာသပတေးနေ့) မှ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
#အတာသင်္ကြန်
04/03/2026
𝐌𝐨𝐫𝐞 𝐓𝐡𝐚𝐧 𝐉𝐮𝐬𝐭 𝐚 𝐒𝐜𝐡𝐨𝐨𝐥, 𝐈𝐭'𝐬 𝐘𝐨𝐮𝐫 𝐃𝐚𝐲! 𝐊𝐁𝐓𝐂 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬' 𝐃𝐚𝐲! 🤩
အမှတ်တရတွေဖန်တီးပြီး ပျော်စရာအချိန်တွေ၊ သူငယ်ချင်းကောင်းတွေနဲ့ အကောင်းဆုံး စုဝေးမယ့် (𝟑)ကြိမ်မြောက် 𝐊𝐁𝐓𝐂 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬' 𝐃𝐚𝐲 ပွဲကြီးကို ပါဝင်ဆင်နွှဲကြဖို့ 𝐑𝐞𝐚𝐝𝐲 ဖြစ်နေကြပြီလား ❔
နိုင်ငံကျော်အနုပညာရှင်များရဲ့ ဖျော်ဖြေမှုအစီအစဥ်တွေ၊ ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ကိုယ်ပိုင် 𝐓𝐚𝐥𝐞𝐧𝐭 တွေကို ချပြခွင့်ရမယ့် အစီအစဥ်တွေ၊ အားလုံးစိတ်ဝင်စားကြတဲ့ 𝐊𝐢𝐧𝐠 & 𝐐𝐮𝐞𝐞𝐧 ရွေးချယ်ပွဲကြီးတွေအပြင် အခြားသော အစီအစဥ်ကောင်းများစွာပါဝင်တဲ့ 𝐊𝐁𝐓𝐂 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬’ 𝐃𝐚𝐲 ပွဲကြီးကိုတော့ လာမယ့် မတ်လ ၂၃ ရက်( တနင်္လာ )နေ့ နဲ့ ၂၄ ရက် ( အင်္ဂါ )နေ့ တွေမှာ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ် 🥰
ပါဝင်ဖျော်ဖြေသွားမယ့် အနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ၊ စိတ်ဝင်စားစရာ ဘယ်လို အစီအစဥ်ကောင်းတွေပါဝင်သွားဦးမလဲဆိုတာကို ထပ်မံတင်ဆက်ပေးသွားမှာဖြစ်လို့ 𝐊𝐁𝐓𝐂 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 တွေမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် 🙆🏻♀️
#2026
01/03/2026
တောင်သူလယ်သမားနေ့ 👩🏻🌾
ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့အား 𝐊𝐁𝐓𝐂 မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
27/02/2026
𝐀𝐧 𝐮𝐧𝐟𝐨𝐫𝐠𝐞𝐭𝐭𝐚𝐛𝐥𝐞 𝐬𝐮𝐦𝐦𝐞𝐫 𝐚𝐰𝐚𝐢𝐭𝐬 𝐲𝐨𝐮 𝐰𝐢𝐭𝐡 𝐊𝐁𝐓𝐂 🤩
နွေရာသီပိတ်ရက်တွေမှာ ပျော်ရွှင်စရာ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေနဲ့ ပညာတွေသင်ကြားနိုင်ဖို့ 𝐊𝐁𝐓𝐂 က စီစဥ်ပေးထားတဲ့အကြောင်း သတင်းကောင်းလေးပါးပါရစေ 🙆🏻♀️
ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်တဲ့ စာသင်ခန်းတွေထဲမှာ ပညာသင်ကြားရင်း သူငယ်ချင်းအသစ်တွေ ထပ်မံရရှိနိုင်မယ့် 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐥𝐚𝐬𝐬 အခွင့်အရေးကြီးကိုတော့ 𝐊𝐁𝐓𝐂 ရဲ့ မြောက်ဥက္ကလာပ 𝐂𝐚𝐦𝐩𝐮𝐬 မှာ ရယူနိုင်မှာဖြစ်ပြီး လာမယ့် ဧပြီလ ၂ရက်နေ့မှာ စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး အသက်အရွယ်မရွေးတက်ရောက်နိုင်မယ့် 𝐊𝐁𝐓𝐂 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐥𝐚𝐬𝐬 ကြီးမှာဆိုရင် ကျောင်းသား၊ ကျောင်းသူတို့အနေနဲ့ 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 နှင့် 𝐊𝐁𝐓𝐂 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 တို့ရဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေကို စိတ်ကြိုက်ရွေးချယ်တက်ရောက်လို့ရမှာပဲ ဖြစ်ပါတယ် 🥰
သင်ကြားပေးမယ့် ဘာသာရပ်တွေအနေနဲ့ 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐥𝐚𝐬𝐬 မှာဆိုရင်...
📚 𝐒𝐭𝐨𝐫𝐲 𝐭𝐞𝐥𝐥𝐢𝐧𝐠 & 𝐍𝐚𝐫𝐫𝐚𝐭𝐢𝐯𝐞 𝐖𝐫𝐢𝐭𝐢𝐧𝐠
📚 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬
📚 𝐌𝐚𝐭𝐡𝐬 𝐇𝐞𝐫𝐨
📚 𝐂𝐡𝐢𝐧𝐞𝐬𝐞
📚 𝐍𝐞𝐱𝐭 𝐆𝐞𝐧-𝐒𝐜𝐢𝐞𝐧𝐜𝐞
📚 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐚𝐫𝐭𝐬 (𝐓𝐢𝐧𝐤𝐞𝐫 𝐜𝐚𝐝 𝟑𝐃 𝐦𝐨𝐝𝐞𝐥𝐢𝐧𝐠)
📚 𝐂𝐨𝐝𝐢𝐧𝐠 & 𝐀𝐈 𝐬𝐤𝐢𝐥𝐥𝐬 𝐟𝐨𝐫 𝐭𝐨𝐦𝐨𝐫𝐫𝐨𝐰
📚 𝐌𝐮𝐬𝐢𝐜 (𝐏𝐢𝐚𝐧𝐨, 𝐆𝐮𝐢𝐭𝐚𝐫, 𝐕𝐢𝐨𝐥𝐢𝐧)
📚 𝐌𝐚𝐫𝐭𝐢𝐚𝐥 𝐀𝐫𝐭𝐬/ 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 စတာတွေကို သင်ကြားပေးသွားမှာဖြစ်ပြီး
𝐊𝐁𝐓𝐂 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 ရဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှာဆိုရင်...
📚 𝐒𝐌𝐀𝐑𝐓 𝐄𝐧𝐠𝐥𝐢𝐬𝐡
📚 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐚𝐭𝐡𝐬
📚 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞
📚 𝐈𝐂𝐓 𝐏𝐫𝐨𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲
📚 𝐖𝐨𝐫𝐝 𝐖𝐨𝐧𝐝𝐞𝐫 𝐏𝐢𝐜𝐭𝐮𝐫𝐞 𝐃𝐢𝐜𝐭𝐢𝐨𝐧𝐚𝐫𝐲
📚 𝐂𝐂𝐀 (𝐂𝐨-𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬)
📚 𝐒𝐭𝐨𝐫𝐲 𝐭𝐞𝐥𝐥𝐢𝐧𝐠 စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒီလို ကျောင်းသား၊ ကျောင်းသူတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ထိရောက်မှုရှိစေမယ့် 𝐄𝐧𝐠𝐥𝐢𝐬𝐡 သင်ရိုးများ, 𝐆𝐫𝐨𝐮𝐩 𝐏𝐫𝐨𝐣𝐞𝐜𝐭, 𝐅𝐮𝐧 𝐆𝐚𝐦𝐞 & 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲, 𝐒𝐭𝐨𝐫𝐲 𝐓𝐞𝐥𝐥𝐢𝐧𝐠 & 𝐌𝐮𝐬𝐢𝐜 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 စတာတွေကို သင်ကြားပေးသွားမယ့် 𝐊𝐁𝐓𝐂 ရဲ့ အခမဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကြီးကို တက်ရောက်လိုတယ်ဆိုရင်တော့ အခုပဲ 𝐊𝐁𝐓𝐂 မြောက်ဥက္ကလာပ 𝐂𝐚𝐦𝐩𝐮𝐬 ကြိးကို လာရောက်စာရင်းပေးသွင်းလိုက်ကြတော့နော် 🤗❤
🎇 စစ်မှန်သော အရည်အသွေးနှင့် တောက်ပသော သင့်အနာဂတ်အတွက် 𝐊𝐁𝐓𝐂 🎇
🏫 𝐊𝐁𝐓𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐍𝐨𝐫𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐂𝐚𝐦𝐩𝐮𝐬)
အမှတ် (၁၀၃+၁၀၄)၊ သုဓမ္မာလမ်း င/ စက်မှုလက်မှုရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎ 09 – 880 914 453