21/05/2025
၇၉,၀၀၀ ကျပ်ထဲနဲ့ (၄) လလုံးစာ ဆေးဝါးပညာတွေ လေ့လာလိုက်ပါ❗️
🔹 အားလုံးပဲ မင်္ဂလာပါ၊ Success Galaxy Training Center မှ ကြိုဆိုပါတယ်၊ ကျွန်တော်တို့ ဆရာဝန်နှစ်ယောက်ပူးပေါင်းသင်ကြားပေးနေတဲ့ Success Galaxy အွန်လိုင်းဆေးဝါးသင်တန်း အတန်းသစ် Batch 8 အတွက် ဒီနေ့ (May လ ၂၁ ရက်နေ့) ကစပြီး သင်တန်းအပ်လက်ခံနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်။
🔹 အခု batch 8 မှာတော့ အရင် batch တွေနဲ့မတူတဲ့ ထူးခြားတဲ့အစီအစဥ်လေးတစ်ခု ပြုလုပ်ထားပါတယ်။ အဲ့ဒါကတော့ သင်တန်းကာလ (၄)လလုံးစာအတွက် သင်တန်းကြေး ၇၉,၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး သင်ခန်းစာတွေကို လေ့လာရမယ့်ပုံစံကတော့ Recorded Video တွေနဲ့လေ့လာရမှာဖြစ်ပါတယ်
🔹 Recorded video အတန်းဆိုပြီးတော့ ပေါ့ပေါ့လေးသင်ပေးတာမဟုတ်ဘဲ ဆရာရော၊ ဆရာမရော နှစ်ယောက်လုံးက သင်တန်းသားတွေနားလည်လွယ်အောင် တစ်ခန်းချင်းစီကို အသေးစိတ်သင်ကြားပေးထားတာဖြစ်ပါတယ်၊ အခုလို ခက်ခဲနေကြတဲ့ကာလမှာ ဆေးဝါးပညာနဲ့ပတ်သတ်ပြီး လေ့လာချင်သူတိုင်း လေ့လာလို့ရမယ့်အခွင့်အရေးရရှိအောင် လူတိုင်းတတ်နိုင်မယ့်သင်တန်းကြေးကို သတ်မှတ်ပေးထားတာဖြစ်ပါတယ်။
🔹 Success Galaxy အွန်လိုင်းဆေးဝါးသင်တန်း ဟာ ဆိုရင် သင်တန်းသားပေါင်း (၅၀၀) ကျော် သင်ကြားပေးထားပြီးပြီ ဖြစ်ပြီး တက်ရောက်ပြီးတဲ့ သင်တန်းသားဟောင်းများရဲ့ Review ကောင်း များစွာလည်း ရရှိထားပြီး ဖြစ်ပါတယ်ရှင်
🔹 ဘယ်သူတွေတက်သင့်လဲ
☞ ဆေးဆိုင်ဖွင့်ပြီးတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ချင်သူတွေ
☞ ဆေးဝါးတွေအကြောင်း၊ ရောဂါတွေအကြောင်း နားလည်ချင်သူတွေ
☞ ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်ဖို့အတွက် ပညာဝမ်းစာဖြည့်ချင်တဲ့သူတွေ
☞ မိမိကိုယ်တိုင်ရဲ့ကျန်းမာရေးအပြင် မိသားစုကျန်းမာရေးကိုပါ စောင့်ရှောက်ပေးချင်သူတွေ
တက်သင့်ပါတယ်။
☞ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ သတင်းအတု၊ သတင်းအမှားတွေ ပေါများနေတဲ့ခေတ်ကြီးမှာ မိမိအသိဉာဏ်နဲ့ အမှန်အမှားကို ကိုယ်တိုင်စဥ်းစားဆင်ခြင်နိုင်ဖို့လည်း ဒီသင်တန်းက ရည်ရွယ်တာဖြစ်ပါတယ်။
🔺 ဒီခေတ်ကာလမှာ ဆေးဝါးပညာ၊ ဆေးပညာဆိုတာ လေ့လာထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်၊ ဆေးဝါးတွေနဲ့ ရောဂါတွေရဲ့ သဘောတရားကိုသိထားခြင်းအားဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲ့မိသားစုဝင်တစ်ယောက်ယောက်သော်လည်းကောင်း ကျန်းမာရေးကိစ္စကြုံလာရတဲ့အခါ မျက်စိပွင့်နားပွင့်ဖြစ်နေမှာဖြစ်ပြီး စဥ်းစားဆင်ခြင်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းတွေ တိုးတက်လာမှာဖြစ်ပါတယ်
🔹 ဘာတွေသင်ပေးမှာလဲ
☞ ဆေးဆိုင်တစ်ဆိုင်ဖွင့်နိုင်လောက်တဲ့အထိ လိုအပ်တဲ့ဆေးဝါးပညာတွေ
☞ ဆေးရောင်းသူကျင့်ဝတ်နဲ့အညီ ဆေးတွေရောင်းချတတ်အောင်
☞ ဆေးမမှားအောင်
☞ ဆေးဝယ်သူကိုဘေးဥပါဒ် မဖြစ်အောင် စတဲ့အခြေခံပညာရပ်တွေကစပြီး
☞ ဆေးဆိုင်ရောင်းအားကောင်းအောင် Marketing Skill တွေကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်
Marketing Skill တိုးတက်ဖို့အတွက် စီးပွားရေးဆိုင်ရာ ဆရာမတစ်ဦးမှ Special Guest Teacher အနေနဲ့ လာရောက်သင်ကြားပေးမှာဖြစ်ပါတယ် (ဒီအတွက်လည်း သင်တန်းကြေးသီးသန့် ထပ်ပေးစရာ မလိုပါဘူးရှင့်)
🔺 ဒါ့အပြင် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ၊ အဖြစ်များသောရောဂါများအကြောင်း၊ ဆေးဝါးနှင့်ဆေးပညာဆိုင်ရာအယူအဆမှားတွေရဲ့အန္တရာယ်ကြီးပုံ စတာတွေကိုပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်တဲ့အတွက် ဆေးပညာဆိုင်ရာဗဟုသုတတွေ များစွာရရှိမှာဖြစ်ပြီး ၎င်းတို့၏အကျိုးကျေးဇူးတွေကိုပါ ရရှိခံစားရမှာဖြစ်ပါတယ်
🔹 ဘယ်သူတွေသင်မှာလဲ
☞ ဆေးဝါးနှင့် ရောဂါတွေအကြောင်းကို ဆေးကုသခြင်းနှင့် ဆေးဝါးဆိုင်ရာအတွေ့အကြုံ (၉) နှစ်ကျော်ပြီဖြစ်တဲ့ Dr Aung နဲ့ ဆရာမ Dr Phyu တို့က သင်ကြားပေးမှာဖြစ်ပါတယ်။
☞ ဒါကလည်း ဒီသင်တန်းရဲ့အားသာချက်ဖြစ်ပါတယ်၊ သင်တန်းတစ်ခုတည်းတက်ရုံနဲ့ ဆရာဝန်နှစ်ယောက်ရဲ့အတွေ့အကြုံတွေကို တစ်နေရာတည်းကနေသင်ယူခွင့်ရမှာဖြစ်ပါတယ်
☞ ဒါ့အပြင် ဆေးဆိုင်ဖွင့်မယ့်သူတွေအတွက် ဆေးဆိုင်ရောင်းအားကောင်းစေဖို့၊ customer တွေနဲ့ ဆက်ဆံရေးကောင်းစေဖို့အတွက် Marketing နှင့် Customer Service ပိုင်းကိုလည်း Special Guest Teacher အနေနဲ့ စီးပွားရေးဆိုင်ရာ ဆရာမတစ်ဦးက သင်ကြားပေးမှာဖြစ်ပါတယ်
🔹 ဒီသင်တန်းရဲ့ အားသာချက်တွေထဲက တစ်ခု ?
☞ ဒီသင်တန်းရဲ့အားသာချက်တွေထဲကမှ တစ်ခုကိုပြောပါဆိုရင် သင်ခန်းစာတွေကို နားလည်လွယ်အောင်သင်ကြားပေးထားတာပဲဖြစ်ပါတယ်။ ဆရာဝန်နှစ်ယောက်လုံးရဲ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး တိကျမှန်ကန်စွာ သင်ကြားပေးထားတာဖြစ်လို့ " ပညာရပ်ဆိုင်ရာ ယုံကြည်စိတ်ချရမှု၊ နားလည်လွယ်ခြင်း " စတဲ့ အားသာချက်တွေကို ရရှိမှာဖြစ်ပါတယ်။
🔹 Recorded video အတန်းဆိုတော့ နားမလည်တာတွေ စာမေးလို့ရောရလား
☞ သင်တန်းသားတွေ နားမလည်တာတွေမေးမြန်းလို့ရအောင် messenger group, telegram group တွေလည်း ပြုလုပ်ပေးထားမှာဖြစ်ပါတယ်၊ အဲ့ဒီ group တွေကနေ နားမလည်တာတွေကို မေးမြန်းနိုင်မှာဖြစ်ပါတယ်
🔹 Certificate ပေးမှာလား
☞ Certificate ပေးမှာဖြစ်ပါတယ်၊ Certificate ရဖို့အတွက် သင်တန်း (၄) လပြီးတာနဲ့ စာမေးပွဲဖြေရမှာဖြစ်ပါတယ်။ စာမေးပွဲအောင်တဲ့သူတိုင်းက Completion Certificate ရမှာဖြစ်ပါတယ်။
🔹 Batch-8 ဘယ်တော့စမှာလဲ
☞ လာမယ့် July လ (၁၅) ရက်နေ့ (အင်္ဂါနေ့) မှာ Batch-8 စမှာဖြစ်ပါတယ်
🔹 သင်တန်းကာလ
☞ သင်တန်းကာလကတော့ (၄)လတိတိ ကြာမြင့်မှာဖြစ်ပါတယ်
🔹 စာသင်ကြားမည့် ပုံစံ
☞ Facebook Private Group နဲ့ Telegram Group ထဲမှာ သင်ခန်းစာ Recorded Videos တွေ တင်ပေးထားမှာဖြစ်ပါတယ်
☞ Facebook group အပြင် messenger group, telegram channel များလည်းရှိတဲ့အတွက် သင်တန်းသားအချင်းချင်းလည်းရင်းနှီးမှုရရှိနိုင်မှာဖြစ်တဲ့အပြင် ဆရာ၊ဆရာမများကိုလည်းသိလိုသမျှတွေကို အချိန်မရွေးမေးမြန်းလို့ရနိုင်မှာဖြစ်ပါတယ်
🔹 Recorded Video Class ရဲ့ အားသာချက်
☞ အလုပ်မအားတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အလုပ်အားတဲ့အချိန်ကျမှ အေးအေးဆေးဆေး လေ့လာလို့ရတာကတော့ Recorded Video Class ရဲ့ အားသာချက်တွေထဲက တစ်ခုဖြစ်ပါတယ်။
🔹 စာမေးပွဲ စစ်မှာလား
☞ သင်ခန်းစာကျေညက်မှုရှိအောင် သင်တန်း (၄) လပြီးတဲ့အခါ စာမေးပွဲစစ်မှာဖြစ်ပါတယ်
☞ စာမေးပွဲဖြေရခြင်းကြောင့် မိမိရဲ့အတွေးအခေါ်ကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်
☞ မိမိရဲ့အသိပညာ၊ ဗဟုသုတတိုးတက်ဖို့ အချိန်အား၊ ငွေအား ရင်းနှီးမြှုပ်နှံခြင်းက မိမိအတွက်၊ မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်ပါအကျိုးရှိစေမယ့် အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်ရှင်
🔹 အသက်အရွယ်ကန့်သတ်ချက်ရှိလား
☞ အသက်အရွယ်၊ လူမျိုး၊ ဘာသာ မည်သည့်ကန့်သန့်ချက်မျှမရှိပါဘူး၊ English စာရေးတတ်၊ဖတ်တတ်သူတိုင်း တက်လို့ရပါတယ်
☞ နိုင်ငံခြားရောက် မြန်မာတိုင်းရင်းသားပေါင်းစုံလည်းတက်လို့ရပါတယ်၊ လက်ရှိ Batch တွေမှာဆိုရင်လည်း Singapore, Thai, Korea, Malaysia, Japan, Sweden, Norway, Australia, UK, US စတဲ့နိုင်ငံများမှ မြန်မာများလည်း တက်ရောက်လျက်ရှိပါတယ်
🔹 သင်တန်းအပ်လို့ရပြီလား
☞ ယနေ့ May 21 ရက်နေ့ ကစပြီး သင်တန်းအပ်လို့ရပါပြီ
🔹 သင်တန်းစာအုပ်ရော ရနိုင်မလား
☞ video သင်ခန်းစာတွေကို စာအုပ်နဲ့တွဲပြီး လေ့လာရင်ပိုပြီးမှတ်မိလွယ်သလို အင်တာနက်မရတဲ့နေရာမျိုးမှာဆိုရင်လည်း စာအုပ်နဲ့လေ့လာလို့ရမှာဖြစ်ပါတယ်။ စာအုပ်နဲ့တွဲပြီးလေ့လာတာက ပိုပြီးထိရောက်မှုရှိပါတယ်။ အချိန်မရွေးလည်း ပြန်ကြည့်လို့ရပါတယ်။ ဒါကြောင့် သင်တန်းသားတွေ လေ့လာရတာအဆင်ပြေအောင် (၄) လလုံးစာ သင်ခန်းစာတွေအတွက် volume (၄) ခုစာ၊ စုစုပေါင်း
စာအုပ် (၄) အုပ်ကို သင်တန်း admin များမှ ရောင်းချပေးမှာဖြစ်ပါတယ်။
🔺 ဒီလောက်စျေးနှုန်းသက်သာပြီး ပညာတွေအများကြီးရမယ့် အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြန်ဆုံးသင်တန်းအပ်လိုက်တော့နော်၊ လူဦးရေကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးအပ်ထားဖို့တော့ အကြံပေးပါရစေ။
☎️ သင်တန်းအကြောင်းအသေးစိတ်ကို Success Galaxy Training Center page messenger မှာ သွားရောက်စုံစမ်းလို့ရသလို ဒီ video ထဲမှာပါဝင်တဲ့ ဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Galaxy Training Center
#အွန်လိုင်းဆေးဝါးသင်တန်း
8
Aung #ဒေါက်တာအောင်
Phyu #ဒေါက်တာဖြူ
#ဆေးဆိုင်