12/04/2025
How to register Japanese JLPT exam registration form in Singapore?
Singapore မှာ ဂျပန်စာ JLPT exam ဖြေဖို့ online registration form ကို ဘယ်လိုတင်ရမလဲဆိုတာလေး အဆင့်လေးတွေ ရေးပေးထားပါတယ်နော် 🇯🇵☺
လူကိုယ်တိုင်တန်းစီစရာမလိုဘဲ အချိန် ၁၅မိနစ်လောက်နဲ့
Online ကနေပဲ တင်ဖို့လိုပါတယ် ၊
🇯🇵🤍 ဖြေရမယ့်နေရာက Singapore Management University (SMU) မှာပါ
Location က 81 Victoria St, Singapore မှာပါ
🇯🇵🤍 July လ ဖြေမယ့်သူတွေက 6 July 2025 မှာ ဖြေဆိုရမှာဖြစ်ပြီး
December လ ဖြေမယ့်သူတွေက 7 December 2025 မှာ ဖြေဆိုရမှာ ဖြစ်ပါတယ်
🇯🇵🤍 July JLPT exam အတွက် Test Voucher ကို June 1st week မှာ ပို့ပေးမှာပါ ၊ Result ကို September မှာ ပို့ပေးမှာပါ
🇯🇵🤍 December JLPT အတွက် Test Voucher ကို November 1st week မှာ ပို့ပေးမှာပါ ၊ Result ကို March လည်လောက်မှာ ပို့ပေးမှာပါ
🇯🇵🤍 စာမေးပွဲအတွက် ကျသင့်ငွေက N5 နဲ့ N4 က Singapore dolla $100 (မြန်မာငွေ ၃သိန်း၃သောင်းကျပ်ပါ -1sgd 3300 rate နဲ့ တွက်ထားတာပါ)
N3,N2,N1 က singapore dolla $110 (မြန်မာငွေ ၃သိန်း ၆သောင်းခန့်ပါ- 1sgd 3300 rate နဲ့ တွက်ထားပါတယ်)
Singapore မှာလည်း နာမည်ကြီးဂျပန်ကုမ္ပဏီတွေအများကြီးရှိလို့ ဂျပန်စာတတ်ထားတာကို advance တစ်ခုအနေနဲ့ ပြလို့ရပါတယ် ။