Golden Future English Speaking

Golden Future English Speaking Learn & Grow

Ambition (Goal) အသံထွက် = အမ်ဘီရှင် ( ပန်းတိုင်= ရည်ရွယ်ချက်) လို့ အဓိပ္ပာယ်ရပါတယ်။Laura trains everyday. Her ambition i...
02/01/2026

Ambition (Goal)
အသံထွက် = အမ်ဘီရှင်
( ပန်းတိုင်= ရည်ရွယ်ချက်) လို့ အဓိပ္ပာယ်ရပါတယ်။

Laura trains everyday. Her ambition is to complete a marathon.
လောရာ နေ့တိုင်း လေ့ကျင့်ပါတယ်။ သူမ ရဲ့ပန်းတိုင် ( ရည်ရွယ်ချက်) က မာရသွန် ကို ပန်းဝင် စေဖို့ ဖြစ်ပါတယ်။
( Complete ရဲ့အဓိပ္ပာယ် က ပြီးစီးတယ် လို့ အဓိပ္ပာယ်ရပါတယ်)
ပြီးစီးတယ် - ပန်းဝင်တယ် ဆိုတာ အဓိပ္ပာယ်တူတူ ပါပဲ ...
.
Ambition နဲ့ တွဲတာ ambitious ( အမ်ဘီရှီရပ်စ်) ဖြစ်ပါတယ်။
အဓိပ္ပာယ် က ရည်မှန်းချက် ကြီးသော( adj ) ဖြစ်ပါတယ်။

Golden Future English Speaking

Obsessed စွဲလမ်းနေသော (adj)အသံထွက်က ( အော်ပစပ်)Obsession စွဲလမ်းမှု ( Noun)အော်ပစပ်ရှင်းဥပမာ=Joey is obsessed with Tania...
01/01/2026

Obsessed
စွဲလမ်းနေသော (adj)
အသံထွက်က ( အော်ပစပ်)

Obsession
စွဲလမ်းမှု ( Noun)
အော်ပစပ်ရှင်း

ဥပမာ=
Joey is obsessed with Tania
ဂျိုအီ ဟာ တာနီအာ ကို စွဲလမ်း နေတယ်။

တစ်ခုခု ကို စွဲလမ်း တယ် လို့ ပြောရင် ဒီ တစ်ခု ကို အမြဲ စဉ်းစား နေတာ မျိုး ဖြစ်တဲ့ အတွက်
ဂျိုအီ ဟာ တာနီအာကို အမြဲ သူ အကြောင်းပဲ စဉ်းစားနေတယ်လို့ လည်း ပြောလို့ရပါတယ်။

နောက် တစ်ခု ဥပမာ အနေနဲ့
He is obsessed with fitness and never miss a workout, even on public holidays.
သူဟာ လေ့ကျင့်ခန်း လုပ်တာနဲ့ ပတ်သတ်ပြီး တော့ အရမ်းကြိုက် နေတယ်။ ( စွဲလမ်း နေတယ်)
သူ လေ့ကျင်ခန်း workout လုပ်တာကို ရုံးပိတ်ရက် တွေမှာ တောင် ဘယ်တော့မှ မပျက်ဘူး။
( Never miss ဆိုတာ ဘယ်တော့ကမှ အပျက် မခံဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ )
.
Obsession က တော့ စွဲလမ်းမှု ( အရမ်းကြိုက်နှစ်သက်တဲ့ အရာ) လို့ အဓိပ္ပာယ်ရပါတယ်။ Noun ဖြစ်ပါတယ်။
ဥပမာ အ နေနဲ့
Golf is my new obsession ! I play it everyday.
ဂေါ့ဖ် ရိုက်တာက ကျွှန်တော်ရဲ့ အရမ်းကြိုက်တဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ နေ့တိုင်း ကစား ဖြစ်ပါတယ်။

( ဂေါ့ဖ် အက်စ် မိုင် နယူး အော်စပ်ရှင်း၊ အိုင် ပလေး အက် အဲဗရီးဒေး )

Phillip Heine
Golden Future English Learning

Frankly - ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းHonestly ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လို့ အရင်က တော်တော်များများပြ...
29/06/2025

Frankly - ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း
Honestly ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လို့ အရင်က တော်တော်များများ
ပြောခဲ့ကြဖူးပါလိမ့်မယ်။
Native ဖော်ရိန်နာ တွေ အသုံးများ တဲ့ စကားလုံး က Frankly ဖြစ်ပါတယ်။
( ဖရန်ကလီ) လို့ အသံထွက်ပါတယ်။
ရုပ်ရှင်၊ Live Show တွေမှာ သုံးတာကို တွေ့ဖူးမှာ ဖြစ်ပါတယ်။

ဥပမာ လေး ေ တွက တော့

Frankly Speaking, your work is not good enough.
ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့အလုပ် က မကောင်းဘူး။
More examples:
To be frank, I didn’t enjoy the movie as much as everyone else did.
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို သူများ တွေ ကြိုက် သ လောက် ရုပ်ရှင်ကို မကြိုက်ဘူး။
Frankly speaking, I think he’s not qualified for the job.
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို အလုပ်အတွက် သူက အရည်အ သွေး မမီဘူးလို့ ထင်တယ်။
I’ll tell you, frankly speaking, I was disappointed with the results.
မင်းကို ပွင့်ပွင့်လင့်လင့် ပြောမယ်။ ရလဒ် ကို စိတ်ပျက်မိတယ်။
To be frank, your report needs a lot more work.
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို မင်းရဲ့ ရီပို့ က အများကြီးလို သေးတယ်။

Frankly, I don’t care what they think.
ပွင့်ပွင့် လင်းလင်း ပြောရမယ် ဆို သူတို့ ဘာပဲ ထင်ထင် ကျွန်တော် ဂရုမစိုက်ဘူး။ .
တစ်နေ့ တစ်ခု အင်္ဂလိပ်စာ
Golden Future English Speaking ပညာဒါန

no longer .သူရဲ့ အဓိပ္ပာယ်က not anymore နဲ့တူပါတယ်။ စကားပြော တွေမှာ အများအားဖြင့် ထည့်သုံး လေ့ရှိပါတယ်။ His parents are ...
27/03/2025

no longer .
သူရဲ့ အဓိပ္ပာယ်က not anymore နဲ့တူပါတယ်။ စကားပြော တွေမှာ အများအားဖြင့် ထည့်သုံး လေ့ရှိပါတယ်။

His parents are divorced. They are no longer married.
သူရဲ့ မိဘ တွေက ကွာရှင်းလိုက်ကြပြီ။ သူတို့ဟာ
လက်ထပ် ထားတာ မရှိတော့ဘူး။
I'm no longer going to listen to your lies!
ငါ မင်းရဲ့ အလိမ် အညာ တွေကို ဆက်ပြီး နားမထောင်တော့ဘူး။

ဒါအပြင် ဒီလို လည်း သုံး လို့ရပါသေးတယ်။
They are no longer married.
They are not married anymore.

no longer = not anymore.
အသံထွက် ( နိုး လောင်ဂါ)
နှစ်ခုထဲက ကြိုက်တဲ့ဟာ သုံးလို့ရပါတယ်။

ပြောနေရင်း စဉ်းစားမရရင် Not anymore လို့ ပြောလိုက်လို့ရပါတယ်။

တိုတိုနဲ့ တုတ်တုတ် ပေါ့။
ဒါ ကို ဆက် မစား တော့ဘူး။ လို့ ပြောချင်ရင်
I'm not going to eat it anymore..
တိုတိုနဲ့ လွယ်လွယ်ဆိုရင်
Ahh! not anymore
ဆိုပြီး ပြောလိုက်လို့ရပါတယ်.

တစ်နေ့ တစ်ခု အင်္ဂလိပ်စာ
Golden Future English Speaking
ပညာဒါန

Consume ----TO EAT.Consume က သုံးစွဲတယ်လို့ ပြောလို့ရသလို စားသုံးတယ်လို့လည်း ပြောလို့ရပါတယ်။ ဈေးကွက်ထဲမှာ ဆိုရင် စားသောက...
14/03/2025

Consume
----
TO EAT.Consume က သုံးစွဲတယ်လို့ ပြောလို့ရသလို စားသုံးတယ်လို့လည်း ပြောလို့ရပါတယ်။ ဈေးကွက်ထဲမှာ ဆိုရင် စားသောက် ကုန် တွေ၊ အလှကုန် တွေဝယ်ယူ သုံးစွဲသူကိုလည်း Consumer လို့ ခေါ်ပါတယ်။

ပုံထဲမှာ ဆိုရင်
A tiger can consume up to 50 kilos of meat in one meal.
ကျား တစ်ကောင်ဟာ အစားတစ်ခါ စားရင် အသား ကီလို ၅၀အထိ ကို စားသောက်နိုင်ပါတယ်။

To Use ( သုံးစွဲသည်)..
This is an eco-friendly fridge, it consumes less electricity than my old fridge.

ဒီဟာက စွမ်းအင် ချွေတာတဲ့ ရေခဲ သေတ္တာ တစ်လုံးဖြစ်ပြီး ရေခဲသေတ္တာ ဟောင်းထက် လျပ်စစ်စား သက်သာပါတယ်။

အသံထွက်က Consume = ကွန်ဆန်း
Consumer = ကွန်ဆန်းမား

တစ်နေ့ တစ်ခု အင်္ဂလိပ်စာ
Golden Future English Speaking ပညာဒါန

Don't always say "very"..1. Outstanding for " very good"2. Essential for "very important" 3. Awful for " very bad"4. Exh...
03/03/2025

Don't always say "very"..
1. Outstanding for " very good"
2. Essential for "very important"
3. Awful for " very bad"
4. Exhausted for " very tired"
5. ............ for " very hungry" ?

တစ်နေ့ တစ်ခု အင်္ဂလိပ်စာ
Golden Future English Speaking ပညာဒါန

ဘယ်တစ်ခုကို အကြိုက်ဆုံးဖြစ်မလဲ?..🙆‍♂️💁‍♂️
03/03/2025

ဘယ်တစ်ခုကို အကြိုက်ဆုံးဖြစ်မလဲ?..
🙆‍♂️💁‍♂️

အလုပ်ထဲမှာ ဆို ရာထူးကြီးပိုင်းတွေ အနေနဲ့ အင်္ဂလိပ်ဘာသာကို ပ ရောဖက်ရှင်နယ်ကျကျ ပြောဆိုနိုင် ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအ...
27/02/2025

အလုပ်ထဲမှာ ဆို ရာထူးကြီးပိုင်းတွေ အနေနဲ့ အင်္ဂလိပ်ဘာသာကို ပ ရောဖက်ရှင်နယ်ကျကျ ပြောဆိုနိုင် ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။

လူအများနဲ့ ပြောဆိုဆက်ဆံပုံသည် သင်၏ယုံကြည်စိတ်ချရမှု၊ ဆက်ဆံရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတိုးတက်မှုတို့ကို သက်ရောက်မှုရှိနိုင်ပါတယ်။

အင်္ဂလိပ်စာ ကို နေ့စဉ် လေ့ကျင့် ရုံနဲ့ တစ်နေ့ထက် တစ်နေ့ မိမိရဲ့ အရည် အသွေး တိုးတက် စေနိုင်ပါတယ်။

Example :
Basic
- Sorry About that.
ဒီ အတွက် တောင်းပန်ပါတယ်။

Advanced ( Professional)
- I apologize for the inconvenience.
အဆင်မ ပြေမှု အတွက် တောင်းပန်ပါတယ်။

Apologize - တောင်းပန်ပါတယ်။
အသံထွက် ( အပေါ့်လိုဂျိုက်)
Inconvenience
အဆင်မပြေမူ
အသံထွက် ( အင်ကွန်ဗီနိရံ့)
တစ်နေ့ တစ်ခု အင်္ဂလိပ်စာ
Golden Future English Speaking ပညာဒါန
Group Join လိုပါက ဒီ Group ကို Join နိုင်ပါတယ်။
https://www.facebook.com/groups/5260719294033416

26/02/2025

တစ်တော့မှာ နာမည်ကြီးနေတဲ့ သီချင်းလေးတင်ပေးလိုက်ပါတယ်။ အဓိပ္ပါယ်ကိုတော့ နောက်ရက်ကျရင် တင်ပေးမယ်နော။
Learning English is Fun ✌

Chill ချေး လုပ်တယ်ဆိုတာ အေးဆေး ပေါ့။ Relax လုပ်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ Chill ရဲ့ အဓိပ္ပာယ် မှုရင်း က တော့ အေး တယ်။ လို...
24/02/2025

Chill
ချေး လုပ်တယ်ဆိုတာ အေးဆေး ပေါ့။ Relax လုပ်တယ်လို့ ပြောတာ ဖြစ်ပါတယ်။
Chill ရဲ့ အဓိပ္ပာယ် မှုရင်း က တော့ အေး တယ်။ လို့ ပြောတာ ဖြစ်ပါတယ်။
အအေး တွေ၊ ဝိုင် တွေကို အ အေး ခံ ( Chill ) လုပ်ပြီး သောက် ရင်း ပို ကောင်းပါတယ်။
It's a chilly winter day.
အေးမြတဲ့ ဆောင်းနေ့ တစ်နေ့ ပဲ ဖြစ်ပါတယ်။
အသံထွက် >> ( အက်စ် အေ ချေးလီ ဝင်းတာ ဒေး)

Chill = Coldness
There's a chill in the air. Luckily, I'm cozy and snug in my warm jacket and woolly hat.
အသံထွက် ( သယ်အက်စ် အ ချေး အင် သသ် အဲ. လပ်ကီးလီ, အိုင်မ် ကိုဇီ အန် စနပ် အင် မိုင် ဝမ် ဂျာကတ် အန် ဝူးလီ ဟတ်)

- Cozy and snug
သက်တောင့် သက်သာဖြစ်ပြီး အဆင်ပြေတယ်။
- In my warm jacket
အနွေးထည်ထဲမှာ
- Woolly Hat
သိုးမွှေးဦးထုတ်

လေထဲမှာ အေးစက်နေတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်ရဲ့ ဂျာကတ်အကျီနဲ့ သိုးမွှေး ဦးထုတ် ထဲမှာ နွေးထွေးပြီး အဆင်ပြေ နေတယ်။

တစ်နေ့ တစ်ခု အင်္ဂလိပ်စာ
Golden Future English Speaking ပညာဒါန
Group Join လိုပါက ဒီ Group ကို Join နိုင်ပါတယ်။
https://www.facebook.com/groups/5260719294033416

Profitable အမြတ်ရ သော၊ အကျိုး ရှိသော .She sells lipstick online. It's apparently quite profitable.အွန်လိုင်းမှာ သူမ နှုတ...
23/02/2025

Profitable
အမြတ်ရ သော၊ အကျိုး ရှိသော .
She sells lipstick online. It's apparently quite profitable.
အွန်လိုင်းမှာ သူမ နှုတ်ခမ်းနီဆိုးဆေး ရောင်းတယ်။ ဒီလိုရောင်းတာ သိသိသာသာ အမြတ် အတော်လေး ရတယ်။

Profitable = အမြတ်ရ သော၊ အကျိုး ရှိသော။ အသံထွက် > ( ပ ရော ဖက် တေဘယ်)
apparently = သိသိသာသာ/ အသံထွက် > ( အပယ်ရန်တလီ)
quite = အတော် လေး (ကွိုင့်)

တစ်နေ့ တစ်ခု အင်္ဂလိပ်စာ
Golden Future English Speaking ပညာဒါန
Group Join လိုပါက ဒီ Group ကို Join နိုင်ပါတယ်။
https://www.facebook.com/groups/5260719294033416

Address

Yangon
11201

Telephone

+959771046316

Website

Alerts

Be the first to know and let us send you an email when Golden Future English Speaking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category