Golden Tiger Japanese Language Centre

Golden Tiger Japanese Language Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Tiger Japanese Language Centre, Language school, Room 309(B), 3rd floor, Yuzana Tower, No 66, West Shwe Gone Dine Road, Bahan Township, Yangon.

13/04/2021

【Free of charge】we will be open for japanese class for free of charge on line(zoom)
teacher: japanese teacher (teach in japanese)
requirement: above N4 level + student who can study every weekday
time: 1hour in 1PM-3:30PM (every weekday)
we have some selection please send your CV to [email protected]
as soon as over 5 qualified student apply we start the class

13/04/2021

【Free of charge】we will be open for japanese class for free of charge on line(zoom)
teacher: japanese teacher (teach in japanese)
requirement: above N4 level + student who can study every weekday
time: 1hour in 1PM-3:30PM (every weekday)

we have some selection please send your CV to [email protected]
as soon as over 5 qualified student apply we start the class

19/11/2020

皆さん、こんにちは!
အားလုံးပဲ မင်္ဂလာပါနော်
ありがとうရဲ့ အသုံးလေးကို အတိုချုံ့ ဘာသာပြန်ထားပေးပါတယ်။😊

N+ありがとう
Nounနဲ့ တွဲသုံးတဲ့အခါありがとうကို တန်းကပ်ပြီးသုံးလို့ရပါတယ်။
ဥပမာ - プレゼントありがとう!
ご連絡ありがとう!

V+ありがとう သုံးမယ်ဆိုရင်တော့
V+ てくれて+ ありがとうဆိုတဲ့ ပုံစံဖြစ်သွားပါတယ် Vနဲ့ တန်းကပ်လို့မရပါဘူး။
ရင်းနှီးတဲ့ သူ အချင်းချင်းဆိုရင်တော့
教えてくれてありがとう!

ယဥ်ကျေးတဲ့အသုံးအနေနဲ့ကတော့
教えてくださってありがとうございます。
教えていただいてありがとうございます。

လုပ်ငန်းခွင်မှာ သုံးတဲ့အသုံးနဲ့ email ရေးတဲ့အခါမျိုးတွေမှာတော့
教えてくださり ありがとうございます。
教えていただき ありがとうございます。လို့သုံးရင် ပို ယဥ်ကျေးပါတယ်။

https://youtu.be/VK4vDfO_Ce8

19.11.2020(木)

Photos from Golden Tiger Japanese Language Centre's post 12/11/2020

အားလုံးပဲမင်္ဂလာပါနော် 😍
ဒီနေ့ကတော့ 七五三 (shichigosan) ဆိုတဲ့ ပွဲတော်အကြောင်းလေးပါ။

ဂျပန်မှာတော့ 11လပိုင်း 15ရက်နေ့မှာ ဆိုရင်七五三 (shichigosan)လို့ခေါ်တဲ့ ပွဲတော်ကို ပြုလုပ်ကြပါတယ်။

七五三 (shichigosan)ဆိုတဲ့အတိုင်း အသက် 3နှစ် 5နှစ် နဲ့ 7 နှစ်အရွယ်ကလေးငယ်လေးတွေကို ဂုဏ်ပြုတဲ့ ပွဲဖြစ်ပါတယ်။

ယောကျ်ားလေးတွေဆိုရင် အသက် 3နှစ်နဲ့ 5နှစ်အရွယ် ၊ မိန်းကလေးဆိုရင် အသက် 3နှစ် နဲ့ 7နှစ်အရွယ်ကလေးတွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးတာဖြစ်ပါတယ်။
အဲဒီနေ့ရောက်ရင်တော့ ကလေးလေးတွေကို ဂျပန်ရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်စေပြီး ဘုရားကျောင်းသွားပြီး ကလေးတွေရဲ့ ကြီးထွားမှုနဲ့ ကျန်မာရေးအတွက် ဆုတောင်းမှုပြုလုပ်ကြပါတယ်။

နောက်ပြီး 七五三 နေ့မှာ ကလေးတွေကို
千歳飴 (chitoseame) လို့ခေါ်တဲ့ သကြားလုံး အရှည်လေးတွေကျွေးကြပါတယ်။
ဘာလို့ သကြားလုံးအရှည်တွေကိုကျွေးလဲ ဆိုတော့ သကြားလုံးလိုမျိုး ကလေးလေးတွေရဲ့အသက်ရှည်အောင်ဆိုတဲ့ ယူဆချက်နဲ့ ကျွေးတာဖြစ်ပါတယ်။

12.11.2020(木)

Photos from Golden Tiger Japanese Language Centre's post 10/11/2020

皆さん こんにちは!

ဒီနေ့ကတော့ ဂျပန်မှာရေပန်းစားတဲ့
マッチングアプリအကြောင်းလေး ပြောပြပေးမယ်နော်။

マッチングアプリ →Matching App

恋人 (こいびと) နဲ့ 結婚相手 (けっこんあいて) ရှာတဲ့ အခါမှာ သုံးကြပါတယ်။
တစ်ချို့ကတော့ 飲み友達 (のみともだち)သောက်ဖော်သောက်ဖက်ရှာတဲ့ အခါလည်း သုံးလေ့ရှိပါတယ်။

ဂျပန်လူမျိုး တစ်ချို့ကတော့ マッチングアプリကို သုံးပြီး ကိုယ့်အကြိုက် သူ့အကြိုက်အစရှိသဖြင့် ဖလှယ်ပြီး message တွေပို့၊ အပြင်မှာ Date လုပ်ကြလေ့ရှိပါတယ်။
マッチングアプリကနေ အချင်းချင်းတွေ့ကြပြီးတော့ အပြင်မှာ လက်ထပ်သွားကြတဲ့ စုံတွဲတွေလည်း အများကြီးရှိတယ်လို့ သိရပါတယ်။

အသုံးများတဲ့ Application လေးတွေကတော့ အောက်က ပုံလေးမှာကြည့်လို့ရပါတယ်နော်။

ဒီနေ့ကတော့ ဒီလောက်ပါပဲ။
10.11.2020 (火)

06/11/2020

အားလုံးပဲ မင်္ဂလာပါနော်
ဒီနေ့ကတော့ ဂျပန်လူမျိုးတွေရဲ့ နာမည်နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြပေးချင်ပါတယ်။

◆ဂျပန်လူမျိုးတွေရဲ့ နာမည်မှာ
上の名前 (みょうじ)လို့ခေါ်တဲ့ မျိုးရိုးနာမည်နဲ့ ကိုယ့်ရဲ့နာမည် 下の名前 ဆိုပြီးရှိပါတယ်။

◆များသောအားဖြင့် လုပ်ငန်းခွင်မှာဆိုရင် 上の名前 (みょうじ) ကို ခေါ်ကြပါတယ်။

◆အရမ်း ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအချင်းချင်းဆိုရင်တော့ 下の名前ကို ခေါ်လို့ရပါတယ်။

◆မြန်မာမှာတော့ မျိုးရိုးနာမည်ဆိုပြီးမရှိကြတော့ မြန်မာလူမျိုးတွေက ဂျပန်လူမျိူး တွေရဲ့ နာမည်ကို ခေါ် တဲ့အခါမှာ လုပ်ငန်းခွင်မှာဖြစ်ဖြစ် 下の名前 ကို ခေါ်မိတာမျိုး ရှိတတ်ပါတယ်။ သတိပြုရပါမယ်နော်။

◆ဒါဆို နာမည် ကို တစ်ချက်ကြည့်ရအောင်
ဥပမာ
山田 太郎 (yamada taro-) လို့ ဆိုပါစို့။
山田→上の名前 (みょうじ)
太郎→下の名前 ဖြစ်ပါတယ်။

◆ဒါဆို နာမည်နဲ့ပတ်သက်ပြီး ခေါ်ပုံခေါ်နည်း သိသွားမယ်လို့ ထင်ပါတယ်။

နောက်ထပ်လည်း စိတ်ဝင်စားစရာလေးတွေတင်သွားပေးဦးမယ်နော်။

6.12.2020(金)

04/11/2020

お辞儀 ( おじぎ ) の角度 (かくど)

お辞儀 ( おじぎ ) ဆိုတာက ဦးညွတ်အရိုအသေပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ဂျပန်လူမျိုးတွေရဲ့ နေ့စဥ်ဘဝမှာ ကျင့်သုံးနေကြတဲ့ manner တစ်ခုဖြစ်ပါတယ်။

お辞儀 ( おじぎ ) မှာ အမျိုးအစား (၃)မျိုး ရှိပါတယ်။
(1) 会釈(えしゃく) နှုတ်ဆက်စကားပြောတဲ့အခါ
◆သွားရင်းလာရင်းနဲ့အသိ တစ်ယောက်ယောက်နဲ့ တွေ့လို့ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး နှုတ်ဆက်တဲ့အခါမှာ ခါးအထက်ပိုင်းကနေ (15 ဒီဂရီ)စောင်းပြီး နှုတ်ဆက်ရပါမယ်။

(2) 敬礼(けいれい ) အထက်လူကြီးနဲ့ ဧည့်သည်တွေကို နှုတ်ဆက်တဲ့အခါ
◆ကိုယ့်ရဲ့ senior အထက်လူကြီးတွေကို နှုတ်ဆက်တဲ့အခါ၊ ဆိုင်ဝန်ထမ်းက customers တွေကို နှုတ်ဆက်တဲ့ အခါမှာဆိုရင် ခါးအထက်ပိုင်းကနေ ကိုယ်ကို (30ဒီဂရီ )စောင်းပြီး နှုတ်ဆက်အရိုအသေပေးရပါမယ်။

(3)最敬礼( さいけいれい) လေးစားစွာ ဦးညွတ်ခြင်း
◆ကျေးဇူးတင်စကားပြောတဲ့အခါ နဲ့ တောင်းပန်
စကားပြောတဲ့အခါတွေမှာ ခါးအထက်ပိုင်းကနေ (45ဒီဂရီ) စောင်းပြီး အရိုအသေပေးရပါမယ်။
ဒီနေ့ကတော့ ဒီလောက်ပါပဲ

4.11.2020(水)

#GoldenTigerJapaneseLanguageCenter

28/10/2020

အားလုံးပဲ မင်္ဂလာပါ
ဒီနေ့ကတော့ じょし( particle ) に ကို ဘယ်လို နေရာတွေမှာ သုံးလဲ ဆိုတာ အနည်းငယ်ပြောပြပေးပါမယ်။

Particle にကို ဘယ်လိုနေရာတွေမှာ သုံးလို့ ရလဲဆိုရင်

◆時間+に ( တိကျတဲ့ အချိန်ရဲ့အနောက်မှာ に)
e.g
1. 8時に仕事に行きます。
2. 何時に家に帰りましたか?

◆方向場所+に (ဦးတည်ပြီးသွားမယ့် နေရာရဲ့အနောက်မှာ に)
e.g
1. 明日、東京に行きます。
2. 学校に行きます。
အဲဒီမှာ に အစား particle
*へ ကိုလည်း အစားထိုးပြီးသုံးနိုင်ပါတယ်။

◆存在 (そんざい) (တည်ရှိမှုကိုပြတဲ့ အခါမှာ に)
e.g
1. 今、東京にいます。
2. 今、学校にいます。

ဒီနေ့ကတော့ ဒီလောက်ပါဘဲ။
ကျေးဇူးတင်ပါတယ်။

28.10.2020(水)

27/10/2020

Class Announcement 📌
N5 Online Class
Face to Face ကို Zoom Application နဲ့ သင်ပေးမှာ ဖြစ်ပါတယ်။

🍁Minnanonihongo N5 စာအုပ်
(အခြေခံ စကားလုံးရေးနည်း၊ ဖတ်နည်းက စသင်မှာဖြစ်ပါတယ်)

🍁သင်တန်းကာလ - 3လ ပြတ်
(November to January)

🍁အတန်းချိန်ကတော့
Tuesday, Wednesday (6:00 pm to 8:00pm)
Sat, Sun (5:00pm to (7:00 pm)

🍁တစ်ပတ် (4)ရက် နဲ့ တစ်ရက်ကို 2နာရီကြာပါမယ်။

🍁သင်တန်းကြေး - 65000 ကျပ် ( သီတင်းကျွတ်ကာလ အထူး အစီအစဥ်နဲ့ 50% discount ရှိလို့ 3လ လုံးမှ 65000 ဘဲ ကျသင့်မှာပါ)

🍁သင်ကြားပေးမယ့်ဆရာမများကတော့ ဂျပန်စာသင်တဲ့ အတွေ့အကြုံရှိ ဂျပန်လူမျိုးဆရာမ နဲ့ အတူ
မြန်မာလူမျိုး စာသင်အတွေ့အကြုံ
ရှိသည့် ဆရာမ များမှ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။

🍁အခြေခံက စပြီး ဂျပန်လူမျိုးဆရာမ နဲ့ အတူ သင်ယူလေ့လာခွင့်ရမှာ မို့လို့ အမြန်ဆုံး စာရင်းသွင်းလိုက်ပါနော်။

သင်တန်းအပ်မည့် သူများအနေနှင့်
Page Messenger မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

Let's Learn Japanese! ! !

26/10/2020

日本人の断り方

◆ဒီတစ်ခေါက်ကတော့ ဂျပန်လူမျိုးတွေရဲ့ စကားပြောဆိုပုံတွေထဲက ငြင်းဆိုနည်းနဲ့ ပတ်သက်ပြီး အနည်းငယ်ပြောပြပေးပါမယ်။

◆ဂျပန်လူမျိုးတွေက တစ်ခုခုကို ငြင်းဆိုတဲ့အခါမှာ ပြတ်ပြတ်သားသားငြင်းဆိုလေ့ မရှိကြပါဘူး။

◆တစ်နေရာရာ သွားဖို့ ဖိတ်ခေါ်ခံရတဲ့ အချိန်မျိုးမှာ ကိုယ်မသွားချင်ဘူး ဆိုပေမယ့် မသွာချင်ဘူးလို့ ပြတ်ပြတ်သားသားမငြင်းပဲ အကြောင်းပြချက် တစ်ခုခုပေးပြီး
→その日はちょっと。。
→約束があるんですが。。အစရှိသဖြင့် ငြင်းဆိုလေ့ရှိပါတယ်။

နောက်ပြီး ဘယ်လိုပြောလို့ရသေးလဲ?
ဥပမာ ကို ကြည့်ရအောင်

例えば

A:今週の土曜日、みんなで買い物に行くのだけど一緒に行かない?

B:あ、ありがとうございます。いいですねえ。でも、あいにくその日は 先約が入っていて、、。すみません。また今度ね。。

ဖိတ်ခေါ်တာကို ကျေးဇူးပါ။ ဒါပေမယ့် အဲဒီနေ့မှာ ကြိုချိန်းထားတာလေးရှိနေလို့ အားနာပါတယ်။ နောက်တစ်ကြိမ်မှဘဲ သွားကြတာပေါ့ဆိုတဲ့ ပုံစံမျိုးနဲ့လည်း ပြောလေ့ရှိပါတယ်။

ဒီနေ့ကတော့ ဒီလောက်ပါဘဲ။ ☺

26.10.2020(月)

23/10/2020

皆さん こんにちは!
ဒီနေ့ကတော့ なるほど ဆိုတဲ့ အသုံးလေးနဲ့ပတ်သက်ပြီးအနည်းငယ်ပြောပြပေးမယ်နော်။

なるほど ဆိုတဲ့ စကားလုံးက ဂျပန်လူမျိုးတွေ အသုံးများတဲ့ 相槌(あいづち) တွေထဲကတစ်ခုပါဘဲ။

အဓိပ္ပါယ်ကတော့
なるほど →သိပြီ၊ နားလည်ပြီ၊ ဟုတ်တယ်နော်၊ ဟုတ်သားပဲ ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

ဘယ်အချိန်မှာ သုံးလဲဆိုတော့
တစ်ဖက်လူပြောတာကို နားလည်လက်ခံတဲ့အခါမှာ အသုံးပြုပါတယ်။

အသုံးများတာလေးတွေကတော့
「なるほど」
「なるほどね」
「なるほど、分かりました」
「なるほど、そういうことか」
「なるほど、確かにそれはそうだ」
「なるほど、そういうことだったんですね」
「なるほど、おっしゃる通りです」。。
အစရှိသဖြင့်အသုံးပြုလေ့ရှိပါတယ်။

ဒီနေ့ကတော့ ဒီလောက်ပါပဲ။
ありがとうございます。☺

23.10.2020 (金)

21/10/2020

皆さん こんにちは!
【そうですね】について
ဒီနေ့ကတော့ ဂျပန်လူမျိုးတွေအသုံးများတဲ့
あいづちတွေအထဲက そうですね ဆိုတဲ့အသုံးလေးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြပေးပါမယ်။

◆そうですね = ဟုတ်တယ်နော်
(တစ်ဖက်လူရဲ့ သဘောဆန္ဒကို ထောက်ခံတဲ့အခါမှာ အသုံးပြုပါတယ်။ ဟုတ်တယ်၊မှန်တယ်ဆိုတဲ့အနေနဲ့သုံးတာပေါ့နော်။)

★များသောအားဖြင့်တော့ သူငယ်ချင်းချင်း၊ ရင်းနှီးတဲ့ သူအချင်းချင်း၊ အထက်လူကြီးကနေ ဝန်ထမ်းတွေကိုပြောဆိုတဲ့အခါ မှာ သုံးလို့ရပါတယ်။

◆そうですね ကို ကိုယ့်ရဲ့ အထက်လူကြီးနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ ယဥ်ကျေးအောင် ဘယ်လိုသုံးလို့ရလဲ ဆိုရင်

◆そう思います ဒါမှမဟုတ်
◆おっしゃる通りです လို့ သုံးလို့ရပါတယ်။

ဒီနေ့ကတော့ ဒီလောက်ပါပဲ။

21.10.2020 (水)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Room 309(B), 3rd Floor, Yuzana Tower, No 66, West Shwe Gone Dine Road, Bahan Township
Yangon
11201