24/07/2020
မင်္ဂလာပါ
မကြာခင် ဖွင့်လှစ်ေတာ့မှာဖြစ်တဲ့
အခမဲ့နီးပါးကျသင့်မည့်သင်တန်းတစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်
🔹သင်တန်းက ဘာတွေသင်ပေးမှာလဲ ?
သင်တန်းမှာ လျှပ်စစ်အခြေခံပိုင်းဆိုင်ရာတွေကို ကျွမ်းကျင်တဲ့ ဆရာတွေမှ နည်းစနစ်ကျကျသင်ကြားပေးမှာပဲ ဖြစ်ပါတယ်
🔹သင်တန်းကို တတ်ရောက်ဖို့ဘာတွေလိုအပ်လဲ?
ဟုတ်ကဲ့ သင်တန်းကို တတ်ချင်တယ်ဆိုရင်တော့ CV form တင်ပေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင်လူတွေ့မေးမြန်းမှုလည်း ရှိမှာဖြစ်ပါတယ်။
( CV form ကို ဒီ Page မှာ ထုတ်လို့ရပါတယ်
https://www.shwemoe.co/)
CV form နောက်ဆုံးလက်ခံမည့်ရက်ကတော့ 5.9.2020 ပဲဖြစ်ပါတယ်
🔹သင်တန်းကြေးက ဘယ်လောက်လဲ?
ပုံမှန်ဆိုရင် သင်တန်းကြေးက ၁၃၀,၀၀၀ ကျပ် ဖြစ်ပေမဲ့ သင်တန်းစဖွင့်တဲ့အနေနဲ့ အခမဲ့သင်ကြားရမှာဖြစ်ပါတယ်။
သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ယူနီဖောင်း အပါအဝင်ကိုမှ ၁၀,၀၀၀ ကျပ်သာ ေပးေဆာင်ရမှာဖြစ်ပါတယ်။ အခမဲ့နီးပါးလည်းဖြစ် လူတိုင်းလည်း တတ်နိုင်တဲ့ ယခုသင်တန်းကို တတ်ရောက်ဖို့ တိုက်တွန်းချင်ပါတယ်
သင်တန်းအပတ်စဉ်(၁)ခုလျှင် သင်တန်းသားအယောက် (၅၀) ခေါ်ယူမည်ဖြစ်ပြီး သင်တန်းကာလကတော့ တစ်ပတ်လျှင် (၅)ရက်၊ တစ်နေ့ (၃)နာရီ နှင့် (၂)လ ကြာမြင့်မှာ ဖြစ်ပါတယ်။
{9:00 AM to 12:00 PM (Monday to Friday)}
သင်တန်းလိပ်စာ -
No.(106)(B), 30 ward, Bo Soon Pat Road, North Dagon Township, Yangon.