22/03/2026
ဘာသာစကား ပြောင်းပြောတဲ့အခါ ကိုယ့်ရဲ့စိတ်နေစိတ်ထားပါ ပြောင်းလဲသွားတာကို သတိထားမိကြရဲ့လား?
မြန်မာလို ပြောရင်တော့ အေးအေးဆေးဆေးပဲ၊ ဒါပေမဲ့ အင်္ဂလိပ်လို ပြောလိုက်ရင် ပိုပြီး တက်ကြွ (Energetic) ဖြစ်လာသလိုပဲ ဒါမှမဟုတ် အင်္ဂလိပ်လို ပြောရင် ပိုပြီး ပွင့်လင်း (Direct) ဖြစ်လာတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့စိတ်ကူးယဉ်အတွေးတွေ မဟုတ်ပါဘူး။ ဒါကို စိတ်ပညာမှာ Language and Personality Shift လို့ ခေါ်ပါတယ်။
ဘာကြောင့် ဘာသာစကားက ကျွန်တော်တို့ရဲ့ ပင်ကိုယ်စရိုက်ကို ပြောင်းလဲစေတာလဲ?
၁။ ယဉ်ကျေးမှုဆိုင်ရာ အခြေအနေ ဘာသာစကားတစ်ခုကို သင်ယူတဲ့အခါ အဲဒီဘာသာစကားနောက်ကွယ်က ယဉ်ကျေးမှုကိုပါ တစ်ပါတည်း စုပ်ယူမိတတ်ကြပါတယ်။ အင်္ဂလိပ်စကားဟာ ပိုပြီး Direct ဖြစ်တယ်၊ ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ပုံစံရှိတာကြောင့် အင်္ဂလိပ်လို ပြောတဲ့အခါ ကျွန်တော်တို့ရဲ့ အပြုအမူတွေကပါ လိုက်ပြီး ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
၂။ (Situational Memories)
ကျွန်တော်တို့ဟာ အင်္ဂလိပ်စာကို ဘယ်လိုနေရာမျိုးမှာ လေ့လာခဲ့သလဲဆိုတာကလည်း အရေးကြီးပါတယ်။ အကယ်၍ ကိုယ်က အင်္ဂလိပ်စာကို ပျော်စရာကောင်းတဲ့ပတ်ဝန်းကျင်မှာ သူငယ်ချင်းတွေနဲ့ လေ့ကျင့်ခဲ့ရင် အင်္ဂလိပ်လို ပြောတဲ့အခါ ပိုပြီး ပျော်ရွှင်တက်ကြွတဲ့ ပုံစံ ပေါက်လာတတ်ပါတယ်။
၃။ Emotional Resonance
မိခင်ဘာသာစကားက စကားလုံးတွေဟာ ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ ပိုနီးစပ်ပါတယ်။ "I love you" လို့ ပြောတာထက် "ငါ နင့်ကို ချစ်တယ်" လို့ ပြောရတာက ပိုပြီး ရင်ခုန်စရာကောင်းသလို၊ ပိုပြီးလည်း ရှက်တတ်ကြပါတယ်။ အင်္ဂလိပ်စကားကတော့ ကျွန်တော်တို့အတွက် "Logical" ပိုဖြစ်တဲ့အတွက် စိတ်ခံစားချက်တွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်စွမ်း ရှိစေပါတယ်။
ဒါကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ?
ဒီ Shift ဖြစ်တာကို သိထားခြင်းအားဖြင့် အင်္ဂလိပ်စာ လေ့လာရာမှာ ပိုပြီး ယုံကြည်မှု ရှိလာနိုင်စေပါတယ်။
အတုယူပါ။ အင်္ဂလိပ်လို ပြောတဲ့အခါ ကိုယ် အားကျရတဲ့ Native Speaker တစ်ယောက်ရဲ့ ပုံစံကို "သရုပ်ဆောင်" ကြည့်ပါ။ ဒါက ကိုယ့်ရဲ့ Speaking flow ကို ပိုကောင်းစေပါတယ်။
Confidence ကို မြှင့်တင်ပါ။ အင်္ဂလိပ်လို ပြောတဲ့အခါ ကိုယ်က ပိုပြီး ရဲရင့်တဲ့၊ ပိုပြီး စနစ်ကျတဲ့ Version တစ်ခု ဖြစ်သွားတယ်ဆိုပြီး ယုံကြည်လိုက်ပါ။
ဘာသာစကားအသစ်တစ်ခုကို သင်ယူတာဟာ စကားလုံးတွေ သိလာတာတင်မကဘဲ ကိုယ့်ရဲ့ နောက်ထပ် Version အသစ်တစ်ခု (A New Version of Yourself) ကို ရှာဖွေတွေ့ရှိတာလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောတဲ့အခါ ခံစားရတဲ့ အဲဒီပြောင်းလဲမှုကို မကြောက်ပါနဲ့၊ ပျော်ပျော်ကြီး လက်ခံလိုက်ပါ။
With Love...
Tr. Phillip Phyo
20/03/2026
Learning & Development Programs for School and Company🚀
Training & Coaching ပိုင်းမှာကောင်းစွာအတွေ့အကြုံရှိတဲ့ Tr. Phillip Phyo (Business Administration – University of Dayton | Former Coach – American University | Freelance Corporate English) မှ ဦးဆောင်သင်ကြားမည့်
⭐ Youth Leadership Program
⭐ Corporate English Training
အတွက် ဆက်သွယ် မေးမြန်းနိုင်ပါပြီ။
🎯 Youth Leadership Program
နိုင်ငံရပ်ခြားမှာ ပညာသင်ကြားရန် ပြင်ဆင်နေသော High School နှင့် University Students များအတွက် အထူးသင့်တော်သော Program ဖြစ်ပြီး—
• Public Speaking & Self-expression
• Goal Setting & Leadership Mindset
• Critical Thinking & Teamwork
• Effective Communication & Cross-cultural Communication
တို့ကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးပါမည်။
🎯 Corporate English Training
Business (or) Organization များတွင် အလုပ်လုပ်ကိုင်နေသူများအတွက် Workplace English Communication ကို တိုးတက်စေမည့် Practical Training ဖြစ်ပါတယ်။
Training တွင်
• Professional Email Writing
• Effective Presentation Skills
• Public Speaking
• English Workplace Communication
တို့ကို လေ့ကျင့်သင်ကြားပေးပါမည်။
🤝Partner with Tr. Phillip for Your School or Corporate Training Programs
HR Managers, Educators, and Business Owners များအနေဖြင့် မိမိတို့၏ students နှင့် staff များ၏ Leadership Skills နှင့် English Communication Skills တိုးတက်လာစေရန် internal training programs များ စီစဉ်ပေးလိုပါက English with Phillip Phyo နှင့် ဆက်သွယ်ပြီး ဆွေးနွေးနိုင်ပါသည်။
Training programs များကို Online သို့မဟုတ် In-Person ပုံစံဖြင့် သင့် organization ၏ လိုအပ်ချက်များအလိုက် စီစဉ်ပေးနိုင်ပါသည်။
For inquiries regarding the program details:
Phone: 09798580385
Email: [email protected]
Facebook: Messenger
08/03/2026
🇦🇺 Australia မှာ ကျောင်းတက်တဲ့အခါဘယ်လို အားသာချက်နဲ့ အားနည်းချက်တွေကိုကြုံတွေ့ရနိုင်လဲ?
☘️ပထမဆုံးအနေနဲ့ အားသာချက်တွေကိုပြောပြပါမယ်...
၁။ ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်
Melbourne နဲ့ Sydney လိုမြို့တွေမှာ Melbourne University, Australian National University, the University of Sydney တို့လို ကမ္ဘာ့ထိပ်တန်း University တွေ ရှိပါတယ်။ Australia ရဲ့ ပညာရေးစနစ်က စာတွေ့ထက် လက်တွေ့နယ်ပယ်မှာ တကယ်အသုံးချနိုင်မယ့် Research နဲ့ Innovation ကို ပိုပြီးတော့ဦးစားပေးတဲ့ပညာရေးစနစ်မျိုးဖြစ်ပါတယ်။
၂။ Australia မှာ Course စုံစုံလင်လင်ရှိပါတယ်
Engineering ကနေ Medicine အထိ၊ Arts ကနေ Environmental Science အထိ ရှိတာကြောင့် ကိုယ်ဝါသနာပါရာကို စိတ်ကြိုက် ရွေးချယ်ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုမြှင့်တင်နိုင်ပါတယ်။
၃။ Multicultural ပတ်ဝန်းကျင်
ကမ္ဘာအရပ်ရပ်က လူမျိုးစုံနဲ့ ဆုံတွေ့ရမှာဖြစ်လို့ ကိုယ့်ရဲ့ အမြင်တွေ ကျယ်ပြန့်လာစေမှာပါ။ Australia မှာက လူမျိုးပေါင်းများစွာ လာရောက်ပညာသင်ယူကြတဲ့နေရာမလို့ မတူညီတဲ့ culture တွေကိုလည်း ကိုယ့်ရဲ့အတန်းဖော်တွေဆီမှာ တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်က ပေါင်းသင်းဆက်ဆံရေးမှာ open minded ဖြစ်နေဖို့လည်းလိုအပ်ပါတယ်။
၄။ အလုပ်အကိုင် အခွင့်အလမ်း
ကျောင်းပြီးရင် Post-Study Visa လျှောက်ပြီး Australia မှာ လက်တွေ့အလုပ်ဆင်းခွင့် ရတာဟာ Australia မှာ ပညာသင်ရခြင်းရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Career အတွက် တော်တော်လေး အထောက်အကူဖြစ်တယ်လို့ ပြောလို့ရပါတယ်။
☘️အားနည်းချက်တွေအကြောင်း ပြောရမယ်ဆိုရင်...
၁။ ကုန်ကျစရိတ် မြင့်မားခြင်း
နိုင်ငံခြားမှာ ပညာသင်ရတာပဲ ငွေပိုကုန်မှာပေါ့ ဆိုရင်တော့ မှန်ပါတယ်။ ပညာရေးအတွက် ကောင်းလှပါတယ်ဆိုပေမယ့် Sydney နဲ့ Melbourne လို မြို့ကြီးတွေမှာ နေထိုင်စရိတ်နဲ့ ကျောင်းလစာက တော်တော်လေး များပါတယ်။ တကယ်လို့ကိုယ်က ငွေကို များများစားစားမသုံးဘူးဆိုရင် မြို့ကြီးတွေမှာ ကျောင်းမတက်တာ ပိုကောင်းပါတယ်။
၂။ မြန်မာနိုင်ငံနဲ့ အကွာအဝေး
တခြားနိုင်ငံတွေထက် နီးနေတယ်ဆိုပေမဲ့ ခရီးစဉ်က နီးတာလဲမဟုတ်တာကြောင့် မိသားစုနဲ့ ဝေးရတဲ့ ဒဏ်ကို ခံစားရနိုင်ပါတယ်။ homesickness ကတော့ ဘယ်နိုင်ငံကိုပဲသွားသွား ခံစားရမှာပဲဖြစ်လို့ နိုင်ငံခြားမှာ ပညာသင်ဖို့ အစီအစဉ်ရှိရင်တော့ ဒါအတွက် စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။
၃။ Scholarships အကန့်အသတ်ရှိခြင်း
Scholarship ရနိုင်ဖို့ အခွင့်အလမ်းတွေ ရှိပေမဲ့ ပြိုင်ဆိုင်မှုကတော့ အလွန်ပြင်းထန်ပါတယ်။ Scholarship အများစုဟာ ကုန်ကျစရိတ်အားလုံးကို cover up ဖြစ်လေ့မရှိဘဲ တစ်စိတ်တစ်ပိုင်းပဲ ထောက်ပံ့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောင်းသားအများစုဟာ ကိုယ်ပိုင်ငွေကြေး (ဒါမှမဟုတ်) ချေးငွေတွေအပေါ်မှာပဲ အဓိက အားကိုးနေရဆဲပါပဲ။ ကိုယ့်မှာ ငွေကြေးအတွက် back up plan တစ်ခုထားဖို့အတွက်ကိုတော့အကြံပြုပါတယ်။
၄။ ယဉ်ကျေးမှုအသစ်မှာ အသားကျဖို့ ကြိုးစားရခြင်း :
Australia ဟာ လူမျိုးစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပေမဲ့လည်း အစားအသောက်၊ လူနေမှုစနစ်နဲ့ ပတ်ဝန်းကျင်အသစ်မှာ နေသားကျဖို့ အချိန်တစ်ခု ပေးရပါမယ်။ အထူးသဖြင့် ဘာသာစကား အခက်အခဲနဲ့ မရင်းနှီးသေးတဲ့ လူမှုဆက်ဆံရေး စံနှုန်း (Social Norms) တွေကြောင့် အစပိုင်းမှာ ကျောင်းသားအချို့အတွက် စိန်ခေါ်မှု ဖြစ်နိုင်ပါတယ်။
၅။ အလုပ်အကိုင် ဈေးကွက် challenges
ကျောင်းပြီးရင် အလုပ်လုပ်ခွင့်ဗီဇာ ရရှိတာဟာ အားသာချက်တစ်ခု ဖြစ်ပေမဲ့ ကိုယ်သင်ယူခဲ့တဲ့ နယ်ပယ်မှာ အလုပ်ကောင်းတစ်ခု ရဖို့ကတော့ ပြိုင်ဆိုင်မှု အရမ်းများပါတယ်။ အချို့သော လုပ်ငန်းခွင်တွေမှာ ပြည်တွင်းအတွေ့အကြုံ (Local Experience) ကို အဓိက တောင်းဆိုတတ်ကြပေမယ့် နယ်ပယ်အချို့ကတော့ နိုင်ငံတကာကျောင်းသားတွေအတွက် အခွင့်အလမ်း အနည်းငယ် နည်းပါးနေတာမျိုး ရှိတတ်ပါတယ်။
၆။ ပြင်းထန်သော ရာသီဥတု အပြောင်းအလဲ
Australia ရဲ့ ရာသီဥတုဟာ ဒေသအလိုက် အလွန်ကွဲပြားပါတယ်။ အချို့နေရာတွေမှာ သာယာပြီး နေရတာ အဆင်ပြေပေမယ့် အချို့ဒေသတွေမှာတော့ အရမ်း ပူပြင်းတာမျိုး ဒါမှမဟုတ် တောမီး လောင်တာမျိုးတွေ တွေ့တတ်ပါတယ်။
☘️Australia မှာ ကျောင်းတက်ရတာဟာ ကမ္ဘာ့အဆင့်မီ ပညာရေး၊ လူမျိုးစုံ ယဉ်ကျေးမှုနဲ့ လှပတဲ့ သဘာဝရှုခင်းတွေကြောင့် ကိုယ့်ဘဝအတွက် အဖိုးတန်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်စေမှာ သေချာပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မချခင်မှာ ကုန်ကျစရိတ်၊ ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲနဲ့ အခြားသော စိန်ခေါ်မှုတွေကို သေချာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
ကိုယ့်ဘက်က စနစ်တကျ ကြိုတင်ပြင်ဆင်မှုထားမယ်။ ပွင့်လင်းတဲ့(Open Mind) စိတ်ထားတစ်ခုရှိနေမယ်ဆိုရင်တော့ ရရှိမယ့် အကျိုးကျေးဇူးတွေက ပိုပြီး များပြားနေတာကို တွေ့ရပါလိမ့်မယ်။ ကိုယ့်အနေနဲ့ တက္ကသိုလ်တွေရဲ့ ဂုဏ်သတင်းကြောင့်ပဲဖြစ်ဖြစ်၊ လူနေမှုပုံစံကြောင့်ပဲဖြစ်ဖြစ် ဒီနိုင်ငံကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းတွေကို ပိုမို တောက်ပြောင်လာစေမယ့် စွန့်စားခန်းတစ်ခုရဲ့ အစပဲ ဖြစ်ပါတယ်။
🇨🇦 Canada မှာ ကျောင်းတက်တဲ့အခါဘယ်လို အားသာချက်နဲ့ အားနည်းချက်တွေကိုကြုံတွေ့ရနိုင်လဲ?
☘️ပထမဆုံးအနေနဲ့ အားသာချက်တွေကိုပြောပြပါမယ်...
၁။ အရည်အသွေးမြင့် ပညာရေး
University of Toronto နဲ့ McGill တို့လို ကျောင်းတွေက ကမ္ဘာ့အဆင့် top university တွေဖြစ်ပါတယ်။ Canada ကရတဲ့ဘွဲ့ဟာ ကမ္ဘာ့ဘယ်နေရာသွားသွား အလုပ်ရဖို့ အာမခံချက် တစ်ခုလိုပါပဲ။
၂။ ကုန်ကျစရိတ် ပိုမိုသက်သာခြင်း
US လို နိုင်ငံမျိုးနဲ့ ယှဉ်ရင် Canada ရဲ့ ကျောင်းလစာနဲ့ နေထိုင်စရိတ်က အများကြီး ပိုပြီး သင့်တင့်မျှတပါတယ်။
၃။ အလုပ်လုပ်ရင်း ကျောင်းတက်နိုင်ခြင်း
ကျောင်းတက်နေစဉ်အတွင်း Part-time အလုပ်လုပ်ခွင့် ပေးထားသလို၊ ကျောင်းပြီးရင်လည်း PGWP (Post-Graduation Work Permit) နဲ့ အလုပ်ဆက်လုပ်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။
၄။ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံသစ်
Canada ဟာ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်ကြတဲ့ နိုင်ငံအဖြစ် တစ်ကမ္ဘာလုံးက သိကြပါတယ်။ အဲဒီမှာ ကျောင်းသွားတက်ခြင်းအားဖြင့် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို ထိတွေ့ခွင့်ရရုံတင်မကဘဲ အင်္ဂလိပ်စကားအပြင် (အထူးသဖြင့် Quebec လို ပြည်နယ်မျိုးမှာ) ပြင်သစ်ဘာသာစကား (French) ကိုပါ လေ့လာနိုင်မယ့် အခွင့်အရေးကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
☘️အားနည်းချက်...
၁။ အလွန်အမင်း အေးစက်သော ရာသီဥတု
ဒါကတော့ အဓိက အချက်ပါပဲ။ မြန်မာနိုင်ငံလို ပူအိုက်တဲ့ ဒေသကလာသူတွေအတွက် Canada ရဲ့ အနုတ်ဒီဂရီ ဆောင်းရာသီက တကယ့် စိန်ခေါ်မှုကြီးပါပဲ။
၂။ မိသားစုနဲ့ ဝေးကွာခြင်း
ဒါကလည်း အဓိက စိန်ခေါ်မှုပါပဲ။ မြန်မာကနေ သွားတက်မယ့်သူတွေအတွက် Canada ဟာ ခရီးဝေးလွန်းတာကြောင့် လေယာဉ်လက်မှတ်ခ ပိုကုန်ကျနိုင်သလို၊ မိသားစုနဲ့ သူငယ်ချင်းတွေဆီကို ခဏခဏ ပြန်ဖို့ဆိုတာ မလွယ်ကူပါဘူး။ နေအိမ်နဲ့ ဝေးကွာတဲ့ဒဏ်ကိုတော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
၃။ ပညာရေးစနစ်သစ်မှာ အသားကျရန် လိုအပ်ခြင်း
Canada ရဲ့ ပညာရေးစနစ်မှာ ကိုယ်အရင်က သင်ယူခဲ့တဲ့ စနစ်တွေနဲ့ မတူတဲ့ သတ်မှတ်ချက်တွေ၊ သင်ကြားမှုပုံစံတွေ (Teaching styles) ရှိနိုင်ပါတယ်။ ဒါကြောင့် အစပိုင်းမှာတော့ ပညာရေးစနစ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် အချိန်တစ်ခုပေးပြီး အသားကျအောင် ကြိုးစားရမှာပါ။
၄။ အနာဂတ် အလုပ်အကိုင် အလားအလာ
တကယ်လို့ ကိုယ်က ကျောင်းပြီးရင် တခြားနိုင်ငံတွေ (ဥပမာ- US) မှာ အလုပ်ပြန်လုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် Internships ဆင်းတာနဲ့ အလုပ်အကိုင် ရှာဖွေရတာတွေမှာ အနည်းငယ် စိန်ခေါ်မှု ရှိနိုင်ပါတယ်။ အချို့သော လုပ်ငန်းခွင် နယ်ပယ်တွေက ဒေသအလိုက် အတွေ့အကြုံ (Regional Focus) ကို ပိုပြီး ဦးစားပေးတတ်ကြလို့ပါပဲ။
☘️အကြံပြုချက်အနေနဲ့ကတော့ ကိုယ်စိတ်ဝင်စားတဲ့ တက္ကသိုလ်တွေနဲ့ ဘာသာရပ်တွေကို သေချာ Research လုပ်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ Admissions Teams ကို တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းပါ။ သူတို့ဆီကနေ ပညာသင်ဆု၊ နေထိုင်စရိတ်နဲ့ ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကို တိတိကျကျ သိနိုင်မှာပဲဖြစ်ပါတယ်။
‼️ကနေဒါနဲ့ သြစတြေးလျက မြန်မာကျောင်းသားတွေကို လုံးဝပိတ်ပင်ထားတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းအခြေအနေတွေကြောင့် Visa စည်းမျဉ်းတွေကို အရင်ကထက် ပိုမိုတင်းကျပ်ထားသလို၊ ငြင်းပယ်ခံရတဲ့နှုန်း (Rejection Rate) ကလည်း တော်တော်လေး မြင့်တက်နေတာဖြစ်ပါတယ်။
အထူးသဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လျှောက်ထားသူတွေအနေနဲ့ မိမိရဲ့ "Immigration Intent" (ဗီဇာသက်တမ်းကုန်ရင် နေရပ်ပြန်မယ့်အစီအစဉ်) ကို ပိုပြီးခိုင်ခိုင်မာမာ ပြသနိုင်ဖို့ လိုအပ်လာပါတယ်။
Hope this helps...
Tr. Phillip Phyo
03/03/2026
🤭British Accent ဆိုတာကြီးက တကယ်ရော အရေးကြီးလား?
English လေ့လာနေတဲ့သူတော်တော်များများ British Accent ကို သဘောကျကြတယ်။ "Harry Potter" ထဲကလို ဒါမှမဟုတ် "Sherlock" ထဲကလိုမျိုး ဝဲဝဲလေး ပြောချင်ကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်း British လေယူလေသိမ်းက ဘယ်သူတွေအတွက်လဲ?
ဘယ်လိုလူမျိုးတွေ British Accent သင်သင့်လဲ?
တကယ်တော့ UK မှာ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ရှိတယ်ဆိုရင်တော့ ဒါကို လေ့လာထားတာ အကောင်းဆုံးပဲ။ အဲဒီက ဒေသခံတွေနဲ့ အသားကျဖို့ ပိုလွယ်တာပေါ့။ နောက်ပြီး British Media တွေ အရမ်းကြိုက်တဲ့သူဆိုရင်လည်း ကိုယ်တိုင်လိုက်ပြောကြည့်တာက ပျော်ဖို့ကောင်းသလို Skill တစ်ခုလည်း တိုးတာပေါ့။
ဒါပေမဲ့... Accent က တကယ်တော့ မလိုပါဘူး! 🙅♂️
ပြောရရင် English စကားပြောမှာ "ဘယ်လောက်သဲသဲကွဲကွဲ ရှိသလဲ" ဆိုတာကပဲ အဓိကပါ။
၁။ ကိုယ့်ရဲ့ Native Accent လေး ပါနေတာက ကိုယ့်ရဲ့ Identity (ကိုယ်ဘယ်သူလဲဆိုတာ) ကို ပြနေတာမို့ ရှက်စရာမဟုတ်ဘူး၊ ဂုဏ်ယူစရာပါ။
၂။ UK မှာတင် Accent ပေါင်း သောင်းခြောက်ထောင် ရှိပါတယ်။ တစ်မြို့နဲ့ တစ်မြို့တောင် မတူကြတာမို့ "ဒါမှ အမှန်" ဆိုတဲ့ standard ကြီး မရှိပါဘူး။
၃။ အဓိကက ကိုယ်ပြောတာကို တစ်ဖက်လူ နားလည်ဖို့ပဲ လိုတာပါ။
Accent ထက် ကိုယ့်ရဲ့ Confidence က ပိုအရေးကြီးပါတယ်နော်။
🇬🇧Fun facts about the British and their Language
၁။ "Polite and Indirect" (အားနာတတ်လွန်းတာ) 😊
တစ်ခုခုကို ငြင်းချင်ရင် ဒါမှမဟုတ် မကြိုက်ရင် တိုက်ရိုက်ကြီး မပြောတတ်ကြဘူး။ ဥပမာ- ကိုယ့်အကြံဉာဏ်ကို သူတို့က "That's a very brave decision" (ဒါက တကယ့်ကို သတ္တိရှိတဲ့ ဆုံးဖြတ်ချက်ပဲ) လို့ ပြောရင် "မင်းလုပ်တာ အရူးလုပ်တာပဲ" လို့ ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ "အားနာတဲ့စကား" နောက်က တကယ့်အဓိပ္ပာယ်ကို နားလည်ဖို့ လိုပါတယ်။
၂။ "Small Talk" ရဲ့ ဘုရင်က "မိုးလေဝသ"
UK မှာ လူစိမ်းတစ်ယောက်နဲ့ စကားစပြောတော့မယ်ဆိုရင် မိုးလေဝသအကြောင်း ပြောပြီး စတာ အကောင်းဆုံးပဲ။ "Lovely weather, isn't it?" ဒါမှမဟုတ် "Bit chilly today, eh?" ဆိုတာမျိုးက သူတို့အတွက် အသုံးအများဆုံး small talk စတင်နည်းပါပဲ။
၃။ "Sorry" ကို ပတ်ချာလည်အောင် သုံးတာ
Canada လိုပဲ British တွေကလည်း "Sorry" အရမ်းသုံးပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ "Sorry" က အဓိပ္ပာယ် အများကြီးရှိတယ်။ ကိုယ်က တစ်ဖက်လူကို တိုက်မိလို့ (အမှန်တကယ် တောင်းပန်တာ)။ တစ်ဖက်လူက ကိုယ့်ကို လာတိုက်မိလို့ (ဒါကလည်း ကိုယ်ကပဲ အရင် တောင်းပန်တာမျိုး)။ တစ်ဖက်လူပြောတာကို နားမလည်လို့ ပြန်မေးချင်ရင် "Sorry?" (ရှင်? ခင်ဗျာ?) ဆိုတဲ့ သဘော။
၄။ "Sarcasm" (သရော်တာ/နောက်ပြောင်တာ)
British တွေရဲ့ ဟာသဉာဏ်က အရမ်းကို နက်နဲပြီး Sarcasm (ထေ့တာ၊ ရွဲ့တာ၊) ကို အများကြီး သုံးပါတယ်။ ကိုယ့်ကို ရယ်စရာတွေ လှောင်နေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဒါက သူတို့က ကိုယ့်ကို ခင်လို့၊ ရင်းနှီးလို့ နောက်နေတာပါ။ မျက်နှာသေလေးနဲ့ နောက်တတ်ကြတာ သူတို့ရဲ့ စတိုင်ပဲ။
၅။ "Tea" ဆိုတာ ဘာသာစကားတစ်ခုပဲ
ယဉ်ကျေးမှုမှာဆိုရင် လက်ဖက်ရည် (Tea) က အရာရာပါပဲ။ ပြဿနာတစ်ခုခုတက်ရင်ဖြစ်ဖြစ်၊ စိတ်ညစ်ရင်ဖြစ်ဖြစ် "I'll put the kettle on" (ရေနွေးအိုး တည်လိုက်ဦးမယ်) ဆိုတဲ့ စကားက "အေးအေးဆေးဆေး ထိုင်ပြောကြရအောင်" လို့ အားပေးလိုက်တဲ့သဘောပဲ။
၆။ "Alright?" (အဆင်ပြေလား?) 👋
UK မှာ နှုတ်ဆက်ရင် "How are you?" လို့ မမေးဘဲ "Alright?" လို့ပဲ မေးတတ်ကြတယ်။ ဒါက မေးခွန်းမဟုတ်ဘဲ "Hello" လို့ ပြောတာနဲ့ အတူတူပါပဲ။ ကိုယ်က ပြန်ဖြေရင်လည်း "Yeah, alright mate, you?" လို့ ပြန်ဖြေရုံပါပဲ။ အရှည်ကြီး ရှင်းပြနေစရာ မလိုဘူးနော်။
Don't forget to follow fore more interesting and educational contents.
Hope this helps...
Tr. Phillip Phyo
24/02/2026
✅ Active Listening vs. Passive Listening
"Active Listening vs. Passive Listening: ဘယ်ဟာက ပိုထိရောက်လဲ?"
အင်္ဂလိပ်စာ နားထောင်တဲ့အခါ တစ်ခါတလေ "နားထဲတော့ ဝင်နေတာပဲ၊ ဒါပေမဲ့ ဘာမှ အကျိုးမရှိဘူး" လို့ ခံစားရဖူးပါသလား? အဲဒါဟာ သင်က Passive Listening ကိုပဲ အားကိုးပြီး Active Listening ကို မလုပ်လို့ ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက်က သင့်ရဲ့ အင်္ဂလိပ်စာ တိုးတက်မှုကို အများကြီး ပြောင်းလဲစေနိုင်ပါတယ်။
📌Passive Listening ဆိုတာကတော့ အလုပ်လုပ်ရင်း၊ ကားမောင်းရင်း ဒါမှမဟုတ် အိမ်မှုကိစ္စလုပ်ရင်း အနောက်မှာ English podcast တို့ song တို့ ဖွင့်ထားတာမျိုးပါ။
Passive listening ကမကောင်းတာတော့မဟုတ်ပါဘူး။ passive listening လုပ်ပေးမယ်ဆိုရင် ။အချိန်သီးသန့် ပေးစရာမလိုဘဲ အင်္ဂလိပ်သံတွေနဲ့ ယဉ်ပါးလာစေမှာပါ။ အားနည်းချက်အနေနဲ့ကတော့ ဦးနှောက်က အာရုံစိုက်မထားတဲ့အတွက် စကားလုံးအသစ်တွေ၊ သဒ္ဒါပုံစံတွေကို မှတ်သားနိုင်စွမ်း နည်းပါးလာမှာပဲဖြစ်ပါတယ်။
📌Active Listening ဆိုတာကတော့ အချိန်သီးသန့်ပေးပြီး သူတို့ပြောနေတဲ့ စကားလုံးတွေ၊ အသံနိမ့်အသံမြင့်တွေနဲ့ ဆိုလိုရင်းတွေကို အပြည့်အဝ အာရုံစိုက် နားထောင်တာပါ။ Active listening ကြောင့် Vocabulary တိုးတက်မှု မြန်လာတယ် အသံထွက် ပိုမှန်လာတယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေမှာပါ။ ဒါပေမယ့် ဦးနှောက်က အလုပ်လုပ်ရတဲ့အတွက် ခဏလေးနဲ့ ပင်ပန်းသွားတတ်ပါတယ်။
ဘယ်ဟာက ပိုထိရောက်လဲ?
အဖြေကတော့ "နှစ်ခုလုံး လိုအပ်ပါတယ်"။ ဒါပေမဲ့ balance ဖြစ်နေဖို့တော့ လိုပါတယ်။
၁။ Active Listening (၁၅ မိနစ်): တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် အာရုံစိုက်ပြီး နားထောင်ပါ။ နားမလည်တာပါရင် ခဏရပ်ပြီး ပြန်နားထောင်ပါ။ လိုအပ်ရင် စာအုပ်ထဲမှာ မှတ်သားပါ။ ဒါဟာ ကိုယ့်ရဲ့ "တိုးတက်မှု" အတွက်တကယ်လိုအပ်ပါတယ်။
၂။ Passive Listening (၁ နာရီ+) ကျန်တဲ့အချိန်တွေမှာ Podcasts တွေ၊ Movie တွေ၊သီချင်းတွေ ဖွင့်ထားပါ။ ဒါကတော့ ကိုယ့်ရဲ့ဦးနှောက်ကို အင်္ဂလိပ်စာနဲ့ "ရင်းနှီးမှု" ရှိနေအောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။
အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် တစ်နေ့ကို အချိန်အနည်းငယ်ပဲ ဖြစ်ဖြစ် အာရုံစိုက်ပြီး နားထောင်တဲ့ အလေ့အကျင့် (Active Listening) ကို မဖြစ်မနေ ထည့်သွင်းပေးပါ။
With Love...
Tr. Phillip Phyo
23/02/2026
"Maelstrom"
ပြင်းထန်သော ရေဝဲကြီး၊ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အခြေအနေ၊ ဝဲဂယက်။
၁။ မူလအဓိပ္ပာယ်ကတော့ "ရေဝဲ" ကို ဆိုလိုတာပါ။
၂။ ဒါပေမယ့် တင်စားတဲ့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လူမှုရေးရာများတွင် အလွန်တရာ ရှုပ်ထွေးတဲ့ "ရုန်းရင်းဆန်ခတ် အခြေအနေ" ကို ပြောတဲ့အခါမှာ သုံးပါတယ်။
Check examples: 👇
17/02/2026
အင်္ဂလိပ်အက္ခရာ ABC ကို နေ့တိုင်းသုံးနေကြပေမယ့် ဒီစာလုံးလေးတွေက ဘယ်လိုဆင်းသက်လာတာဆိုတာ သိကြရဲ့လား? 🧐
တကယ်တော့ ABC ရဲ့ အစဦးပိုင်းက အခုမြင်နေရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။
ကဲ... ဒါဆိုရင် English alphabet တွေမှာ လျို့ဝှက်ချက်တွေရှိနေမလားဆိုတာ ကြည့်လိုက်ကြရအောင်။
✅ A
ကျွန်တော်တို့ A လိုပြောလိုက်ပေမယ့် ရှေးခေတ်ဘာသာစကားအရဆိုရင်တော့ နွား(နွားထီး) အဓိပ္ပာယ်ရှိနေပါလိမ့်မယ်။ 🤓☝🏻
A ဆိုတာ တကယ်တော့ "နွားထီး ဦးခေါင်း (an ox head)" 🐂 ပဲဖြစ်ပါတယ်။
English အက္ခရာတွေရဲ့အစ A ဟာ ရှေးခေတ် Phoenician အက္ခရာမှာ "Aleph" လို့ခေါ်ပါတယ်။ အရင်က A ဟာ အခုလို ပုံစံမဟုတ်ဘဲ နွားခေါင်းပုံစံ (ချိုနှစ်ချောင်းနဲ့) ရေးခဲ့တာပါပဲဖြစ်ပါတယ်။ အခုလက်ရှိ အကြီးစာလုံး A ကို ဇောက်ထိုးလှန်ကြည့်လိုက်ရင် နွားခေါင်းပုံစံ ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
a (အသေး): ဒါကတော့ အရင်တုန်းစာရေးတဲ့သူတွေက မြန်မြန်ရေးချင်တဲ့အခါ A အကြီးကို ဖောင်တိန်မကြွဘဲ ဝိုင်းဝိုင်းလေး ဆွဲလိုက်ရာကနေ အခုမြင်ရတဲ့ "a" ပုံစံ ဖြစ်လာတာပဲဖြစ်ပါတယ်။
✅ B
B ဆိုတဲ့ အက္ခရာက "အိမ်လေးတစ်လုံး" ဆိုရင် ယုံကြမလား
အက္ခရာ B ကတော့ ရှေးဟောင်း Semitic ဘာသာစကားမှာ "Beth" လို့ခေါ်ပြီး "အိမ်" လို့ အဓိပ္ပာယ်ရပါတယ်။ အစပိုင်းမှာ အိမ်ရဲ့ ကြမ်းပြင်ပုံစံ (အခန်းလေးတစ်ခန်း) လိုမျိုး လေးထောင့်ပုံစံ ရေးခဲ့တာပါ။ နောက်ပိုင်း ရောမခေတ်ရောက်မှ အဝိုင်းလေးတွေဖြစ်လာပြီး အခုမြင်ရတဲ့ ဗိုက်ကလေးနှစ်လုံးနဲ့ B ဖြစ်လာတာပါ။
b (အသေး): ဒါကတော့ တကယ့်ကိုစာရေးပျင်းတဲ့သူတွေကြောင့် ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။ B အကြီးကို ရေးတဲ့အခါ အပေါ်က အဝိုင်းလေးကို အချိန်ကုန်သက်သာအောင် ချန်လှပ်ပြီး အောက်ကဗိုက်တစ်လုံးတည်းကိုပဲ အမြန်ဆွဲလိုက်ရာကနေ "b" ဖြစ်လာခဲ့တာပါ။
✅ C
C ဆိုတာ "ကုလားအုတ်" (camel)
C ရဲ့ မူရင်းနာမည်က "Gimel" ဖြစ်ပြီး "ကုလားအုတ်" လို့ အဓိပ္ပာယ်ရပါတယ်။ (တချို့ကလည်း ကုလားအုတ်ရဲ့ လည်ပင်းပုံစံကနေ လာတာလို့ ဆိုကြတယ်)။
ထူးခြားတာတစ်ခုက C ဟာ အရင်က (G) အသံ ထွက်ခဲ့တာပါ။ ရောမလူမျိုးတွေက C ကို “k” ရော "g” အတွက်ပါ သုံးခဲ့ကြလို့ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှ C ရဲ့အတွင်းမှာ မျဉ်းတိုလေးတစ်ကြောင်း ထပ်တိုးပြီး G ဆိုတဲ့ စာလုံးအသစ်ကို တီထွင်လိုက်တာပါ။
c (အသေး): C ကတော့ အကြီးရော အသေးပါ ပုံစံတူပါတယ်။ မတူတာက အရွယ်အစားပဲ ဖြစ်ပါတယ်။ အသေးစာလုံး "c" ဟာ အကြီး C ကိုပဲ စက္ကူပေါ်မှာ နေရာအနည်းငယ်ပဲယူပြီး မြန်မြန်ရေးရာကနေ ဖြစ်လာတာပါ။
✅ D
D ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Daleth" လို့ခေါ်ပြီး "တံခါး" လို့ အဓိပ္ပာယ်ရပါတယ်။ D ကိုတော့ 2000 BCE ဝနိးကျင်မှာ Egypt အရုပ်စာတွေကနေစတင်ဖြစ်ပေါ်လာတယ်လို့ ပြောကြပါတယ်။ ငါး ဒါမှမဟုတ် တံခါးပေါက် ဆိုတဲ့ အဓိပ္ပာယ်နဲ့ Egypt အရုပ်စာတွေမှာ သုံးနှုန်းခဲ့ကြပါတယ်။ 800 BCE ဝန်းကျင်လောက်ရောက်တဲ့အခါမှာတော့ Greek လူမျိုးတွေက ‘daleth’ ဆိုပြီး စကားလုံးမွေးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ‘delta’ (Δ) ဆိုပြီးအသုံးပြုခဲ့ပါတယ်။ 600 BCE လောက်ရောက်တဲ့အခါမှာတော့ ယခု Italy နိုင်ငံမှာ ရှိတဲ့ Tuscany region လို့ခေါ်တဲ့နေရာမှာ နေထိုင်ခဲ့ကြတဲ့ etruscans လို့ခေါ်တဲ့ ရှေးဟောင်း အီတလီလူမျိုးတွေက greek လူမျိုးတွေမွေးစားလိုက်တဲ့ delta ဆိုတဲ့ စကားလုံးကို မျဉ်းကွေးလေးနဲ့ရေးပြီးတော့ ပြန်မွေးစားလိုက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Latin alphabet တွေက တစ်ဆင့်ကျွန်တော်မြင်နေကျ D ပုံစံအဖြစ် တစ်ဖြည်းဖြည်းပြောင်းလဲလာတယ်လို့ပြောလို့ရပါတယ်။
d (အသေး): ဒါကတော့ ရှေးတုန်းကစာကိုအမြန်ရေးကြရာကနေ တြိဂံပုံကို အပေါ်ကညှောင့်လေး ထွက်လာပြီး အခုမြင်ရတဲ့ "d" လေးဖြစ်လာတာပါ။
✅ E
1500 BCE လောက်မှာ ရှေးခေတ် egyptian တွေက human figure ရဲ့ symbol အဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ "ပြတင်းပေါက်" ဒါမှမဟုတ် "ဝမ်းသာအားရ လက်မြှောက်နေတဲ့လူ" လို့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။ မူလ E ရဲ့ပုံစံမှာ တော့လက်နှစ်ဖက်မြှောက်ထားတဲ့ လူပုံစံဖြစ်ပေမယ့် Greek လူမျိုးတွေက အဲဒီပုံစံကို ဘေးတိုက်လှည့်လိုက်ပြီး "epsilon" ဆိုတဲ့ အသံထွက်နဲ့ ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ 600 BCE လောက်မှာတော့ Romans တွေက Latin အက္ခရာအဖြစ် ပြောင်းလဲယူခဲ့ရာကနေ အခုမြင်ရတဲ့ E ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
e (အသေး): ဒါကတော့ Middle ages လောက်မှာ စာကိုမြန်မြန်ရေးချင်တဲ့အခါ ထောင့်ချိုးတွေကို ဝိုင်းပစ်လိုက်ရာကနေ အခုမြင်ရတဲ့ "e" ဝိုင်းဝိုင်းလေး ဖြစ်လာတာပါ။
✅ F
F ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Waw" လို့ခေါ်ပြီး "ချိတ်" (Hook) သို့မဟုတ် "တိုင်ငုတ်" လို့ အဓိပ္ပာယ်ရပါတယ်။ အစကတော့ Y ပုံသဏ္ဌာန်နဲ့ ဆင်တူပါတယ်။ နောက်ပိုင်းမှာ Greek လူမျိုးတွေက အဲဒီပုံစံကို မွေးစားခဲ့ပြီး Digamma (Ϝ) အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာ Etruscans တွေကတစ်ဆင့် Latin (Roman) alphabet ထဲကို ရောက်ရှိလာပြီး /f/ အသံအတွက် အခုမြင်ရတဲ့ F ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
f (အသေး): ဒါကတော့ အလယ်ခေတ်က လက်ရေးဆက် (Cursive) ရေးသားတဲ့စတိုင်တွေကနေတစ်ဆင့် အပေါ်ပိုင်းကွေးညွတ်ပြီး အလယ်မှာ မျဉ်းတိုလေးပါတဲ့ အခုမြင်ရတဲ့ "f" ပုံစံ ဖြစ်လာတာပါ။
✅ G
G ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Gimel" လို့ခေါ်ပြီး "ကုလားအုတ်" လို့ အဓိပ္ပာယ်ရပါတယ်။ ကုလားအုတ်ရဲ့ လည်ပင်းနဲ့ ခေါင်းပုံစံကို ယူထားတာပါ။ အစတုန်းကတော့ C နဲ့ G ဟာ ပုံစံတူတူပါပဲ။ ဒါပေမယ့် 230 BCEဝန်းကျင်မှာ Spurius Carvilius Ruga လို့ခေါ်တဲ့ ရောမလူမျိုးတစ်ယောက်က အသံထွက်ကွဲပြားစေဖို့အတွက် C ရဲ့ အောက်ခြေမှာ မျဉ်းတိုလေးတစ်ကြောင်း ထည့်လိုက်ရာကနေ G ဆိုတဲ့ အက္ခရာအသစ် ဖြစ်ပေါ်လာတာပါ။
✅ H
'H' အက္ခရာဟာ ရှေးဟောင်း Semitic ဘာသာစကားရဲ့ "ခြံစည်းရိုး" သင်္ကေတကနေ စတင်ခဲ့တာပါ။ ဂရိဘာသာမှာ အစပိုင်းက /h/ အသံထွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သရအသံ ဖြစ်သွားပါတယ်။ Romans တွေကတော့ 'H' ပုံစံကို /h/ အသံအတွက် ပြန်လည်အသုံးပြုခဲ့ကြပါတယ်။ Romance languages (လက်တင်မှဆင်းသက်လာသော ဘာသာစကားများ) တော်တော်များများမှာ 'H' အသံဟာ ပျောက်ကွယ် (အသံတိတ်) သွားခဲ့ပေမဲ့ အင်္ဂလိပ်စာမှာတော့ အသံထွက်အဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ အချို့စကားလုံးတွေမှာတော့ (ဥပမာ - hour, honest) အသံတိတ်အဖြစ် ရှိနေဆဲဖြစ်သလို၊ စာလုံးပေါင်းသတ်ပုံ အလေ့အထတွေကြောင့်လည်း ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။
H (အသေး): 'h' အသေးပုံစံကတော့ အလယ်ခေတ် လက်ရေးမူတွေမှာ ပိုမိုမြန်ဆန်စွာ ရေးသားနိုင်ဖို့အတွက် အကြီးရဲ့ တောင့်တင်းတဲ့ပုံစံကနေ အကွေးအဝိုက်လေးတွေ ထည့်သွင်းရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
✅ I
'I' အက္ခရာရဲ့ သမိုင်းကြောင်းဟာ ရှေးဟောင်း Phoenician language ရဲ့ "လက်" (Hand) ကို ကိုယ်စားပြုတဲ့ အရုပ်စာကနေ စတင်ခဲ့တာပါ။ Greek တွေဆီ ရောက်တဲ့အခါမှာတော့ /i/ သရအသံအတွက် 'iota' အဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေဆီကတစ်ဆင့် အင်္ဂလိပ်အက္ခရာ 'I' ဖြစ်လာခဲ့ပါတယ်။
'i' (အသေးစာလုံး): အပေါ်က အစက် ပါတဲ့ 'i' အသေးပုံစံဟာ 11th century လေညက်မှာ တခြားသော အက္ခရာတွေ (ဥပမာ - n သို့မဟုတ် m) ရဲ့ အချောင်းတွေနဲ့ မရောထွေးစေဖို့အတွက် ထည့်သွင်းရာကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
အမြန်ရေးတဲ့ လက်ရေးမူတွေထဲက တခြားဒေါင်လိုက်မျဉ်းတွေနဲ့ မမှားစေဖို့အတွက် 'i' ပေါ်မှာ အစက် (Tittle လို့ခေါ်သည်) ကို ထည့်သွင်းခဲ့ကြကြောင်း Reddit ဆွေးနွေးမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
✅ J
J ဆိုတာ တကယ်တော့ အက္ခရာတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး I ကနေ ဆင်းသက်လာတာပါ။ အစကတော့ J ဆိုတာ သီးသန့်မရှိဘဲ I ကိုပဲ "ဂျ" အသံရော "အိုင်" အသံရော သုံးခဲ့ကြပါတယ်။ ၁၆ ရာစုလောက်မှာမှ Gian Giorgio Trissino ဆိုတဲ့ အီတလီလူမျိုးတစ်ယောက်က အသံနှစ်ခုကို ခွဲခြားဖို့အတွက် I ရဲ့ အောက်ခြေကို အမြီးလေးကွေးလိုက်ပြီး J ကို တီထွင်ခဲ့တာပါ။ ရှိတ်စပီးယား သက်ရှိထင်ရှားရှိစဉ်က အင်္ဂလိပ်အက္ခရာမှာ 'J' မပါဝင်သေးပါဘူး။ ဒါကြောင့် "Juliet" လို နာမည်မျိုးကိုတောင် "Iuliet" လို့သာ ရေးသားခဲ့ကြပါတယ်။
j (အသေး): ဒါကတော့ i အသေးကိုပဲ အောက်ကိုအမြီးလေး ထပ်ဆွဲချလိုက်ရာကနေ အခုမြင်ရတဲ့ "j" ပုံစံ ဖြစ်လာတာပါ။
✅K
'K' အက္ခရာရဲ့ သမိုင်းကြောင်းဟာ Semitic စာပေတွေမှာ "လက်ဝါး" (kaph) ကို ကိုယ်စားပြုတဲ့ ရှေးဟောင်းသင်္ကေတကနေ စတင်ခဲ့တာပါ။ ဂရိလူမျိုးတွေက kappa အဖြစ် မွေးစားခဲ့ပြီးနောက် Romans တွေဆီ ရောက်ရှိခဲ့ပါတယ်။ (Romans တွေဟာ 'C' ကို ပိုသုံးတာကြောင့် 'K' ကို အသုံးနည်းခဲ့ပါတယ်)။ အင်္ဂလိပ်စာမှာတော့ 'C' နဲ့ အသံထွက်ချင်း မရောထွေးစေဖို့ 'K' ကို ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာခဲ့ကြပါတယ်။
k (အသေး): ဒါကတော့ လက်ရေးဆက်ရေးတဲ့အခါ K အကြီးရဲ့ အပေါ်ပိုင်းကို ဝိုင်းလိုက်ပြီး အောက်က မျဉ်းလေးကို အကွေးလေးလုပ်ရာကနေ အခုမြင်ရတဲ့ "k" ပုံစံ ဖြစ်လာတာပါ။
✅ L
L ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Lamedh" လို့ ခေါ်ပြီး "နွားမောင်းတံ" (Ox Goad) လို့ အဓိပ္ပာယ်ရပါတယ်။ ရှေးဟောင်း Egypt အရုပ်စာတွေမှာတော့ တိရစ္ဆာန်တွေကို ထိန်းကျောင်းတဲ့ တုတ်ကွေးလေးပုံစံနဲ့ ဘီစီ ၁၅၀၀ ဝန်းကျင်ကတည်းက သုံးနှုန်းခဲ့ကြတာပါ။
အဲ့ဒီနောက် 800 BC ဝန်းကျင်မှာ Greek လူမျိုးတွေက အဲ့ဒီပုံစံကို မွေးစားပြီး "Lambda" လို့ ခေါ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေက အောက်ခြေမျဉ်းကို တစ်ဖက်တည်း အပြားလိုက် ပြောင်းလဲဆွဲလိုက်ရာကနေ အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "L" ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
l (အသေး): ဒါကတော့ နောက်ပိုင်းခေတ်တွေမှာ အမြန်ရေးသားရာကနေ ပြောင်းလဲလာရင်း ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၊ အခုဆိုရင် တစ်ကမ္ဘာလုံး အသုံးပြုနေတဲ့ စာရေးသားစနစ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လာတာပါ။
✅M
M ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Mem" လို့ခေါ်ပြီး "ရေ" (Water) လို့ အဓိပ္ပာယ်ရပါတယ်။ အစကတော့ ရေလှိုင်းလေးတွေ ဖြတ်သန်းနေတဲ့ ပုံစံမျိုး ရေးဆွဲခဲ့ကြပါတယ်။ လူမျိုးတွေက အဲဒီရေလှိုင်းပုံစံကို မွေးစားပြီး "mu" လို့ ခေါ်ခဲ့ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လှိုင်းတွန့်လေးတွေကို ပိုပြီး ထောင့်ချိုးကျကျ ရေးဆွဲလာရာကနေ အခုမြင်ရတဲ့ M ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ လက်ရေးမူတွေကနေတစ်ဆင့် အဆင့်ဆင့်ပြောင်းလဲလာပြီး ယနေ့ကျွန်တော်တို့ အသုံးပြုနေတဲ့ /m/ အသံထွက် "M" ပုံစံ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
m (အသေး): ဒါကတော့ စာကိုလက်ရေးဆက် ရေးကြရာကနေ ထောင့်ချိုးတွေကို ဝိုင်းပစ်လိုက်ပြီး အကွေးလေးနှစ်ခု ဖြစ်လာ ပြီးတော့ အခုမြင်ရတဲ့ "m" ပုံစံ ဖြစ်လာတာပါ။
✅ N
N ဆိုတဲ့ အက္ခရာဟာ ရှေးဟောင်း Egypt အရုပ်စာ (Hieroglyph) တွေကနေ စတင်ဆင်းသက်လာတာဖြစ်ပြီး မူလက "ရေလှိုင်း" ဒါမှမဟုတ် "မြွေ" ပုံသဏ္ဌာန်ကို ကိုယ်စားပြုခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Semitic လူမျိုးတွေက ၎င်းကို "Nun" (ငါး လို့ အဓိပ္ပာယ်ရပါတယ်) လို့ အမည်ပေးပြီး အသုံးပြုခဲ့ကြပါတယ်။
Greek လူမျိုးတွေက အဲ့ဒီပုံစံကို မွေးစားပြီး "Nu" လို့ ခေါ်ဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေက အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "N" ပုံစံဖြစ်အောင် အချောသတ် စံသတ်မှတ်ခဲ့ကြတာပါ။
n (အသေး): ဒါကတော့ m အသေးလိုပဲ လက်ရေးဆက်ရေးရာကနေ ထောင့်ချိုးကို ဝိုင်းလိုက်ပြီး အကွေးတစ်ခုတည်းအဖြစ် အခုမြင်ရတဲ့ "n" ပုံစံ ဖြစ်လာတာပါ။
✅ O
O ဆိုတဲ့ အက္ခရာဟာ ရှေးဟောင်း Egypt အရုပ်စာတွေထဲက "မျက်လုံး" (Eye) ကို ကိုယ်စားပြုတဲ့ ပုံသဏ္ဌာန်ကနေ ဆင်းသက်လာတာပါ။ အဲ့ဒီနောက်မှာတော့ Semitic လူမျိုးတွေက ၎င်းကို "Ayin" (မျက်လုံးလို့ပဲ အဓိပ္ပာယ်ရပါတယ်) လို့ သတ်မှတ်လိုက်ပြီး ဗျည်းအသံတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။
ဂရိ (Greek) လူမျိုးတွေဆီ ရောက်တဲ့အခါမှာတော့ ၎င်းကို "Omicron" လို့ အမည်ပြောင်းပြီး သရအသံ (Vowel) တစ်ခုအနေနဲ့ စတင်အသုံးပြုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေက အခုမြင်ရတဲ့ ဝိုင်းစက်တဲ့ အင်္ဂလိပ်အက္ခရာ "O" ပုံစံဖြစ်အောင် စံသတ်မှတ်ခဲ့ကြတာပါ။ ရိုးရှင်းတဲ့ အဝိုင်းပုံစံ ဖြစ်တာကြောင့် အချိန်ကြာလာပေမယ့် ပုံစံမပျက်ဘဲ အခုမြင်ရတဲ့ O အဖြစ် တည်ရှိနေတာပါ။
o (အသေး): ဒါကတော့ O အကြီးကိုပဲ အရွယ်အစား သေးသေးလေး ရေးဆွဲရာကနေ အခုမြင်ရတဲ့ "o" ဖြစ်လာတာပါ။
✅ P
P ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Pe" လို့ခေါ်ပြီး "ပါးစပ်" (Mouth) လို့ အဓိပ္ပာယ်ရပါတယ်။ အစကတော့ ပါးစပ်ပုံစံ အကွေးလေး ဖြစ်ပါတယ်။ Greek လူမျိုးတွေက အဲဒီပုံစံကို မွေးစားပြီး "pi" လို့ ခေါ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Romans တွေက အပေါ်ပိုင်းကို ဝိုင်းလိုက်ပြီး အောက်ခြေအထိ မပိတ်ဘဲ ရေးဆွဲရာကနေ အခုမြင်ရတဲ့ P ပုံစံ ဖြစ် လာတာပဲ ဖြစ်ပါတယ်။
p (အသေး): ဒါကတော့ စာရေးတဲ့သူတွေက အမြန်ရေးတဲ့အခါ စာလုံးဝိုင်းရဲ့ မျဉ်းကို အောက်ကို ဆွဲချလိုက်ရာကနေ အခုမြင်ရတဲ့ "p" ပုံစံ ဖြစ်လာတာပါ။
✅ Q
Q ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Qoph" လို့ခေါ်ပြီး "မျောက်" ဒါမှမဟုတ် "အပ်နဖား" လို့ အဓိပ္ပာယ်ရပါတယ်။အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက အသုံးပြုခဲ့ကြပြီး၊ အဲ့ဒီကမှတစ်ဆင့် Etruscan နဲ့ Roman လူမျိုးတွေဆီ ရောက်ရှိလာခဲ့တာပါ။နောက်ပိုင်း ပြင်သစ်စာရဲ့ လွှမ်းမိုးမှုကြောင့် ရှေးဟောင်းအင်္ဂလိပ်စာ ရေးထုံးဖြစ်တဲ့ "cw" အစား "QU" လို့ ပြောင်းလဲအသုံးပြုလာခဲ့ကြတာပါ။ ဒါကြောင့်လည်း အခုခေတ်မှာ ချွင်းချက်အချို့ကလွဲလို့ "Q" ဆိုတဲ့ အက္ခရာဟာ /kw/ အသံထွက်ဖို့အတွက် "U" နဲ့ အမြဲတွဲနေရတာ ဖြစ်ပါတယ်။
✅ R
R ဆိုတဲ့ အက္ခရာဟာ Phoenician သင်္ကေတ "Resh" ကနေ ဆင်းသက်လာတာဖြစ်ပြီး ၎င်းရဲ့ အဓိပ္ပာယ်က "ခေါင်း" (Head) လို့ ရပါတယ်။ အဲ့ဒီခေတ်က ပုံသဏ္ဌာန်ဟာ လူတစ်ယောက်ရဲ့ ဘေးတစောင်း ခေါင်းပုံစံမျိုး ရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Rho" အဖြစ် အသုံးပြုခဲ့ကြပြီး ပုံစံကိုလည်း တစ်ဖက်သို့ လှည့်လိုက်ကြပါတယ်။
Romans တွေဆီ ရောက်တဲ့အခါမှာတော့ ၎င်းကို "P" အက္ခရာနဲ့ မမှားသွားစေဖို့အတွက် အောက်ခြေမှာ မျဉ်းစောင်းလေးတစ်ကြောင်း ထပ်ဖြည့်လိုက်ရာကနေ အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "R" ပုံစံ ဖြစ်လာခဲ့တာပါ။ P ရဲ့ သမိုင်းကြောင်းဟာ လူခေါင်းပုံ အရုပ်စာကနေ Phoenician မျဉ်းဖြောင့်သင်္ကေတ၊ အဲ့ဒီကနေတစ်ဆင့် Greek Rho နဲ့ နောက်ဆုံးမှာတော့ Latin R ဆိုပြီး ဖြစ်လာခဲ့တာပါ။ ပုံနှိပ်စနစ်တွေ မပေါ်ပေါက်ခင်ကဆိုရင် r rotunda လို့ခေါ်တဲ့ လက်ရေးမူ ကွဲပြားချက်တွေတောင် ရှိခဲ့ပါသေးတယ်။
✅ S
S ဆိုတဲ့ အက္ခရာဟာ ရှေးဟောင်း Semitic နဲ့ Egypt သင်္ကေတတွေဖြစ်တဲ့ "သွား" (Tooth) ဒါမှမဟုတ် "တောင်ကုန်း" (Hill) ဆိုတဲ့ အဓိပ္ပာယ်တွေကနေ ဆင်းသက်လာတာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို Sigma အဖြစ် အသွင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။
Romans တွေဆီ ရောက်တဲ့အခါမှာတော့ မူလက ထောင့်ချိုးပုံစံရှိတဲ့ Sigma ကို အခုမြင်ရတဲ့ "S" ပုံစံအတိုင်း ပိုပြီး ဝိုင်းစက်သွားအောင် ပြောင်းလဲခဲ့ကြပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ Roman လက်ရေးမူတွေနဲ့ အလယ်ခေတ် စာမူတွေမှာ အခုခေတ် "s" နဲ့အတူ "Long s" (ſ) လို့ခေါ်တဲ့ အပေါ်ကို ရှည်ရှည်လေးဆွဲထားတဲ့ ပုံစံကိုပါ တွဲဖက်အသုံးပြုခဲ့ကြတာပါ။ ဒါပေမဲ့ ၁၈ ရာစုနှောင်းပိုင်းမှာတော့ John Bell လိုမျိုး ပုံနှိပ်လုပ်ငန်းရှင်တွေက စာဖတ်သူတွေ ရှင်းရှင်းလင်းလင်း မြင်သာစေဖို့အတွက် "Long s" နေရာမှာ အခုမြင်ရတဲ့ "S" ပုံစံနဲ့ပဲ အစားထိုး စံသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
s (အသေး): ဒါကတော့ S အကြီးကိုပဲ လက်ရေးဆက်ရေးရာကနေ ပိုပြီး သေးသေးကွေးကွေးလေးဖြစ်သွားတဲ့ အခုမြင်ရတဲ့ "s" ပုံစံ ဖြစ်လာတာပါ။
✅ T
T ဆိုတဲ့ အက္ခရာဟာ Semitic ဘာသာစကားမှာ "Taw" လို့ ခေါ်ပြီး "အမှတ်အသား" (Mark) လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီတုန်းက ပုံသဏ္ဌာန်ဟာ ကြက်ခြေခတ် ဒါမှမဟုတ် "X" ပုံစံမျိုး ရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Tau" ($Τ, τ$) အဖြစ် အသွင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။
အဲ့ဒီကမှတစ်ဆင့် Romans တွေက Latin အက္ခရာအဖြစ် အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "T" ပုံစံဖြစ်အောင် ပြောင်းလဲခဲ့ကြတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက "T" အက္ခရာဟာ သူ့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ပုံသဏ္ဌာန်ရော၊ အသံထွက် (Voiceless sound) ရော အပြောင်းလဲမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အခုခေတ် အင်္ဂလိပ်စာအထိ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။
t (အသေး): ဒါကတော့ f အသေးနဲ့ မမှားသွားအောင် အောက်ခြေကို အကွေးလေးလုပ်ပြီး ရေးဆွဲရာကနေ အခုမြင်ရတဲ့ "t" ပုံစံ ဖြစ်လာတာပါ။
✅ U, V, W, Y
U, V, W, Y တို့၏ တူညီသော မူလအစ
စိတ်ဝင်စားဖို့ကောင်းတာက အခုခေတ်မှာ ကျွန်တော်တို့ သီးခြားစီ အသုံးပြုနေတဲ့ U, V, W နဲ့ Y ဆိုတဲ့ အက္ခရာ လေးလုံးစလုံးဟာ ရှေးဟောင်း Semitic အက္ခရာတစ်ခုတည်းဖြစ်တဲ့ "Waw" ကနေ ဆင်းသက်လာတာပါ။ "Waw" ဆိုတာ "ချိတ်" (Hook) လို့ အဓိပ္ပာယ်ရပြီး မူလက /w/ အသံကို ကိုယ်စားပြုခဲ့ပါတယ်။
ဒီအက္ခရာတွေရဲ့ သမိုင်းကြောင်းဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေပြီး ဘာသာစကားအမျိုးမျိုး (ဥပမာ - Greek, Latin နဲ့ Old English) က မွေးစားအသုံးပြုရာကနေ အခုလို ကွဲပြားသွားခဲ့တာဖြစ်ပါတယ် -
• Greek: သူတို့က "Waw" ကို အခြေခံပြီး "Upsilon" ($\Upsilon$) အဖြစ် ပြောင်းလဲခဲ့ရာကနေ နောက်ပိုင်းမှာ Y ပေါ်လာခဲ့ပါတယ်။
• Latin (Roman): Romans တွေက အဲ့ဒီပုံစံကိုပဲ V အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီတုန်းက "V" ဟာ ဗျည်းအသံရော၊ သရအသံ (U) အတွက်ပါ အတူတူ သုံးခဲ့တာပါ။ နောက်ပိုင်းမှသာ U နဲ့ V ကို သရနဲ့ ဗျည်း ခွဲခြားသတ်မှတ်ခဲ့ကြပြီး၊ W ကတော့ "Double U" (U နှစ်လုံးတွဲ) အနေနဲ့ အင်္ဂလိပ်စာမှာ သီးခြားပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။
✅ X
X ဆိုတဲ့ အက္ခရာဟာ Phoenician ဘာသာစကားမှာ "Samekh" လို့ ခေါ်ပြီး "ငါး" (Fish) လို့ အဓိပ္ပာယ်ရတဲ့ အက္ခရာကနေ ဆင်းသက်လာတာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Chi" ($\text{X}$) အဖြစ် မွေးစားခဲ့ကြပြီး /k/ ဒါမှမဟုတ် /ks/ အသံထွက်တွေအတွက် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီကမှတစ်ဆင့် Romans တွေက သူတို့ရဲ့ အက္ခရာစနစ်ထဲကို ထည့်သွင်းလိုက်ရာကနေ အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ "X" ဖြစ်လာခဲ့တာပါ။
"X" ရဲ့ ခရီးစဉ်ဟာ အသံထွက်ပြောင်းလဲမှုတွေသာမက အသုံးချပုံတွေမှာလည်း တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ် -
သင်္ချာပညာ: အာရပ် (Arabic) ဘာသာစကားရဲ့ လွှမ်းမိုးမှုနဲ့အတူ သင်္ချာမှာ "မသိကိန်း" (Unknown) အဖြစ် စတင်အသုံးပြုခဲ့ကြပါတယ်။
ဘာသာရေး: ခရစ်ယာန်ဘာသာမှာ အတိုကောက်သင်္ကေတတစ်ခုအဖြစ် အသုံးပြုခဲ့ကြလို့ "Xmas" ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ ပေါ်ပေါက်လာခဲ့တာပါ။
✅ Z
Z ဆိုတဲ့ အက္ခရာဟာ Semitic ဘာသာစကားမှာ "Zayin" လို့ ခေါ်ပြီး "လက်နက်" (Weapon) လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Zeta" အဖြစ် မွေးစားခဲ့ကြပြီး Etruscan လူမျိုးတွေဆီကို ဆက်လက် ပျံ့နှံ့သွားခဲ့ပါတယ်။
ထူးဆန်းတာတစ်ခုက Romans တွေဟာ သူတို့ရဲ့ Latin အက္ခရာစနစ်ထဲကနေ "Z" ကို အစောပိုင်းမှာ ဖယ်ထုတ်ပစ်ခဲ့တာပါ။ အကြောင်းရင်းကတော့ အဲ့ဒီခေတ်မှာ "Z" ရဲ့ အသံထွက်က ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဂရိဘာသာစကားကနေ ဆင်းသက်လာတဲ့ စကားလုံး (Loanwords) တွေကို ရေးသားဖို့အတွက် "Z" ကို အက္ခရာစဉ်ရဲ့ အဆုံးမှာ ပြန်လည် ထည့်သွင်းခဲ့ကြပါတယ်။ အဲ့ဒီနောက် ပြင်သစ်နဲ့ ဂျာမန်ဘာသာစကားတွေမှာ အသုံးများလာပြီး နောက်ဆုံးမှာ အင်္ဂလိပ်စာဆီ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ "Z" ရဲ့ အသံထွက်ဟာ ဒေသအလိုက် ကွဲပြားနေတာပါပဲ။ အမေရိကန် အင်္ဂလိပ်စာမှာ "Zee" လို့ ထွက်ကြပြီး၊ ဗြိတိသျှ အင်္ဂလိပ်စာမှာတော့ "Zed" လို့ ထွက်ကြတာ ဖြစ်ပါတယ်။
With Love...
Tr. Philip Phyo