01/11/2025
ခရေစေ့တွင်းကျ ဖတ်မှတ်ကြပါ။
ဒီရက်ပိုင်းတွေမှာ ဆောင်းပါးရေးတာ ကျဲသွားပေမယ့် စာအုပ်အထူတစ်အုပ်တော့ အချိန်ရသလောက် ထိုင်ရေးဖြစ်တယ်။ ဒါ့ကြောင့် အဘိဓာန်ကိုလည်း ပိုသုံးဖြစ်တယ်။ ကျွန်တော်က အဘိဓာန်ကို ဖတ်တာ အကျင့်တစ်ခုလိုဖြစ်နေတော့ ဒီစာမျက်နှာကနေ ဟိုစာမျက်နှာ randomly ခုန်ကူးဖတ်နေရင်းနဲ့ ထူးခြားတာလေးတွေ တွေ့ရတယ်။ မှတ်စုတို့ထားလိုက်တယ်။ တနေ့ အဲဒီမှတ်စုလေးတွေကို စာအုပ်ပါးပါးလေးတစ်အုပ် ပြန်ထုတ်မလားလို့။ အခု အဲဒီမှတ်စုတွေထဲက အချို့ကို စာမြည်းအဖြစ် ဒီမှာ ပြန်ဝေမျှလိုက်ပါတယ်။ စာသင်သားလူငယ်များကို ပြောချင်တာက ဘယ်ဘာသာရပ်ကိုပဲ လေ့လာလေ့လာ အပေါ်ယံကြောမဖတ်၊ လှေနံဓားထစ် မမှတ်ကြဖို့ပါပဲ။
❤️ပထမဆုံး ပြောပြချင်တဲ့ အသုံးနှစ်ခုကတော့
When it comes to နဲ့
When it comes right down to it တို့ပါပဲ။ ခပ်ပေါ့ပေါ့ကြည့်ရင် ဒီနှစ်ခုဟာ အဓိပ္ပာယ်တူတယ်လို့ ထင်ရတယ်။ Dictionary ထဲ သေသေချာချာကြည့် နမူနာဝါကျတွေပါ လိုက်ဖတ်တော့မှ အဓိပ္ပာယ်မတူမှန်း သိရပါတယ်။
When it comes to money, ..... ပိုက်ဆံနဲ့ပတ်သက်လာရင်.....
When it comes to love, .... အချစ်နဲ့ပတ်သက်လာရင်...
စသည်ဖြင့် When it comes to something ကို speaking ရော writing မှာရော အသုံးများလို့ သိကြမယ်ထင်ပါတယ်။
There's nothing she doesn't know when it comes to computers.
ကွန်ပြူတာနဲ့ပတ်သက်ရင် သူ မသိတာဘာမှမရှိဘူး။
He's a sweet guy, but he's a bit useless when it comes to kids.
သူက သဘောကောင်းပါတယ်၊ ဒါပေမဲ့ ကလေးတွေနဲ့ပတ်သက်လာရင် အသုံးမဝင်/ဘာမှ မလုပ်တတ်ဘူး။
When it comes to fishing, John is an expert.
ငါးဖမ်းတဲ့နေရာမှာတော့ John က ဆရာကြီးပဲ။
ဆင်တူတယ်ထင်ရပေမယ့် when it comes (right) down to it ကို အဘိဓာန်က ဒီလိုတွေ အဓိပ္ပာယ်ဖွင့်ပြပါတယ်။
: when really necessary or important (တကယ်လိုအပ်လို့ အရေးကြီးလာခဲ့ရင်၊ အရေးကြုံလာခဲ့သော်)
When it comes down to it, he can be generous.
လိုအပ်လာခဲ့ရင် သူက အပေးအကမ်းရက်ရောပါတယ်။
နောက်အဓိပ္ပာယ်တစ်မျိုး
: when one considers what is really true (တကယ့်အမှန်တရား၊ ဘာအရေးအကြီးဆုံးလဲဆိုတာကို စဉ်းစားကြည့်ရင်)
It's nice to be rich, but when you come (right) down to it, it's more important to be healthy and happy.
ချမ်းသာတာ ကောင်းပါတယ်၊ သို့သော် သတ္ထုချကြည့်ရင် ကျန်းမာရေးကောင်းပြီး ပျော်ပျော်နေနိုင်ဖို့က ပိုအရေးကြီးတယ်။
When you come down to it, however, the basic problems of life have not changed.
သေသေချာချာစဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် ဘဝရဲ့ အခြေခံပြဿနာတွေဟာ ပြောင်းလဲမသွားပါဘူး။
When it comes down to it အစား When you come down to it လို့လည်း သုံးတတ်ကြတာကို သတိပြုပါ။ ဆိုတော့ကာ...
When it comes to something က ....နဲ့ ပတ်သက်လာရင်
When it comes right down to it, က တကယ့်အဓိကအရေးကြီးတာက.....
❤️ဒုတိယ ပြောပြချင်တဲ့ ဆင်တူယိုးမှားဖြစ်စေနိုင်တဲ့ အသုံး နောက်နှစ်ခုကတော့
make allowance for နဲ့
make allowances for တို့ပါပဲ။ ပထမ allowance မှာ "s" မပါဘူး။ ဒုတိယ allowance မှာ "s" ပါတယ်။ အဓိပ္ပာယ်ကလည်း လုံးဝ မတူကြပါဘူး။
make allowance for = to prepare for the possibility of: (တခုခုဖြစ်လာနိုင်ခြေရှိလို့ ကြိုတင်ပြင်ဆင်ထားတာ)
We should make allowance for bad weather and have plenty of umbrellas available.
ရာသီဥတုဆိုးလာရင် အဆင်သင့်ဖြစ်နေဖို့လိုတယ်၊ ထီးတွေအများကြီးရှိအောင် ပြင်ထားပါ။
make allowances for = to make allowances for someone is to think about their characteristics and not judge them too severely: (အားနည်းချက်ကို ထည့်သွင်းစဉ်းစားပြီး သက်ညှာစွာ ဆုံးဖြတ်ပေးတာ)
You should make allowances for him - he's been quite ill recently.
သူ့ကိုတော့ သက်ညှာစွာ စဉ်းစားပေးပါ၊ သူက ဒီရက်ပိုင်းတွေမှာ နေမကောင်းဖြစ်နေခဲ့လို့ပါ။
A: "This is a poor piece of work."
B: "Yes, but you should make allowances for the fact that she's only seven."
A: လုပ်ထားတဲ့လက်ရာကလည်း ညံ့လိုက်တာကွာ။
B: ဟုတ်ပါတယ်၊ ဒါပေမယ့် ကလေးမလေးက အသက် ၇ နှစ်ပဲရှိသေးတယ်ဆိုတာလေးလည်း ထည့်တွက်ပါဦး။
❤️တတိယ ပြောပြချင်တာလေးတွေက
in balance
on balance နဲ့
in the balance တို့ပါ။ တတိယအသုံးမှာ "the" ပါတယ်။ အဓိပ္ပာယ်လည်း မတူကြပါဘူး။
in balance = spending no more money in a budget (financial plan) than is taken in during a particular period: (ခန့်မှန်းထားသည့်ငွေထက် ပိုမသုံးတာ)
We want to cut the budget to get it in balance by next year.
ရှေ့နှစ်မတိုင်မီ ဘတ်ဂျက်ထက် ပိုမသုံးမိအောင် အသုံးစရိတ်ကိုလျှော့ချချင်တယ်။
in the balance = If a situation is in the balance, it has reached a stage where it will soon be decided one way or another: (သူနိုင်မလား ကိုယ်နိုင်မလား ရင်တမမဖြစ်ရတဲ့အခြေအနေ)
The game hung in the balance until the last minute.
ပြိုင်ပွဲဟာ ပြီးခါနီးအထိ ဘယ်အသင်းနိုင်မယ်မှန်း အပြတ်ပြောလို့မရနိုင်ခဲ့။
on balance = after considering the power or influence of both sides of a question: (အဘက်ဘက်ကခြုံ ကြည့်လိုက် ရင်)
The job offer had some advantages, but on balance he thought he was better off where he was.
အလုပ်သစ်က သာတဲ့အချက်လေးတွေရှိသော်လည်း အားလုံးကိုထည့်သွင်းစဉ်းစားလိုက်တော့ လက်ရှိအလုပ်ကပဲ ပိုကောင်းတယ်လို့ သူသဘောပေါက်တယ်။
Despite some failures, our firm has had quite a good year on balance.
ဆုံးရှုံးမှုအချို့ရှိသော်ငြားလည်း ခြုံငုံသုံးသပ်ကြည့်ရင် ငါတို့ကုမ္ပဏီ ဒီနှစ်အောင်မြင်ခဲ့ပါတယ်။
❤️စာမြည်းဆိုတော့ ဒီမှာမရပ်ခင် နောက်ဆုံး တစ်တွဲ
babe in arms
brothers in arms
babe in arms ကတော့ a very young baby ရင်ခွင်ပိုက်ကလေး ဖြစ်ပေမယ့်
brothers in arms ကတော့ soldiers fighting together, especially in a war ရဲဘော်ရဲဘက်၊ အတူတိုက်ပွဲဝင်နေကြသူတွေ။
ကဲ... ဆင်တူရိုးမှားလေးတွေ၊ အမှတ်တမဲ့ဆိုရင် တူတယ်ထင်ရတာလေးတွေပေါ့။ ကျွန်တော် အဘိဓာန်လှန်ရင်း သတိပြုမိတာလေးတွေပါ။ ဒါမျိုးလေးတွေ စုထားတာ တော်တော်ရနေပြီ။ အဆင်ပြေတဲ့အချိန် စာအုပ်လေးအဖြစ် လုပ်ဖြစ်မယ် ထင်ပါတယ်။
စိတ်ဝင်စားကြပါသလား။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း