TK

TK

Share

𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐚𝐧𝐝 𝐓𝐞𝐚𝐦 𝐋𝐞𝐚𝐝𝐞𝐫 𝐨𝐟 𝐓𝐊 𝐓𝐞𝐚𝐦

20/12/2025

𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝘁𝗼 𝗢𝘂𝗿 𝗠𝗶𝘀𝘀 𝗖𝗼𝘀𝗺𝗼 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝟮𝟬𝟮𝟱! 🇲🇲✨Myint Myat Moe

𝗧𝗼𝗽 𝟱 𝗙𝗶𝗻𝗮𝗹𝗶𝘀𝘁 𝗮𝘁 𝗠𝗶𝘀𝘀 𝗖𝗼𝘀𝗺𝗼 𝟮𝟬𝟮𝟱 ✨🏆

10/12/2025

Making Video of " တမြေပြင် အမေရေယဉ်ကတော်ကြီး "

National Costume ဖန်တီးမှုမစတင်ခင်မှာ ဖန်တီးမည့် အကြောင်းရာကို သေချာပိုင်နိုင်စွာ သိရှိရေးအတွက် သက်ဆိုင်ရာမြို့ထိသွားရောက်လေ့လာလိုသော်လည်း လက်ရှိအနေထားအရ သွားလာရေးအခက်ခဲများရှိသောကြောင့် နောက်ဆုံးတွင် သမိုင်းကြောင်းအရ ပစ်ပယ်ထားမရအောင် ဆက်စပ်နေသော ပုဂံပြည်အထိ သွားရောက်လေ့လာခဲ့ကြပါတယ်။

ထိုမှတဆင့် Design ဖန်တီးရန် dataအချက် လက်များစုဆောင်းခဲ့ပြီးနောက် အဆင်တန်ဆာများကို လေ့လာစုဆောင်းခဲ့သော လည်ချာနှစ် တစ်ဆက်တည်းသော လည်ဆွဲဟန် ၊ ပုဂံခေတ် အခတ်အလတ် တွေကို ခေတ်ဟန်များနှင့်ပေါင်းစပ် ဖန်တီးထားပါတယ်။

" အရိုးရှင်ဆုံးသည် အဆန်းဆုံးမဟုတ်ပါလား" ဒါကြောင့် ရိုးရှင်းစွာမြင်တွေ့ရသည့် အင်္ကျီတွင်လည်း ခေတ်ဟန်ပန်ပါပေါင်းစပ်လိုသောကြောင့် မှုလခါးထောင်ပုံစံဟန်ကိုမယူထားဘဲ ခါးဘေးသို့ ကားထွက်နေတဲ့ဟန် ပြင်ဆင်ဖန်တီးထားခဲ့ကြပါတယ်။ ထဘီ​တွင် customized အပ်၍ဖန်တီးထားသော မှန်
ချပ်များစွာပါဝင်ပြီး ထို မှန်စီရွှေချ နှင့် ကနုတ် လက်ရာများကိုတော့ ရန်ကုန် ကန်တော်ကြီး ကရိတ်ရေပေါ်စားသောက်ဆိုင်က မြန်မာမှုလက်ရာ ပွတ်လုံးများ​၏ အောက်ခြေ မှန်ဟီရွှေချ လက်ရာများကိုမှီငြမ်းပုံဖော်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။ ဓားရေးအကပြသည့်အခါ အားမာန်အပြည့်အဝပါဝင်စေရန် ထဘီတွင် " ရေသီနား" မထည်ဘဲ ဖန်တီးပုံဖော်ထားပါတယ်။

အမေရေယဉ်ကတော်ကြီးသည် ဆင်၊ ကျား၊ မြွေတို့ကို အောင်နိုင်ခဲ့သည့် ဒဏ္ဍာရီများသည် ပုဂံခေတ်ကပင် စတင်ခဲ့သော သမိုင်းဝင်ဇာတ်လမ်းအပေါ် အခြေခံ၍ National Costume ​၏ လက် တစ်ဖက်တစ်ချက်စီတွင် " ကျားနှင့်ဆင် " ကိုအဆင်တန်ဆာဟန် ဖန်တီးကာ " မြွေ " အား silicon မျက်နှာအပွားများနှင့် တွဲစပ်ပြီး ခေါင်းဝတ်အဆင်တန်ဆာအဖြစ် ပုံဖော်ဖန်တီးထားပါတယ်။ ဒီဖန်တီးမှုများနှင့် ရိုးရာပွဲပေးမှုများကို တတ်သိနားလည်သော ဆရာသမားများနှင့် စနစ်တကျမေးမြန်းပြီး ဖန်တီးပုံဖော်ထားပါတယ်။

ကျွန်တော်တို့ရဲ့ Miss Cosmo Myanmar 2025 ​၏ National costume ပြကွက်အနေနှင့် အမေရေယာဉ်(ခ) အနောက်မယ်တော်ကြီး​၏ ညီမများအားရည်ညွှန်း၍ SFX makeup artist ကိုဇော်ဇော်နှင့်ပူးပေါင်းပြီး Moe ရဲ့ မျက်နှာကို Silicon မိုဖမ်းပြီး မျက်နှာပုံစံတူ ၃ခု ပွားထားကာ SoRA မှ မျက်နှာတစ်ခုစီတွင် Makeup creations ပြုလုပ်ထားကာ ထို Silicon မျက်နှာများကို တစ်ခုချင်းစီ ခွာချသွားပြီးနောက် ဓားရေးအကကိုပြနိုက်ရန် အရာအားလုံး အရှင်ပြုလုပ်ထားသော ဖန်တီးထားသော အနုပညာလက်ရာတစ်ခုပင်ဖြစ်ပါတယ်။

National Costume လေးဖြစ်မြောက်ဖို့အတွက်လည်း လူအင်အားများစွာဖြင့် ဖန်တီးခဲ့ကြရပြီး ပူးပေါင်းပါဝင်ဖန်တီးခဲ့ကြသော အသိပညာရှင်၊အတတ်ပညာရှင် များကိုလည်း TK Team မှအထူးပင်ကျေးဇူးတင်ရှိပါတယ်။

Miss Cosmo Myanmar 2025
Myint Myat Moe

𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐬𝐭𝐮𝐦𝐞 𝐛𝐲 TK Team

Designer TK ( Team Leader )
Designer Than Htaik
Designer Khin Yadana Lin Lae
Designer Hnin Lwin Htay
Designer Pan Myat Chel
Designer Ei Ei Aung
Designer Sagar Pwint

SFX Silicon Face Designer - Zaw Zaw

Special thanks to Sayar Han Thura Hein & Ko Htut ( Myanmar traditional)

TK
TK Team

TK Team

08/12/2025

ဖန်တီး ချုပ်လုပ်မှုမစတင်ခင်မှာ သမိုင်းကြောင်းနှင့် concept ကိုအရင်တည်စီစဉ်ပြီး ထိုကရလာတဲ့ Data အချက်လက်တွေကို အခြေခံပြီး Design ပိုင်းဆိုင်ရာ sketch ကို ရေးဆွဲဖန်တီးကြရပါတယ်။

ယခုတစ်ခေါက်မှာ သွားရောက် လေ့လာချက်များအရဝတ်စားဆင်ယင်မှုကအစ ယနေ့ခေတ်ဟန်များနှင့် ပေါင်းစပ်၍ဖန်တီးရေးဆွဲခဲ့ပါတယ်။

Design by TK
National costume by TK Team

TK

04/12/2025

" တမြေပြင် အမေရေယဉ်ကတော်ကြီး "

မြန်မာ့အမွေအနှစ်ထဲက အမေရေယဥ်( အနောက်အမေကြီး ) သည် မြန်မာ့တို့​၏ နတ်ရိုးရာ ယုံကြည် ကိုးကွယ်မှုတွင် ရိုးရာအစဉ်လာကြီးမားလှပြီး စွမ်းအားကြီးသောနတ်တစ်ပါးအဖြစ် ထင်ရှားကျော်ကြားလှပါတယ်။

အမေရေယဉ်နတ်၏ ဆင်၊ ကျား၊ မြွေတို့ကို အောင်နိုင်ခဲ့သည့် ဒဏ္ဍာရီများသည် ပုဂံခေတ်ကပင် စတင်ခဲ့သော သမိုင်းဝင်ဇာတ်လမ်းအပေါ် အခြေခံ၍ National Costume ​၏ လက် တစ်ဖက်တစ်ချက်စီတွင် " ကျားနှင့်ဆင် " ကိုအဆင်တန်ဆာဟန် ဖန်တီးကာ " မြွေ " အား silicon မျက်နှာအပွားများနှင့် တွဲစပ်ပြီး ခေါင်းဝတ်အဆင်တန်ဆာအဖြစ် ပုံဖော်ဖန်တီးထားပါတယ်။ ဒီဖန်တီးမှုများနှင့် ရိုးရာပွဲပေးမှုများကို တတ်သိနားလည်သော ဆရာသမားများနှင့် စနစ်တကျမေးမြန်းပြီး ဖန်တီးပုံဖော်ထားပါတယ်။

ကျွန်တော်တို့ရဲ့ Miss Cosmo Myanmar 2025 ​၏ National costume ပြကွက်အနေနှင့် အမေရေယဉ်(ခ) အနောက်မယ်တော်ကြီး​၏ ညီမများအားရည်ညွှန်း၍ SFX makeup artist ကိုဇော်ဇော်နှင့်ပူးပေါင်းပြီး Moe ရဲ့ မျက်နှာကို Silicon မိုဖမ်းပြီး မျက်နှာပုံစံတူ ၃ခု ပွား၍ဖန်တီးခဲ့ကာ Makeup SoRA မှ ထပ်မံပြီး မျက်နှာတစ်ခုစီတွင် Makeup creations ပြုလုပ်၍ ထို Silicon မျက်နှာများကို တစ်ခုချင်းစီ ခွာချသွားပြီးနောက် ဓားရေးအကကိုပြနိုင်ရန် အရာအားလုံး အရှင်ပြုလုပ်ထားကာ ဖန်တီးထားပြီး အဆင်တန်ဆာများနှင့် လည်ဆွဲလေးကိုတော့ ပုဂံခေတ် လည်ဆွဲနှင့် ပုဂံခေတ်ကနုတ်လေးတွေကို မှီငြမ်းပြီး ပုံဖော်ထားသော အနုပညာလက်ရာတစ်ခုပင်ဖြစ်ပါတယ်။

" အရိုးရှင်ဆုံးသည် အဆန်းဆုံးမဟုတ်ပါလား" ဒါကြောင့် ရိုးရှင်းစွာမြင်တွေ့ရသည့် အင်္ကျီ​အား ခါးတောင်ကိုလည်း ရှေးမှုရိုးရာဟန်ထဲမှ ခွဲထွက်ပြီး ပုံစံပြောင်းလည်းထားကာ ထဘီအား ဖန်ချပ်များကို လိုချင်သောပုံစံ size အတိုင်း customized အပ်၍ အနုစိပ်ဖန်တီးထားပြီး ၊ ဓားရေးအကပြသည့်အခါ အားမာန်အပြည့်အဝပါဝင်စေရန် ရေသီနားမထည်ဘဲ ဖန်တီးပုံဖော်ထားသော အနုပညာလက်ရာဖြစ်ပါတယ်။

" ဒီနှစ်မှာ National Costume competition မပါဝင်ဘဲ Carnival Costume ပြောင်းလည်းတာကြောင့် ပြသခွင့်မရခဲ့ပေမယ့် ကြိုးစားခဲ့တာလေး ပြန်လည်မျှဝေပါရစေ။ "

ဒီတခေါက် National Costume မှာ ကျွန်တော်တို့TK Team ဘက်က လက်ရာနှင့်အနုစိပ်နိုင်ဖို့ပါ လိုအပ်ချက်များလည်းရှိတာကြောင့် တကြိမ်တခါနားလည် ပေးကြဖို့တောင်းဆိုပါရစေ။

National Costume လေးဖြစ်မြောက်ဖို့အတွက်လည်း လူအင်အားများစွာဖြင့် ဖန်တီးခဲ့ကြရပြီး ပူးပေါင်းပါဝင်ဖန်တီးခဲ့ကြသော အသိပညာရှင်၊အတတ်ပညာရှင် များကိုလည်း TK Team မှအထူးပင်ကျေးဇူးတင်ရှိပါတယ်။

Miss Cosmo Myanmar 2025
Myint Myat Moe

𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐬𝐭𝐮𝐦𝐞 𝐛𝐲 TK Team

Designer TK ( Team Leader )
Designer Than Htaik
Designer Khin Yadana Lin Lae
Designer Hnin Lwin Htay
Designer ပန်းမြတ်ချယ် ဖက်ရှင်ဒီဇိုင်း သင်တန်းကျောင်း
Designer Ei Ei Aung
Designer Sagar Pwint

𝐌𝐚𝐤𝐞𝐮𝐩 - SO RA

SFX Silicon Face Designer - Ko Zaw Zaw

Video/Editing - Sai Kaung Htet

Special thanks to ဆရာ Han Thura Hein နှင့် Ko ကိုထွဋ် မြန်မာမှူ

နောက်ထပ် ကျေးဇူးတင်လိုတာကတော့ ဒီလိုတွေဖန်တီးနိုင်ဖို့အမြဲအားပေးလက်တွဲခေါ်ပေးတဲ့ ကျွန်တော်တို့ရဲ့ အကို SoeMin Tunကိုလည်းအမြဲကျေးဇူးတင်မိပါတ ယ်။ ပြီးတော့အမြဲဝန်ရံပေးတဲ့ညီလေးSai Htoo Kyaw Linnကိုလည်း ကျေးဇူးတင်ပါတယ်။

TK Team

Photos from TK's post 04/12/2025

PHOTOGRAPHY/EDITING - Aung Kyaw Tun

Special thanks to ဆရာ Han Thura Hein နှင့် Ko ကိုထွဋ် မြန်မာမှူ

နောက်ထပ် ကျေးဇူးတင်လိုတာကတော့ ဒီလိုတွေဖန်တီးနိုင်ဖို့အမြဲအားပေးလက်တွဲခေါ်ပေးတဲ့ ကျွန်တော်တို့ရဲ့ အကို SoeMin Tunကိုလည်းအမြဲကျေးဇူးတင်မိပါတ ယ်။ ပြီးတော့အမြဲဝန်ရံပေးတဲ့ညီလေးSai Htoo Kyaw Linnကိုလည်း ကျေးဇူးတင်ပါတယ်။

TK Team

02/12/2025

ဝါသနာပါရာ အလုပ်တွေအပြင် RCGY မှာလည်း Public Chairman အဖြစ်တာဝန်ယူပြီး ပရဟိပိုင်းတွေလည်း အားသွန်ခွန်စိုက်လုပ်ဆောင်နေပါတယ်။

01/12/2025

အင်တာဗျူးလေးအခုမှတက်လာလို့ပါ🤍

Thanks ညီမShwe Yoke Pph

Photos from TK's post 27/11/2025

We did it again!!!!
Best in National Costume Top 10

Congratulations TK Team
Thank you so much NaNa & SoeMin Tun

Photos from TK's post 23/11/2025

“မူယယ်ဖဲ ရဲ့ ရွှေအိုရောင်သင်တိုင်း”

မူယယ်ဖဲ (ခေါ်) ထိုင်းနန်းပုလ္လင်ထက် အလှစံလွင့်တဲ့ကရင်အလှဘုရင်မတစ်ပါး …

ဒီတစ်ခါမှာတော့ ကရင့်ရာဇဝင်သမိုင်းနဲ့ အိပ်ယာဝင်ပုံပြင်မှာ မပါမဖြစ်တဲ့ အလှဘုရင်မ မိန်းမမြတ် “မူယယ်ဖဲ” (သို့) တကယ့်စံတင်အလှနဲ့ ကဗျာဖွဲ့ခံခံ့ရတဲ့ တောင်ပေါ်သူကရင်မင်းသမီးလေးကို ဂုဏ်ပြုရင်းနဲ့ ရွှေအိုရောင် သင်တိုင်းကို ဖန်တီးတင်ဆက်လိုက်ပါတယ်။

ကရင်ပြည်နယ် ဖာပွန် ဒေသ ဆိုတာမိန်းမလှတွေပေါတဲ့ဒေသ (သို့) မူယယ်ဖဲရဲ့ ချက်ကြွေမြေ (သို့) သစ္စာတရားနဲ့အလှဝေနေတဲ့မြေပေါ့။

ရိုးသားပြီးချစ်စရာကောင်းတဲ့ ကရင်တိုင်းရင်သားတွေအတွက် ဂုဏ်ပြုအမွန်းတင် ဖန်တီး ပုံဖေါ်ချင်တဲ့အတွက် ကရင်ရာဇဝင်ထဲကို အလှရှာပုံတော်ဖွင့်ခဲ့ရပါတယ်။

မူယဘ်ဖဲ ဟာ မိန်းမကောင်း မိန်းမမြတ် လက္ခဏာ နဲ့ပြည့်စုံလွန်းသူ၊ ထိုင်းဘုရင်ကတော်ကောက်က မိဖုရားမြောက် မြတ်နိုးရသူ၊ လူပင်မက တိရိစ္ဆာန်ရိုင်းတောင် သူမအလှမှာ လောကကြီးခဏရပ်သလို ငေးမောရသူလဲဖြစ်ပါတယ်။

အဆင်းလှသလို အချင်းလဲလှ၊ သစ္စာတရားနဲ့ အမျိုးဂုဏ်စောင့်လျှောင်ကွယ်ကာခဲ့သူလဲဖြစ်ခဲ့ပါတယ်။ လှလွန်းလို့မနာလိုသူတွေရဲ့ အကောက်ကြံမှူတွေ၊ ထူးခြားတဲ့အစွမ်းတန်ခိုးတွေ၊ ရှုပ်ထွေးတဲ့ နန်းတွင်းရေး မင်းရေး အလည် ရိုးသားမှူနဲ့ သစ္စာတရားကြီးမားသူအဖြစ်သူမကရာဇဝင်ထက်ဖျက်မရတဲ့နာမည် ကဗျည်းထိုးခဲ့သူပါ။

သူမသွေးစက်ကျခဲ့ရဒေသတွေကမိန်းကလေးများဟာအင်မတန်လှတယ်လို့ကရင်ပါးစပ်ရာဇဝင်တွင်ခဲ့သူမို့ သူမချင်းမိုင် မြို့ဝင်မင်းခန်းအနားမှာ ဆက်မြန်းခဲ့တဲ့ ရွှေအိုရောင်သင်တိုင်းကို ပြန်လည်ဖော်ထုတ်ချုပ်လုပ်တင်ဆက်လိုက်ပါတယ်။

မိဖုရားတစ်ယောက်ရဲ့ ရာဇဂုဏ်ကိုရွှေအိုရောင်အဆင်းနဲ့ မာန်ထင်းစေပြီး ရိုးသားတဲ့တောင်ပေါ်သူ ကရင့် ရိုးရာသက်တိုင်းရဲ့မူလစံတန်ဖိုးလဲမပျောက်ပျက်ရအောင် ဖန်တီးကြိုးစားပေးခဲ့ပါတယ်။

ဇင်းမယ် ခေါ် လက်ရှိချင်းမိုင်မြို့မှာသူမရဲ့အုပ်ဂူရှိသေးတယ်လို့လဲ ချင်းမိုင်ဒေသနေကရင်လူမျိုးများက ပြောလေ့ရှိပါတယ်။

ကျွန်တော်တို့ရဲ့ချစ်စရာ ကရင်တိုင်းရင်းသားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ချစ်ချင်းမေတ္တာအမြင်နဲ့ကြည့်ကာအားပေးကြစို့လား။

Disclaimer: ကိုယ်တိုင်က ချင်း/ကရင် ကပြား တိုင်းရင်းသားဖြစ်တဲ့အတွက် ဤ ဝတ်စုံကို နှလုံးသားနဲ့ ယှက်ကာဖန်တီးရတယိလို့ခံစားရပါတယ်။ ကရင့်ရာဇဝင်ထဲကအမျိုးသမီးတစ်ဦးပေမယ့် ထိုင်း(ချင်မိုင်မြို့ပြခေတ်) ရဲ့ ၅ ဆက်မြောက်ဘုရင်ရဲ့ မိဖုရားလို့ ရာဇဝင်ရှိတဲ့အတွက်လဲ ယဉ်ကျေးမှု တန်ဖိုးအပြင် သမိုင်း/ရာဇဝင် အမွေအနှစ်တစ်ခုအနေနဲ့အထူးသတိထားခဲ့ပါတယ်။ ရာဇဝင် မှာ ဒေသအလိုက် မူကွဲများလဲရှိတာကိုမှတ်ယူမိပ်တယ်။ ဒါကြောင့်ရိုးရာမပျက်အကောင်းဆုံးကျိုးသားဖန်တီးဂုဏ်ပြုခဲ့ပေမယ့်လဲ၊ တစ်လအတွင်း သုတေသနပြု အချက်အလက်စုဆောင်းရတဲဲ့အတွက် လိုအပ်ချက်များရှိပါကသည်းခံခွင့်လွှတ်ပေးဖို့ပန်ကြားအပ်ပါတယ်။ ပြိုင်ပွဲသဘာဝ နဲ့ အမှတ်ပေးစည်းမျဉ်းများကိုလဲချိန်ဆရတဲ့အတွက် ကွန့်ညွန့်ဖန်တီးမှုလေးများကိုလဲ (ရိုးရာနဲ့အနီးစပ်ဆုံးကျိုးစားပုံဖော်ထားပါတယ်) လွှချော်မှုရှိခဲ့ပါက မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ပေးကြပါရန် ရိုကျိုးသောစိတ်နဲ့ပန်ကြားအပ်ပါတယ်။

လေးစားစွာဖြင့်၊

Miss Teen Icon Myanmar 2025
Si Lar Win

𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐬𝐭𝐮𝐦𝐞 𝐛𝐲 𝐓𝐊 𝐓𝐞𝐚𝐦
Designer TK ( Team Leader )
Designer Than Htaik
Designer Khin Yadana Lin Lae
Designer Phyo Thuzar Aung

𝐌𝐚𝐤𝐞𝐮𝐩 -Gyin Gyin

PHOTOGRAPHY/EDITING Khant Min Htin
HK Illustrations / 2025

21/11/2025

Myanmar Celebrity TV Interview

21/11/2025

Cele Gabar Interview

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00