Myo Overseas Training Centre

Myo Overseas Training Centre

Share

Myo Overseas Academy ရဲ့ Training Centre
#JapaneseLanguage
#Japan #trainee #tokuteiginou Language Training
Skill Training
Tokutei Training
Cultural Training

01/05/2026

🌸ဂျပန်စာရဲ့ အခြေခံအားလုံးကို ပိုင်နိုင်အောင်သင်ကြားပေးမယ့် N5 တန်းခွဲသစ်🌸

30/04/2026

🌸ဂျပန်နိုင်ငံအရောက်သွားဖို့အနည်းဆုံး N4 လက်မှတ်က ရှိကိုရှိထားသင့်တဲ့အတွက် စာမေးပွဲတွေမှာ အောင်မြင်စွာ ဖြေဆိုနိုင်ဖို့အတွက်ဆို MOTC ရဲ့ N4 တန်းခွဲသစ်ကို တက်ဖို့လိုတယ်နော်🌸

29/04/2026

30.04.2026 (ကဆုန်လပြည့်နေ့) နှင့် 01.05.2026 (အလုပ်သမားနေ့) များတွင် MOTC၏ အတန်းများအားလုံးပိတ်ပါတယ် ။

page cb မှ စာများကိုလဲ ရုံးဖွင့်ရက်များတွင် ပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ပါတယ်။

29/04/2026

ဧပြီလ ၂၉ ရက်နေ့ ကတော့ Showa Day (昭和の日 - Showa no Hi) ဆိုပြီး ဂျပန်နိုင်ငံရဲ့ Golden Week အားလပ်ရက်ရှည်ကို စတင်ဖွင့်လှစ်ပေးတဲ့ ပထမဆုံးသော အစိုးရရုံးပိတ်ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ ဂျပန်နိုင်ငံရဲ့ ၁၂၄ ဆက်မြောက် ဧကရာဇ်ဖြစ်တဲ့ Emperor Hirohito (Showa Emperor) ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင်၊ စစ်အတွင်းနဲ့ စစ်ပြီးခေတ် ဂျပန်နိုင်ငံ ပြန်လည်ထူထောင်ရေး ကာလတွေအထိ (၁၉၂၆ ကနေ ၁၉၈၉ အထိ) ဂျပန်နိုင်ငံကို အရှည်ကြာဆုံး အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ သူကွယ်လွန်ပြီးနောက်မှာတော့ ဒီနေ့ကို "Greenery Day" အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာတော့ Showa ခေတ်ရဲ့ အနိမ့်အမြင့်၊ အတက်အကျ သမိုင်းကြောင်းတွေကို နောင်လာနောက်သားတွေ မေ့မသွားစေဖို့အတွက် Showa Day ဆိုပြီး သီးသန့် ပြန်လည်အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အစိုးရရဲ့ တရားဝင် သတ်မှတ်ချက်အရ Showa Day ရဲ့ ရည်ရွယ်ချက်ကတော့-
"စစ်ပွဲတွေနဲ့ ပြည့်နှက်ခဲ့ပြီး ခက်ခဲတဲ့ကာလတွေကို ဖြတ်ကျော်ကာ ပြန်လည်ထူထောင်နိုင်ခဲ့တဲ့ Showa ခေတ်ကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရဲ့ အနာဂတ်ကို စဉ်းစားဆင်ခြင်ရန်" ဖြစ်ပါတယ်။

ဒီခေတ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုးရွားတဲ့ အတွေ့အကြုံများ။စစ်ပြီးခေတ်မှာ တိုင်းပြည်ပျက်စီးရာကနေ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာအောင် ရုန်းကန်နိုင်ခဲ့ခြင်း စသဖြင့် ဂျပန်သမိုင်းမှာ အလွန်အရေးပါတဲ့ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်
ယနေ့ခေတ် ဂျပန်လူနေမှုပုံစံ အခြေခံတွေဟာ ဒီခေတ်မှာ စတင်အမြစ်တွယ်ခဲ့တာပဲဖြစ်ပါတယ်။

Showa Day ဟာ Golden Week ရဲ့ အစဖြစ်လို့ ဒီနေ့ကစပြီး ခရီးသွားလာသူတွေ၊ ပန်းခြံတွေမှာ အပန်းဖြေသူတွေ အလွန်များပြားလာတတ်ပါတယ်။

Showa Day ဟာ ရိုးရိုးပိတ်ရက်တစ်ခုထက် ပိုပြီး ဂျပန်လူမျိုးတွေအတွက်တော့ သူတို့ရဲ့ ခက်ခဲတဲ့ သမိုင်းကြောင်းနဲ့ အောင်မြင်မှုတွေကို ပြန်လည်သတိရစေတဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။

゚viral

25/04/2026

🍑မက်မွန်သီးထဲကောင်လေး MOMOTARO ဆိုတဲ့ ဂျပန်ပုံပြင်အတိုလေးကိုဖတ်ရင်း စာကြောင်းလေးတွေကိုလေ့လာကြရအောင် 🍑

• တစ်ခါတုန်းက အဘိုးအိုနဲ့အဘွားအိုတို့ လင်မယားနှစ်ယောက်ဟာ ရွာလေးတစ်ရွာမှာနေထိုင်ကြတယ်။
昔々、ある村におじいさんとおばあさんが住んでいました

• တစ်နေ့မှာအဘွားအိုက အဝတ်လျှော်ဖို့အတွက် မြစ်နားကိုသွားတဲ့အချိန်မှာ အလွန်ကြီးမားတဲ့မက်မွန်သီးတစ်လုံးက မြစ်ထဲမှာမျောလာတာကိုတွေ့လိုက်တယ်။
ある日、おばあさんが川へ洗濯に行くと、大きな桃が流れてきました

• အဘွားအိုက အဲ့ဒီမက်မွန်သီးကြီးကို ယူပြီးအိမ်ကိုပြန်လာခဲ့တယ်။
おばあさんはその大きな桃を拾って、家に持ち帰りました。

• အဘိုးအိုနဲ့အဘွားအိုတို့ဟာ မက်မွန်သီးကြီးကိုခွဲဖို့လုပ်နေတဲ့အချိန်မှာပဲ မက်မွန်သီးကြီးထဲကနေ ကောင်လေးတစ်ယောက် ထွက်လာခဲ့တယ်
おじいさんとおばあさんが桃を割ろうとすると、中から男の子が飛び出しました。

• သူတို့ဟာကလေးမရှိတဲ့အတွက် အဲ့ကလေးကို မိုမိုတာရို လို့နာမည်ပေးခဲ့ပြီး သားအရင်းတစ်ယောက်လိုပြုစုပျိုးထောင်ခဲ့ကြတယ်
二人はその子を「桃太郎」と名付け、自分の子供のように大切に育てました

• မိုမိုတာရိုဟာ အရွယ်ရောက်လာတဲ့အခါ ကြင်နာတတ်ပြီးသတ္တိရှိတဲ့ သန်မာတဲ့ကောင်လေးတစ်ယောက်ဖြစ်လာခဲ့တယ်။
桃太郎は、優しくて勇気のある強い男の子に成長しました。

• တစ်နေ့မှာတော့ ရွာကိုအနှောက်ယှက်ပေးနေခဲ့တဲ့ မကောင်းဆိုးဝါးတွေကို သွားရောက်တိုက်ခိုက်ဖို့ မိုမိုတာရို က ဆုံးဖြတ်လိုက်တယ်။
ある日、桃太郎は村を苦しめる鬼を退治しに行くことにしました。

• အဘွားအိုကလဲ မိုမိုတာရိုလမ်းခရီးမှာစားဖို့အတွက် မုန့်လုံးလေးတွေကို ထည့်ပေးလိုက်တယ်။
おばあさんは、道中で食べるためのきびだんごを作って持たせました。

• လမ်းခရီးမှာ မိုမိုတာရိုဟာ ခွေးတစ်ကောင်၊မျောက်တစ်ကောင်နဲ့ ငှက်တစ်ကောင်တို့နှင့်တွေ့ခဲ့ပြီး သူမှာပါတဲ့ မုန့်လုံးလေးတွေကိုကျွေးခဲ့တယ်။
道中、桃太郎は犬、猿、キジに出会い、きびだんごを分け与えました。

• ခွေး ငှက်နဲ့မျောက်တို့ကလဲ မိုမိုတာရိုရဲ့ လမ်းခရီးမှာလိုက်ပြီး ကူညီပေးခဲ့ကြတယ်။
犬、猿、キジは、桃太郎の旅のお供をすることにしました。

• နောက်ဆုံးမှာ မိုမိုတာရိုတို့အဖွဲ့ဟာ မကောင်းဆိုးဝါးတွေကို တိုက်ခိုက်အနိုင်ယူခဲ့ကြပြီး မကောင်းဆိုးဝါးတွေခိုးထားတဲ့ ရတနာတွေကိုပြန်ယူနိင်ခဲ့ကြတယ်
ついに、桃太郎たちは鬼を倒し、奪われた宝物を取り戻しました。

• မိုမိုတာရိုဟာ အောင်မြင်စွာနဲ့ ရွာကို ပြန်လာပြီးရွာက လူတိုင်းကိုကူညီပြီး နေထိုင်ခဲ့ပါတယ်။
桃太郎は元気に村へ帰り、みんなを助けながら幸せに暮らしました。

✨COE အောင်ချက်ကောင်းသောဂျပန်နိုင်ငံရှိကျောင်းများမှာပညာသင်ယူနိုင်ရန်အတွက်အခွင့်အရေးများကို လက်မလွတ်သွားအောင် ကျောင်းများဖြင့်ချိတ်ဆက်ပေးနေသော MOEC ၏ tiktok acc https://www.tiktok.com/.moec ကိုလဲ follow ထားဖို့မမေ့နိဲ့ဦးနော်✨

24/04/2026

🌸စားသောက်ကုန်ထုတ်လုပ်ငန်းဖြင့် ဂျပန်နိုင်ငံကို သွားရောက်လိုသူတိုင်းအတွက် ကျွမ်းကျင်လုပ်သားကုန်ထုတ်လက်မှတ်ကို အရယူနိုင်မဲ့ တန်းခွဲသစ်လေးကို တက်လို့ရပါပြီ 🌸

23/04/2026

🌸ဂျပန်နိုင်ငံရောက်ဖို့ အခွင့်လမ်းအများဆုံးရနိုင်ရန်အတွက် လက်မှတ်လိုချင်ရင်တော့ဒီအတန်းက တက်ကိုတက်သင့်တဲ့အတန်းပါနော်🌸

22/04/2026

✨JLPT စာမေးပွဲဖြေဖို့ကလဲ သိပ်မလို့တော့တာမို့ N4 ကို အမှတ်ကောင်းကောင်းနှင့် အောင်ဖို့အတွက် မေးခွန်း‌ဟောင်းအတန်းကို အခုပဲ လာအပ်လိုက်တော့နော်✨

21/04/2026

🌸ကျွမ်းကျင်လုပ်သားစက်မှုကုန်ထုတ် အတွက် သင်တန်းကို MOTC မှာတက်လို့ရပါပြီ နော်🌸

20/04/2026

ဂစ်တာလေးနဲ့ ငြိမ်ငြိမ်လေးဆိုပြလဲ ဘာလာလာ ကတဲ့အဖွဲ့ကိုတော့ မနိုင်ဘူး🥲🥲

20/04/2026

နွေဦးကဗျာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Sabel Phyu Condo, Building (A), No. A-1003, 10th Floor, Lay Daungkan Road, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00