🎉 Another Milestone for Our Community! 🎉
We are beyond thrilled and proud to share that one of our wonderful seminar participants has just been invited to an interview! 🌟 Hearing about our participants taking these big steps forward makes all our hard work worthwhile, and we couldn't be happier to support and share our experiences with them once again.
📌 A Quick Note & Disclaimer
We want to keep things completely transparent with our community:
We do not offer paid courses for scholarship essay writing or interview preparation.
We are not affiliated with or endorsed by any official scholarship bodies or institutions.
Why do we share then?
Because our LMI teachers have walked the path themselves and successfully secured international scholarships! We simply love giving back by sharing practical insights, firsthand tips, and honest experiences to help aspiring scholars navigate their own journeys with confidence.
To everyone currently chasing their dreams: keep going, preparation meets opportunity! 💪✨
Language Meet Institute
We are an education institution dedicated to providing affordable, high-quality English education for young and adult learners.
16/08/2026
💡 တစ်ဦးတည်းမဟုတ်ဘဲ... အချင်းချင်း အတူတူ သင်ယူပျော်ရွှင်နိုင်မယ့် LMI ရဲ့ စာသင်ခန်းများ!
အင်္ဂလိပ်စာသင်ကြားရေးမှာ ဆရာ/ဆရာမတစ်ဦးတည်းကပဲ အမှားပြင်ပေးတာထက် ကျောင်းသားတွေ ကိုယ်တိုင်ပါဝင်ပြီး ဆက်သွယ်ပြောဆိုနိုင်စွမ်း (Communicative competence) ကို မြှင့်တင်ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခု ရှိပါတယ်။
အဲ့ဒါကတော့ Language Meet Institute (LMI) ရဲ့ စာသင်ခန်းတွေမှာ ကျင့်သုံးနေတဲ့ Peer Checking (သူငယ်ချင်းအချင်းချင်း ပြန်လည်စစ်ဆေးခြင်း) စနစ်ပဲ ဖြစ်ပါတယ်! 🌟
✨ LMI ရဲ့ စာသင်ခန်းများမှာ Peer Checking ကို ကျင့်သုံးခြင်းဖြင့် ရရှိမယ့် ထူးခြားတဲ့ အကျိုးကျေးဇူးများ
✍️ "တည်းဖြတ်သူ" (Editor) တစ်ဦးအဖြစ် ကိုယ်တိုင် ပါဝင်လာနိုင်ခြင်း
ကျောင်းသားတွေက သူငယ်ချင်းရဲ့စာကို ပြန်စစ်ပေးရတဲ့အခါ သဒ္ဒါစည်းမျဉ်းတွေ၊ စာလုံးပေါင်းနဲ့ ဝါကျတည်ဆောက်ပုံတွေကို ပိုပြီးသတိထား စနစ်တကျ စစ်ဆေးလာကြပါတယ်။ သူတစ်ပါးရဲ့စာကို ဆန်းစစ်ရင်း ကိုယ့်ရဲ့စာရေးသားမှုမှာ ဖြစ်တတ်တဲ့ အားနည်းချက်အမှားတွေကိုပါ ကိုယ်တိုင် ပြင်ဆင်လာနိုင်ကြပါတယ်။
🤝 အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိခြင်း
ဘာသာစကားသင်ယူမှုဟာ အပြန်အလှန် ဆက်ဆံပြောဆိုမှုအပေါ် အခြေခံပါတယ်။ Peer Checking က တစ်ဦးတည်း လုပ်ဆောင်ရတဲ့ စာရေးခြင်းလုပ်ငန်းကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲပေးပြီး ဘာသာစကားသုံးစွဲမှုတွေကို အပြုသဘောနဲ့ ဆွေးနွေးတတ်လာစေပါတယ်။
😌 ဖိအားနည်းပြီး စိတ်အေးချမ်းသာစွာ သင်ယူနိုင်ခြင်း
ဆရာ/ဆရာမဆီကနေချည်းပဲ အမှားပြင်ချက် ရယူရတာထက် အတန်းဖော်သူငယ်ချင်းချင်း အပြန်အလှန် စစ်ဆေးပေးတာက ကျောင်းသားတွေအတွက် ဖိအားနည်းစေပါတယ်။ အမှားလုပ်မိတာဟာ သင်ယူမှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲဆိုတာကို သဘာဝကျကျ လက်ခံလာပြီး စိတ်အေးချမ်းသာစွာနဲ့ သင်ယူနိုင်ပါတယ်။
🧠 ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း (Critical Thinking) ကို မြှင့်တင်ပေးခြင်း
သဒ္ဒါအမှားပြင်ရုံတင်မကဘဲ စာသားရဲ့ အဓိပ္ပာယ်ဖော်ဆောင်မှု၊ စီးဆင်းမှုနဲ့ ရှင်းလင်းတိကျမှုတွေကိုပါ အကဲဖြတ်ဖို့ ကြိုးစားရတာကြောင့် ပိုမိုမြင့်မားတဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုပါ တစ်ပါတည်း မြှင့်တင်ပေးနိုင်ပါတယ်။
🚀 LMI ရဲ့ ထူးခြားချက်
Peer Checking အောင်မြင်ဖို့အတွက် ကျောင်းသားတွေ ဘယ်လိုအကြံပြုချက် ပေးရမယ်ဆိုတာကို အရင်နားလည်စေပြီး၊ သဒ္ဒါအသုံးပြုပုံနဲ့ ဝေါဟာရတွေကို အဓိကထား စစ်ဆေးနိုင်မယ့် ရိုးရှင်းတဲ့ Checklist လေးများ ကြိုတင်ချပြပေးကာ စနစ်တကျ လမ်းညွှန်သင်ကြားပေးလျက် ရှိပါတယ်။
16/08/2026
Writing Level 4 ကျောင်းသားတွေရဲ့ ကြိုးကြိုးစားစားအရေးအသား
09/08/2026
"အိမ်စာ များများပေးပါ ဆရာမ... 😆😆"
ဒီလိုတောင်းဆိုမှုမျိုးကို မိဘတွေဘက်က တကယ်ရော လုပ်ကြပါသလားရှင့်။ ကလေးတွေကို အိမ်စာတွေ များများပေးရင် တကယ်ရော အမှတ်တွေ တက်လာနိုင်ပါ့မလား 🤔
မူလတန်းအရွယ် ကလေးတွေကို ကျောင်းအပ်တဲ့အခါ၊ ကျူရှင်ထားတဲ့အခါ အိမ်စာတွေ အများကြီးပါလာဖို့ မျှော်လင့်တတ်ကြပါတယ်။ "အိမ်စာ များများပေးမှ စာပိုလုပ်ဖြစ်မှာပေါ့" ဆိုတဲ့ အတွေးမျိုးတွေလည်း မိဘတိုင်းလိုလိုမှာ ရှိကြပါတယ်။
အိမ်စာဆိုတာ ကျောင်းချိန်ပြင်ပမှာ ကျောင်းကသင်လိုက်တဲ့ သင်ခန်းစာတွေရဲ့ နောက်ဆက်တွဲ လေ့ကျင့်ခန်းတစ်ခု၊ ဒါမှမဟုတ် နောက်သင်ခန်းစာတစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုအနေနဲ့ မြင်ကြပေမဲ့ အိမ်စာရဲ့ အကောင်းအဆိုး သက်ရောက်မှုတွေကိုတော့ သတိထားမိကြဖို့ လိုပါတယ်။
သုတေသနအဆိုတွေအရ တကယ် အကျိုးရှိတဲ့ အိမ်စာ လုပ်ခြင်း ဆိုတာမှာ အဓိက အချက်တွေ ပါဝင်ပါတယ် -
🔹 ၁။ ကလေးရဲ့ အိမ်စာအပေါ် စိတ်ပါဝင်စားမှု
ဥပမာ - ကလေးက am/is/are အသုံးပြုပုံကို သင်ပြီးသွားတဲ့အခါ အဲ့ဒီ am/is/are တွေကို အလွတ်သဘော ကွက်လပ်ဖြည့်ခိုင်းတာမျိုးထက် စိတ်ဝင်စားစရာ လေ့ကျင့်ခန်းမျိုး ဖြစ်ဖို့ လိုပါတယ်။
🔹 ၂။ မိဘတွေရဲ့ အတိုင်းအတာတစ်ခုအထိ ပါဝင်ကူညီနိုင်မှု
ဒါက မိဘတွေက အိမ်စာကို ကိုယ်တိုင်ဝင်လုပ်ပေးရမှာလား ဆိုတော့ မဟုတ်ပါဘူး။ ဥပမာ - "ဖေဖေနဲ့မေမေတို့ရဲ့ အကြောင်းလေး အင်တာဗျူးခဲ့ပါ" ဆိုတဲ့ အိမ်စာမျိုးပေးတဲ့အခါ ကလေးက လာမေးတဲ့အခါမျိုးမှာ "ဟာ... အခုမအားသေးဘူး၊ မလုပ်နဲ့ဦး" ဆိုတာမျိုး ပြောလိုက်တာက ကလေးရဲ့ အိမ်စာအပေါ် စိတ်ပါဝင်စားမှုကို လျော့ကျစေပါတယ်။
🔹 ၃။ အိမ်စာရဲ့ ပမာဏနဲ့ ကြာချိန်
အိမ်စာတွေ အများကြီးပေး၊ အချိန်အကြာကြီး လုပ်ခိုင်းရုံနဲ့ ကလေးငယ်တွေအတွက် စာမေးပွဲရလဒ်ကောင်းတွေ ရရှိဖို့ အထောက်အကူ မပြုပါဘူး။ အဲ့ဒီအပြင် ကလေးရဲ့ အိမ်စာပေါ်မှာ အချိန်အများကြီး သုံးလိုက်ရတာက သူ့ရဲ့ အခြားလေ့လာစရာ လုပ်ဆောင်ချက်တွေကို နှောင့်နှေးစေပြီး အရေးကြီးတဲ့ စာမေးပွဲအတွက် လေ့ကျင့်မှုတွေကိုပါ ထိခိုက်စေပါတယ်။
🔹 ၄။ ဆရာ/ဆရာမရဲ့ Feedback နဲ့ နောက်ဆက်တွဲ လေ့ကျင့်ခန်းများ
အိမ်စာတွေ လုပ်ပြီးလို့ ဆရာ/ဆရာမဆီ အပ်လိုက်တဲ့အခါ အဖြေအမှန်/အမှား ခြစ်ပေးလိုက်ရုံနဲ့တင် ကလေးက အဲ့ဒီအိမ်စာကနေ ရတဲ့သင်ခန်းစာက နည်းပါးလွန်းပါတယ်။ ဆရာ/ဆရာမတွေအနေနဲ့ အမှားအမှန် ခြစ်ပေးတာအပြင် ကလေးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ထောက်ပြပေးပြီး လိုအပ်တဲ့ ထပ်ဆောင်းလေ့ကျင့်မှုတွေ ပြုလုပ်ပေးမှသာ အိမ်စာဆိုတာ ကလေးတစ်ယောက်အတွက် တကယ် အကျိုးရှိတဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်ရှင်... 📝✨
08/08/2026
🧸 Writing Level 1 က သားသားမီးမီးလေးတွေရဲ့ "Favourite Toy" (အကြိုက်ဆုံး အရုပ်) အကြောင်း ရေးသားထားတဲ့ စာပိုဒ်လေးတွေပါ။
02/08/2026
Level 4 ရဲ့ အတန်းလေးမှာတော့ ကိုယ်ပိုင်အရေးအသားလေးတွေ မစခင်မှာ စာဖတ်စွမ်းရည်နဲ့ နားလည်နိုင်စွမ်းကို မြှင့်တင်တဲ့ exercises လေးလုပ်ကြပါတယ်။
02/08/2026
✍️ Writing Level 1 ရဲ့ ပထမဆုံး ကြိုးကြိုးစားစား ရေးသားထားတဲ့ လက်ရာလေးပါ ✨
အသက်တွေနဲ့ နာမည်တွေကို ကလေးတွေ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ပြီး ရေးထားတာ ဖြစ်ပါတယ်။ 🧒👧💖
27/07/2026
ဝါဆိုလပြည့်နေ့သင်တန်းပိတ်ရက်ကြေညာခြင်း
Language Meet Institute တွင်တက်ရောက်နေကြသောကျောင်းသူ/သားများအားလုံး၂၉.၇.၂၀၂၆တွင်ကျရောက်မည့်ဝါဆိုလပြည်နေ့ ( ဓမ္မစကြာအခါတော်နေ့)
တွင်အတန်းများအားလုံးပိတ်ပါသည်။
Language Meet Institute
26/07/2026
Writing Level 6 - ဘဝဇာတ်ကြောင်းတိုများ ရေးသားခြင်း
သိုင်းပညာရှင်၊ ဘောလုံးကြယ်ပွင့် စတဲ့ ပါရမီရှင်လေးတွေအဖြစ် စိတ်ကူးပုံဖော်ပြီး Writing Level 6 က ကျောင်းသားတွေက သူတို့ရဲ့ ဘဝဇာတ်ကြောင်းတို တွေကို ရေးသားခဲ့ကြပါတယ်။
26/07/2026
🎵 Tuning into Creativity! 🎶
Before putting pen to paper, Noah, Phoo, Jason, Shwe Yee, Kaung Htet Pyae Sone, and Shwe Ar Yu explored the magic of live music to spark their storytelling today. ✍️✨ Ready to turn rhythm into words! 🎸🎹
Click here to claim your Sponsored Listing.
Location
Category
Website
Address
Tamwe
Yangon
11211
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |