ပညာရိပ်မွန်စာသင်/စာကျက်ဝိုင်း

ပညာရိပ်မွန်စာသင်/စာကျက်ဝိုင်း

Share

good teaching

21/12/2021

သားသား မီးမီးတို့အတွက် ကြိုပြောထားတယ်နော်

ယခုနှစ် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား
အမျိုးသားညီညွတ်ရေးအစိုးရမှ အသိအမှတ်ပြုမည် မဟုတ်ဘဲ အချိန်တန် အရေးတော်ပုံအောင်မြင်သည့်အခါ ကျောင်းသားအားလုံးသည်
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ Placement Test ကိုသာ ပြန်လည်ဖြေဆိုရမည်ဖြစ်သည်။
အောင်မြင်သွားသူကော ကျရှုံးသူများပါ တရားမဝင်ပါ။
ဂုဏ်ထူးသုံးဘာသာထွက်ရုံ အမှတ် ၄၀၀ ရ ရုံဖြင့်
ဆေးတက္ကသိုလ်တက်ခွင့်ပေးမည် ဟု မက်လုံးပေး ဖြေဆိုစေသည့် စကစ၏ အရည်အသွေးနိမ့်စာမေးပွဲအား အသိအမှတ်မပြုသောကြောင့် မဖြေသူကော နှင့် ဖြေသူကောပါ ကျောင်းသားအားလုံးသည် Placement Test ရလဒ်ဖြင့်သာ တက္ကသိုလ် အသီးသီးကို တရားဝင် တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်ကြောင်း သိရှိထားရသမျှ မျှဝေလိုက်ပါသည်။

Credit Kaung For You
#ရဲရင့်ရန်နိုင်

Photos from ပညာရိပ်မွန်စာသင်/စာကျက်ဝိုင်း's post 15/12/2021
06/11/2021

2022 / 2023 ပညာသင်နှစ်မှစကာ
အခြေခံပညာကျောင်းများတွင်
တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းအစား
စနစ်သစ်များအစားထိုးသင်မည့်ဖြစ်ပါ၍
ယခုနှစ်တက်သမားများ
ယခုနှစ်ကို ကျောင်းပြန်တက်ကာ
စာမေးပွဲဝင်ရောက်ဖြေဆိုရပါမည်။

မဖြေဆိုပါက
နောက်ပညာသင်နှစ်တွင်ပြန်လည်တက်ရောက်လိုပါက စနစ်သစ် ၉ တန်း ( G 10 ) မှစကာ ပြန်လည်သင်ယူရပါမည်။

( စနစ်ဟောင်းပြင်ပဖြေအဖြစ်ဖြေဆိုခွင့်မပေးတော့ပါ )

ဒီနှစ်သည် စနစ်ဟောင်း ( ကျောင်းဖြေ ) သမားများအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ပေသည်။

ကျော်နိင်ဦး ( ပညာရေး )

05/11/2021
19/10/2021

IGCSE ပြီးရင်ရောဘယ်ကျောင်းတွေကိုတက်လို့ရမလဲ❓ဘယ်လမ်းတွေကိုဆက်လျှောက်နိုင်မလဲ❓ဆိုသူတွေအတွက် ......

❝ IGCSE O-Level (ဆယ်တန်း) အပြီးရွေးချယ်လျှောက်လှမ်းနိုင်မည့်လမ်းကြောင်းများ ❞

➖➖➖➖➖➖➖➖➖➖➖

ကဲ... ခေါင်းစဉ်ကအကြောင်းအရာလေးကိုဆက်လိုက်ရအောင် 👇🏻👇🏻

ပထမဦးစွာ IGCSE O-Level ဟာ မြန်မာပြည်ရဲ့ ၁၀ တန်း (Year 10) နဲ့ ညီမျှပါတယ်။ IGCSE ပြီးထားရုံနဲ့ ကမ္ဘာ့တက္ကသိုလ်တော်တော်များများမှာ တက္ကသိုလ်ဆက်တက်ဖို့စတင်ပြင်ဆင်လို့ရပါပြီ။ ဒီ post လေးမှာတော့ SafeNet မှ IGCSE ပြီးထားသူကျောင်းသားလူငယ်တွေအတွက် တက္ကသိုလ်ဆက်လက်တက်ရောက်ဖို့ လိုအပ်ချက်တွေကို နိုင်ငံအလိုက်ရှင်းပြပေးသွားမှာပါ 😇

1. UK 🇬🇧

လက်ရှိမြန်မာနိုင်ငံမှာကျင့်သုံးနေတာ UK 🇬🇧 Curriculum ပါ။ UK 🇬🇧 ရှိ တက္ကသိုလ်တော်တော်များများက ဆယ်တန်းပြီးထားပြီး English Qualification ပြည့်မီရုံနဲ့တင် Foundation Program အတွက်ကျောင်းအပ်လက်ခံသည့်အပြင် Foundation Scholarships များကိုပါ ဆယ်တန်း သို့မဟုတ် IGCSE ပြီးထားရုံနဲ့တင် လျှောက်ထားနိုင်ပါတယ်။ Foundation အောင်ပြီးရင် တက္ကသိုလ်ပထမနှစ်ကို တက်ရောက်နိုင်ပါပြီ။ ဒါမှမဟုတ် Ranking အကောင်းဆုံး ထိပ်တန်း တက္ကသိုလ်တွေ Medicine ဆရာဝန်ဘွဲ့ ကိုမှတက်ချင်ပါတယ်ဆိုသူတွေအတွက် IGCSE အပြီးမှာ A-Level/SAT ဆက်လက်တက်ရောက်နိုင်ပါတယ်။ ပြီးရင်တော့ တက္ကသိုလ်ကိုတိုက်ရိုက်ဝင်ခွင့်ရရှိနိုင်ပါပြီ။

IGCSE + Eng Qualification ➡️ Foundation ➡️ University Year 1
(or)
IGCSE + Eng Qualification ➡️ A-Levels/SAT ➡️ Direct Entry to University Year 1

2. US 🇺🇸

IGCSE ပြီးထားပြီး US 🇺🇸 မှာမှ University ပဲ တက်ချင်ပါတယ်ဆိုတဲ့ ကျောင်းသားတွေကတော့ English qualification တစ်ခုခုပြင်ဆင်ပြီး International Year One ကို လျှောက်ထားနိုင်ပါတယ်။ အသက် ၁၈ ပြည့်ပြီးသားကျောင်းသားတွေဆိုရင်တော့ ဈေးသက်သာတဲ့ Community college တွေကိုလျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ scholarships လျှောက်ဖို့နဲ့ တစ်ချို့ Universities & Colleges တွေကတော့ AS & A Levels ဒါမှမဟုတ် SAT/ACT scores တွေ လိုအပ်ပါတယ်။

IGCSE + English Qualification ➡️ International Year One at University
(or)
If you’re already 18,
IGCSE + English Qualification ➡️ Community College
(or)
For scholarships & entry requirements of some colleges and universities,
IGCSE + English Qualification ➡️ SAT/ACT/AS or A-Levels ➡️ International Year One

3. Canada 🇨🇦

Canada ရဲ့ Education system ဟာဆိုရင်လဲ Grade 12 system ဖြစ်သည့်အတွက်ကြောင့် IGCSE / ဆယ်တန်း ပြီးထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့လဲ Entry အတွက် စကားပြောစရာတစ်ခုဖြစ်နေမှာပါပဲ။ ဒါပေမဲ့ တစ်ချို့ College တွေကတော့ ယခုလို ကျောင်းသားတွေအတွက် Grade 12 level နဲ့ ညီမျှတဲ့ Upgrading skill courses တွေ ထားရှိပေးထားပြီး မိမိတက်ရောက်ချင်တဲ့ diploma course မတက်ရောက်ခင်မှာ သက်ဆိုင်ရာ course entry အလိုက်တောင်းတဲ့ (for example, pre-calculus or Chemistry) courses အတိုလေးတွေ တက် exam ဖြေပြီး ဝင်ခွင့်ရရှိနိုင်ပါတယ်။ College pathway program ကို တက်ရောက်ပြီးလဲ ဝင်ခွင့်ရရှိနိုင်သလို တစ်ချို့ကျောင်းသားတွေကလဲ ဆယ်တန်းအပြင် တခြား diploma သင်တန်း တစ်ခုခု တက်ထားတဲ့ လက်မှတ်အခံနဲ့ လျှောက်ပြီး ဝင်ခွင့်ရရှိသွားကြသူတွေလဲရှိပါတယ်။ IGCSE ပြီးရုံနှင့် University တွေ တိုက်ရိုက် တက်ရောက်ချင်သူတွေအတွက်တော့ A-Levels ဒါမှမဟုတ် Grade 12 နှင့်ညီမျှတဲ့ Qualification တစ်ခုခု ကို ပြင်ဆင်ဖို့အတွက် အကြံပြုချင်ပါတယ်။

IGCSE + English Qualification ➡️ Upgrading skill courses or College Pathway Programs or Diploma ➡️ College
(or)
IGCSE + English Qualification ➡️ AS & A Levels or Grade 12 equivalent qualification ➡️ University Year One

4. Australia 🇦🇺

Australia 🇦🇺 မှာ IGCSE ပြီးထားတဲ့ ကျောင်းသားတွေတက်ရောက်မည်ဆိုပါက University Pathway programs တွေဖြစ်တဲ့ Foundation program တွေကို အရင်တက်ရောက်ဖို့လိုအပ်ပါတယ်။ မိမိတက်ရောက်မည့် တက္ကသိုလ်ကို အရင်ရွေးချယ်ပြီး သက်ဆိုင်ရာ Institution က လက်ခံသည့် Pathway Program များကိုတက်ရောက်ခြင်းကတော့ ပိုကောင်းပါတယ်။ ဈေးသက်သာချင်သည့်ကျောင်းသားများကတော့ Diploma courses တွေကို IGCSE O Level လက်ခံတဲ့ College တေကို ရွေးချယ်တက်ရောက်ကြပါတယ်။

IGCSE + English Qualification ➡️ Pathway Programs ➡️ University Year One
(or)
IGCSE + English Qualification ➡️ Colleges in Australia

5. New Zealand 🇳🇿

IGCSE ပြီးထားပြီး New Zealand မှာ ကျောင်းတက်ချင်တဲ့ကျောင်းသားတွေအတွက်ကတော့ Foundation or University Pathway Programs တွေကိုတက်ရောက်ပြီး Entry ရရှိနိုင်ပါတယ်။

IGCSE + English Qualification ➡️ University Pathway or Foundation ➡️ University Year One

6. Switzerland 🇨🇭

IGCSE ပြီးထားပြီး Switzerland မှာ ကျောင်း တက်ချင်ရင်တော့ Foundation Programs or Bridging programs တစ်ချို့ကိုတက်ရောက်ပြီး University ကို ဆက်တက်နိုင်သလို IB, AS & A-Levels or Grade 12 Qualification များ ဆက်ပြင်ဆင်ပြီး Bachelor ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။

IGCSE + English Qualification ➡️ Bridging Program or Foundation ➡️ University Year One
(or)
IGCSE + English Qualification ➡️ IB, AS & A-Levels or Grade 12 ➡️ University Year One

7. Singapore 🇸🇬

IGCSE ပြီးထားပြီး Singapore မှာတက်ချင်တဲ့ကျောင်းသားတွေအတွက်ကတော့ Diploma courses တွေ Foundation Programs တွေကို English results တစ်ခုခုရှိရုံနဲ့တင် တက်ရောက်နိုင်ပါတယ်။ တစ်ချို့ ထိပ်တန်း Public Universities ကြီးတွေကတော့ SAT/ACT scores တွေတောင်းတာမျိုးရှိပါတယ်။

IGCSE + English Qualification ➡️ Foundation or Diploma Courses ➡️ University Year One or Advanced Diploma Level

8. Thailand 🇹🇭

​IGCSE ပြီးထားတဲ့ကျောင်းသားတွေဟာ English Qualification ဖြင့် ထိုင်းမှာ တက္ကသိုလ် Bachelor ၄နှစ်မှ ပထမဆုံးတစ်နှစ်ကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

IGCSE + English Qualification ➡️ University Year One

IGCSE ပြီးထားတဲ့ ကျောင်းသားများအနေနှင့် မိမိဆက်လက်တက်ရောက်မည့် နိုင်ငံရွေးတဲ့အခါမှာ Entry requirements, costs & opportunities တွေ အပေါ်မှာ အခြေခံပြီး Programs & Institutions တွေကို သေချာဆုံးဖြတ်ရွေးချယ်သင့်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖

‼️Online IGCSE Class အကြောင်းလည်းဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါရစေ 🥳‼️

02/09/2021

👨🏻‍🎓 ပညာရေးမှာ ခေတ်ပြောင်းစေခဲ့သူ ၁၂ ဦး 👨🏻‍🎓

👨🏻‍🎓 𝐇𝐨𝐫𝐚𝐜𝐞 𝐌𝐚𝐧𝐧 (𝟏𝟕𝟗𝟔 – 𝟏𝟖𝟓𝟗) – 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐏𝐮𝐛𝐥𝐢𝐜 𝐒𝐜𝐡𝐨𝐨𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

𝐇𝐨𝐫𝐚𝐜𝐞 𝐌𝐚𝐧𝐧 က အမေရိကန်ရဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ခဲ့ရပြီး ပညာရေးကို သေချာမရခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ပညာရေးက အကန့်အသတ်နဲ့သာတတ်မြောက်ခဲ့သော်လည်း ကြိုးစားမှုကြောင့် 𝐁𝐫𝐨𝐰𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဥပဒေဘာသာရပ်ကိုလေ့လာခဲ့ပြီး နိုင်ငံရေးလောကကိုဝင်ခဲ့ပါတယ်။ မက်ဆာချူးဆက်ပြည်နည် ကိုယ်စားလှယ်အမတ်အဖြစ်အရွေးခဲ့ခဲ့ရပြီး နောက်ပိုင်းမှာ မက်ဆာချူးဆက်ပြည်နယ် ပညာရေးဘုတ်အဖွဲ့၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ဆရာအတတ်သင်ကောလိပ်များ၊ အခမဲ့စာကြည့်တိုက်များ၊ အခွန်ကောက်ခံငွေမှ ကလေးများအားလုံးအတွက် အခမဲ့ ပညာရေးစနစ်များပေါ်ပေါက်လာတာက 𝐇𝐨𝐫𝐚𝐜𝐞 𝐌𝐚𝐧𝐧 ၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်ပါတယ်။

👨🏻‍🎓 𝐅𝐫𝐢𝐞𝐝𝐫𝐢𝐜𝐡 𝐅𝐨𝐫𝐞𝐛𝐞𝐥 (𝟏𝟕𝟖𝟐 – 𝟏𝟖𝟓𝟐) – 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

𝐅𝐫𝐢𝐞𝐝𝐫𝐢𝐜𝐡 𝐅𝐨𝐫𝐞𝐛𝐞𝐥 က ဂျာမန်ပညာရေးဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ ပညာရေးဆိုင်ရာယုံကြည်မှုက ကလေးငယ်များသည် သဘာဝအလျောက် သင်ယူနိုင်စွမ်းများရှိသည် ယူဆသည်။ ကလေးငယ်များအတွက် လွတ်လပ်စွာဖော်ထုတ်ပြောဆိုခြင်း၊ တီထွင်ဆန်းသစ်မှုရှိခြင်း၊ လူမှုရေးဆိုင်ရာ ပြောဆိုဆက်ဆံခြင်း၊ 𝐦𝐨𝐭𝐨𝐫 𝐚𝐜𝐭𝐢𝐯𝐢𝐭𝐲 များအပါအဝင် လေ့လာရင်း သင်ယူသည့် လေ့လာသင်ယူနည်းများကို ချမှတ်ပေးခဲ့သူဖြစ်သည်။ ၎င်း၏တွေ့ရှိချက်၊ သင်ကြားနည်းများက နောင်တွင် 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 သင်တန်းများတွင် အသုံးပြုလာကြသည်။

👨🏻‍🎓 𝐂𝐡𝐚𝐫𝐥𝐨𝐭𝐭𝐞 𝐌𝐚𝐬𝐨𝐧 (𝟏𝟖𝟒𝟐 – 𝟏𝟗𝟐𝟑) – 𝐇𝐨𝐦𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

ဗြိတိန်နိုင်ငံသားဖြစ်ပြီး ပညာရေးလောကထဲမှ ထင်ရှားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ၏ မျှော်လင့်ချက်က မည်သည့် လူမှုရေးအလွှာတွင်ရှိနေပါစေ၊ ကလေးများသည် 𝐋𝐢𝐛𝐞𝐫𝐚𝐥 𝐀𝐫𝐭𝐬 ပညာရေးကို သင်ယူခွင့်ရှိရမည်ဟုဖြစ်သည်။ ကလေးငယ်များ ပညာတတ်စေရန် ကြိုးစားပမ်းစားအားထုတ်ခဲ့သည်။ ကလေးငယ်များ၏ ပညာရေးတိုးတက်မှုသည် မိဘများ၏ ကလေးငယ်များအပေါ် စည်းကမ်းတကျသင်ကြားခြင်းများနှင့် များစွာပတ်သက်ကြောင်း တွေ့ရှိပြီးနောက် မိဘများ၏ ပညာရေး သမဂ္ဂကို တည်ထောင်ခဲ့သည်။ ဖတ်စာအုပ်တွေဖတ်မည့်အစား မိဘများဆီမှသင်ယူခြင်းသည် အသက်ရှိနေသော စာအုပ်များဖတ်ခြင်းကဲ့သို့ဖြစ်သည်ဟု ထင်မြင်သည်။ အနုပညာကိုခံစားတတ်မှုနှင့် အနုပညာရှင်၊ ဂီတပညာရှင်များထံမှ သင်ယူလေ့လာသည့် နည်းလမ်းများ ပါဝင်သည်။ သူမ၏ ပညာရေးဆိုင်ရာ လေ့ကျင့်မှု၊ သင်ကြားမှုများသည် 𝐡𝐨𝐦𝐞 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နည်းလမ်းများနှင့် များစွာကိုက်ညီမှုပြီး အဆိုပါနည်းလမ်းများကို ယနေ့ 𝐇𝐨𝐦𝐞𝐬𝐜𝐡𝐨𝐨𝐥 သင်ကြားနေသော မိသားစုများအတွက် အခြေခံများဖြစ်စေပြီး အသုံးပြုနေဆဲဖြစ်သည်။

👨🏻‍🎓 𝐉𝐞𝐚𝐧 𝐏𝐢𝐚𝐠𝐞𝐭 (𝟏𝟖𝟗𝟔 – 𝟏𝟗𝟖𝟎) – 𝐇𝐨𝐰 𝐂𝐡𝐢𝐥𝐝𝐫𝐞𝐧 𝐋𝐞𝐚𝐫𝐧

ဆွစ်ဇာလန် စိတ်ပညာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ယနေ့သင်ကြားနေရသော 𝐂𝐡𝐢𝐥𝐝 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 ဘာသာရပ်သည် သူ၏ တွေ့ရှိချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ ကလေးများ ကျိုးကြောင်းဆင်ခြင်မှုများနှင့် 𝐂𝐡𝐢𝐥𝐝 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 ဆိုင်ရာ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်။ အိမ်ထောင်ကျပြီး ကလေးသုံးယောက်ရခဲ့သည်။ ကလေးတစ်ယောက်ချင်းစီအပေါ်အခြေခံ လေ့လာပြီး စာအုပ်သုံးအုပ်လည်း ရေးသားခဲ့သည်။ ၎င်း၏လေ့လာတွေ့ရှိချက်များသည် ပုံမှန်ကလေးတစ်ယောက်ဩ 𝐜𝐨𝐠𝐧𝐢𝐭𝐢𝐯𝐞 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ကိုနားလည်စေဖို့အတွက် များစွာအထောက်အကူပြုသည်။

👨🏻‍🎓 𝐌𝐚𝐫𝐠𝐫𝐞𝐭 𝐁𝐚𝐧𝐜𝐫𝐨𝐟𝐭 (𝟏𝟖𝟓𝟒 – 𝟏𝟗𝟏𝟐) – 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

အမျိုးသမီးတစ်ယောက်ဖြစ်သော 𝐁𝐚𝐧𝐜𝐫𝐨𝐟𝐭 သည် သူမ၏ အသိဉာဏ်၊ ကလေးများအတွက် အထူးအားစိုက်ထုတ်မှုများကို ပြုလုပ်ခဲ့သည်။ သူမအသက် ၂၅ နှစ်တွင် ဖွံ့ဖြိုးမှုနှေးသော ကလေးငယ်များအတွက် ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းတစ်ခုကို 𝐇𝐚𝐝𝐝𝐨𝐧𝐟𝐢𝐞𝐥𝐝, 𝐍𝐞𝐰 𝐉𝐞𝐫𝐬𝐞𝐲 တွင် တည်ထောင်ခဲ့သည်။ သူ့ကျောင်းတက်သောကလေးတိုင်းက သူမကိချစ်ခင်ကြသည်။ သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်ချင်းစီအတွက် သီးသန့် သင်ကြားမှုအစီအစဉ်များဖြင့် သင်ကြားပေးသည်။ သူမ၏ တွေ့ရှိချက်များကြောင့် ဆေးပညာလောကတွင် မသန်စွမ်းကလေးငယ်များအတွက် မည်သို့ ကုသရမည်ဆိုသည့် လေ့လာမှုများကို အထောက်အကူပြုခဲ့သည်။ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို လမ်းပြခဲ့သည်တစ်ဦးဖြစ်သည်။

👨🏻‍🎓 𝐁𝐨𝐨𝐤𝐞𝐫 𝐓. 𝐖𝐚𝐬𝐡𝐢𝐧𝐠𝐭𝐨𝐧 (𝟏𝟖𝟓𝟔 – 𝟏𝟗𝟏𝟓) – 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐀𝐟𝐫𝐢𝐜𝐚𝐧-𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧𝐬

အမေရိကန်တွင် ကျွန်အဖြစ်မွေးဖွားလာသူဖြစ်သည်။ နောက်ပိုင်းတွင်လွတ်မြောက်ပြီးနောက် လူတစ်ယောက်နှင့် တစ်ယောက်အကြားကွာဟချက်က ပညာရေးကြောင့်ဖြစ်သည်ဟု တွေ့ရှိလာသည်။ လူငယ်ဘဝတွင် 𝐓𝐮𝐬𝐤𝐞𝐠𝐞𝐞 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 တွင် ဦးဆောင်ရန် ခန့်အပ်ခံရသည်။ ယခုအခါတွင် 𝐓𝐮𝐬𝐤𝐞𝐠𝐞𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဖြစ်လာသည်။ အမေရိကန်ပြည်ဖွား အာဖရိကန်သားများအတွက် ဆရာအတတ်သည်ကျောင်းတစ်ခုဖြစ်သည်။ သေဆုံးသည်အထိ အဆိုပါကျောင်းတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် လူထုအကြား ပညာရေးနှင့်ပတ်သက်ပြီး လွှမ်းမိုးနိုင်သူတစ်ဦးဖြစ်လာသည်။ 𝐂𝐢𝐯𝐢𝐥 𝐫𝐢𝐠𝐡𝐭𝐬 နှင့် 𝐏𝐮𝐛𝐥𝐢𝐜 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 တိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ယုံကြည်ချက်က အာဖရိကန်သားတွေသည်လည်း လူမှုရေးအရ အဆင့်တူဖြစ်သင့်ပြီး ပိုမိုကောင်းမွန်သော အနာဂတ် မျှော်လင့်ချက်များရှိရမည်ဖြစ်သည်။

👨🏻‍🎓 𝐉𝐨𝐡𝐧 𝐃𝐞𝐰𝐞𝐲 (𝟏𝟖𝟓𝟗-𝟏𝟗𝟓𝟐) – 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬𝐢𝐯𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐂𝐡𝐢𝐜𝐚𝐠𝐨 မှ ဆရာအတတ်သက်ကောလိပ်၏ ဒဿနိကဗေဒဆိုင်ရာ ပရောဖက်ဆာတစ်ဦးဖြစ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုများပြုလပ်သည့် ကျောင်းများကို 𝐫𝐞𝐟𝐨𝐫𝐦 ပြုလုပ်ရန် ဆောင်ရွက်ခြင်းဖြင့် ပညာရေးလောကအပေါ် လွှမ်းမိုးမှုများရှိသည်။ ကလေးငယ်များသည် 𝐟𝐫𝐞𝐞 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐢𝐞𝐬 များရှိသည်ဟုရှုမြင်ထားပြီး ၎င်းတို့ကိုယ်တိုင် တွေးခေါ်ဆုံးဖြတ်မှုများလုပ်နိုင်ရန် ကလေးငယ်များ၏ ဦးခေါင်းထဲသို့ အသိပညာများရှိစေရန် သင်ကြားပေးရမည်ဟု ယုံကြည်ထားသည်။ ဆရာများသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ဆရာများ၏ အခွင့်အရေးနှင့် ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်များကို လှုံ့ဆော်တောင်းဆိုခဲ့သူဖြစ်သည်။

👨🏻‍🎓 𝐌𝐚𝐫𝐢𝐚 𝐌𝐨𝐧𝐭𝐞𝐬𝐬𝐨𝐫𝐢 (𝟏𝟖𝟕𝟎 – 𝟏𝟗𝟓𝟐) – 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥𝐢𝐳𝐞𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

𝐌𝐨𝐧𝐭𝐞𝐬𝐬𝐨𝐫𝐢 (မွန်တက်ဆိုရီ) ဆိုတာက ဒီနေ့အထိ မိဘများအကြား ခေတ်မီဆဲ သင်ကြားရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မူလတန်းမတက်ခင် 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 အတွက် အသုံးအဝင်ဆုံးနည်းလမ်းများဖြစ်ပါတယ်။ မွန်ဆက်ဆိုရီဆိုတာက အီတလီလူမျိုးဖြစ်ပြီး ပထမဆုံးအမျိုးသမီးဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။ စိတ်ကျန်းမာရေးဆေးရုံမှာ လူနာတွေကိုကုသရင်းနဲ့ ငယ်စဉ်ကလေးဘဝက ဘယ်လိုဖြတ်သန်းခဲ့ရတာလဲဆိုတာတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ သူမငယ်စဉ်ကလည်း 𝐑𝐨𝐦𝐞 ရဲ့ဆင်းရဲတဲ့ပတ်ဝန်းကျင်က နေ့ကလေးထိန်းကျောင်းမှာ တက်ခဲ့ရတဲ့အတွေ့အကြုံများကို စာတွေ့သီအိုရီများ၊ လက်တွေ့များနဲ့ ပေါင်းစပ်လေ့လာခဲ့ပါတယ်။ သူမရဲ့တွေ့ရှိမှုများ ဆေးပညာ၊ ပညာရေး၊ လူသားဆန်မှု၊ လူသားဖြစ်တည်မှုများအပေါ် များစွာသက်ရောက် အထောက်အကူပြုတာကို တွေ့ရပါတယ်။ နောက်ပိုင်း သူမရဲ့တွေ့ရှိမှုများကို အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးက လက်ခံပြီး ကလေးငယ်များ သင်ကြားရေးမှာ အသုံးပြုလာကြပါတယ်။

👨🏻‍🎓 𝐉𝐨𝐡𝐧 𝐇𝐨𝐥𝐭 (𝟏𝟗𝟐𝟑 – 𝟏𝟗𝟖𝟓) – 𝐇𝐨𝐦𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

အပေါ်ဘက်မှာ 𝐇𝐨𝐫𝐚𝐞 𝐌𝐚𝐧𝐧 အကြောင်းပြောခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုကြောင့် ကလေးငယ်များက အစိုးရကျောင်းတွေမှာ အခမဲ့ပညာရေးကို တက်ရောက်သင်ကြားနိုင်ပြီဖြစ်ပါတယ်။ 𝐇𝐨𝐥𝐭 ရဲ့လေ့လာတွေ့ရှိမှုများအရ အမေရိကန်က အစိုရကျောင်းတွေက 𝐫𝐞𝐟𝐨𝐫𝐦 လုပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်းဖြစ်ပါတယ်။ လက်ရှိကျင့်သုံးနေသောစနစ်ကြောင့် ကလေးငယ်များ၏ ကြောက်စိတ်ကြောင့် သင်ယူမှုကို အဟန့်အတားဖြစ်စေသည်။ အစိုးရကျောင်းများကို 𝐫𝐞𝐟𝐨𝐫𝐦 လုပ်ရန်က လက်တွေ့မကျမလွယ်ကူသောကြောင့် နောက်ထပ်နည်းလမ်းတစ်မျိုး ကြိုးစာအားထုတ်ခဲ့ရာမှ 𝐇𝐨𝐦𝐞 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကိုတွေ့ရှိခြင်းများဖြစ်သည်။ ကလေးငယ်များ ငယ်စဉ်တွင် ကျောင်းတက်သည့်အခါ သူတို့စိတ်ဝင်စားတာရော စိတ်မဝင်စားတာတွေကိုပါ သင်ယူရသည့်အတွက် စိတ်ဖိစီးမှုနှင့် ကြောက်စိတ်ဖြစ်ပေါ်လာသည့်အတွက် ထိုသို့သင်ယူမည့်အစား အိမ်တွင် ကလေးများ စိတ်ဝင်စားသည့် ဘာသာာရပ်၊ ကိစ္စရပ်များဖြင့် စတင်သင်ယူခြင်းက ပိုမိုထိရောက်ကြောင်း၊ ကလေးများသည် ၎င်းတို့နေအိမ်တွင်သာသင်ယူသည့်အတွက် ပတ်ဝန်းကျင်စိမ်းမနေသည့်အတွက် ယုံကြည်မှုရှိကြောင်းများကိုပါ တွေ့လာရသည်။ ထို့ကြောင့်လည်း 𝐇𝐨𝐦𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 / 𝐇𝐨𝐦𝐞𝐬𝐜𝐡𝐨𝐨𝐥 က အချို့သောကလေးများအတွက်လိုအပ်ကြောင်းနှင့် သူရေးသော စာအုပ်များကလည်း 𝐇𝐨𝐦𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 အတွက် များစွာအထောက်အကူပြုခဲ့သည်။

👨🏻‍🎓 𝐌𝐚𝐫𝐢𝐞 𝐂𝐥𝐚𝐲 (𝟏𝟗𝟐𝟔 – 𝟐𝟎𝟎𝟕) – 𝐁𝐚𝐥𝐚𝐧𝐜𝐞𝐝 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲. 𝐌𝐨𝐝𝐞𝐥 𝐚𝐧𝐝 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐑𝐞𝐜𝐨𝐯𝐞𝐫𝐲

ကလေးငယ်များ၏ စာတတ်မြောက်ရေးအတွက် ဦးဆောင်သူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ 𝐌𝐚𝐫𝐢𝐞 𝐂𝐥𝐚𝐲 ကို 𝐖𝐞𝐥𝐥𝐢𝐧𝐠, 𝐍𝐞𝐰 𝐙𝐞𝐚𝐥𝐚𝐧𝐝 မှာမွေးဖွားခဲ့တာပါ။ သူမရဲ့ စာသင်နည်းစနစ်တွေက ဆယ်စုနှစ်သုံးစုကျော်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ အင်္ဂလိပ်စာ အရေး၊ အဖတ် သင်ကြားနည်းများကို ပြောင်းလဲစေခဲ့ပါတယ်။ သူမရဲ့နည်းလမ်းတွေက ပထမတန်းမှာ အားနည်းနေတဲ့ကလေးငယ်ကိုတောင် ပုံမှန်အဆင့်ရောက်အောင် သင်ကြားပေးနိုင်ပါတယ်။ ဘေးနားက ဆရာမက စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီး ကလေးငယ်ရဲ့ အားနည်းတဲ့အပိုင်းတွေကို ပိုပြီး ဖိလုပ်ပေးတဲ့ပုံစံနဲ့ စာသင်ကြားမှုကို 𝐚𝐝𝐣𝐮𝐬𝐭 လုပ်ပေးရပါတယ်။ အဲဒီလိုနဲ့ အဆင့် တစ်ဆင့်ပြီး တစ်ဆင့်တက်သွားတာပါ။ စာတွေဖတ်စေတဲ့အခါမှာလည်း ပတ်ဝန်းကျင်မှာရှိနေတာတွေနဲ့ ကလေးများ စိတ်ဝင်စားတာတွေကို ဦးစားပေးဖတ်ခိုင်းပြီး သင်စေတဲ့နည်းလမ်းပါ။

👨🏻‍🎓 𝐉𝐞𝐫𝐨𝐦𝐞 𝐁𝐫𝐮𝐧𝐞𝐫 (𝟏𝟗𝟏𝟓-𝟐𝟎𝟏𝟔) – 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐓𝐡𝐞𝐨𝐫𝐲

ပညာရေးမှာ 𝐛𝐞𝐡𝐚𝐯𝐢𝐨𝐫𝐢𝐬𝐭 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡 ကိုချိုးဖျက်ခဲ့သူဖြစ်ပါတယ်။ 𝐜𝐨𝐠𝐧𝐢𝐭𝐢𝐯𝐞 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡 နဲ့ 𝐜𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐯𝐢𝐬𝐭 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡 ကို စတင်ခဲ့သူဖြစ်ပါတယ်။ သူဖော်ထုတ်ခဲ့တဲ့ 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐭𝐡𝐞𝐨𝐫𝐲 ဆိုတာက ကလေးငယ်များသည် သူတို့ကိုယ်တိုင် လက်တွေ့ရှာဖွေခြင်းကနေ ပိုပြီးတတ်မြောက်စေတယ်ဆိုတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့အသစ်တွေ့ရှိလိုက်တဲ့ အချက်အလက်ကလည်း သူတို့ပိုမှတ်မိစေဖို့အတွက် ပိုနားလည်စေဖို့အတွက် အထောက်အကူပြုပါတယ်။ သူတို့သိပြီးသားတွေနဲ့လည်း ချိတ်ဆက်လေ့လာတာတွေ၊ ကျိုးကြောင်းဆီလျော်မှုနဲ့ ဆင်ခြင်တုံတရားတွေအတွက်လည်း ပိုပြီးအထောက်အကူပြုစေပါတယ်။ 𝐉𝐞𝐚𝐧 𝐏𝐢𝐚𝐠𝐞𝐭 နဲ့ပူးတွဲပြီး 𝐜𝐡𝐢𝐥𝐝 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ကိုများစွာလုပ်ဆောင်ခဲ့ပါတယ်။

👨🏻‍🎓 𝟏𝟐. 𝐇𝐨𝐰𝐚𝐫𝐝 𝐆𝐚𝐫𝐝𝐧𝐞𝐫 (𝟏𝟗𝟒𝟑 - ) 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞𝐬 𝐓𝐡𝐞𝐨𝐫𝐲
သင်ကြားသူတစ်ဦးက ကျောင်းသားများ ဘယ်လိုသင်ယူတယ်ဆိုတာနဲ့ ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို အရင်စနစ်ဟောင်းများနဲ့ ဆန့်ကျင်ပေါ်ထွက်လာတဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အရင်တုန်းကတော့ အသိဉာဏ်ဆိုတာ ပြဿနာကိုဘယ်လိုဖြေရှင်းနိုင်သလဲဆိုတာနဲ့ နှုတ်နဲ့ ဘယ်လိုလုပ်မယ်၊ ဘယ်လိုဖြေရှင်းမယ်ဆိုတာကို တိုင်းတာတဲ့နည်းများအပေါ်အခြေခံခဲ့ပါတယ်။ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐭𝐡𝐞𝐨𝐫𝐲 ကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အသိဉာဏ်ဆိုတာ ဘာသာစကား၊ စနစ်တကျတွေးခေါ်တတ်တဲ့ သင်္ချာပညာ၊ ဂီတ၊ အပါအဝင် အချက်အလက်ပေါင်းများစွာနဲ့ တိုင်းတာဖော်ပြလို့ရတယ်လို့ ဆိုပါတယ်။ ကျောင်းသားများရဲ့ မတူညီသော လေ့လာမှုများကြောင့် သူတို့ရရှိလာတဲ့ အသိဉာဏ်ဆိုတာလည်း မတူညီသောပုံစံနဲ့ ပြန်လည်ပြသလေ့ရှိပါတယ်။ ဒါကြောင့် စာသင်တဲ့ဆရာတွေက နည်းလမ်းတစ်မျိုးတည်းနဲ့ သင်ပေးလို့မရသလို စစ်ဆေးခံမယ့်ကျောင်းသားတွေကိုလည်း စာရွက်ပေါ်မှာ ဖြေဆိုခြင်းနည်းတစ်မျိုးတည်းကလည်း မလုံလောက်ပါဘူး။

===== ***** =====

🏫 ဒီသီအိုရီတွေက 𝟮𝟬𝟬𝟳 ခုနှစ်ကတည်းက ကျွန်တော် လေ့လာကျင့်သုံးခဲ့ရတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ ဒီလိုလျှောက်လှမ်းရင်းနဲ့ ဒီဆရာစာသင်ကောင်းတယ်ဆိုတဲ့ နာမည်တစ်လုံးရလာတာပါ။

🏫 ကိုယ်တိုင်ကျောင်းတွေတည်ထောင်တော့လည်း ဒီနည်းလမ်းတွေကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗛𝘂𝗯 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 ဆိုပြီး 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗹𝗹𝗲𝗴𝗲 နဲ့ 𝗥𝗲𝘀𝗲𝗮𝗿𝗰𝗵 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 တစ်ခုကို ဦးဆောင်ပြီး 𝗠𝗕𝗔 သင်တန်းများ၊ စီးပွားရေးဆိုင်ရာ သုတေသနများ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ 𝗠𝗕𝗔 တက်ဖူးတဲ့လူကြီးတွေဆိုသိပါတယ်။ ကျွန်တော့်ရဲ့ သင်ကြားပုံ၊ ပညာရေးနဲ့ပတ်သက်လို့ စီမံပုံတွေက မြန်မာနိုင်ငံဘယ်ကျောင်းမှာမှမရတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

🏫 အခုလည်း 𝗶𝗚𝗖𝗦𝗘 𝗢 𝗟𝗲𝘃𝗲𝗹 နဲ့ပတ်သက်လို့ ကျောင်းလေးတစ်ခု စတင်လည်ပတ်နေပါပြီ။ 𝗛𝗶𝗻𝘁𝗵𝗮𝗿 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝗰𝗵𝗼𝗼𝗹 လို့အမည်ပေးထားပါတယ်။ ဘာသာရေးအရပြောရင် ဟင်္သာဆိုတာ မြင့်မြတ်တဲ့ငှက်ကလေးပါ။ ဟင်္သာဆိုတာ အခုဆိုရင် ရှားပါးမျိုးစိတ်ဖြစ်နေပြီး ရေမှာနေတဲ့ ဇာမဏီငှက်လေးဖြစ်ပါတယ်။ ကုန်းပေါ်မှာလည်းနေတယ်။ ရေမှာလည်း ယဉ်ပါးတယ်။ လေထဲမှာလည်း ဝဲပျံနိုင်တယ်။ ကျွန်တော့်ကျောင်းသားတွေကို ဘက်စုံမှာရစေချင်တဲ့ နိမိတ်နဲ့ ဟင်္သာဆိုတဲ့နာမည်လေးပေးထားတာပါ။ 𝗶𝗚𝗖𝗦𝗘 𝗢 𝗹𝗲𝘃𝗲𝗹 နဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱 𝗟𝗲𝘃𝗲𝗹 (𝗚𝗖𝗘 𝗔 𝗟𝗲𝘃𝗲𝗹) အတန်းတွေသင်ပါမယ်။ လက်ရှိကိုဗစ်ဖြစ်နေလို့ပါ။ ကိုဗစ်ပြီးသွားရင် လက်တွေ့သင်ခန်းစာတွေပါဝင်သော ကျောင်းအဖြစ်ရအောင် တည်ဆောက်ပါမယ်။

🏫 𝗔𝗹𝗽𝗵𝗮 𝗞𝗶𝗱𝘇 ဆိုတဲ့ 𝗛𝗼𝗺𝗲𝘀𝗰𝗵𝗼𝗼𝗹 အခြေပြုကျောင်းလည်း ပြင်ဆင်ပြီးသားပါ။ ကျွန်တော့်ကလေး ၂ ယောက်အတွက် ပြင်ဆင်ရင်း ကိုဗစ်အခြေအနေဆိုးသွားလို့ မဖွင့်ဖြစ်လိုက်တာပါ။ 𝗚𝗲𝗻𝗲𝗿𝗮𝘁𝗶𝗼𝗻 𝗔𝗹𝗽𝗵𝗮 တွေအတွက်ပါ။ 𝗔 𝘁𝗼 𝗭 ဆိုတဲ့ 𝗔𝗺𝗮𝘇𝗼𝗻 ရဲ့ စတိုင်ကိုလည်း ယူထားတာပါ။ နောက်နှစ် အခြေအနေပေးခဲ့ရင် 𝗔𝗹𝗽𝗵𝗮 𝗞𝗶𝗱𝘇 ဆိုတာကိုလည်း ရအောင် ဖွင့်ပါဦးမယ်။

🏫 ပညာရေးနဲ့ပတ်သက်ပြီး နောက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ လုပ်ဖြစ်လို့ ပြီးသွားမှပဲ အသိပေးပါမယ်။

𝐃𝐫. 𝐊𝐚𝐮𝐧𝐠 𝐌𝐲𝐚𝐭 𝐇𝐭𝐮𝐭
𝘍𝘰𝘶𝘯𝘥𝘦𝘳 & 𝘊𝘩𝘢𝘪𝘳𝘮𝘢𝘯, 𝘒𝘯𝘰𝘸𝘭𝘦𝘥𝘨𝘦 𝘏𝘶𝘣 𝘐𝘯𝘴𝘵𝘪𝘵𝘶𝘵𝘦
𝘖𝘸𝘯𝘦𝘳 & 𝘗𝘳𝘪𝘯𝘤𝘪𝘱𝘢𝘭, 𝘏𝘪𝘯𝘵𝘩𝘢𝘳 𝘐𝘯𝘵’𝘭 𝘚𝘤𝘩𝘰𝘰𝘭
𝘍𝘰𝘶𝘯𝘥𝘦𝘳 & 𝘗𝘳𝘪𝘯𝘤𝘪𝘱𝘢𝘭, 𝘈𝘭𝘱𝘩𝘢 𝘒𝘪𝘥𝘻

𝑪𝒓𝒆𝒂𝒕𝒊𝒏𝒈 𝑸𝒖𝒂𝒍𝒊𝒕𝒚 𝑬𝒅𝒖𝒄𝒂𝒕𝒊𝒐𝒏
#ဆြာကောင်းပြောသည်

02/09/2021

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ
၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့

ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။

ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။

အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။

ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။

မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။

Credit: :

Join group chat on Telegram 02/09/2021

လူငယ်တချို့အတွက် လမ်းမ​ပျောက်ရ​အောင် သိန်းရာချီဝင်တဲ့သင်ကြား​ရေး group ​တွေကို free join ခွင့်​ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာပညာရပ်​တွေကို ​​ရွေးချယ်​​လေ့လာကြပါ😊.

Htun Myint Htay Academy
https://t.me/joinchat/9UkmtEj2CsM1YTA1
(1) Modern Automotive Technology Module (1)
https://t.me/joinchat/VUSSI1yJQXuDpFIS
(2) Modern Automotive Technology Module (2)
https://t.me/joinchat/UYibaevxNZMwYzQ1
(3) Modern Automotive Technology Module (3)
https://t.me/joinchat/nF_HPq6yD5c5MDVl
(4) Modern Automotive Technology Module (4)
https://t.me/joinchat/iIAq7gjY3B4wYzZl
(5) Car Maintenance and Repair Technology
https://t.me/joinchat/5jmJNlGTTZEyYTE9
(6) Automotive Technology Quality Books
https://t.me/joinchat/UHE6YWC3Q20Gzgud
(7) Hydraulic Heavy Machinery Module (1)
https://t.me/joinchat/UTy0PZDed-3_nNOb
(8) Hydraulic Heavy Machinery Module (2)
https://t.me/joinchat/d599asIfAMQ4NzBl
(9) Hydraulic Heavy Machinery Module (3)
https://t.me/joinchat/UxzQD47orCkDRWKc
(10) Hydraulic Heavy Machinery Module (4)
https://t.me/joinchat/TrkJSYQKvox4iOzD
(11) Hydraulic Heavy Machinery Supporting
https://t.me/joinchat/Owvcf7AYODw5YjVl
(12) Microsoft Project Online Training
https://t.me/joinchat/norqoLe59oU2NjFl
(13) Thesis Reference Books
https://t.me/joinchat/WYtGgp1nxoliYTRl
(14) Small Engines and Outdoor Power Equipment
https://t.me/joinchat/guay6fV49uFjMjQ1
(15) Microsoft Project
https://t.me/joinchat/tuSNqVR9uKJhM2Vl
(16) Car Repair Discussion
https://t.me/joinchat/VzOdy_zJPK3QM2Rt
(17) Microsoft Powerpoint
https://t.me/joinchat/q6AQYkxfmPNhYThl
(18) Crane and Lifting Management System
https://t.me/joinchat/tlUiw-klibtmNTk9
(19) Piping & Instrumentation Diagram
https://t.me/joinchat/OglzAOG72zE3MGU1
(20) Machining Fundamentals
https://t.me/joinchat/CDpJLgjVlr44NDY1
(21) Microsoft Excel Free Online Training
https://t.me/joinchat/ukxhloQ-kxAwNWU1
(22) Microsoft Word Free Online Training
https://t.me/joinchat/lu9BHSoM19g5ZWM1
(23) AutoCAD
https://t.me/joinchat/_QKPs2HDw5EzNzA1
(24) Htun Myint Htay Online Library(Engineering, Technology, etc)
https://t.me/joinchat/uKUBvnZRDhU0NTk1
(25) အဖိုးတန်စာအုပ်များကို လှူပါတယ်။
https://t.me/joinchat/JRO2dD5jgNwyNzU1
(26) Tayartaw
https://t.me/joinchat/UXv4awtFFSrut4Fd
(27) Quality Books
https://t.me/joinchat/VMPYpiLkbj0a-eGF
(28) Code of Practice for Engineers
https://t.me/joinchat/TxmsRcFIw5jPa9E_
(29) Online Training by Htun Myint Htay
https://t.me/joinchat/_vQfVe1tA3JlOTM1
(30) English Grammar in Use 5th Edition
https://t.me/joinchat/NVJI8BP1XSQwMGQ1
(31) Electrical Power Engineering Books
https://t.me/joinchat/SbvBx5IKn7S7UvxE
(32) Piping Fabricaiton and Installaiton Technology
https://t.me/joinchat/TEadN4R3RQ03NmM1
(33) Artificial Intelligence
https://t.me/joinchat/2x3fCJnTcnAxZTBl
(34) မြန်မာဘာသာဖြင့်ရေးထားသော အင်ဂျင်နီယာစာအုပ်များ
https://t.me/joinchat/Wh_6nE2miKA1OTI9
(35) Automotive Service Information
https://t.me/joinchat/gVBOIqBL8W9iNDI1
(36) စာပေဟောပြောပွဲ
https://t.me/joinchat/Se8PcnAcZ6jERiiI
(37) CNC Books & Learning Videos
https://t.me/joinchat/brr_Wc9_XN82ZmJl
(38) Book Request to U Htun Myint Htay
https://t.me/joinchat/SyU2mme8T5Y2MGI9
(39) Chemical Engineering Books and Learning Videos
https://t.me/joinchat/j6GeNHUCmvs3OGM1
(40) Mechanical Engineering Books and Learning Videos
https://t.me/joinchat/ASxO3ShqMS85YjQ9
(41) English Pronunciation Practice
https://t.me/joinchat/gnDd1adLacc3NzQ1
(42) AutoCAD Books and Software
https://t.me/joinchat/QZRWGgfoAsQyMjM9
(43) SolidWorks Books and Software
https://t.me/joinchat/_w20MdY3Pxk1YzE1
(44) Movie
https://t.me/joinchat/zMzb1kJtpZk0YTRl
(45) Electronics and Communication Engineering
https://t.me/joinchat/CJO9mIaqCqg3NWE9
(46) ရွှေဥဒေါင်း
https://t.me/joinchat/uMui24FxPc9lNGI9
(47) နန္ဒာသိန်းစံ
https://t.me/joinchat/3nbRbZukUAs4YmM9
(48) အောင်သင်း
https://t.me/joinchat/Qo3iLK5vZ3kzM2Y1
(49) မိုးမိုး (အင်းလျား)
https://t.me/joinchat/C3ko5yxnVpthMjM1
(50) ဂျာနယ်ကျော်မမလေး
https://t.me/joinchat/MBkZ3KDJafY2OGVl
(51) မြသန်းတင့်
https://t.me/joinchat/6jy23IyyN884MWZl
(52) ကိုယ်တိုင်သင်ယူပါ
https://t.me/joinchat/-_Us3cNqBJE4NjFl
(53) Mechatronics Engineering Books and Learning Videos
https://t.me/joinchat/bAMzfyw5oPVhY2Fl
(54) Hydraulic Heavy Machinery Service Manual
https://t.me/joinchat/m--zr76PFao3OWFl
(55) Steel Structure
https://t.me/joinchat/CrurCoWvFjY4MmE1
(56) Agricultural Books
https://t.me/joinchat/y0MnMAbA_js1YTY1
(57) M & E Books
https://t.me/joinchat/U2Rvc7YPe0M2MWU9
(58) Hybrid & Electric Vehicle Technology
https://t.me/joinchat/6SjjnboW0k5hMTE1
(59) Audio Books [Several Authors]
https://t.me/joinchat/-X3dXrSv4pM2MWM9
(60) Internal Combustion Engine
https://t.me/joinchat/1EPzGXJH3i4yZDI1
(61) Welding Books
https://t.me/joinchat/yZTq9a23pQRmOGQ1
(62) Motorcycle Books and Learning Videos
https://t.me/joinchat/alHYlfghtuEyMjZl
(63) Matlab Books
https://t.me/joinchat/RI94Do8NGkQ0MmU1
(64) CATIA 3D Software
https://t.me/joinchat/6Zz8cvQr5AYwZTU1
(65) Primavera P6
https://t.me/joinchat/kwLyy_7S77FhZjNl
(66) Interchange 5th Edition
https://t.me/joinchat/RsMlzB5u1awwYzU9
(67) Resource Books for Teachers
https://t.me/joinchat/dCwqtQi9S3UyYWNl
(68) Solution Manual
https://t.me/joinchat/8vpUa9X7n8llMTQ1
(69) Automotive Books & Learning Videos
https://t.me/joinchat/OU5MjU3JwYU2NzFl
(70) Civil Engineering Books and Learning
https://t.me/joinchat/KPdsAL9EJw4wNWRl
(71) TU Textbooks (All Majors)
https://t.me/joinchat/6lvxrVbqYwdhYjI1
(72) Solar Energy Books & Technology
https://t.me/joinchat/_QhAZ3BlrWE4ZTBl
(73) အရှင်ဇနကာဘိဝံသ
https://t.me/joinchat/T9Wgk_4D5OSdRIKU
(74) တက္ကသိုလ်ဘုန်းနိုင်
https://t.me/joinchat/T2mLSYJQwXe1b_7R
(75) ပါရဂူ
https://t.me/joinchat/TIMaH_NCTdM_Bxwn
(76) Vocational Education
https://t.me/joinchat/Up1-f2ZPO7LDYO4n
(77) မျိုးဆက်သစ်တိုးတက်ရစ်ဖို
https://t.me/joinchat/R_se2JyAcvRe809X
(78) Basic Education
https://t.me/joinchat/HFg8tnaIBBdm7OaF
(79) ဓမ္မာစရိယဦးဌေးလှိင်စာအုပ်များ
https://t.me/joinchat/UfpPha0rF7H0ZKZ7
(80) Biography Books
https://t.me/joinchat/TobrRQFye_G62jCz
(81) ချစ်ဦးညို
https://t.me/joinchat/Vpz0nNoxApW9EBT7
(82) Teach Yourself
https://t.me/joinchat/Uu3j-oXjyoa3VaAS
(83) အလုပ်ရှာသူများအတွက်
https://t.me/joinchat/0GbskXqhAh8yNzE1
(84) English Language Books
https://t.me/joinchat/WTTeltF5NUhlMzhl
(85) Navisworks Books and Software
https://t.me/joinchat/BHv89iy-shFjMjU1
(86) CNC & Machining Technology
https://t.me/joinchat/xVlPSSkvfYgwYjFl
(87) Precision Machining Technology
https://t.me/joinchat/36enr6Y9kEEwYzY1
(88) Refrigeration and Air Conditioning Technology
https://t.me/joinchat/0nfmjvBBvZtmNjFl
(89) Automotive Wiring Diagram Module (1)
https://t.me/joinchat/u7eQLg9yUeM4YjY1
(90) Car Wiring Diagram pdf and videos
https://t.me/joinchat/Um_dvdIbxH24Bh8w
(91) Cambridge IGCSE Series Books
https://t.me/joinchat/NmUQzkEx33U2Nzdl


Join group chat on Telegram

02/09/2021

အခုလောလောဆယ် မြန်မာကျောင်း (၈) တန်း (၉) တန်း (၁၀) တန်း မှာတန်းလန်းဖြစ်နေတဲ့ကလေးတွေဘာလုပ်ရမလဲဆို နည်းသုံးနည်းရှိတယ်။

(က) ၈-တန်း ၉-တန်း တက်ဆဲဆို ကိုတတ်နိုင်တဲ့ ဘတ်ဂျက်နဲ့ သင်ပေးတဲ့ iGCSE ဖြေဖို့ပြင်ဆင်ပေးတဲ့ ကျောင်း/ကျူရှင်တွေမှာ ဝင်ခွင့်စစ်ဆေးပြီး၊ အတန်းအပ်ထား။ ကလေးပညာဆက်သင်နေဖြစ်လိမ့်မယ်။ မြန်မာကျောင်းကိုအပြီးထွက်ခိုင်းတာမဟုတ်။ ဒီဘက်ကရပ်နေရင် ဟိုဘက်ကလမ်းကြောင်းနဲ့ဆက်သွားမယ်။ ဒီဘက်မှာပြန်ကောင်းလာရင် အစိုးရကျောင်းကိုပြန်ထားချင်ထား။ iGCSE ကျောင်းကိုအပ်မယ်ဆို Edexcel/CIE ထက် Exam Center Approved ဖြစ်တဲ့ကျောင်းကိုရှာအပ်။

(ခ) မြန်မာစနစ်ဟောင်း၊စနစ်သစ် ဆယ်တန်းကကလေးတွေဆို (နိုင်ငံခြားထွက်ဖို့အစီအစဉ်မရှိဘူးဆို) ပြည်တွင်း HND ကျောင်းတွေမှာ သူတို့ Foundation ကနေလည်း IT/Business/Engineering စတဲ့ဘာသာရပ်တွေ သင်ပြီး UK ကပေးတဲ့ဘွဲ့ (အခုလောလောဆယ်တော့အွန်လိုင်း) ယူလို့ရတယ်။ မြန်မာစနစ်ပြန်အဆင်ပြေရင်လည်းပြန်ဖြေချင်ဖြေ။ HND Diploma ရပြီးရင်တော့၊ Singapore/UK မှာ Top Up တက်လို့ရတယ်။ ကနေဒါတို့ အမေရိကားတို့ဆို အစကပဲပြန်တက်ရမယ်။ သြစီ Ranking ကောင်းတဲ့ကျောင်းတွေလဲ သုံးနှစ်ပြန်တက်ရမယ်။

iGCSE ကို တစ်နှစ်/တစ်နှစ်ခွဲလောက်ပြင်ပြီး UK, USA, Canada, Singapore ဘက်ဆက်ထွက်လို့လဲရတယ်။ iGCSE ကျောင်းတွေထားမယ်ဆို Cambridge (CIE) နဲ့ Edexcel ဟာ နိုင်ငံတကာတက္ကသိုလ်တွေလက်ခံနိုင်တဲ့ပုံစံမှာ အကြီးအကျယ်ကွာခြားမှုမရှိဘူး။ ၉၈% ရာနုန်းသောကျောင်း တက္ကသိုလ်ကောလိပ်တွေက CIE ဖြစ်ဖြစ် Edexcel ဖြစ်ဖြစ် လက်ခံပေးတယ်။ အမှတ်ကောင်းတဲ့ Certificate ကပိုကောင်းတယ်။

(ဂ) ဒီနည်းလမ်းက အစိုးရကျောင်းပဲတတ်နိုင်ပြီး နိုင်ငံတကာမတတ်နိုင်တဲ့သူတွေအတွက်။ Youtube ဘိုး Internet ဘိုးလောက်တတ်နိုင်ရင်ကိုရတယ်။

၈ တန်းဖြစ်ဖြစ် ၉ တန်းဖြစ်ဖြစ် ၁၀ တန်းဖြစ်ဖြစ် ဘာအတန်းမှ ဆက်တိုက်မတက်ခဲ့ရဘူးဆိုရင်တောင် ဖြစ်နိုင်ရင် Science/English/Math/ Social Science လိုဘာသာရပ်မျိုးတွေအသက်အရွယ်နဲ့လိုက်ဖက်တာ အင်တာနက်မှာ ရှာဖတ်ထား(နောက်တော့လင်ခ်ပေးမယ်။)။ လေ့လာထား။ အသက် ၁၆ လောက်ဆို GED ( General Education Development ) ဆိုတဲ့စာမေးပွဲဝင်ဖြေပြီး၊ ထိုင်း၊စင်္ကာပူ၊ အမေရိကန်၊ သြစသြေလျ ကျောင်းတွေထဲက GED လက်ခံတဲ့ကျောင်းတွေကိုဆက်လက်ပညာဆည်းပူးလို့ရတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon