English သင်တန်းဖွင့်ရန် ၄ရက်သာလိုပါတော့သည်။
(2.3.2026) တနင်္လါနေ့ (11:00 to 12:00)
Forward Education
To be Educated Students. Sometime Jolly Phonics English Class can available.
14/02/2026
နွေရာသီ English သင်တန်းသည် (2.3.2026) တနင်္လါနေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
အချိန် - 11:00 to 12:00
သင်တန်းကြေး - တစ်လ ၅၀၀၀၀(ငါးသောင်း)
စာအုပ်ဖိုး- 16000 (တစ်သောင်းခြောက်ထောင်)
27/01/2026
သီတင်းကောင်းပါးပါရစေ မေမေတို့ရှင့်❤
ကလေးတို့ရဲ့ နွေရာသီအားလပ်ချိန်ကို Forward Education နဲ့အတူအကျိုးရှိအောင် အသုံးချလိုက်ပါ!
အသက် ၆ နှစ်မှ ၁၃ နှစ်ကြား ကလေးများအတွက် နွေရာသီ ၃ လ အင်္ဂလိပ်စာ အခြေခံသင်တန်း ကို Forward Education တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
လေ့လာသင်ယူနိုင်မည့်သင်္ခန်းစာများ
Phonics အသံထွက်မှန်ကန်အောင် စနစ်တကျ သင်ကြားပေးခြင်း
Vocabulary, Simple Sentences များကို လွယ်ကူစွာ နားလည်အောင် သင်ကြားပေးခြင်း
Speaking, Listening, Reading, Writing အခြေခံ ၄ မျိုးလုံးကို ညီမျှစွာ ဖွံ့ဖြိုးစေခြင်း
Game, Song, Activity များဖြင့် ကလေးများ စိတ်ဝင်စားပျော်ရွှင်စွာ သင်ယူနိုင်ခြင်း
သင်တန်းရဲ့ ရည်ရွယ်ချက်
အင်္ဂလိပ်စာကို ကြောက်ရွံ့မှုမရှိဘဲ အခြေခံခိုင်မာစွာ နားလည်အသုံးချနိုင်တဲ့ ကလေးများ ဖြစ်လာစေရန်ရည်ရွယ်ပါသည်။
သင်တန်းကာလ ၃ လ (နွေရာသီအတွင်း)
အခုဘဲ စာရင်းပေးသွင်းလိုပါက
ဖုန်း/Messanger /Viber တို့မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09 778684886 / 09795258640
ပထမဆုံးအပ်တဲ့ 10 ယောက်ကိုလဲ Disscount အစီအစဥ်ရှိပါသည်😁
17/01/2026
Forward Education မှ မူကြိုကလေးအချို့၏လက်ရေးများဖြစ်ပါသည်။
Forward Education သည်ကလေးများ၏လက်ရေးကိုအထူးဂရုစိုက်သင်ကြားပေးလျက်ရှိပါသည်။
လက်ရေးလှအောင်သင်ကြားပေးရုံအပြင် Flash Card ဖြင့်သင်ခြင်း၊ ကဗျာသီဆို၍သင်ခြင်း၊ ဂိမ်းကစားနည်းဖြင့်သင်ခြင်း စသည်ဖြင့်ကလေးများ စိတ်ဝင်စားအောင်သင်ကြားရေးအပိုင်းကိုလဲ တိုးတတ်ပြောင်းလဲမှုနှင့်အတူသင်ကြားပေးလျက်ရှိပါသည်။
#ရှေ့သို့မူကြို
#ရွှေပြည်သာမြို့နယ်
Forward Education တွင် ဗုဒ္ဓဘာသာဝင်ကလေးများကိုမနက်တိုင်းဘုရားရှိခိုးသောအလေ့အကျင့်ကောင်းလေးများပြုလုပ်ပေးလေ့ရှိပါသည်။ ဘာသာခြားကလေးများကိုတော့ မရှိခိုးခိုင်းပါဘူးရှင့်💙
#သားသားမီးမီးတို့ကိုချစ်သောမျက်စိဖြင့်ကြည့်ပေးကြပါအမှားပါရင်လဲခွင့်လွှတ်ပါရှင့်💙
12/01/2026
ရှေ့သို့ (မူကြိုနှင့်စာသင်ဝိုင်း) တွင် Assistant Tr အသစ်လေးများဖိတ်ခေါ်နေပြီဖြစ်သောကြောင့် ကလေးချစ်တတ်ပြီးစာသင်ရဝါသနာပါသောတီချယ်လေးများလာရောက်လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိလိုပါက cb တွင်မေးမြန်းနိုင်ပါသည်။
မူကြိုကလေးများ၏အပြေးပြိုင်ပွဲ
04/01/2026
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့သည် ကျွန်ုပ်တို့ပြည်သူအားလုံးအတွက် အလွန်အရေးပါသောနေ့တစ်နေ့ဖြစ်ပြီး လွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေး စွန့်လွှတ်ခဲ့ကြသော အမျိုးသားသူရဲကောင်းများကို ဂုဏ်ပြုအောက်မေ့သတိရရမည့်နေ့ဖြစ်ပါသည်။ လွတ်လပ်ရေး၏တန်ဖိုးကို နားလည်စွာ ထိန်းသိမ်းကာ နောင်လာမည့် မျိုးဆက်များအတွက် ငြိမ်းချမ်းသာယာသော နိုင်ငံတော်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🇲🇲
30/12/2025
⭐ရွှေပြည်သာ မြို့နယ်တွင်ရှိသော ရှေ့သို့( မူကြိုနှင့်စာသင်၀ိုင်း) တွင် (3)လပိုင်းနွေကြိုစာသင်ဝိုင်းမှစ၍ရေရှည်လုပ်ကိုင်နိုင်မည့် Assistant Tr များ ဖိတ်ခေါ်လိုက်ပါတယ်........⭐
Position ---- Assistant Teachers
⚡ပညာအရည်အချင်း (၁၀)တန်း အောင်မြင်ပြီးသူ။
⚡အသက် (၁၇)မှ (၃၀) နှစ်အတွင်းဖြစ်ရပါမည်။
⚡ECCDလက်မှတ်ရှိသူပို၍ဦးစားပေးပါမည်။
⚡အတွေ့အကြုံမရှိသောသူများလည်း လျှောက်ထားနိုင်
ပါသည်။(အတွေ့အကြုံရှိသူပို၍ဦးစားပေးပါမည်)။
⚡ကလေးများအပေါ်စိတ်ရှည်သည်းခံနိုင်သူဖြစ်ရပါ
မည်။
⚡လေ့လာသင်ယူချင်စိတ်ရှိသူ ဖြစ်ရပါမည်။
⚡အနည်းဆုံး ၁နှစ် လုပ်ကိုင်နိုင်သူဖြစ်ရပါမယ်။
အလုပ်ချိန်......7:30-5:00
ပိတ်ရက်......စနေ၊တနင်္ဂနွေ
Viber ဖုန်းနံပါတ် 09894994989, 09795258640,09258413269,09764356017သို့CV form ပေးပို့၍ လျှောက်ထားနိုင်ပါသည်။
သံဒင်း ထန်းခြောက်ပင်အနီး၌ နေသူဖြစ်လျှင် ပို၍အဆင်ပြေပါသည်။
📚✨ Forward Education ✨📚
အနာဂတ်လမ်းကြောင်းကောင်းတစ်လျှောက်မှာ မူကြိုအသက်အရွယ်ကလေးလေးတွေကို မေတ္တာနဲ့အတူ ဗဟုသုတပေးသင်ကြားနေတဲ့ ဆရာမတို့ရဲ့သင်ခန်းစာတစ်ပုဒ် 🧡
ကလေးတိုင်းဟာ ထူးချွန်နိုင်စွမ်းရှိပါတယ်။
အဲ့ဒီစွမ်းရည်လေးတွေကို ဖော်ထုတ်ပေးဖို့အတွက်
Forward Education မှ ဆရာမများက စာဖတ်ခြင်း၊ စာရေးခြင်း၊ အသံထွက် (Phonics) စတဲ့ နည်းလမ်းအသစ်တွေနဲ့ အတူ🌟မူကြိုကလေးများအတွက် ပညာရေးအခြေခံအောင်မြင်စွာ တည်ဆောက်ဖို့ English ဆရာမအနေနဲ့blending skill ကို သင်ကြားပေးနေပါတယ်။
👩🏫 မူကြိုအတန်းများ (Nursery, KG)
📘 English, Maths, Phonics & Creative Learning
🎥 အတန်းတွင်သင်ကြားနေသောရုပ်သံ သားသမီးအတွက်အကောင်းဆုံးအနာဂတ်တစ်ခုဖန်တီးကြပါစို့!
📍 Forward Education – ရှေ့သို့ မူကြိုနှင့်စာသင်ဝိုင်း
📞 ဆက်သွယ်ရန် – 09 899494989, 09 795258640,09764356017. Admin TDT
#သင်ကြားမှုအနုပညာ
Today's School Activity: မိသားစုသစ်ပင်လေးများ ဖန်တီးခြင်း!
ကလေးငယ်လေးတွေဟာ စိတ်ကူးရှိရှိနဲ့ မိသားစုသစ်ပင် ပုံလေးတွေကို ကော်ကပ်ဖန်တီးခဲ့ကြပါတယ်။ ဆရာမက ပုံသဏ္ဍာန်လေးတွေ ညှပ်ပေးထားတာကို ကလေးတွေက ကိုယ်တိုင်စိတ်ကြိုက်တွဲစပ်ပြီး လှပတဲ့ မိသားစုပုံလေးတွေ ဖန်တီးခဲ့ကြပါတယ်။ ဒီလို Activity မျိုးတွေက ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးသလို မိသားစုအကြောင်းကိုလည်း ပျော်ရွှင်စွာနဲ့ သင်ယူစေပါတယ်။
Forward Education မှာ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ လက်တွေ့ဖန်တီးနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြဲဦးစားပေးပါတယ်။
ဆက်သွယ်ရန်:
Telegram: https://t.me/forwardeducationpreschool
TikTok:
Facebook: Forward Education
Ph-09795258640,09764356017,09409671165
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
အမှတ် ၆၈၅၊ ဘိုကလေး ၁ လမ်း ၊ ၂၀ရပ်ကွက်၊ သံဒင်း၊ ရွှေပြည်သာ၊, No. 685. Bokalay (1) Street No. 20 Qtr. Thandin. Shwe Pyi Tha
Yangon