Ohayo Japanese language class

Ohayo Japanese language class Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ohayo Japanese language class, Language school, Yangon.

みなさん こんにちわ *( ^o^ )* 🇯🇵✨                ကျွန်မကတော့ "Ohayo japanese language"page လေးမှာ japan စာစသင်မယ့်သူလေးတွေအတွက်လိ...
20/03/2022

みなさん こんにちわ *( ^o^ )* 🇯🇵✨
ကျွန်မကတော့ "Ohayo japanese language"
page လေးမှာ japan စာစသင်မယ့်သူလေးတွေအတွက်
လိုက်မှတ်လို့ရအောင် japan စာအခြေခံလေးတွေကို စပြီးတော့ တင်ပေးသွားမှာ‌ပါ။
ပထမဆုံး သင်ခန်းစာအနေနဲ့ japan စာစသင်တဲ့အခါ သိထားသင့်တာလေးတွေကို အရင်ဆုံးတင်ပေးသွားပါ့မယ်။🙇
japan စာစသင်မယ်ဆို အရင်ဆုံးသိထားသင့်တဲ့(၄) ခုရှိပါတယ်💁-

( 1 ). Romaji - ( ရောမအက္ခရာ )
( 2 ). Hiragana - ( japan အက္ခရာ )
( 3 ). Katakana - ( မွေးစားအက္ခရာ )
( 4 ). Kanji. - ( တရုတ်စာလုံး )
အရင်ဆုံး အဲ့ဒီလေးခု ကို သိထားရပါမယ်ရှင့်
အဲ့တာလေးတွေ အရင်သိပြီဆို တစ်ခုချင်းဆီရဲ့ သုံးပုံသုံးနည်းလေးတွေ ဘယ်နေရာမှာသုံးလဲ ဆိုတာတွေကို နောက်ထပ် post တစ်ခုမှာရှင်းပြ ပေးသွားပါမယ်ရှင့်။

Japan စာတတ်မြောက်မှု အဆင့်ကို J L P T လို့ခေါ်တဲ့စာမေးပွဲ ( Level ) အဆင့် များနဲ့ သတ်မှတ် ပါတယ်။📌( Level ) အဆင့် ( ၅ ) ဆ...
18/03/2022

Japan စာတတ်မြောက်မှု အဆင့်ကို J L P T လို့ခေါ်တဲ့
စာမေးပွဲ ( Level ) အဆင့် များနဲ့ သတ်မှတ် ပါတယ်။
📌( Level ) အဆင့် ( ၅ ) ဆင့်ရှိပါတယ်။
🔺N-5 ( Basic Level )
🔺 N-4 ( Pre-Intermediate Level )
🔺N-3 ( Intermediate Level )
🔺N-2 + • N-1 ( Advance Level )
📌 N-5 က အနိမ့်ဆုံး ဖြစ်ပြီး N-1 ကအမြင့်ဆုံးပါ။
( မြန်မာလိုနဲ့ ပြောင်းပြန်ပါနော် )
မျက်စိထဲ မြင်သာအောင် ပြောရမယ်ဆိုရင်💁
N-5 နဲ့ N-4 က မူလတန်း ၊ N-3 က အလယ်တန်း
N-2 နဲ့ N-1 က အထက်တန်းအဆင့်ပါ။
N-3 လောက်ရောက်ပြီ ဆိုရင် japan စကားကို
ကျွမ်းကျွမ်း ကျင်ကျင် ပြောလာနိုင်ပြီး
Movie တွေ Song တွေကိုလည်း subtitle မပါပဲ
သိသိသာသာ နားလည်လာမှာပါ👌။
စာစသင်မယ်ဆိုရင်တော့ N-5 က စသင် ရပါမယ်။
ခုနောက်ပိုင်း က သင်တန်း တွေက N-5 မစခင်
မသင်ခင် မှာ အခြေခံ ( Basic ) အတန်းဆိုပြီး
ဖွင့်လာကြပါတယ်။ ( မူကြိုသဘောပေါ့နော် )

ကျွန်မတို့ကမြန်မာနိုင်ငံသားတွေဖြစ်တာကြောင့်မြန်မာဘာသာ စကားအပြင် တခြားတိုင်းရင်းသားဘာသာစကားတွေကိုပြောတတ်တဲ့သူတွေလည်းကျွန်...
17/03/2022

ကျွန်မတို့ကမြန်မာနိုင်ငံသားတွေဖြစ်တာကြောင့်မြန်မာဘာသာ စကားအပြင် တခြားတိုင်းရင်းသားဘာသာစကားတွေကိုပြောတတ်တဲ့သူတွေလည်းကျွန်မတို့ထဲမှာရှိကြပါတယ်။ ဒီတော့ဘာသာစကားတစ်မျိုးထက်ပိုပြောတတ်တာရဲ့ကောင်းကျိုးတွေကို ကျွန်မတို့အနည်းနဲ့အများတော့သိကြပါတယ်။
ဒါပေမယ့်ပိုပြီးထဲထဲဝင်ဝင်သိစေချင်တဲ့တခြားအကြောင်းပြချက်လေးတွေကျွန်မမှာရှိပါသေးတယ်။

ဒါကတော့ ဘာသာစကားအသစ်တစ်မျိုးကိုပြောနိုင်တာက
အလုပ်ကိုင်အခွင့်အလမ်းသစ်တွေအများကြီးရလာလိမ့်မယ်
ဒီခေတ်ကြီးမှာ တရုတ်တို့ ၊ ဂျပန်တို့ပြောတတ်ရုံနဲ့ အလုပ်ကမ်းလှမ်းကြတဲ့ကုမ္ပဏီတွေရှိတာ အားလုံးသိကြပါတယ်။ ဒါ့အပြင်ဘာသာစကားအသစ်တစ်ခုတတ်နေရင် ဘာသာပြန်စားလို့ရမယ် ၊ Interpreter လုပ်လို့ရမယ် ၊ Tour Guide လုပ်လို့ရမယ်။ ဘာသာစကားသင်တန်းကျောင်းတွေမှာ ဆရာအနေနဲ့ပြန်လုပ်လို့ရမယ်။ ဘာသာစကားတစ်ခုတတ်တာနဲ့တင် ကိုယ့်အတွက်တစ်ပန်းသာနေပါတယ်။

ဦးနှောက်ကိုအားကောင်းစေတယ်
လေ့လာတွေ့ရှိချက်တွေအရ အသက်ဘယ်လောက်ပဲကြီးနေပါစေ ဘာသာစကားအသစ်တစ်ခုကိုလေ့လာတာကနေ သိသာထင်ရှားတဲ့ကောင်းကျိုးတွေဖြစ်တယ်လို့ဖော်ပြကြတယ်။ ဘာသာစကားနှစ်မျိုးသုံးမျိုးပြောတာကြောင့် ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတချို့က မှတ်ဉာဏ်အားကောင်းတာရယ် ၊ ကြာကြာအာရုံစူးစိုက်နိုင်တယ် ၊ အသက်ကြီးလာရင် ချွတ်ယွင်းတတ်တဲ့အရာတွေကိုလည်း လျှော့ချစေပါတယ်။

မောင်လေးတို့ညီမလေးတို့ရေ ဂျပန်စာ လတ်တလော သင်နေတဲ့သူတွေ၊ သင်ဖို့အစီအစဉ် ရှိတဲ့ သူတွေရှိလား? တချို့ကတော့ ဂျပန် သွားပြီး အလုပ်လုပ်မယ်၊ ကျောင်းတက်မယ် တချို့ကတော့ ဂျပန်ဘာသာစကားကို သဘောကျလို့၊ ဒီမှာလည်းအသုံးဝင်လို့၊ တချို့ကတော့လည်း movie ၊anime တွေ ကြိုက်လွန်းလို့ စသဖြင့်ပေါ့။ သူတို့ဆီက movie တွေ၊ anime ဆိုတာကလည်း တကယ့်ကို ဒိတ်ဒိတ်ကြဲတွေကိုး။ ဒါ့အပြင်ဂျပန်လူမျိုးတွေရဲ့ ရိုးရာဓလေ့တွေ၊ နေထိုင်မှုစနစ်တွေ၊ သူတို့ရဲ့ နည်းပညာ တိုးတက်မှုတွေကလည်း
တကယ့်ကို စံထားအားကျ အတုယူရလောက်အောင်ပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဂျပန်စာ သင်ဖို့အစီအစဉ်တွေ ရှိတယ်ဆိုရင် ကျွန်မတို့ဖွင့်လှစ်ထားသော

Ohayo Japanese Language Class တွင်
ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီရှင့် 🤝
◾အသက်ရွယ်ကန့်သတ်မှု့မရှိပါ ✅
◾ဂျပန်လူမျိုးများရဲ့ယဥ်ကျေးမှု့ပါသင်ကြားပေးသည်။ ✅
◾သင်တန်းသူ/သားအားလုံးကို တာဝန်ယူသင်ကြားပေးသည်။ ✅

အသေးစိတ်သိရှိလိုပါက -
☎ 09797676766
☎ 09428027292 ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

Yangon
11141

Telephone

+959797676766

Website

Alerts

Be the first to know and let us send you an email when Ohayo Japanese language class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share