26/07/2025
For DWDM Link Troubleshooting ~
("Facility Loop", "Terminal Loop")
ညီအကိုတယောက် Page Messenger ကနေ မေးလို့ သူ့ကိုပြန် ဖြေပေးထားတဲ့ Sketch Drawing လေး Share ပေးတာပါ။
Tester ကို DWDM link ရဲ့ အဆင်ပြေတဲ့ Location တစ်ဖက်မှာထားပြီး DWDM ရဲ့ ဘယ် Section မှာ Link Error ရှိလဲဆိုတာ Facility Loop / Terminal Loop တွေ တစ်နေရာချင်းဆီ Enable (ON) / Disable (OFF) လုပ် ကြည့်ပြီး Troubleshooting လုပ်တဲ့ အခြေခံသဘောတရားတခုပေါ့။
Just sharing as your reference ပါဗျ။
လက်ရှိ DWDM Operation ပိုင်းမှာ လုပ်နေတဲ့ သူတွေကတော့ ကျနော့်ထက် ပိုနားလည်အောင် အသေးစိတ် ရှင်းပြပေးနိုင်ပါလိမ့်မယ်။
DWDM Ops ဆရာတွေ Add-on လုပ်ချင်တာ / မှားနေတာရှိရင် Comment လေးတွေ ပေးပြီး Sharing လုပ်ပေးကြပါအုံး 😁
ကျေးဇူးပါဗျာ |||
Kaung San Hein
Jul 26, 2025
18/06/2025
One Day !
One of my dreams ✍️ 😊
09/06/2025
"Free Network Diagram Web App"
DWDM Network Diagram တွေဆွဲဖို့အတွက် အဆင်ပြေတာလေးတွေ့လို့ Share လိုက်ပါတယ်ဗျ၊ တခြား Diagram မျိုးစုံနဲ့ Project တွေအတွက် Flow Diagram တွေပါဆွဲလို့ရတယ်။
Free Version လည်း ဖြစ်ပြီး Web App ဖြစ်တဲ့အတွက် Install လုပ်စရာမလိုဘူး၊ လိုအပ်တဲ့သူတွေ စမ်းသုံးကြည့်ကြည့်ပါ။
အောက်က DWDM PTP (Point to Point) ပုံလေး အစမ်းဆွဲကြည့်ထားတာပါ။
Just FYI !
အားလုံးဘဲ အစစအရာရာ အဆင်ပြေကြပါစေဗျာ။
Kaung San Hein
June 9, 2025
👇Web App Link
https://app.diagrams.net/
08/06/2025
"Future of DWDM Network Automation"
*******************************************
(Intro)
◾️"Network Automation" ဆိုတဲ့ စကားလုံးက နည်းပညာနယ်ပယ်မှာ လတ်တလော အတော်ရေပန်းစားနေတာပါ ၊ Manual step-by-step လုပ်နေရတဲ့ အဆင့်တွေကို Click လေးတချက်နှိပ်ရုံနဲ့ Automatic လုပ်ဆောင်မှုတွေ ပြီးမြောက်ဖို့ပေါ့လေ ၊ IP Network နယ်ပယ်မှာဆို တော်တော်များ သုံးနေကြ လေ့လာနေကြပါပြီ။
◾️ဆိုတော့ ကျနော်တို့ DWDM (Layer 0 ဒါမှမဟုတ် Layer 1 ဖြစ်တဲ့ Optical Transport Layer မှာလည်း Automation အပါအဝင် AI in DWDM Network စသဖြင့် DWDM Equipment တွေ ထုတ်နေတဲ့ နည်းပညာကုမ္ပဏီကြီးတွေ (Vendors) တွေက စတင်ပြီး မိတ်ဆက်လာနေပါပြီ (တချို့ နယ်ပယ် တွေမှာတော့ အတိုင်းအတာတခုထိ စသုံးနေကြပြီပေါ့လေ)
◾️အဲ့တော့ ဟုတ်ပြီ အဲ့ Network Automation တို့ AI (Artifical Intelligent) တို့ကို ကျနော်တို့ DWDM Network ကြီးမှာ သုံးချင်ပါပြီရဲ့ ဘာတွေလိုမလဲ အခြေခံသိထားရမဲ့အချက်တွေက ဘာတွေဖြစ်မလဲ စဥ်းစားကြည့်ကြရအောင်ဗျ။
◾️ပထမဆုံးလိုအပ်တာက SDN ပါ ၊ SDN ဆိုတာ အရှည်ကောက်က Software Defined Networking ပေါ့ ၊ ဆိုလိုတာက ကျနော်တို့ရဲ့ Traditional DWDM Network Architecture မှာ SDN ကို စပြီး Apply လုပ်ရမယ်၊ ဘယ်မှာ Apply လုပ်ရမှာလဲဆို DWDM Network ကြီးရဲ့ Controller ဆီမှာ၊ DWDM Controller ဆိုတာ NMS (Network Management System/ Server) ကို ဆိုလိုတာပါ ၊ အဲ့လို SDN Apply လုပ်လိုက်ပြီဆို DWDM NMS Server တနည်း SDN Controller ဖြစ်သွားပြီပေါ့လေ ၊ SDN ဆိုတာ အစောက ပြောနေတဲ့ Automation, AI အစရှိသဖြင့် Function တွေ လုပ်ဆောင်နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ဘဲ၊ နောက်တနည်းဆိုရင် Control plane နဲ့ Data Plane ကို ခွဲထုတ်လိုက်တဲ့သဘောဘဲ ၊ Software က မောင်းနှင်မဲ့ Network ကြီးအဖြစ် အသွင်ပြောင်းတာပေါ့လေ။
◾️ဟုတ်ပြီ DWDM NMS တနည်း SDN Controller ကြီးဖြစ်လာပြီဆိုရင် သူနဲ့ ဆက်စပ် ပြီးအလုပ်လုပ်နေရတဲ့ NBI (Northbound Interface) က Protocols/ API တွေနဲ့ SBI (Southbound Interface) က Protocols/ API (Application Programming Interface) အကြောင်းတွေ ဆက်ပြီး သိထား ၊ လေ့လာထားဖို့လည်း လိုလာပြန်ပါတယ်။
◾️နားလည်လွယ်အောင်ဆိုရင်
DWDM Network Architecture မှာ DWDM NMS / SDN Controller ကြီးကို အလယ် Center မှာထားပြီး သူရဲ့ အပေါ်ဘက်အခြမ်း (တနည်း) မြောက်ဘက်အရပ် ကို ဦးတည်ပြီး ချိတ်ဆက်အလုပ်လုပ်ရတဲ့ Logical Interface ကို NBI (Northbound Interface) လို့ခေါ်ပြီး အောက်ဘက်အခြမ်း (တနည်း) တောင်ဘက်အရပ် ကို ဦးတည်ပြီး ချိတ်ဆက်အလုပ်လုပ်ရတဲ့ Logical Interface ကို SBI (Southbound Interface) လို့ ခေါ်ဆိုပါတယ် ၊ သူရဲ့ Naming တွေမှာ အဓိပ္ပါယ်တွေပါနေပြီးဖြစ်သလိုပါဘဲ။
◾️ဆက်ပြီးသိရမှာ ဆက်လေ့လာရမှာတွေက
အဲ့ NBI နဲ့ SBI တို့မှာ အလုပ်လုပ်နေတဲ့ Protocols တွေ (တနည်း) API (Application Programming Interface) တွေက ဘာတွေလဲဆိုတာ ဖြစ်ပါတယ်။
◾️NBI မှာ RESTful API (RESTCONF), T-API (Transport API), NETCONF, နဲ့ Vendor ရဲ့ Proprietary Protocols တွေ အစရှိသဖြင့် အလုပ်လုပ်ကြပါတယ်။
◾️SBI မှာဆိုရင် SNMP (Simple Network Management Protocol), NETCONF/ YANG, OpenFlow နဲ့ Vendors တွေရဲ့ Proprietary Protocols တွေ အစရှိသဖြင့် အလုပ်လုပ်ကြပါတယ်။
မှတ်ချက်။ အဲ့ NBI, SBI က API တွေ ဘာတွေလဲ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတာ ဆက်လေ့လာကြဖို့ ကျနော်တို့လိုပါသေးတယ်။
◾️NMS / SDN Controller ကြီးက OSS (Operations Support Systems) / BSS (Business Support Systems) စသဖြင့် Application Layer ပိုင်းတွေနဲ့ Higher-level Supporting မှာ NBI ကို သုံးပြီးတော့
SBI ကိုကျတော့ DWDM Network မှာရှိတဲ့ DWDM Node တွေနဲ့ ဆက်သွယ်တဲ့အခါ DWDM Node တွေဆီက Data တွေ Collect လုပ်တဲ့အခါ သုံးရပါတယ်။ (Post က ပုံလေးတွေနဲ့ တချက်တွဲကြည့်ရင် Topology ကိုတော့ အကြမ်းဖျဥ်းတော့ မြင်နိုင်ပါတယ်၊ သေချာနားလည်ဖို့တော့ ဆက်လေ့လာကြရပါအုံးမယ်)
◾️ခု Post လေးက DWDM Technology ရဲ့ သွားနေတဲ့ Trend / Journey နဲ့ မျက်ခြေပျက်မသွားရအောင် Sharing လုပ်ပေးရုံမျှပါ ၊ အနည်းဆုံး SDN, NBI, SBI စတဲ့ အခေါ်အဝေါ်လေးတွေ မသိထားသေးရင် သိထားစေချင်ရုံပါ၊ Automation, AI / ML (Machine Learning) အတွက် Python ကိုလည်း ခုတည်းက အခြေခံလောက် လေ့လာထားသင့်တယ်လို့လည်း အကြံပေးပါရစေဗျ ၊ နောက်ကြုံကြိုက်တဲ့အခါ ထပ်ပြီး သိလာရသမျှ ဝေမျှပေးနိုင်ဖို့ ကြိုးစားပါအုံးမယ်၊ ကျေးဇူးပါဗျာ |||
: Created using ChatGPT
Kaung San Hein
June 9, 2025
16/03/2025
"RON မိတ်ဆက်"
****************
(Cisco Live မှာ RON အကြောင်း ကြည့်မိလိုက်လို့
Near Future မှာ အထူးသဖြင့် Service Provider Network တွေမှာ သုံးလာနိုင်တာမို့ နားလည်မိသလောက်လေးကို Technology Trend နဲ့ အဆက်မပြတ်သွားအောင် Overview အနေနဲ့ Sharing လုပ်တာပါဗျ)
RON (Routed Optical Networking)
ဆိုတာ IP + Optical Networking (DWDM) Layer ၂ ခု ပေါင်းစည်း ထားတဲ့ ကွန်ယက် ဒီဇိုင်း (Topology) ကို ဆိုလိုတာ ဖြစ်ပါတယ်။
ပုံမှန် Traditional Networking မှာဆိုရင် IP Layer (Layer 3) က သက်သက် Optical Layer ဖြစ်တဲ့ DWDM (Layer 1) က သက်သက် စီ ရှိပြီးတော့ တွဲဖက် အလုပ်လုပ်ကြပါတယ်။
ခု RON မှာကျတော့ အဲ့သက်သက်စီ ဖြစ်နေတဲ့ ချစ်သူ ၂ ဦးကို ပုဝါ မခြားတော့ဘဲ အကြင်လင်မယားအဖြစ် ပေးညားလိုက်တဲ့ သဘော 😅
ဒီလိုဗျာ ဆိုလိုတာက RON ရဲ့ Architecture မှာ IP Topology = Fiber Topology ဖြစ်သွားပြီလို့ ပြောတာဖြစ်ပါတယ်။
ပုံမှန် Traditional Architecture မှာကျတော့ IP Topology နဲ့ Fiber Topology ထပ်တူမကျပါဘူး။
ဥပမာ IP Router (A) က နေ (B) ကို IP Layer ဘက်ကနေ ကြည့်ရင် တည့်ချိတ်ထားသလို သူ့ရဲ့ Traffic Matrix မှာ ပြနေမယ် မြင်နေမယ်ဆိုပင်မဲ့ Fiber Topology မှာ DWDM Node တွေ လေး ငါး လုံး ဖြတ်ချင်ဖြတ်သွားနိုင်ပါတယ် ၊ ဆိုတော့ Fiber တခုခုကြောင့် Link တခုခုဆို Troubleshooting လုပ်ရတာ အခက်အခဲတွေ ရှိတတ်ကြပါတယ် (မင်းတို့ DWDM link က ဘာဖြစ်ပြန်ပြီလဲ ဘာလဲ ညာလဲဆိုပြီး....IP သမားတွေကို ချစ်လို့စတာပါဗျာ😅)
ဆက်ရရင် RON မှာကျတော့ IP Topology = Fiber Topology ဘာလို့ဖြစ်သွားတာလဲဆို အရှင်းဆုံးဆိုရရင် DWDM နည်းပညာ (Wavelength) သုံးနိုင်တဲ့ Pluggable Transceiver (DCO = Digital Coherent Optics) တွေ Router တွေမှာ တိုက်ရိုက်သုံးနိုင်လာလို့ ဖြစ်ပါတယ် (မှတ်ချက်။ အသုံးပြုမဲ့ Router ကတော့ အဲ့ DWDM Wavelength ထုတ်နိုင်တဲ့ Module / Transceiver လေး ကို Support လုပ်နိုင်ရမှာပေါ့လေ)
DCO (Coherent နည်းပညာသုံးထားတဲ့ Transceiver) တွေ ကလည်း Transceiver တခုကို 400G, 800G, 1.6T (Near future) စသဖြင့် Capacity များများ တနည်း Bandwidth များများ သယ်ပေးနိုင်လာပါပြီ။
ဒါဆို RON ကို သုံးရင် ဘာတွေ ပိုကောင်းလာမလဲဆိုတော့ -
နံပါတ် ၁ ။ Simplicity (Multi Layer Architecture ကနေ Singel Layer ဖြစ်သွားတော့ Complexity လျော့သွားတယ် ၊ Service တခုခု down ရင် IP နဲ့ DWDM ရန်မဖြစ် မငြင်းရတော့ဘူး )
နံပါတ် ၂။ Cost Saving
(စျေးကြီးလှတဲ့ DWDM ရဲ့ OTU (Transponder/ Muxponder) တွေ OTN Layer တွေ မလိုတော့ဘူး၊ မှတ်ချက် ။ Fiber core ကုန်တာ Save ဖြစ်ချင်ရင်တော့ DWDM ရဲ့ Optical Layer ဖြစ်တဲ့ Multiplexing Layer တော့ ထားထားလို့ရပါတယ်၊ သူက စျေးမကြီး)
နံပါတ် ၃ အနေနဲ့ဆိုရင်တော့ ကိုယ့် Network တခုလုံးရဲ့ Performance ပိုင်း ပိုကောင်းလာမယ်၊ Power Consumption လျော့လာမယ် (DWDM တွေ ဖြုတ်ပစ်လို့ရပြီလေ) ဆိုတော့ DC တွေမှာ Equipment တွေထားထားတဲ့ Space တွေ လျော့ချလာလို့ရမယ် စသဖြင့် ကောင်းကျိုးတွေ ရနိုင်တယ်ပေါ့ဗျာ။
နောက်ဆုံး အချက်ကတော့ "Automation" ပေါ့ AI နဲ့ Network ကို Driven လုပ်ရတာ ပိုအဆင်ပြေစေတယ်လို့ သုံးသပ်ချင်ပါတယ်။
အောက်ကပုံတွေက Google က ယူထားတဲ့ Cisco က ပုံတွေ ပါ (Cisco မှတင် မဟုတ်ပါဘူး Any Vendor က အဲ့ Trend ကို သွားနေကြပါပြီ SP Network အတွက်ပေါ့ Telco Network ကတော့ Big Scale ဆိုတော့ RON Architecture ကို သုံးဖို့ လောလောဆယ်တော့ အဆင်မပြေသေးပါဘူး ၊ နောင်တချိန်တော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် ၊ ဆိုတော့ DWDM သမားတွေလည်း IP ကို အနည်းဆုံး CCNP Level နဲ့ ညီမျှတဲ့ Knowledge ရှိထားဖို့ လိုအပ်လာနေပြီလို့ ကျွန်တော် မြင်ပါတယ်။
DWDM Layer လုံးဝ ပျောက်သွားမှာမျိုးတော့ မဟုတ်သေးပါဘူး အစောက ဆွေးနွေးကြသလို Teleco လို Operator Network မျိုးတွေမှာ Submarine Cable Network တွေမှာ လက်ရှိမှာ ရှိနေအုံးမှာဘဲ ဖြစ်ပါတယ် ၊ Enterprise နဲ့ SP တွေမှာတော့ RON ကို တည်ဆောက်လာနိုင်ပါတယ်။
အစစအရာရာ အဆင်ပြေကြပါစေဗျာ။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါဗျ |||
Kaung San Hein
Mar 16, 2025
30/08/2024
FYI
AGS Company တွင် တာ၀န်ထမ်းဆောင်ရန် အတွက် DWDM Engineer (၁)ဦး
IP Network Engineer (၁)ဦး အလိုရှိပါသည်။
Position - DWDM Engineer
Location- Near Myanmar Plaza
Job responsibilities
1. Be responsible for after-sales work such as engineering survey, provisioning, O&M, equipment preliminary acceptance, and final acceptance of OTN/DWDM/SDH projects.
2. Maintain devices on the live network, including software upgrade, device inspection, and troubleshooting. Escalate difficult problems, analyze the running status, and collect and sort out technical information.
3. Responsible for customer's skill improvement and user's technical training;
4. Provide necessary technical support to pre-sales related departments, including technical review, etc.;
5. Have more than five years of experience in implementing and maintaining large- and medium-sized WDM network projects.
Job requirements:
1. Familiar with optical transmission products and proficient in DWDM/OTN/SDH principles;
2. Have DWDM/OTN/SDH engineering experience and be able to independently complete service cutover and network upgrade.
3. Strong sense of responsibility and initiative, good communication and coordination skills.
4. Knowledge of Huawei DWDM equipment is preferred.
Position - IP Network Engineer
Job Responsibilities:
1. Be responsible for routine maintenance, troubleshooting, and management of network devices and network environments, and provide maintenance solutions. Monitors network security, network quality, and network equipment.
2. Plan, design, and adjust the network architecture, and optimize the performance to improve the stability of the platform. Be responsible for the technical solutions, planning, and deployment of network-related projects.
3. Track and resolve network faults, analyze fault causes, and submit fault reports. Quickly locates, coordinates, and reports network faults in a timely manner.
4. Track new technologies in the industry, take charge of technical training for network engineers, and develop training plans to improve the overall network technical capabilities of the team.
5. Be responsible for E2E IP Network project delivery, customer requirement analysis, solution design, and deployment.
Requirements:
1. Major in computer or communications, bachelor degree or above;
2. Have at least 5 years of experience in implementing and maintaining large- and medium-sized network projects.
3. Have a basic command of TCP/IP principles. Have a proficient command of common routing protocols and switching technologies (such as OSPF, IS-IS, and BGP). Have a proficient command of the configuration and principles of MPLS VPN and other common VPN protocols.
4. Be familiar with the configuration and management of network devices from mainstream vendors, such as Cisco and Huawei.
5. Have good written and language expression skills, standardize and rigorous written work habits, and be good at exploring and using various tools to improve work professionalism.
6. Have the CCIE/HCIE certification or the same level certification.
စိတ်ပါ၀င်စားသူမည်သူမဆို အသေးစိတ်သိရှိလိုပါက
Hotline- 09780876723 သို့မဟုတ်
Email - [email protected] သို့ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါသည်။
Page Messenger မှ လာရောက် လျှောက်ထားခြင်းအားလက်မခံပါ။
Asia Guiding Star Services Co.,Ltd
အမှတ် (၅)၊ အောင်သိန္ဓိလမ်း၊
ရွှေစံပါယ်လမ်းသွယ်၊ (၃)ရပ်ကွက်၊
မရမ်းကုန်းမြို့နယ် ၊ရန်ကုန်မြို့ ။
28/05/2024
"DWDM မှာ color, direction, colorless, directionless ဆိုသည်မှာ"
************************************************
(ညီလေး တယောက် Page မှာ မေးလာတာလေး
ဒီကနေ အကုန်လုံးသိရအောင် sharing လုပ်ပေးတာပါ)
✍ အဲ့မေးခွန်းလေးကို ရှင်းပြဖို့ဆို
အရင်ဦးဆုံး သိထားဖို့ နားလည်ဖို့လိုတာက
DWDM အမျိုးအစားတွေ ဘာတွေရှိလဲဆိုတာပါဘဲ
တနည်းပြောရရင် "Types of DWDM" ပေါ့
ဘာတွေရှိလဲဆိုရင် -
1. FOADM (Fixed Optical Add/Drop Multiplexer)
2. OLA (Optical Line Amplifier)
3. ROADM (Reconfigurable Optical Add/Drop Multiplexer)
ဆိုပြီး အခြေခံအားဖြင့် ၃ မျိုးရှိပါတယ်။
✍ အဲ့ ၃ မျိုးမှာမှ ခု ဒီ Post ရဲ့ မေးခွန်းဖြစ်တဲ့ color, direction, colorless, directionless ဆိုတဲ့ အသုံးအနှုန်းတွေက ဘယ် DWDM အမျိုးအစားနဲ့ ဆက်စပ်ပြီး ပြောလေ့ရှိတဲ့ဟာတွေလဲဆိုရင် "ROADM" DWDM Type အတွက် ဖြစ်ပါတယ်။
✍ ဆိုတော့ ROADM မှာ ထပ်ပြီး အမျိုးအစားလေးတွေ ထပ်ခွဲပါသေးတယ်
✅ ROADM (color, direction)
✅ ROADM (colorless, directionless)
လောလောဆယ် အဲ့ အပေါ်က ၂ ခု ဒီ post မှာ ရှင်းပြကြည့်ပါမယ်။
ထပ်ပြီးသိစေချင်တာက -
☑ ROADM (colorless, directionless, flexgrid) / (CDF)
☑ ROADM (colorless, directionless, contensionless, flexgrid) / (CDC-F)
စသဖြင့် သိရမှာတွေ ရှိသေးတယ်ဆိုတာ သိစေချင်တာပါ၊ ခု post မှာတော့ မရှင်းပြဖြစ်သေးပါဘူး။
✍ ဆိုတော့ ပြန်ဆက်ရအောင်
Color ဆိုတာက ဘာကိုပြောတာလဲဆိုရင် DWDM Lambda ကို ရည်ညွှန်းတာပါ
အဲ့မှာမှ ROADM မှာ color, colorless ဆိုတဲ့ အသုံးအနှုန်းက
✍ Color ဆိုရင် Lambda က fixed ဖြစ်တယ်
ဆိုလိုတာက ROADM တဆိုက်မှာ Direction ၃ ဘက် (Direction ကို Degree လို့ သုံးလည်း ရတယ်) ချိတ်ထားတယ်ဆိုပါတော့ Direction A ကို Lambda 1 လွှတ်ထားမယ် ၊ Direction B က Lambda 2 လွှတ်ထားမယ်၊ Direction C က Lambda 3 လွှတ်ထားမယ်ဆိုပါတော့
✍ အဲ့မှာ Direction A မှာ Lambda 1 ကနေ တခြား Lambda တခုခု ပြောင်းမယ်ဆိုပါတော့ အဲ့မှာ ကိုယ့်ရဲ့ ROADM က color အမျိုးအစား design လုပ်ထားတယ်ဆိုရင် အလွယ်တကူ အပြောင်းအလဲလုပ်လို့မရဘူး ၊ colorless ဆိုရင် NMS (Network Management System) ကနေ လှမ်းပြီး On site သွားစရာမလိုဘဲ color အပြောင်းအလဲ (Lambda အပြောင်းအလဲ) လုပ်နိုင်တာကို ဆိုလိုတာပါ။
မှတ်ချက် ။ Degree / Direction ဆိုတာ DWDM ဆိုက်တဆိုက်မှာ တခြားဆိုက်နဲ့ ချိတ်ထားတဲ့ Optical Direction တွေကို ဆိုလိုတာပါ
ဥပမာ Site A မှာ Degree / Direction ၃ ဘက်ရှိတယ်ဆိုရင် Site A ကနေ Site B , Site C, Site D စသဖြင့် နောက် 3x sites ကို Optical Fiber (Dark Fiber) တွေနဲ့ ချိတ်ထားတာကို ပြောတာပါ။
✍ Direction, directionless ဆိုတာကျတော့
သူရဲ့ Naming အတိုင်း Direction အမျိုးအစားဆိုရင် သတ်မှတ်ထားတဲ့ Lamda တွေက သတ်မှတ်ထားတဲ့ Direction တွေကိုဘဲ သွားလို့ရမယ်
Direction က color နဲ့တွဲတယ်
ဥပမာ Site A မှာ Direction ၃ ဘက် ရှိမယ်
Site A ကနေ Site B ကို Lambda 1 သုံးထားမယ်
Site A ကနေ Site C ကို Lambda 2 သုံးထားမယ်
Site A ကနေ Site D ကို Lambda 3 သုံးထားမယ်
ဆိုရင် ကိုယ့်ရဲ့ ROADM က (color, direction) သာဖြစ်တယ်ဆိုရင် အဲ့အတိုင်းဘဲ Fixed ဖြစ်တယ်
အချိန်းအပြောင်းလုပ်ချင်ရင် အလွယ်တကူ ချိန်းမရဘူး On site မှာ Fiber patching, cards, modules စသဖြင့် အချိန်းအပြောင်း တချို့ လုပ်ဆောင်ရမယ် အဲ့လို ဆိုလိုတာပါ
✍ ဒါဆိုရင် Directionless ကို အထူးရှင်းစရာမလိုတော့ဘဲ နားလည်မယ်ယူဆပါတယ်
ROADM (Directionless က colorless နဲ့တွဲတယ်)
Directionless, colorless အမျိုးအစားဆိုရင်
ကိုယ်ရဲ့ DWDM Network Infrastructure Design / Topology ပေါ်မူတည်ပြီး ကိုယ်သတ်မှတ်ချင်တဲ့ Lambda ကို သွားချင်တဲ့ Direction ကို အလွယ်တကူ NMS ကနေ on site သွားစရာမလိုဘဲ အချိန်းအပြောင်းလုပ်လို့ရပါမယ်
ဒါက ROADM မှာ (colorless, directionless) အမျိုးအစားရဲ့ အလှတရား ပေါ့လေ ....
စာလည်းအတော်ရှည်ပြီဆိုတော့
ဒီမှာဘဲခဏရပ်ပါစေအုံးဗျ။
(ခုအကြောင်းအရာကို စာနဲ့ နားလည်အောင် ရှင်းပြရတာ နည်းနည်းခက်ပါတယ် ၊ နားမလည်ခဲ့ရင်လည်း စိတ်မပျက်ပါနဲ့ ကျနော်ရှင်းပြတာ လိုအပ်တာကြောင့်ပါ၊ နောင်အချိန်အားမှ Video file လေးလုပ် ပုံဆွဲရှင်းပြပေးရင် မျက်လုံးထဲ ပိုမြင်နိုင်ပါလိမ့်မယ်)
ပုံက ROADM (colorless, directionless) site တခုပုံပေါ့ (အပြည့်အစုံမဟုတ်ပါ ၊ Optical direction နဲ့ Add/Drop အထိဘဲ ဆွဲထားတာပါ၊ လက်တန်းခဲခြစ်ဆိုတော့ ပုံတော့မသေသပ်ဘူးပေါ့ဗျာ)
ကျေးဇူးပါဗျာ |||
Kaung San Hein
May 28, 2024
12/05/2024
FYI 📢📢📢
ZTE Myanmar is looking for DWDM Engineer
စိတ်ဝင်စားတဲ့သူ Linkedin ကနေ သွားလျှောက်ကြပါ။
Good Luck to you all ~
Check out this job at ZTE Corporation: https://www.linkedin.com/jobs/view/3919616707
10/05/2024
FYI !
FYI guys, this is great opportunity.
ကျောင်းမပြီးသေးလည်း လျောက်လို့ရတယ်တဲ့နော်
🚀 Ready to Launch Your Career?
If you're eager to embark on an exciting journey into the world of communication technology, look no further! Join us and transform your passion into expertise. Apply today and let's innovate together!
🚀 လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား?
သင်ဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ ဆက်သွယ်ရေးနည်းပညာလောက ခရီးစဉ်တစ်ခုကို စတင်ဖို့ စိတ်အားထက်သန်တယ်ဆိုရင် ဒီတိုင်းလေးကြည့်မနေပါနဲ့ ကျွန်ုပ်တို့နှင့်ပူးပေါင်းပြီး သင်၏ဝါသနာကို ကျွမ်းကျင်မှုအဖြစ် ပြောင်းလဲလိုက်ပါ။ ဒီနေ့ပဲ လျှောက်ထားပြီး အတူတကွ တီထွင်လိုက်ကြပါစို့။
𝑬𝒎𝒂𝒊𝒍: 𝙕𝙏𝙀.𝙈𝙮𝙖𝙣𝙢𝙖𝙧.𝙃𝙍@𝙯𝙩𝙚.𝙘𝙤𝙢.𝙘𝙣
𝑾𝒆𝒃𝒔𝒊𝒕𝒆 𝒕𝒐 𝒗𝒊𝒔𝒊𝒕 𝒇𝒐𝒓 𝒅𝒆𝒕𝒂𝒊𝒍𝒔: https://tasteful-shield-b86.notion.site/Start-Career-with-ZTE-7a119e0683d0461da5ce3993d4906041
10/05/2024
Linkedin မှာ တွေ့မိတာလေး ...
FYI to all 📢📢📢
~ Credit to original uploader