M-One Services

M-One Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M-One Services, Education, Yangon.

MM-One Services Co.,Ltdအနေဖြင့်
☑️ဂျပန်အင်တာဗျူးတစ်ဦးချင်းလေ့ကျင့်ပေးခြင်း
☑️ကျောင်းလခသက်သာစွာဖြင့်ကျောင်းလျှောက်ပေးခြင်း
☑️အလုပ်ရှာခြင်းများအတွက်ဆွေးနွေးအကြံပေးခြင်း
☑️ဂျပန်ပြည်တွင်းအလုပ်ပြောင်းခြင်း
များကိုချိတ်ဆက်ဆောင်ရွက်ပေးပါသည်။
☎️09448681852

20/08/2026

ပထမဆုံးအကြိမ်ပွဲဦးထွက်100% ပါ
#သိန်း၂၀၀ကျော်နဲ့ကျောင်းတက်ချင်ရင်စုံစမ်းနိုင်ပါတယ်

လူငယ်တစ်ယောက်အနေနဲ့ ဂျပန်မှာ ကျောင်းသွားတက်သင့်တဲ့အကြောင်းရင်းများနှင့်ကျောင်းမတက်သင့်သူများ‎‎🇯🇵 ၁။ ပညာရေးအရည်အသွေးကောင်...
15/08/2026

လူငယ်တစ်ယောက်အနေနဲ့ ဂျပန်မှာ ကျောင်းသွားတက်သင့်တဲ့အကြောင်းရင်းများနှင့်
ကျောင်းမတက်သင့်သူများ

‎🇯🇵 ၁။ ပညာရေးအရည်အသွေးကောင်းတယ်
‎ဂျပန်မှာ တက္ကသိုလ်၊ ကောလိပ်နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ အများကြီးရှိပြီး နည်းပညာ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ IT၊ ဒီဇိုင်း စတဲ့နယ်ပယ်တွေမှာ အားကောင်းပါတယ်။
‎💼 ၂။ အနာဂတ်အလုပ်အကိုင်အတွက် အခွင့်အရေးရနိုင်တယ်
‎ဂျပန်မှာ နည်းပညာ၊ ထုတ်လုပ်မှု၊ IT၊ ဝန်ဆောင်မှု စတဲ့လုပ်ငန်းတွေ အားကောင်းတာကြောင့် ဂျပန်ဘာသာစကားနဲ့ ပညာရပ်တစ်ခုကို ကောင်းကောင်းတတ်မြောက်ထားရင် အလုပ်အကိုင်အခွင့်အရေးတွေ ပိုမိုရရှိနိုင်ပါတယ်။
‎🗣️ ၃။ ဂျပန်ဘာသာစကားကို လက်တွေ့သင်ယူနိုင်တယ်
‎ဂျပန်စာကို စာသင်ခန်းထဲမှာပဲ သင်တာထက် ဂျပန်နိုင်ငံမှာ နေထိုင်ပြီး နေ့စဉ်အသုံးပြုရတာကြောင့် နားထောင်၊ ပြော၊ ဖတ်၊ ရေး စွမ်းရည်တွေ ပိုမြန်မြန်တိုးတက်နိုင်ပါတယ်။
‎🌏 ၄။ ကိုယ့်ကိုယ်ကို ပိုမိုတိုးတက်စေတယ်
‎နိုင်ငံခြားမှာ တစ်ယောက်တည်းနေပြီး ပညာသင်ရတာက လွတ်လပ်မှု၊ တာဝန်ယူမှု၊ အချိန်စီမံခန့်ခွဲမှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တိုးတက်လာစေပါတယ်။
‎🤝 ၅။ နိုင်ငံတကာအတွေ့အကြုံ ရနိုင်တယ်
‎နိုင်ငံအမျိုးမျိုးက ကျောင်းသားတွေနဲ့ တွေ့ဆုံခွင့်ရတာကြောင့် မတူညီတဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေကို နားလည်လာပြီး ကိုယ့်ရဲ့ network ကိုလည်း တည်ဆောက်နိုင်ပါတယ်။
‎💴 ၆။ ပညာသင်ဆုနဲ့ အခြားအထောက်အပံ့တွေ ရှိတယ်
‎ဂျပန်မှာ နိုင်ငံခြားကျောင်းသားတွေအတွက် ပညာသင်ဆုနဲ့ ကျောင်းလခ/နေထိုင်စရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ်တွေ ရှိပါတယ်။ သို့ပေမယ့် ကျောင်းနဲ့ အစီအစဉ်တစ်ခုချင်းစီအလိုက် သတ်မှတ်ချက်တွေ ကွာခြားပါတယ်။
‎🧠 ၇။ “စာအုပ်ထဲကပညာ” ထက် ပိုတဲ့အရာတွေ သင်ယူနိုင်တယ်
‎ဂျပန်ရဲ့ စည်းကမ်း၊ အချိန်တိကျမှု၊ အလုပ်အပေါ် တာဝန်ယူမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု စတဲ့ အလေ့အကျင့်ကောင်းတွေကို နေ့စဉ်ဘဝကနေ လေ့လာနိုင်ပါတယ်။

‎အရေးကြီးတာက “ဂျပန်မှာကျောင်းတက်ရင် အလိုအလျောက်အောင်မြင်မယ်” မဟုတ်ပါဘူး။ ကိုယ်သွားချင်တဲ့ ဘာသာရပ်၊ ဂျပန်စာအဆင့်၊ ငွေကြေးအခြေအနေ၊ ဘွဲ့ရပြီးနောက် ရည်မှန်းချက် တွေနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

‎❌ ဒီလိုအခြေအနေရှိရင် ကျောင်းနဲ့မသွားသင့်ပါဘူး

‎၁။ “ဂျပန်ရောက်ရင် အလုပ်လုပ်ပြီး အကုန်ရှင်းမယ်” ဆိုတဲ့သူ
‎ကျောင်းလခ၊ အိမ်ငှား၊ စားစရိတ်အားလုံးကို Part-time အလုပ်နဲ့ပဲ ဖြေရှင်းမယ်ဆိုရင် အန္တရာယ်များပါတယ်။ အလုပ်မရတဲ့အချိန်၊ ကျန်းမာရေးမကောင်းတဲ့အချိန်တွေမှာ အခက်အခဲဖြစ်နိုင်ပါတယ်။

‎၂။ ဂျပန်စာကို လုံးဝမကြိုးစားချင်တဲ့သူ
‎ဂျပန်မှာ နေထိုင်ရုံနဲ့ ဘာသာစကားအလိုအလျောက်တတ်လာတာ မဟုတ်ပါဘူး။ စာလေ့လာဖို့ စိတ်မဝင်စားရင် ကျောင်းတက်ရတာရော အလုပ်ရှာရတာပါ ခက်နိုင်ပါတယ်။

‎၃။ ကိုယ့်ရဲ့ ရည်မှန်းချက် မသိသေးတဲ့သူ
‎“သူငယ်ချင်းတွေသွားလို့၊ ဂျပန်မှာငွေကောင်းလို့” ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ သွားရင် နောက်ပိုင်းမှာ စိတ်ပျက်နိုင်ပါတယ်။
‎အနည်းဆုံး ဘာသင်မလဲ ဘာအလုပ်လုပ်ချင်လဲ ဘယ်လိုဘဝမျိုးလိုချင်လဲ ဆိုတာ စဉ်းစားထားသင့်ပါတယ်။

‎၄။ အကြွေးအရမ်းယူပြီး သွားရမယ့်သူ
‎မိသားစုက အကြီးအကျယ်အကြွေးတင်ပြီး ပို့ရမယ်၊ ကိုယ်ကလည်း အမြန်ဆုံးငွေပြန်ပို့ရမယ်ဆိုရင် ဖိအားအရမ်းများနိုင်ပါတယ်။

‎၅။ စည်းကမ်းမလိုက်နာနိုင်တဲ့သူ
‎ဂျပန်မှာ ကျောင်းတက်ရင် attendance၊ အချိန်မှန်မှု၊ visa စည်းမျဉ်းတွေကို အလေးထားရပါတယ်။ “အလုပ်ပဲလုပ်မယ်၊ ကျောင်းမတက်လည်းရတယ်” ဆိုတဲ့စိတ်ထားမျိုးဆို မသင့်တော်ပါဘူး။

‎၆။ အိမ်ကနေခွဲပြီး တစ်ယောက်တည်းနေဖို့ မပြင်ဆင်ထားတဲ့သူ
‎အစားအသောက်၊ ငွေကြေး၊ အိမ်မှုကိစ္စ၊ ဘာသာစကား၊ အလုပ်၊ စာသင်တာတွေကို ကိုယ်တိုင် စီမံရပါမယ်။ အထီးကျန်မှုနဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်။

‎၇။ ဂျပန်ကို “အလွယ်တကူချမ်းသာမယ့်နေရာ” လို့ထင်တဲ့သူ
‎ဒါက အရေးကြီးဆုံးပါ။ ဂျပန်မှာ အလုပ်အကိုင်အခွင့်အရေးရှိပေမယ့် ငွေရှာရတာလွယ်တဲ့နိုင်ငံ မဟုတ်ပါဘူး။ အလုပ်ကြိုးစားမှု၊ ဘာသာစကားနဲ့ ကျွမ်းကျင်မှုက အရေးကြီးပါတယ်။

‎✅ ဘယ်လိုလူက သွားသင့်လဲ?
‎“ပညာတစ်ခုသင်မယ် + ဂျပန်စာတိုးတက်အောင်လုပ်မယ် + စည်းကမ်းလိုက်နာမယ် + ကိုယ့်အနာဂတ်အတွက် အလုပ်အကိုင်တည်ဆောက်မယ်” ဆိုတဲ့စိတ်ထားရှိတဲ့သူက ပိုသင့်တော်ပါတယ်။
‎အထူးသဖြင့် ငွေကြေးအခြေအနေ၊ ဂျပန်စာအဆင့်နဲ့ ရည်မှန်းချက် ၃ ခုက အရေးကြီးဆုံးပါ။

 #2017 April intake     School  09448681852
06/08/2026

#2017 April intake

School

09448681852

05/08/2026

စာရင်းပေးလို့ရသေးတယ်နော်

27/07/2026
🍀N5 အပြင်သင်တန်း🍀🍀1ပတ်4ရက် 3လပြတ်2သိန်းကျပ် (2ခါခွဲပေးနိုင်)🍀🍀8လပိုင်းအတွက်စာရင်းပေးနိုင်ပါပြီ🍀အောင်လက်မှတ်ရှိသူများအတွက...
27/07/2026

🍀N5 အပြင်သင်တန်း🍀
🍀1ပတ်4ရက် 3လပြတ်2သိန်းကျပ် (2ခါခွဲပေးနိုင်)🍀
🍀8လပိုင်းအတွက်စာရင်းပေးနိုင်ပါပြီ🍀

အောင်လက်မှတ်ရှိသူများအတွက်
#4လပိုင်းကျောင်း (N5အောင်OK)
အတွက်ဒုတိယအကြိမ်လက်ခံနေပါသည်။
#လက်ရှိခေါ်နေသောTokuteiများ
အတွက်ဖုန်းဆက်မေးနိုင်ပါသည်
09789875772
09448681852

24/07/2026

🇯🇵 ဂျပန်နိုင်ငံမှာ ကျောင်းတက်လိုသူ၊ အလုပ်လုပ်လိုသူများအတွက် ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။
✅ အခြားသင်တန်းများတွင် တက်ရောက်ခဲ့ပြီး အောင်လက်မှတ်ရှိသူများလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။
💬 ဂျပန်သွားမယ့် လမ်းကြောင်း၊ လိုအပ်ချက်များနှင့် ပတ်သက်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင် အကြံပေးပါတယ်။
📩 အသေးစိတ်သိရှိလိုပါက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းနေရာလေးက
အင်းစိန်မြို့နယ် မြို့သစ်ဈေးအနီးမှာနော်

#ဂျပန်ကျောင်းတက် #ဂျပန်အလုပ်

ဆေးရုံမှာလုပ်ဖို့Tokutei kaigo မိန်းခလေးလိုပါတယ်ဂေဟာမဟုတ်တဲ့အတွက်ဆရာဝန်တွေ သူနာပြုတွေနဲ့အတူလုပ်ရပါမယ်OWICနဲ့ခေါ်မှာမို့ ...
21/07/2026

ဆေးရုံမှာလုပ်ဖို့
Tokutei kaigo မိန်းခလေးလိုပါတယ်
ဂေဟာမဟုတ်တဲ့အတွက်
ဆရာဝန်တွေ သူနာပြုတွေနဲ့အတူလုပ်ရပါမယ်
OWICနဲ့ခေါ်မှာမို့ 2027-5လပိုင်းထွက်ဖို့ပါ
OWICနဲ့ပဲသွားရမှာကိုလက်ခံနိုင်တဲ့သူစာရင်းပေးနိုင်ပါပြီ
၂ရက်အတွင်းစာရင်းပေးပါနော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when M-One Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category