AELC KIDS

AELC KIDS ကလေးငယ်တွေ အိမ်မှာနေရင်း အင်္ဂလိပ်စာလေ့လာဖို့

⏱️ သမုဒ္ဒရာ ပင်လယ်သတ္တဝါများနဲ့ အတူ Worksheet လုပ်ရင်း အင်္ဂလိပ်စာ ဝေါဟာရတွေ လေ့ကျင့်မယ်။  🐙🐬သားသား၊ မီးမီးတို့ရေ... ဒီတ...
18/08/2026

⏱️ သမုဒ္ဒရာ ပင်လယ်သတ္တဝါများနဲ့ အတူ Worksheet လုပ်ရင်း အင်္ဂလိပ်စာ ဝေါဟာရတွေ လေ့ကျင့်မယ်။ 🐙🐬

သားသား၊ မီးမီးတို့ရေ... ဒီတစ်ပတ်တော့ ပင်လယ်ရေအောက် ကမ္ဘာထဲကို အလည်သွားလိုက်ကြရအောင်။
ချစ်စရာ Sea Animals လေးတွေရဲ့ အင်္ဂလိပ်လို အခေါ်အဝေါ်လေးတွေနဲ့ အတူ ပျော်ပျော်ပါးပါး လေ့ကျင့်နိုင်ဖို့ Worksheet လေးကို စုစည်းဝေမျှပေးလိုက်ပါတယ်။

🐙 နှလုံးသားသုံးခုနဲ့ သတ္တဝါ 🌊✨သားသား၊ မီးမီးတို့ရေ... ဒီနေ့လို တနင်္ဂနွေနေ့ အားလပ်ရက်လေးမှာ 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐮𝐧 𝐅𝐚𝐜𝐭 လေးတစ်ခု ပြေ...
16/08/2026

🐙 နှလုံးသားသုံးခုနဲ့ သတ္တဝါ 🌊✨

သားသား၊ မီးမီးတို့ရေ... ဒီနေ့လို တနင်္ဂနွေနေ့ အားလပ်ရက်လေးမှာ 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐮𝐧 𝐅𝐚𝐜𝐭 လေးတစ်ခု ပြောပြချင်ပါတယ်။

ပင်လယ်ရေအောက်က အသိဉာဏ်အမြင့်ဆုံးနဲ့ ထူးခြားဆန်းပြားတဲ့ 𝐎𝐜𝐭𝐨𝐩𝐮𝐬𝐞𝐬 လို့ခေါ်တဲ့ ရေဘဝဲလေးတွေ ရဲ့ အံ့သြဖွယ်ရာ ဇီဝကမ္ဘာ လျှို့ဝှက်ချက်လေးအကြောင်း ပြောပြပေးချင်ပါတယ်။

🌊 လူသားတွေနဲ့ တခြား တိရိစ္ဆာန်တော်တော်များများမှာ နှလုံး ၁ ခုပဲ ရှိကြပေမဲ့ ရေဘဝဲတွေမှာတော့ ခန္ဓာကိုယ်ထဲ သွေးလှည့်ပတ်ဖို့အတွက် နှလုံး ၃ ခု (Three Hearts) တောင် ပါဝင်တာ ဖြစ်ပါတယ်။

ပင်မနှလုံး ၁ ခုက ခန္ဓာကိုယ်တစ်ခုလုံးဆီ သွေးပို့ပေးပြီး ကျန်တဲ့ နှလုံး ၂ ခုကတော့ ပါးဟက်တွေဆီ သွေးပို့ဆောင်ပေးဖို့ သီးသန့် အလုပ်လုပ်ပေးကြတာပါတဲ့ သားသား၊မီးမီးတို့ရေ။

ကဲ အခုလို ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကိုမှ စိတ်ဝင်စားတဲ့ သားသား၊ မီးမီးတွေရှိရင်လည်း င် ဒီအကြောင်းလေး ပြောပြပေးလိုက်ပါဦးနော်။

𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 ကနေလည်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒီလို 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐮𝐧 𝐅𝐚𝐜𝐭 လေးတွေ မျှဝေပေးသွားမှာမို့ စောင့်မျှော်ဖို့လည်း မမေ့ပါနဲ့ဦးနော်။

🐞 ပိုးမွှားနှင့် အင်းဆက်လေးတွေရဲ့ အမည်များကို လေ့လာကြရအောင်။ 🐜🐝သဘာဝကမ္ဘာကြီးကို နားလည်သဘောပေါက်ခြင်းက သားသား၊မီးမီးတို့အ...
14/08/2026

🐞 ပိုးမွှားနှင့် အင်းဆက်လေးတွေရဲ့ အမည်များကို လေ့လာကြရအောင်။ 🐜🐝

သဘာဝကမ္ဘာကြီးကို နားလည်သဘောပေါက်ခြင်းက သားသား၊မီးမီးတို့အတွက် အရေးကြီးလှပါတယ်။

အင်းဆက် (Insects) တွေက ကမ္ဘာပေါ်မှာ အများပြားဆုံးသော သက်ရှိအုပ်စုဖြစ်ပါတယ်။
ဒီနေ့တော့ သားသား၊မီးမီးတို့ရဲ့ သိပ္ပံဆိုင်ရာ ဗဟုသုတတွေကော English Vocabulary တွေကော လေ့လာနိုင်ဖို့ AELC Kids ကနေ မျှဝေပေးသွားချင်ပါတယ်။

နောက်ရက်မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ English စာနဲ့ ပက်သက်တဲ့ သင်ခန်းစာတစ်ခုခုကို AELC Kids နဲ့ အတူတူ သင်ယူကြရအောင်နော်။

🧥 ဆောင်းရာသီ ဝတ်စုံများနှင့် အသုံးအဆောင် ဝေါဟာရများ ❄️🧣ဆောင်းရာသီ အေးအေးစိမ့်စိမ့် ရာသီဥတုမှာ ဝတ်ဆင်ရတဲ့ Winter Clothing...
13/08/2026

🧥 ဆောင်းရာသီ ဝတ်စုံများနှင့် အသုံးအဆောင် ဝေါဟာရများ ❄️🧣

ဆောင်းရာသီ အေးအေးစိမ့်စိမ့် ရာသီဥတုမှာ ဝတ်ဆင်ရတဲ့ Winter Clothing & Accessories စကားလုံးတွေကို Primary Level ကျောင်းသား/သူတို့အတွက် ဝါကျဖွဲ့ဆိုပုံများနှင့်တကွ Worksheet နဲ့ စနစ်တကျ လေ့ကျင့်နိုင်ဖို့ စုစည်းပေးထားပါတယ်။​

ဒီ Worksheet လေးနဲ့ အတူ မကြာခင်လာတော့မယ့် ဆောင်းရာသီအတွက် အင်္ဂလိပ်စာဝေါဟာရအသစ်တွေကို သင်ယူလိုက်ရအောင်နော်။ 🎯

သားသား၊ မီးမီးတို့ရဲ့ စိတ်ကူးဉာဏ်နဲ့ အင်္ဂလိပ်စာစွမ်းရည်ကို အဆင့်မြင့်ဆုံး ဖြစ်အောင် AELC နဲ့ အတူတူ ပျိုးထောင်နိုင်ဖို့ အမြဲတမ်း မျှဝေပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။

12/08/2026

🚀 Indonesia နိုင်ငံရဲ့ မြို့တော်ကို သိကြလား? ✨

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ Indonesia (အင်ဒိုနီးရှား) နိုင်ငံရဲ့ အဓိက မြို့တော်ကြီးအကြောင်း လေ့လာရင်း မိမိတို့ရဲ့ 𝐆𝐞𝐨𝐠𝐫𝐚𝐩𝐡𝐲 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 ကို စမ်းသပ်ကြည့်နိုင်ဖို့ ပျော်စရာ 𝐐𝐮𝐢𝐳 လေးတစ်ခု ယူဆောင်လာခဲ့ပါတယ်။

❓ What is the capital city of Indonesia?
(အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်က ဘာမြို့ဖြစ်မလဲ?)

အဖြေမှန်ကို သိတဲ့ Smart Kids လေးတွေက Comment မှာ အဖြေတိုက်သွားကြပါဦးနော်။ 👇

🏫 ကျောင်းဝင်ချိန်ကနေ ကျောင်းဆင်းချိန်အထိ သုံးမယ့် 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐢𝐞𝐬 🔔နေ့စဉ် ကျောင်းတက်နေရင်း သဘာဝကျကျ အသုံးပ...
07/08/2026

🏫 ကျောင်းဝင်ချိန်ကနေ ကျောင်းဆင်းချိန်အထိ သုံးမယ့် 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐢𝐞𝐬 🔔

နေ့စဉ် ကျောင်းတက်နေရင်း သဘာဝကျကျ အသုံးပြုနေရတဲ့ 𝐃𝐚𝐢𝐥𝐲 𝐒𝐜𝐡𝐨𝐨𝐥 𝐋𝐢𝐟𝐞 ဝေါဟာရတွေကို 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐚𝐫𝐲 𝐋𝐞𝐯𝐞𝐥 ကလေးတို့အတွက် စုစည်းတင်ပြပေးချင်ပါတယ်။

📚 ဒီ စကားလုံးလေးကို 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝𝐬 လေးတွေ အနေနဲ့ လေ့လာပြီးတော့ အချိန် အနည်းငယ်လေးအတွင်းမှာ စကားလုံးအသစ်လေးတွေ လေ့လာမှတ်သားကြည့်လိုက်ရအောင်နော်။

နောက်ရက်မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫 သို့မဟုတ် 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 သင်ခန်းစာတစ်ခုခုကို 𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 နဲ့ အတူတူ သင်ယူကြရအောင်နော်။

🚀 တို့ကမ္ဘာကြီးရဲ့ လေထုထဲမှာ ၇၈% အထိ အများဆုံးပါဝင်တဲ့ ဓာတ်ငွေ့က ဘာဖြစ်မလဲ? ✨ကဲ ဒီအပတ်တော့ သိပ္ပံဗဟုသုတလေးတွေကို စမ်းသပ်...
05/08/2026

🚀 တို့ကမ္ဘာကြီးရဲ့ လေထုထဲမှာ ၇၈% အထိ အများဆုံးပါဝင်တဲ့ ဓာတ်ငွေ့က ဘာဖြစ်မလဲ? ✨

ကဲ ဒီအပတ်တော့ သိပ္ပံဗဟုသုတလေးတွေကို စမ်းသပ်ကြည့်ချင်ပါတယ်။

တို့တွေ နေ့စဉ် အသက်ရှူသွင်းလိုက်တဲ့ လေထုထဲမှာ အောက်ဆီဂျင် (𝐎𝐱𝐲𝐠𝐞𝐧) တင်မကဘဲ တခြား ဓာတ်ငွေ့တွေလည်း ပါဝင်နေပါတယ်။ အဲဒီအထဲမှာမှ သက်ရှိတွေနဲ့ အပင်လေးတွေ ရှင်သန်ကြီးထွားဖို့ မရှိမဖြစ်လိုအပ်ပြီး ကမ္ဘာ့လေထုရဲ့ ၇၈% နီးပါးကို လွှမ်းမိုးထားတဲ့ အဓိက ဓာတ်ငွေ့တစ်မျိုး ရှိပါတယ်။

❓ 𝐖𝐡𝐢𝐜𝐡 𝐞𝐥𝐞𝐦𝐞𝐧𝐭, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐟𝐨𝐫 𝐥𝐢𝐟𝐞, 𝐦𝐚𝐤𝐞𝐬 𝐮𝐩 𝐚𝐛𝐨𝐮𝐭 𝟕𝟖% 𝐨𝐟 𝐭𝐡𝐞 𝐄𝐚𝐫𝐭𝐡'𝐬 𝐚𝐭𝐦𝐨𝐬𝐩𝐡𝐞𝐫𝐞 𝐛𝐲 𝐯𝐨𝐥𝐮𝐦𝐞?
(သက်ရှိတွေအတွက် မရှိမဖြစ် လိုအပ်ပြီး ကမ္ဘာ့လေထုထဲမှာ ၇၈% နီးပါး အများဆုံး ပါဝင်နေတဲ့ ဓာတ်ငွေ့က ဘယ်သူဖြစ်မလဲ?)

𝐀. 𝐎𝐱𝐲𝐠𝐞𝐧 💨
𝐁. 𝐂𝐚𝐫𝐛𝐨𝐧 𝐃𝐢𝐨𝐱𝐢𝐝𝐞 ☁️
𝐂. 𝐍𝐢𝐭𝐫𝐨𝐠𝐞𝐧 🧪
𝐃. 𝐀𝐫𝐠𝐨𝐧 🌌

အဖြေမှန်ကို သိတဲ့ 𝐒𝐦𝐚𝐫𝐭 𝐊𝐢𝐝𝐬 လေးတွေက 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐀, 𝐁, 𝐂, 𝐃 တစ်ခုခု ရေးပြီး အဖြေတိုက်သွားကြပါဦး။ 👇

⏱️သားသား၊ မီးမီးတို့နဲ့အတူ ရာသီဥတုအခြေအနေတွေကို လေ့လာရအောင်☀️🌧️အပြင်မှာ မိုးရွာနေလား၊ နေပူနေလားဆိုတဲ့ ရာသီဥတုအခြေအနေလေးတ...
04/08/2026

⏱️သားသား၊ မီးမီးတို့နဲ့အတူ ရာသီဥတုအခြေအနေတွေကို လေ့လာရအောင်☀️🌧️

အပြင်မှာ မိုးရွာနေလား၊ နေပူနေလားဆိုတဲ့ ရာသီဥတုအခြေအနေလေးတွေကို ကလေးတွေနဲ့အတူ စကားစမြည်ပြောရင်း 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 လေးတွေကို လွယ်လွယ်ကူကူ လေ့ကျင့်လို့ရပါတယ်။

ဒီနေ့မှာတော့ နေ့စဉ်ဘဝမှာ မြင်တွေ့နေရတဲ့ ရာသီဥတု အမျိုးအစားလေးတွေကို အင်္ဂလိပ်လို အမှန်ကန်ဆုံး ပြောဆိုတတ်စေဖို့ 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐄𝐱𝐩𝐥𝐨𝐫𝐞𝐫 𝐖𝐨𝐫𝐤𝐬𝐡𝐞𝐞𝐭 လေးကို စုစည်းဝေမျှပေးလိုက်ပါတယ်နော်။🌤️

အခု ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီးတော့

ဒီနေ့ ရာသီဥတုလေးက ဘယ်လိုဖြစ်နေလဲဆိုတာလည်း အင်္ဂလိပ်လို ပြောကျင့်ကြည့်ခဲ့ပါဦးနော်။ 🌤️☔

⏱️ 𝐒𝐮𝐧𝐝𝐚𝐲 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐮𝐧 𝐅𝐚𝐜𝐭 - သစ်ကုလားအုတ်ကြီးတွေဟာ တစ်နေ့ကို ၂ နာရီပဲ အိပ်ကြတယ်ဆိုတာ သိပါသလား? 🦒💤သားသား၊ မီးမီးတို့ရေ... ...
02/08/2026

⏱️ 𝐒𝐮𝐧𝐝𝐚𝐲 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐮𝐧 𝐅𝐚𝐜𝐭 - သစ်ကုလားအုတ်ကြီးတွေဟာ တစ်နေ့ကို ၂ နာရီပဲ အိပ်ကြတယ်ဆိုတာ သိပါသလား? 🦒💤

သားသား၊ မီးမီးတို့ရေ... သာယာလှတဲ့ တနင်္ဂနွေနေ့ အားလပ်ရက်လေးမှာ ပျော်စရာ 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐮𝐧 𝐅𝐚𝐜𝐭 လေးတစ်ခု ပြောပြချင်ပါတယ်။

ဒီနေ့မှာတော့ အရပ်အရှည်ဆုံးနဲ့ ချစ်စရာကောင်းတဲ့ 𝐆𝐢𝐫𝐚𝐟𝐟𝐞𝐬 လို့ခေါ်တဲ့ သစ်ကုလားအုတ်ကြီးများ ရဲ့ အံ့သြဖွယ်ရာ အိပ်စက်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်လေးအကြောင်း ပြောပြပေးချင်ပါတယ်။

💤 လူသားတွေနဲ့ တခြား တိရိစ္ဆာန်တော်တော်များများက တစ်နေ့ကို ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်အနားယူကြပေမဲ့ သစ်ကုလားအုတ်ကြီးတွေကတော့ ကမ္ဘာပေါ်မှာ အိပ်ချိန်အတိုဆုံး နို့တိုက်သတ္တဝါတွေထဲက တစ်မျိုး ဖြစ်ကြပါတယ်။

သစ်ကုလားအုတ်ကြီးတွေဟာ တစ်နေ့လုံးပေါင်းမှ ၂ နာရီကနေ ၄ နာရီဝန်းကျင် သာ အိပ်စက်ကြပြီး၊ တစ်ကြိမ်အိပ်ရင်လည်း ၅ မိနစ်ကနေ မိနစ် ၂၀ လောက်ပဲ ခဏတစ်ဖြုတ် အိပ်စက်လေ့ ရှိကြပါတယ်။

ဒါတင်မကပဲ တောရိုင်းသဘာဝထဲမှာ ရဲရဲဝံ့ဝံ့ ရှင်သန်နိုင်ဖို့နဲ့ ရန်သူတိရိစ္ဆာန်တွေရဲ့ ဘေးအန္တရာယ်ကနေ အမြဲနိုးနိုးကြားကြား ရှိနေစေဖို့အတွက် သစ်ကုလားအုတ်ကြီးတွေက မတ်တပ်ရပ်လျက် ကိုယ်ခန္ဓာကို အဆင်ပြေအောင် ထိန်းညှိပြီး အိပ်စက်လေ့ရှိတာလို့လည်း သိရပါတယ်။

အိမ်က သားသား၊မီးမီးတွေထဲမှာ သစ်ကုလားအုပ်ကြီးတွေကို စိတ်ဝင်စားတဲ့ ဘေဘီလေးတွေရှိရင် ဒီအကြောင်းလေး ပြောပြပေးလိုက်ပါဦးနော်။

𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 ကနေလည်း အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဒီလို 𝐀𝐧𝐢𝐦𝐚𝐥 𝐅𝐮𝐧 𝐅𝐚𝐜𝐭 လေးတွေ မျှဝေပေးသွားမှာမို့ စောင့်မျှော်ဖို့လည်း မမေ့ပါနဲ့ဦးနော်။

"သားသား၊ မီးမီးတို့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာ စိတ်ဝင်စားလာအောင် ဘယ်လိုမျိုး ပျိုးထောင်ကြမလဲ?" ✨ဖေဖေ၊မေမေတို့ရေ ချစ်ရတဲ့ သားသား၊မီးမီးလေ...
31/07/2026

"သားသား၊ မီးမီးတို့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာ စိတ်ဝင်စားလာအောင် ဘယ်လိုမျိုး ပျိုးထောင်ကြမလဲ?" ✨

ဖေဖေ၊မေမေတို့ရေ ချစ်ရတဲ့ သားသား၊မီးမီးလေးတွေကို 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာသင်ခိုင်းတဲ့အခါမှာ မဖြစ်မနေ လုပ်ရမယ့် အရာဆိုပြီး ဖိအားပေးတဲ့ ပုံစံမျိုးနဲ့ တိုက်တွန်းနေတုန်းလား?

မိဘက တိုက်တွန်းလို့ သင်ယူလေ့လာရတဲ့အခါ 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 တွေနဲ့မို့ လိုသလောက်၊ သင်ယူသလောက် မရလိုက်တဲ့အခါ သားသား၊မီးမီးတို့အတွက်လည်း အကျိုးမရှိသလို ဖေဖေ၊မေမေတို့လည်း စိတ်ညစ်ရနိုင်ပါတယ်။

𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 တွေ မပါပဲ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို ပျော်ပျော်ပါးပါးနဲ့ စိတ်ဝင်စားလာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ သိရဲ့လား? 🤔
မေမေတို့ ဖေဖေတို့ 𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 နဲ့အတူ သားသား၊ မီးမီးတို့ရဲ့ ကမ္ဘာလေးထဲကို ၀င်ပြီး 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို ဘယ်လို မှော်ဆန်ဆန် ပျိုးထောင်ကြမလဲဆိုတာ လေ့လာကြည့်ရအောင်နော်။ 🪄

🎵 သီချင်းလေးတွေနဲ့ ပျော်ကြမယ်
ကလေးတွေအနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 သီချင်းလေးတွေကို အတူတူ နားထောင်ပြီး လိုက်ဆိုကြတဲ့ အလေ့အကျင့်မျိုးက ပိုပြီး မြန်မြန်လေး နားလည်၊ စိတ်ထဲ စွဲနေစေပါတယ်။

🎬 ကာတွန်းကားလေးတွေနဲ့ ပျော်ရွှင်ကြမယ်
စိတ်ဝင်စားစရာကောင်းတဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 ကာတွန်းကားလေးတွေကို ကြည့်တဲ့အခါမှာ ဇာတ်လမ်းလေးတွေက ပျော်စရာကောင်းတော့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာသင်ယူနေရတယ်လို့ မထင်ရတာကြောင့် ငြီးငွေ့မှာ မဟုတ်တော့ပါဘူး။

🎮 ဂိမ်းလေးတွေနဲ့ စိန်ခေါ်ကြမယ်
သားသား၊မီးမီးတို့နဲ့ အတူတူ ဖေဖေ၊မေမေတို့ကလည်း ညဆို ပျော်စရာ 𝐆𝐚𝐦𝐞 လေးတွေ ကစားပြီး 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာနဲ့ နီးစပ်အောင်အပြင် 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐓𝐢𝐦𝐞 လေးလည်း ကုန်ဆုံးလို့ ရပါသေးတယ်။ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စကားလုံးလေးတွေ၊ ဝါကျလေးတွေ ပါတဲ့ ပျော်စရာ ဂိမ်းလေးတွေကို အတူတူ ကစားရင်းနဲ့ သင်ယူရတာ ပိုပြီး မှတ်မိလွယ်ပါတယ်။

📖 ပုံပြင်လေးတွေနဲ့ စိတ်ကူးယဉ်ကြမယ်
စိတ်ဝင်စားစရာကောင်းတဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 ပုံပြင်စာအုပ်လေးတွေကို ဖတ်မယ်ဆိုရင်လည်း 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 နဲ့ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 ကြွယ်ဝဖို့အတွက် ကွက်တိပါပဲ။ ဒါကြောင့် 𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 မှာလည်း အပတ်စဥ် သားသား၊မီးမီးတို့နဲ့ သင့်တော်တဲ့ စာအုပ်လေးတွေ ညွှန်းဆိုပေးလျက်ရှိပါတယ်။

အခုလို စိတ်ဝင်စားစရာ ကောင်းတဲ့ အလေ့အထလေးတွေက သားသား၊မီးမီးတို့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာနဲ့ ရင်းနှီးလာဖို့၊ စိတ်ဝင်စားလာဖို့အတွက် တံခါးပေါက်တစ်ခုပါပဲ။✨

သားသား၊ မီးမီးတို့အတွက် 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို ပိုပြီး စိတ်ဝင်တစားနဲ့ လေ့လာနိုင်အောင်လည်း 𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 မှာဆိုရင်
🧑‍🏫 အရည်အချင်းပြည့်ဝတဲ့ ဆရာ ဆရာမတွေ၊​
📚 စိတ်ဝင်စားစရာကောင်းတဲ့ သင်ရိုးညွှန်းတမ်းတွေ
🤝 အသက်အရွယ်တူတဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူနိုင်တဲ့ 𝐒𝐞𝐬𝐬𝐢𝐨𝐧 တွေနဲ့ အမြဲတမ်း အားပေးကူညီလျက် ရှိပါတယ်။

ကဲ… နှစ်သစ်ကစပြီး 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာနဲ့ ပျော်စရာကောင်းတဲ့ ခရီးတစ်ခုကို 𝐀𝐄𝐋𝐂 𝐊𝐢𝐝𝐬 မှာ စတင်လိုက်ကြစို့နော်။ 🚀






Address

Yangon
11051

Opening Hours

Monday 09:00 - 10:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959252585085

Alerts

Be the first to know and let us send you an email when AELC KIDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to AELC KIDS:

Shortcuts

Share