28/07/2025
Hello 🤗
မနေ့က BA အတွက် သိကို သိသင့်တဲ့ documents တွေကို လေ့လာရင်း တဆက်ထဲမှာ PM တွေ အတွက်ဆိုရင်ရော ဘယ်လို documents တွေက သိကို သိသင့်တာလဲ ဆက်လက် လေ့လာကြရအောင်။
🧾 PM တစ်ယောက် သိထားရမည့် Main Documents များ
PM တယောက် အတွက်တော့ phase 5 ခုလုံးမှာ document skill က လိုအပ်ပါတယ်။
ကဲ အောက်မှာ ဘယ် phase မှာ ဘယ် documents skill တွေ လိုလဲ အသေးစိတ် ဆက်လေ့လာ ရအောင်
♦️ Initiation Phase♦️
Project Charter
➡ Project ရဲ့ official approval document ဖြစ်ပြီး Project objectives, timeline, stakeholders, authority levels ပါဝင်ပါတယ်။
Business Case
➡ Project ကို ဘာကြောင့်လုပ်တာလဲ? Return on Investment (ROI), Risks vs Benefits တို့ဖော်ပြပါတယ်။
Stakeholder Register
➡ Project ကို impact ပေးမယ့် လူတွေအားလုံးရဲ့ name, role, influence, communication needs တို့ပါဝင်ပါတယ်။
♦️Planning Phase ♦️
Project Management Plan (Master Plan)
➡ Scope, Time, Cost, Risk, Quality, Resource, Communication, Procurement စတာတွေအားလုံး ပါဝင်တဲ့ main plan ဖြစ်ပါတယ်။
Work Breakdown Structure (WBS)
➡ Project ကို manageable tasks ပုံစံဖြင့် ခွဲခြားထားတာပါ။
Schedule Plan / Gantt Chart
➡ Timeline, Task Dependencies, Milestones တွေကိုဖော်ပြပါတယ်။
Resource Management Plan
➡ Human + Non-human resources allocation
Risk Management Plan
➡ Risks တွေကို ရှာဖွေ၊ အကဲဖြတ်၊ Mitigation plan ပြုလုပ်ထားပါတယ်။
Communication Management Plan
➡ ဘယ်သူ့ကို ဘယ်အချိန်မှာ ဘယ် format နဲ့ Communicate မလဲ ဆိုတာရေးထားပါတယ်။
Quality Management Plan
➡ Deliverables quality ကိုထိန်းချုပ်ဖို့ plan ပါ။
Procurement Plan (if vendors involved)
➡ External buying / contracting related info.
♦️ Ex*****on Phase♦️
Kick-Off Meeting Agenda & MOM
Status / Progress Reports
Issue Log
➡ Ongoing problems, owners, and action taken
Change Request Form
➡ Scope or timeline change လုပ်မယ်ဆိုရင် ပြုလုပ်တယ်။
♦️ Monitoring & Controlling♦️
Performance Reports – (Planned vs Actual)
Change Log
Risk Register (Updated)
Quality Reports / Audit Findings
♦️ Closing Phase♦️:
Project Closure Report
➡ Overall performance, achieved vs planned
Lessons Learned Document
➡ ဘာအောင်မြင်သလဲ၊ ဘာမအောင်မြင်လဲ၊ ဘာတွေ သတိထားသင့်သလဲ
Final Handover Document / Acceptance Form
📌 Optional – PM Perfect ဖြစ်ဖို့ သိထားသင့်တဲ့ Extra 5 Docs
RACI Matrix – Role clarity (Responsible, Accountable, Consulted, Informed)
SLA/OLA – Service & Operational Level Agreements
SOP – Standard Operating Procedure
Dependency Log – Critical Path / Dependencies
Project Budget Tracker (Excel or Tool)
🧠 တချို့ documents တွေကတော့ ကိုယ်လုပ်နေတဲ့ organization, project type, methodology ပေါ် မူတည်ပြီး documents 22 လုံး အကုန်သုံးစရာ မလိုပါဘူး။
ဒါပေမဲ့ PM တယောက် အနေနဲ့ အောက်ပါ documents 5 ခုကို တော့ မည်သည့် organization မှာ မဆို အသုံး ပြုရမှာ ဖြစ်ပါတယ်။
1. Project Charter
2. Project Management Plan
3. Work Breakdown Structure (WBS)
4. Project Schedule/ Timeline (Gantt Chart)
5. Status/ Progress Report
မနက်ဖြန်မှာတော့ BA/PM Docs တစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်နဲ့ Template အကြောင်းကို ဆက်လက်မျှဝေသွားမှာဖြစ်လို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။