H-private Special English Class

H-private Special English Class Special English Classes for young learners! From Grade -2 To Grade-10🎓
You can join These classes☘️
"Textbook/Grammar/Four Skills"

ဆရာ/ ဆရာမ က ဘယ်လောက်သင်သင်ဘယ်လို Plan ပေးပေး ကျောင်းသား/သူက မလုပ်ရင် ဘာမှအရာမထင်ပါဘူး။ကျူရှင်ဘယ်နှစ်ခုတက်တက်Guide ဘယ်နှစ...
19/08/2026

ဆရာ/ ဆရာမ က ဘယ်လောက်သင်သင်
ဘယ်လို Plan ပေးပေး ကျောင်းသား/သူက
မလုပ်ရင် ဘာမှအရာမထင်ပါဘူး။

ကျူရှင်ဘယ်နှစ်ခုတက်တက်
Guide ဘယ်နှစ်ယောက်ခေါ်ခေါ်
အရာအားလုံး ပလုံပါဘဲ။

Theory တွေသင်တယ်
Notes တွေ ရေးပေးတယ်
Highlight တွေ လုပ်ပေးတယ်
အထပ်ထပ်ရှင်းတယ်
အကြိမ်ကြိမ်ပြောတယ်
ပါးစပ်က အမြှပ်ထွက်အောင်ပြောတယ်
နားထဲဝင်အောင် ဖန်တရာထေပြောတယ်
ဘယ်လိုပြောပြော ဘယ်လောက်ပြောပြော
ဆရာသင်ပြီးလို့ စာအုပ်ပြန်လှန်မကြည့်ရင်
အဲ့ကျောင်းသားက သူနဲ့တန်သလောက်ပဲရမယ်။

ဒီနေ့သင်လိုက်တယ်
အိမ်ရောက်ရင် လွယ်အိတ်မဖွင့် စာအုပ်မလှန်ဘဲ
နောက်နေ့ပြန်လာခါနီးမှ
မနေ့ကလွယ်အိတ်ကောက်လွယ်ခဲ့ရင်
မနေ့ကဟာ ဘယ်လောက်နားလည်ခဲ့ပါစေ
နှလုံးသားမှာ ကြာရှည်မစွဲမြဲဘူး။

ဦးနှောက်နဲ့ နားလည်တာကို
စိတ်မှာစွဲအောင်မလုပ်ရင်
မင်းမှာ ဗလာနတ္ထိ စမ်းမကြည့်နဲ့
အားလုံး သုည Workdone zero ပဲ ရမယ်။

စွဲမြဲအောင် မလေ့လာ
မှတ်မိအောင် မကျက်မှတ်ရင်
မင်းရဲ့ ဉာဏ် မိုးပျံအောင်ကောင်းနေပါစေ
မင်းက အောင်တဲ့အဆင့်မှာ ရပ်သွားမယ်။
မင်းက ဉာဏ်ရည်အားနည်းရင်
ရှုံးတဲ့အဆင့်ကိုရောက်သွားမယ်။

ပလိုင်းပေါက်နဲ့ ဖားကောက်သလို
ခြင်းကြားနဲ့ ရေသယ်သလိုဖြစ်မယ်
အချိန်ကုန်လူပင်ပန်းတာကလွဲလို့
ကျန်တာ ထွေထွေထူးထူးမရှိဘူး။
ပိုးကြိုးတွေသာ အခွေခွေကုန်မယ်
ဘယ်သောခါမှ စောင်းတီးဖို့တတ်မှာမဟုတ်ဘူး။

အဲ့တော့ မိဘ ဘယ်လောက်ရစေချင်ချင်
ဆရာ ဘယ်လောက်နားလည်အောင်သင်သင်
ဆရာ ဘယ်လောက်စေတနာထားထား
ကျောင်းသားမှာ ရချင်စိတ်နဲ့ လုပ်ချင်စိတ်မရှိရင်
မဖြစ်ထွန်းတာသေချာနေပြီမို့လို့
ဘာမှမမျှော်လင့်ပါနဲ့တော့။



လေးစားရပါသော ဖေဖေ မေမေတို့ရှင့်သင်တန်းစဖွင့်ကတည်းက အခုအချိန်ထိကျွန်မတို့ တာဝန်ယူသင်ပြပေးနိုင်တဲ့ကျောင်းသားဦးရေ ပမာဏသာ လ...
18/08/2026

လေးစားရပါသော ဖေဖေ မေမေတို့ရှင့်

သင်တန်းစဖွင့်ကတည်းက အခုအချိန်ထိ
ကျွန်မတို့ တာဝန်ယူသင်ပြပေးနိုင်တဲ့
ကျောင်းသားဦးရေ ပမာဏသာ လက်ခံပါတယ်။

ထို့ကြောင့်
လက်ရှိ ကျွန်မတို့တာဝန်ယူသင်ကြားနေသော
ကျောင်းသားများ မည်သူတစ်ဦးတစ်ယောက်မှ
လစ်ဟင်းမှုမရှိစေရန်အတွက် ..

ဒီကာလမှာ ကျောင်းသားသစ် ထပ်မံလက်ခံခြင်း
မရှိသေးပါကြောင်း စုံစမ်းနေသော မိဘများအားအားနာစွာ ပြော​လိုက်ပါရစေရှင်😌

တစ်ဖက်မှာလည်း...ခွင့်မဲ့ပျက်ခြင်း
အကြောင်းပြန်ခြင်း တစ်စုံတစ်ရာမရှိဘဲ
​ပျက်လိုက်..တက်လိုက်...နားလိုက်..ဝင်လိုက်..
ထွက်လိုက်... လုပ်နေသော
ကျောင်းသားဟောင်းများကိုလည်း
ထပ်မံ အဝင်လက်ခံခြင်း မပြုတော့ပါကြောင်း
ပြတ်သားစွာ ပြောလိုက်ပါရစေရှင်🙂

Tr.Hnin🎓


အုပ်ထိန်းသူမိဘများရှင့်...📣၂.၈.၂၆ တနင်္ဂနွေနေ့ မှ ပြန်လည်တတ်ရောက်ရပါမယ် နော်🍀
30/07/2026

အုပ်ထိန်းသူမိဘများရှင့်...📣

၂.၈.၂၆ တနင်္ဂနွေနေ့ မှ ပြန်လည်တတ်ရောက်
ရပါမယ် နော်🍀

၂၉.၇.၂၆ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏ဖြစ်သောကြောင့် သင်တန်းပိတ်ပါတယ်ရှင်။၂.၈.၂၆ တနင်္ဂနွေနေ့မှ အတန်းများအားလုံးပြန်လည်...
27/07/2026

၂၉.၇.၂၆ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏
ဖြစ်သောကြောင့် သင်တန်းပိတ်ပါတယ်ရှင်။

၂.၈.၂၆ တနင်္ဂနွေနေ့မှ အတန်းများအားလုံး
ပြန်လည်တတ်ရောက်ပေးရပါမယ်ရှင့်🍀


24/07/2026

I'll call Them🤙



22/07/2026

Why're you so Late🕶?



21/07/2026

How was your School Day 🎒?



20/07/2026

What're you Thinking 🤔?


18/07/2026

When's your Exam📅?




17/07/2026

Shake a Leg...👟👟



Address

Aung Za Ya Street
Yangon

Telephone

+959452046502

Website

Alerts

Be the first to know and let us send you an email when H-private Special English Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category