Cypress Education Center

Cypress Education Center

Share

Maths Center, exclusively offers group classes, fostering a collaborative learning environment.

18/01/2026

"𝐂𝐈𝐄 𝟐𝟎𝟐𝟔 𝐌𝐚𝐲 𝐓𝐚𝐫𝐠𝐞𝐭 𝐂𝐥𝐚𝐬𝐬"

ဒီအတောအတွင်း တီချယ်တို့ Page လေး ပျောက်နေတာကို သတိထားမိကြလားနော်...တီချယ့်ရဲ့ Study Abroad ခရီးစဉ်တွေနဲ့ Time Zone ကွာခြားမှုတွေကြောင့် အတန်းသစ်လက်ခံထားတာတွေကို ခေတ္တရပ်နားခဲ့တာပါ။ အခုမှာတော့ Time Zone ကွာပေမဲ့ Checkbox ကနေ လာမေးထားကြသူတွေများတာကြောင့် အတန်းတွေကို ပြန်လည်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ 𝟐𝟎𝟐𝟔 𝐌𝐚𝐲 𝐓𝐚𝐫𝐠𝐞𝐭 အတွက် 𝐂𝐈𝐄 (3) လပြတ်သင်တန်းလေးအကြောင်းကို မိတ်ဆက်ပေးပါရစေရှင်။ 🔽

ဒီအတန်းမှာတော့ 𝐂𝐈𝐄 𝐀𝐦𝐚𝐭𝐡𝐬 နဲ့ 𝐄𝐦𝐚𝐭𝐡𝐬 ရဲ့ 𝐏𝐚𝐬𝐭𝐩𝐚𝐩𝐞𝐫 တွေကို အနီးကပ် 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်ပေးရင်း လိုအပ်တဲ့ 𝐍𝐨𝐭𝐞𝐬 တွေပါ ပေးသွားမှာ ဖြစ်ပါတယ်။

𝐏𝐚𝐬𝐭𝐩𝐚𝐩𝐞𝐫 အစုံလိုက်တွေကို အဓိကလေ့ကျင့်သွားမှာဖြစ်ပြီး 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်နေရင်း မသိတဲ့စာတွေ၊ နားမလည်တဲ့ Topic တွေ ပါရင် တစ်ခါတည်း လိုက်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီအတန်းလေးက Exam အတွက် ဘယ်နေရာကို ပြင်ဆင်ဖို့လိုသေးလဲဆိုတာ သိနိုင်အောင် ရည်ရွယ်တဲ့အတွက် Course ပြတ်ထားတဲ့ Student တွေနဲ့ပဲ ပိုသင့်တော်ပါလိမ့်မယ်နော်။

𝐂𝐥𝐚𝐬𝐬 𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 ကတော့ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲, 𝐌𝐚𝐫𝐜𝐡, 𝐀𝐩𝐫𝐢𝐥 (၃) လပြတ်အတန်းဖြစ်ပါတယ်။ Students တွေကိုတော့ (10) ယောက်အထိပဲ လက်ခံသွားမှာ ဖြစ်တဲ့အတွက် အမြန်ဆုံး လာအပ်နှံဖို့ တိုက်တွန်းလိုက်ပါတယ်။‼️

𝐅𝐞𝐞 ကိုလည်း (၂) ဖြတ်သွင်းလို့ရအောင် စီစဉ်ပေးထားတာကြောင့် 𝐅𝐞𝐞 နဲ့ 𝐓𝐢𝐦𝐞𝐭𝐚𝐛𝐥𝐞 ကို
အသေးစိတ်သိရအောင် Page Messager မှာ တီချယ်နဲ့ တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်ရှင်။ 💖

𝟐𝟎𝟐𝟔 𝐎𝐜𝐭 𝐓𝐚𝐫𝐠𝐞𝐭 အတန်းလည်း ဖွင့်ဖို့ ရှိတာကြောင့် စောင့်မျှော်ပေးကြပါဦးရှင်။ ✨

12/10/2025



တီချယ်လက်ရှိရောက်ရှိနေတဲ့ နေရာနဲ့ မြန်မာနိုင်ငံကြားမှာ အချိန်ကွာဟမှုများပြားတာကြောင့် သင်တန်းလေးကို ပြောင်းလဲဖွင့်လှစ်ရတဲ့အကြောင်း အသိပေးကြေငြာလိုပါတယ်။

သင်တန်းပုံစံပြောင်းလဲခြင်း

ယခင်သင်ကြားခဲ့တဲ့ Online Zoom Group Class များအစား Online Video Class (Recorded Video) များအဖြစ် ပြောင်းလဲဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
Record video class fee ကတော့ fair and affordable price ဖြစ်ပါတယ်ရှင်။

One-on-One Class အတွက် အထူးအစီအစဉ်
တီချယ်နဲ့ တိုက်ရိုက်သင်ယူလိုသူလေးများအတွက် One-on-One Class ကိုလည်း စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

One on one class သင်တန်းကြေး : တစ်နာရီလျှင် ၁၂ ယူရို ဖြစ်ပါတယ်။

ငွေလွှဲနည်း: Foreign Currency (euro) ဖြင့် လွှဲအပ်နိုင်သလို၊ မြန်မာငွေ (mmk) ဖြင့်လည်း လွှဲအပ်နိုင်ပါတယ်။

Mmk နှင့်ငွေလွှဲလိုသူ ကလေးများအနေဖြင့် currency exchange ကို western Union မှကြည့်ရှူလို့ရပါတယ်။

တီချယ်နဲ့အတူ အချိန်ညှိနှိုင်းပြီး one on one သင်ယူလိုတဲ့သူလေးများ အနေနဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

သင်တန်းလေးမှ ကလေးများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

02/10/2025

(မြှောင်‌တောင်ပြောနေပြီ)

နှစ်ကုန်ဖို့ ၃လတောင် မလိုတော့ဘူးဆိုတော့ အခုချိန်က လုပ်သင့်တဲ့အရာတွေကို စလုပ်ထားဖို့အတွက် အချိန်ကောင်းပါပဲနော်။ 🤓

နောက်နှစ်တွေမှာ IGCSE Target ထားတဲ့ ကလေးတွေ Preparation ပဲလုပ်မလား၊ စာမေးပွဲမှာ ဘယ် Topic မဆိုပိုင်နိုင်ပြီး အမှတ်များများရဖို့ အခုကတည်းက ဆက်တိုက် Practice တွေလုပ်မလား။ ဘယ်လိုပဲလုပ်လုပ် တီချယ်တို့ Cypress Education ကနေ ဒီအတန်းတွေကို ဖွင့်လှစ်ထားတဲ့အတွက် တက်ရောက်ချင်သူတွေက အောက်မှာပေးထားတဲ့ အတန်းလင့်တစ်ခုချင်းစီတိုင်းကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။

ဒါမှမဟုတ်လည်း Page Messenger မှတဆင့်လည်း တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 💝

🕵🏻‍♂️ အတန်းချိန်တွေတိုက်နေပြီး မအားလပ်လို့ စိတ်ရှုပ်မခံပါနဲ့။ နေရာ၊ အချိန်အခါမရွေး စိတ်တိုင်းကျ စာလေ့လာသင်ယူနိုင်မဲ့ အခွင့်အရေး 👇🏻
https://www.facebook.com/share/p/1Cyqa8qeBG/

🕵🏻‍♂️ 2026 Target အမီ Exam Preparation ‌အတွက် CIE အတန်းများ 👇🏻
https://www.facebook.com/share/p/1FbR34ZCsL/

🕵🏻‍♂️ 2026 Target သမားများအတွက် ဖွင့်လှစ်ပေးထားတဲ့ Edexcel အတန်းများ 👇🏻
https://www.facebook.com/share/p/18zGJuJXLF/

✨ You can also check Students' Feedback or Parents' Review via this link 👇🏻
https://www.facebook.com/share/p/17PdJhTenf/

01/10/2025

October Quote 🍂

Hello October.....ဆောင်းဦးကာလ October လလေးထဲမှာ အားလုံးပဲ ကျန်းမာ၊ ပျော်ရွှင်ပြီး လိုရာဆုတောင်းများ ပြည့်ဝကြပါစေ။ လာဘ်ရွှင်ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပြီး ပညာရေးနဲ့ စာမေးပွဲကိစ္စတွေမှာလည်း ချောချောမွေ့မွေ့နဲ့ အောင်မြင်တိုးတက်ကြပါစေလို့ စကားလက်ဆောင်ပါးလိုက်ရပါတယ်။ 💝

29/09/2025

Percentage ပုစ္ဆာကို လိုက်တွက်ကြည့်ကြမယ်။ ✍🏻

ဒီနေ့ Video လေးထဲမှာတော့ Percentage ပုံစံတွေမှာ မေးတတ်တဲ့မေးခွန်းပုံစံလေးကို အဆင့်ဆင့်ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလေး တွက်ပြပေးထားတာမို့ အတူတူလိုက်တွက်ကြည့်ရအောင်နော်။ 🙋🏻‍♂️

ဒီလိုမျိုး သင်္ချာပုစ္ဆာတွေကို Video လေးတွေနဲ့ အချိန်မရွေး၊ နေရာမရွေး ‌အကန့်အသတ်မရှိ လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့်ကနေတဆင့် Video Class လေးတွေကို Join လို့ရပါတယ်နော်။ 👇🏻

https://www.facebook.com/share/p/1ETKCieZaZ/

27/09/2025

အတန်းချိန်ချည်း သီးသန့်ပေးစရာမလိုဘဲ အချိန်အခါ၊ နေရာမရွေး စာလေ့လာသင်ယူချင်တဲ့သူတွေအတွက် Video Class လေးတွေ ဖွင့်လှစ်ထားကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်။ 💁🏻‍♀️

💎 2026 May Target
💎 2026 Oct Target
💎 2027 May Target တို့အတွက် အတန်း Video လေးတွေကို တင်ပေးထားပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာ Topic 3ခု၊ 4ခုစာ Package အလိုက်လည်း တက်ရောက်နိုင်ပါတယ်။

ဒီ Video Class တွေမှာ Textbook ထဲက သင်ခန်းစာတွေတင်မကဘဲ စာမေးပွဲအတွက် ဘယ် Topic မဆိုပိုင်နိုင်နေအောင် Pastpaper တွေလည်း လေ့ကျင့်ပေးတာဖြစ်တဲ့အတွက် စာတကယ်ကြိုးစားချင်တဲ့ကလေးများကို ကြိုဆိုပါတယ်ရှင်။ ဒါ့အပြင် တီချယ်က Textbook File တွေကိုလည်း မျှဝေပေးသွားပါမယ်နော်။

ဒီ Video Class တွေကို တက်ရောက်ရန်ရည်ရွယ်ချက်ရှိတဲ့ ကလေးတွေအနေနဲ့ သိထားရမဲ့အချက်တွေကတော့ ⤵️

❗ အတန်းအပ်တဲ့အခါ Student ID ကို ကျိန်းသေပေါက် ပြပေးရပါမယ်။

📌 မိဘနဲ့ဆက်သွယ်ဖို့ Viber or Telegram No. များလည်းပေးထားဖို့ လိုအပ်ပါတယ်။

📌 Exam target ဝေးလေလေ Past Paper Practice ‌တွေ များများလုပ်ရမှာဖြစ်ပါတယ်။

📌 Video Class ဖြစ်ပေမဲ့ အတန်းပုံမှန်တက်ရတဲ့ခံစားချက်လေးဖြစ်အောင် Video တွေကိုကြည့်ပြီး Topic အလိုက်ပုံမှန်တွက်ထားတာတွေကို တီချယ့်ဆီပြန်ထပ်ပေးရပါမယ်။

📌 အကယ်၍ ကျောင်းမှာ Exam ရှိလို့ ထပ်ရမဲ့စာတွေ နောက်ကျခဲ့သည်ရှိသော် တီချယ့်ကိုအကြောင်းကြားပေးထားရပါမယ်။

💎 Fee ကတော့ Monthly Paid ဖြစ်ပြီး Target ဝေးလေ Fee Amount လျော့သွားနိုင်ပါတယ်။

အတန်းတွေရဲ့ အသေးစိတ်အချက်အလက်များကိုတော့ Chatbox မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။ 💞

📌 Students' Results, Parent Review, Student' s Feedback တွေကို အောက်က link ထဲဝင်ကြည့်ပြီး ကြည့်ရှူလို့ရပါတယ်ရှင် 👀

https://www.facebook.com/share/p/1GfCb6x5Bq/

In person Online Class များလည်း ဖွင့်လှစ်ထားတာကြောင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

22/09/2025

"Show Recommendation For Students"

စာချည်းပဲလုပ်နေရတာ ပျင်းဖို့လည်းကောင်းပြီး ဦးနှောက်လည်း ခြောက်တယ်။ ခဏနားတဲ့အချိန်မှာတော့ စိတ်အပန်းပြေအောင် ရုပ်ရှင်လေးတွေ၊ Show လေးတွေကြည့်ချင်ပေမဲ့ အချိန်ကုန်သွားမှာလည်းစိုးရိမ်နေတဲ့သူလေးတွေအတွက် Show လေးတစ်ခုကို ညွှန်းပေးချင်ပါတယ်နော်။ 💁🏻‍♀️

Show လေးရဲ့ Title ကတော့ "University War" ခေါ် (Elite League) လို့သိထားကြပြီး Korean Survival Show ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ သူက Season 2 ခုထွက်ထားပြီး စစထွက်တဲ့နှစ် (2023) ကတည်းက နိုင်ငံတကာမှာ အရမ်းနာမည်ကြီးခဲ့တဲ့အပြင် ဒီ Show ကိုကြည့်ပြီးသူတိုင်းက စာလုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်ဆိုပြီး Feedback တွေလည်းရခဲ့ကြပါသေးတယ်။ 👀

ဒီ Show လေးမှာ‌တော့ Korea ရဲ့ ထိပ်တန်းတက္ကသိုလ်တွေက လက်ရွေးစင်ကျောင်းသားတွေဟာ သူတို့ရဲ့ ဦးနှောက်ဉာဏ်စွမ်းအားတွေ၊ နည်းဗျူဟာတွေ၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ တွက်ချက်နိုင်စွမ်းတွေကို အသုံးချပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာဖြစ်ပါတယ်။ တက္ကသိုလ်ကိုယ်စားပြု ယှဉ်ပြိုင်ရတာ ဖြစ်တဲ့အတွက်လည်း အားလုံးက ကိုယ့်တက္ကသိုလ်ရဲ့ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့ ပြိုင်ပွဲမှာ အဆုံးထိ တခဲနက်ကြိုးစားကြပုံကို ကြည့်ရင်း Motivation တွေလည်း အများကြီးရစေပါတယ်။ 💡

ပုံမှန် Show တွေလို ဒီတိုင်းထိုင်ကြည့်ရုံတင်မကဘဲ သူတို့နဲ့အတူတူ သင်္ချာပုစ္ဆာတွေ လိုက်တွက်ကြည့်တာ၊ Puzzle တွေလိုက်ဖြေတာနဲ့တင် စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းပါတယ်။ ဒါကြောင့် ဗဟုသုတလည်းရ၊ Entertaining လည်းဖြစ်စေပြီး ကိုယ့်ရဲ့ ဉာဏ်စွမ်းရည်ကိုပါ စမ်းသပ်ကြည့်ချင်တယ်ဆို ဒီ Show လေးက အသင့်တော်ဆုံး ဖြစ်မှာပါနော်။ ☑️

19/09/2025

ငါတို့တွေ ဘယ်သင်္ချာစာမေးပွဲမှာ လွဲခဲ့ကြတာလဲ။ 😔

(ပုံကိုနှိပ်ပြီး ကြည့်ပေးပါ)


17/09/2025

"စာမေးပွဲမှာ အာရုံစူးစိုက်နိုင်ဖို့ ဘာတွေလုပ်ရမလဲ" ❓

စာမေးပွဲအခန်းထဲဝင်တိုင်း စိတ်လှုပ်ရှားရလွန်းလို့ ကျက်ထားတဲ့စာတွေတောင် မေ့ကုန်တာမျိုး ဖြစ်ဖူးကြလား။ ဒီလိုနဲ့ပဲ အာရုံစူးစိုက်မှုတွေမရှိတော့လို့ သေချာမတွေးတောနိုင်တော့ဘဲ မလျော့သင့်တဲ့အမှတ်တွေ လျော့ကုန်တာမျိုး ဖြစ်လာတာပေါ့။ 🤷🏻‍♀️

ဒါကြောင့် စာမေးပွဲဖြေတဲ့အခါ မလိုလားအပ်တဲ့ အတွေးချော်မှုတွေမဖြစ်ဘဲ စာတွေကို အာရုံစူးစိုက်နိုင်အောင် လေ့ကျင့်လို့ရမဲ့ နည်းလမ်းတွေကို အခုပြောပြပေးသွားပါမယ်‌နော်။ 🙋🏻‍♂️

1️⃣ Preparation ကို ကျွမ်းကျင်အောင်လုပ်ပါ။

အာရုံစူးစိုက်မှုဆိုတာ ချက်ချင်းလေ့ကျင့်ပြီး ရသွားတာမျိုးမဟုတ်တာကြောင့် ကိုယ့်မှာ Exam Preparation အဆင့်ကတည်းက သေချာပြင်ဆင်ထားလေ စာမေးပွဲကြီးအတွင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေလေ ဖြစ်ပါတယ်။ Pastpaper တွေ၊ Practice file တွေကို အပြန်အလှန်လေ့ကျင့်ခြင်းဟာလည်း ကိုယ့်ရဲ့ တွေးခေါ်ဉာဏ်ကောင်းဖို့ အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။

2️⃣ Comfort Zone ကရုန်းထွက်ပါ။

စာလုပ်တဲ့အခါ ကိုယ့်အတွက်လုံလောက်ပြီဆိုတာမျိုး တထစ်ချယုံကြည်မှုမထားပါနဲ့။ ကိုယ့်ရဲ့အသိပညာကို ဖြည့်တင်းဖို့ အမြဲတမ်းလေ့လာနေရမှာဖြစ်ပါတယ်။ Comfort Zone မှာပဲ ပိတ်မိနေပြီး အချိန်ဆွဲတာ၊ ပျင်းတာ၊ စာမလုပ်ချင်တာမျိုး ဆက်တိုက်ဖြစ်နေရင်တော့ စာမေးပွဲအခန်းထဲမှာလည်း စာဖြေဖို့ အာရုံစူးစိုက်နိုင်မှာ မဟုတ်တော့ပါဘူး။ နောက်ပြီး Stress တွေကြားထဲမှာ ကိုယ်လုပ်ရမဲ့အရာတွေ ပြီးမြောက်အောင်လုပ်နိုင်ဖို့ Challenge တွေလည်း ခေါ်သင့်ပါတယ်။

3️⃣ စိတ်အနှောင့်အယှက်ဖြစ်စရာများကို ဖယ်ရှားပစ်ပါ။

စာလုပ်ချိန်တန်သော်လည်း Message လေးတစ်စောင် ဝင်တာနဲ့ Reply ပြန်ပေးရတာမျိုး၊ Notification ဝင်လာရင် နှိပ်ကြည့်ရတာမျိုး လုပ်နေရင်တော့ စာကဘယ်တော့မှ မလုပ်ဖြစ်တော့ပါဘူး။ ဒီအခြေအနေမျိုးဟာလည်း စာမေးပွဲခန်းအတွင်း အာရုံပျံ့နှံ့မှုလွယ်တဲ့ အမူအကျင့်ကို ပြသနေတဲ့အတွက် ဒါကိုပြုပြင်ဖို့ အထူးလိုအပ်ပါတယ်။

4️⃣ အိပ်ချိန်မှန်မှန်၊ စားချိန်မှန်မှန် ဂရုပြုပါ။

အာရုံမစူးစိုက်နိုင်ဘူးဆိုတာ အာရုံကြောပြဿနာတစ်မျိူးဖြစ်တာကြောင့် ကိုယ်က ကျန်းမာရေးကိုလိုက်စားဖို့ အရေးကြီးပါတယ်။ အိပ်ချိန်ဆိုလည်း နေ့စဉ် 7-8 နာရီလောက် အိပ်ရေးဝအောင် အိပ်သင့်ပြီး၊ အစားအသောက်ကိုလည်း Nutrition သင့်တင့်အောင် စားသုံးဖို့လိုအပ်ပါတယ်။ စာမေးပွဲဖြေခါနီး စာကိုမနားမနေလုပ်ခြင်းက ဦးနှောက်ကိုအနားမပေးသလိုမျိုး ဖြစ်စေတာကြောင့် နီးကပ်မှ အလွန်အကျွံလုပ်တာထက် ပုံမှန် Study Plan အတိုင်းလေးလုပ်သွားတာက ပိုထိရောက်ပါတယ်။

5️⃣ စာလေ့လာတဲ့ ပတ်ဝန်းကျင်ကို ကောင်းမွန်အောင်ထားပါ။

စာလေ့လာတာကို အနှောင့်အယှက်ဖြစ်စေတာ ပတ်ဝန်းကျင်ကအရာတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် ဆူညံပြီး ရှုပ်ပွနေတဲ့ နေရာတွေမှာ စာလေ့လာဖို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ မတတ်သာဘူးဆိုရင်လည်း တစ်ယောက်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောပြီး တိတ်ဆိတ်နေခိုင်းလို့ရသလို အပြင်မှာအေးဆေးစာလုပ်နိုင်တဲ့ Library တို့၊ Café တို့ဆီလည်း သွားရောက်နိုင်ပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်က လင်းထိန်နေတဲ့အခါ စာလုပ်ချင်စိတ်ကို တိုးမြှင့်ပေးသလို ဖြစ်တာကြောင့် အလင်းကောင်းကောင်းရပြီး ရှင်းလင််းတဲ့အခန်းတွေမှာ စာလုပ်တာအကောင်းဆုံးပါပဲ။

အာရုံစူးစိုက်မှုဆိုတာ ခဏအတွင်း လေ့ကျင့်ရယူတာမျိုး မဖြစ်နိုင်တာကြောင့် အချိန်ရတုန်းလေး စာမေးပွဲအတွင်း အလွဲအချော်မဖြစ်ရလေအောင် Preparation ကို အားစိုက်ထုတ်ဖို့ အကြံပေးချင်ပါတယ်။ ဒါဆိုရင်တော့ အခုပြောပြသွားတဲ့ နည်းလမ်းတွေကို လိုက်လုပ်ကြည့်ရင်း စာမေးပွဲအတွင်း အာရုံစူးစိုက်မှုကောင်းပြီး အကောင်းဆုံးဖြေဆိုနိုင်ပါစေလို့ ဆု‌တောင်းပေးလိုက်ပါတယ်နော်။ ✨

📌 အချိန်အခါ၊ နေရာမရွေး စာသင်ယူနိုင်တဲ့ Video Class များ

🖇️https://www.facebook.com/share/p/1ETKCieZaZ/

11/09/2025

"Mathematical Literacy ဟာ ဘာလို့အရေးကြီးတာလဲ"

သင်္ချာဆိုတာ နေရာတိုင်းမှာရှိပါတယ်။ နေ့စဉ်သုံး စာရင်းတွက်ခြင်းအပြင် သင်ရိုးထဲမှာလည်း ဘယ်အတန်းမဆို သင်ယူရတဲ့ ပညာရပ်တစ်ခုအနေနဲ့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ သင်္ချာဆိုတဲ့စကားကြားတာနဲ့တင် ခေါင်းကိုက်သလိုလို၊ စိတ်ရှုပ်သွားသလိုတွေ ဖြစ်တာကို တွေ့ဖူးကြမှာပါ။ ဒါကိုကြည့်ခြင်းဖြင့် Mathematical Literacy ဆိုတာ ဘယ်လောက်အရေးပါလဲဆိုတာကို သိနိုင်ပါတယ်နော်။ 💁🏻‍♀️

Mathematical Literacy ဆိုတာဘာလဲ။ ❓

သင်္ချာပညာရပ်ကို ကျွမ်းကျင်တတ်မြောက်မှု ဖြစ်ပါတယ်။

📍Calculation အပိုင်းနဲ့ Concept တွေကို ထဲထဲဝင်ဝင်နားလည်နိုင်ရမယ်။
📍ပုစ္ဆာတွက်တဲ့အခါ Logical ကျကျတွေးတတ်ရမယ်။
📍ပြဿနာတွေဖြေရှင်းတဲ့အခါ Critical ကျကျ ပြန်ပြီးအသုံးချနိုင်မယ်။
📍လက်တွေ့ဘဝမှာလည်း Statistics တွေ၊ Graph တွေဖတ်နိုင်ရမယ်။
📍 Mathematical Language ထဲက နံပါတ်တွေ၊ ကိန်းဂဏန်းတွေ၊ စာလုံးတွေကို အဓိပ္ပာယ်ကောက်နိုင်ရမယ်။

ဒီလို စွမ်းရည်တွေကတော့ Mathematical Literacy ရဲ့ အခြေခံအကျအဆုံး အချက်တွေပဲဖြစ်ပါတယ်။

Mathematical Literacy ကောင်းကောင်းရှိထားတဲ့အခါ လက်တွေ့ဘဝမှာလည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ၊ အကောင်းအဆိုးသိမြင်ပြီး ဆုံးဖြတ်ချက်တွေချတဲ့အခါ၊ ငွေကြေးပိုင်းတွေကို စီမံခန့်ခွဲတဲ့အခါ၊ သဘာဝဖြစ်စဉ်တွေကို ခန့်မှန်းတဲ့အခါ စသဖြင့် အထောက်အကူပြုပေးပါတယ်။ 🙌🏻

ဒါကြောင့် Mathematical Literacy ဟာ စာမေးပွဲမှာရတဲ့ အမှတ်အနည်းအများနဲ့မဆိုင်ဘဲ နားလည်တတ်ကျွမ်းမှုကိုသာ အဓိကရည်ညွှန်းတာဖြစ်ပါတယ်။ 👨🏻‍🏫

📌 အချိန်အခါ၊ နေရာမရွေး စာသင်ယူနိုင်တဲ့ Video Class များ
🖇️https://www.facebook.com/share/p/1ETKCieZaZ/

08/09/2025

"Logarithm ပုစ္ဆာလေးတွေ တွက်ကြည့်ရအောင်"

ဒီနေ့ Video လေးကနေ CIE Textbook ထဲက Logarithm ပုစ္ဆာတိုလေးတွေကို တီချယ်နဲ့အတူ လိုက်တွက်ကြည့်ပါဦးနော်။

📍"စာသင်ရင် တစ်ခါတည်းသင်ရတာ အားမရဘူး၊ ထပ်ခါထပ်ခါ သင်ပါများမှ သေချာနားလည်တယ်" ဆိုတဲ့သူတွေအတွက် ပြန်လှန်လေ့လာနိုင်မဲ့ Video Class များ

🖇️https://www.facebook.com/share/p/1ETKCieZaZ/

06/09/2025

တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)

မြန်မာ့ ဆယ့်နှစ်လရာသီရဲ့ ခြောက်လမြောက်ဖြစ်တဲ့ တော်သလင်းလပြည့်နေ့ အခါသမယမှာ သတ္တဝါတိုင်း ချမ်းသာကိုယ်စိတ်မြဲကြပါစေ။ ဘေးအန္တရာယ်ကင်းစင်ပြီး လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေရှင်။ 🙏🏻

တော်သလင်း ဆိုသော အမည်နာမတွင် "တော်" ဟူ‌သော 'မြင့်မြတ်တဲ့ အထက်ကောင်းကင်' နဲ့ "သလင်း" ဟူသော 'သာလင်း၊ သာယာထွန်းလင်းသည်' ဟုအဓိပ္ပာယ်ရှိတဲ့ နိမိတ်တို့ကို ဖော််ဆောင်ပေးတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် လူကြီးမင်းတို့လည်း တော်သလင်းလမှစပြီး မြင့်မားတဲ့နေရာတွေမှာ ထွန်းလင်းတောက်ပနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 💝

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


South Okkalapa
Yangon