Teach Education Centre

Teach Education Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teach Education Centre, Education, Yangon.

09/09/2025

စင်ကာပူမှာ အလုပ်လုပ်ဖို့ဆိုရင် Soft Skills နဲ့ Hard Skills လို့ခေါ်တဲ့ အရည်အချင်းတွေကလည်း အရမ်းအရေးပါပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင် အဆင်ပြေအောင်မြင်မှုအတွက် အများကြီးအထောက်အကူပြုပါတယ်။

✅ Soft Skills

1. ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving): အလုပ်ထဲမှာ ပြဿနာတစ်ခုခုပေါ်လာရင် စိတ်တည်ငြိမ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ဖို့လိုပါတယ်။ စင်ကာပူက ကုမ္ပဏီတွေက ဒီလိုအရည်အချင်းမျိုးကို တော်တော်လေး အလေးထားပါတယ်။

2. အဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်နိုင်စွမ်း (Teamwork and Collaboration): ကိုယ့်အလုပ်ကို ကိုယ်လုပ်ရုံတင်မကဘဲ အဖွဲ့သားတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်တတ်ဖို့က စင်ကာပူရဲ့ အလုပ်ခွင်မှာ အခြေခံအကျဆုံးလိုအပ်ချက်တစ်ခုပါပဲ။

3. ဆက်သွယ်ပြောဆိုနိုင်စွမ်း (Communication): ကိုယ်ပြောချင်တာကို ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ပြောဆိုနိုင်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်၊ ရေးနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။

4. လိုက်လျောညီထွေရှိမှု (Adaptability and Flexibility): အလုပ်ခွင်အခြေအနေတွေက အမြဲပြောင်းလဲနေတတ်တာကြောင့် အခြေအနေအသစ်တွေနဲ့ လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ဖို့လိုပါတယ်။

5. အချိန်ကို စီမံခန့်ခွဲနိုင်မှု (Time Management): ကိုယ့်အလုပ်တွေကို အချိန်မီပြီးစီးအောင် စီမံခန့်ခွဲနိုင်ဖို့ကလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းပါ။

✅Hard Skills

Hard Skills တွေကတော့ အလုပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေပေါ့။

1. ကွန်ပျူတာ အခြေခံ ကျွမ်းကျင်မှု (Computer Literacy): Microsoft Office (Word, Excel, PowerPoint) နဲ့ Google Suite (Docs, Sheets, Slides) တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမယ်။ အထူးသဖြင့် Excel ကို ကျွမ်းကျင်ဖို့က အလုပ်တိုင်းနီးပါးမှာ လိုအပ်ပါတယ်။

2. Project Management: Project တစ်ခုကို စီမံခန့်ခွဲတာ၊ အလုပ်တွေကို အချိန်ဇယားနဲ့ အညီပြီးစီးအောင် လုပ်ဆောင်တာ၊ အဖွဲ့ဝင်တွေကြားမှာ အလုပ်တွေခွဲဝေပေးတာစတဲ့ အရည်အချင်းတွေက အင်ဂျင်နီယာနယ်ပယ်မှာရော တခြားနယ်ပယ်တွေမှာပါ အရေးကြီးပါတယ်။ ဒါကြောင့် Project Management skill ကလည်း မရှိမဖြစ်လိုအပ်တဲ့ Hard skill တစ်ခုပါပဲ။

3. ဒေတာခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (Data Analysis): အချက်အလက် (Data) တွေကို နားလည်ပြီး အဲဒီအချက်အလက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ကလည်း ဒီခေတ်မှာ တော်တော်လေး အရေးပါပါတယ်။

4. အင်ဂျင်နီယာ ဒီဇိုင်းဆော့ဖ်ဝဲများ (Engineering Design Software): အင်ဂျင်နီယာနယ်ပယ်မှာ လုပ်မယ်ဆိုရင် AutoCAD, Revit, SAP, ETABS စတဲ့ ဆော့ဖ်ဝဲတွေအပြင်၊ ခေတ်နဲ့အညီ BIM softwares (Building Information Modeling) တွေကိုပါ လေ့လာထားသင့်ပါတယ်။ ဒီဆော့ဖ်ဝဲတွေက ဆောက်လုပ်ရေးပရောဂျက်တွေကို ပိုပြီးထိရောက်အောင် ကူညီပေးနိုင်ပါတယ်။

5. Quantity Surveying (QS) ဆော့ဖ်ဝဲများ: QS နယ်ပယ်ကို စိတ်ဝင်စားရင်တော့ Bluebeam, Glodon, နဲ့ CostX စတဲ့ ဆော့ဖ်ဝဲတွေက မသိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေပါပဲ။ ဒီဆော့ဖ်ဝဲတွေက ပမာဏတွက်ချက်တာ၊ စရိတ်ခန့်မှန်းတာတွေကို အများကြီး အထောက်အကူပြုပါတယ်။

ဒီ Soft Skills နဲ့ Hard Skills နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ စင်ကာပူမှာ အလုပ်လုပ်ဖို့ ပိုပြီးလွယ်ကူလာမှာပါနော်။

Soft Skills ရော Hard Skills ပါ နှစ်မျိုးလုံး ပိုင်ဆိုင်ကြပြီး အလုပ်အကိုင်​တွေ အဆင်​ပြေကြပါ​စေ​နော်။ 😉

Tr. Wah Lay
Teach Education Centre

08/09/2025

စင်္ကာပူနိုင်ငံ၏ အဓိက ဆောက်လုပ်ရေးနည်းလမ်း – Design–Bid–Build (DBB)

စင်္ကာပူနိုင်ငံမှာ အသုံးအများဆုံး ဆောက်လုပ်ရေးစီမံကိန်းနည်းလမ်းဖြစ်တဲ့ Design–Bid–Build (DBB) ဟာ အဆင့်သုံးဆင့်ဖြစ်တဲ့ ဒီဇိုင်း → တင်ဒါခေါ်ယူခြင်း → ဆောက်လုပ်ခြင်း ကို အဆင့်လိုက် လုပ်ဆောင်ပါတယ်။
ဒီနည်းလမ်းက ပါဝင်သူတွေရဲ့ အခန်းကဏ္ဍကို ရှင်းလင်းစွာ သတ်မှတ်ထားတာကြောင့် ကုန်ကျစရိတ်၊ အရည်အသွေးနဲ့ အန္တရာယ်တွေကို ထိန်းချုပ်နိုင်ပါတယ် ✅

✅ ပါဝင်သူများ၏ အခန်းကဏ္ဍ (Roles)
Client (ပိုင်ရှင်): စီမံကိန်းအတွက် ငွေကြေးထောက်ပံ့သူ
Architect (Lead Consultant): ဒီဇိုင်း ဦးဆောင်ပြီး အတိုင်ပင်ခံများကို ညှိနှိုင်းသူ
Superintending Officer (SO) & SO’s Rep: ညွှန်ကြားမှု, တန်ဖိုးဖြတ်မှု, အတည်ပြုလက်မှတ် တာဝန်ယူ
Other Consultants / Engineers: Structural, M&E စသည့် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ဒီဇိုင်းရေးဆွဲသူများ
Consultant QS: BOQ, Tender Documents, Cost Plan, Contract Administration တာဝန်ယူသူ
Contractor: စာချုပ်အတိုင်း ဆောက်လုပ်သူ
Subcontractors (Subcon): Specialist Works အထူးပြုလုပ်ငန်းများဆောင်ရွက်သူ
Suppliers: လိုအပ်သော ပစ္စည်းကိရိယာထောက်ပံ့သူ

🏗️ လုပ်ငန်းစဉ် (DBB Flow)

Design Stage (ဒီဇိုင်းအဆင့်): From Conceptual Design to Detailed Drawings & Specifications – စီမံကိန်းကို အကြမ်းဖျင်းအယူအဆမှ စပြီး, construction-ready detailed drawings & specifications အထိ ဖွံ့ဖြိုးခြင်း။

Tender Stage (တင်ဒါအဆင့်): QS က BOQ & Tender Documents ပြင်ဆင်ပြီး Contractor ရွေးချယ်ခြင်း (Open/Selective Tender)

Construction Stage (ဆောက်လုပ်ရေးအဆင့်): Lump Sum သို့မဟုတ် Re-measurement စာချုပ် ချုပ်ဆိုပြီး ဆောက်လုပ်ရေး စတင်ခြင်း

📜 DBB အောက်က စာချုပ်အမျိုးအစားများ (Contract Types)
၁။ Lump Sum Contract (Fixed Price)
Contractor က Fixed Price နဲ့ တာဝန်ယူ
ဒီဇိုင်းပြီးမှသာ တင်ဒါခေါ်ယူ
Quantity risk = Contractor
၂။ Re-measurement Contract (Measurement Contract)
BOQ ကို ခန့်မှန်းခြေ ပမာဏ (Approximate Quantities) နဲ့ ထုတ်
Final sum = လက်တွေ့လုပ်ဆောင်မှု × Tendered Unit Rates
Quantity risk = Client

မြေကြီးတူးဖော်ခြင်း, Piling Works လိုမျိုး မသေချာမှုများရှိသည့် လုပ်ငန်းများအတွက် အများဆုံး အသုံးပြု
💡 Practical Example – Piling Works
Tender BOQ: Piles၂၀၀ × မီတာ ၂၀ (ခန့်မှန်းခြေ)
Unit rate: $450/မီတာ (examples)
Actual ex*****on: Piles၂၀၀ × မီတာ ၂၅ → Final payment = 200 × 25 × $450 = $2.25M

➡ Re-measurement စနစ်က မြေအောက်အခြေအနေ မသေချာမှုကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်

⚖️ အန္တရာယ်ဝေငှခြင်း (Risk Allocation)
Design Risk: Client / Consultants
Construction Risk: Contractor (Time, Productivity, Methods)
Cost Certainty: Lump Sum အများဆုံး; Re-measurement မှာ Client အလေးပွား
💪 အားသာချက်
✔ Cost & Quality ကို Client က အစကတည်းက ထိန်းချုပ်နိုင်
✔ ပြိုင်ဆိုင်မှုရှိတဲ့ တင်ဒါကြောင့် ဈေးနှုန်း လျှော့ချနိုင်
✔ ပါဝင်သူတွေရဲ့ အခန်းကဏ္ဍ ရှင်းလင်းပြတ်သား
⚠️ အားနည်းချက်
✘ Stage by stage လုပ်ဆောင်ရလို့ စီမံကိန်းကြာချိန် ပိုရှည်နိုင်
✘ ဒီဇိုင်းပြောင်းလဲမှု ရှိရင် Client ဘက်က ငွေကြေးပိုသုံးရနိုင်
✘ Re-measurement စာချုပ်မှာ နောက်ဆုံးကုန်ကျစရိတ် မသေချာမှု ရှိနိုင်

Tr. Wah Lay 🍀
Teach Education Centre

06/09/2025

QS Life in Singapore
QS (Quantity Surveyor) ရဲ့ အလုပ်ဟာ စင်္ကာပူနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ကုမ္ပဏီကြီးတွေမှာ Tender Department နဲ့ Project Department ဆိုပြီး သီးခြားစီ ခွဲခြားထားလေ့ရှိပေမယ့်၊ လုပ်ငန်းအများစုမှာတော့ QS တစ်ယောက်တည်းကို Tender နဲ့ Project နှစ်ခုစလုံး တာဝန်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍနှစ်ခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်ဖို့က အဓိကကျပါတယ်။

QS တစ်ယောက်ရဲ့ တာဝန်ကဏ္ဍကို အဓိကအားဖြင့် Tender QS နဲ့ Project QS ဆိုပြီး အပိုင်း (၂) ပိုင်း ခွဲခြားနိုင်ပါတယ်။ ဒီအလုပ်နှစ်မျိုးရဲ့ အဓိက အာရုံစိုက်မှုတွေ ကွဲပြားပေမယ့်၊ အခြေခံကျတဲ့ ကျွမ်းကျင်မှုတွေကတော့ အပြန်အလှန်ဆက်စပ်နေပါတယ်။

🔹 Tender QS (စီမံကိန်း မစတင်မီအဆင့်)
အဓိက တာဝန်များ

ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း (Cost Estimation): Structural, Archi, M&E, နဲ့ Landscape Consultants များက ထုတ်လုပ်ထားတဲ့ Drawings နှင့် Specifications များအပေါ် မူတည်ပြီး Materials, Labor, Equipment အပါအဝင် ကုန်ကျစရိတ်အားလုံးကို အသေးစိတ် တွက်ချက်ရပါတယ်။

တင်ဒါစာရွက်စာတမ်း ပြင်ဆင်ခြင်း (Tender Documentation): Bills of Quantities (BOQ) လို့ခေါ်တဲ့ အလုပ်အမျိုးအစားအလိုက် ပမာဏစာရင်းများကို အသေးစိတ်ရေးဆွဲကာ တင်ဒါတင်သွင်းရန် လိုအပ်သည့် စာရွက်စာတမ်းအားလုံးကို ပြင်ဆင်ရပါတယ်။

ဈေးနှုန်းညှိနှိုင်းခြင်း: Subcontractor များနှင့် Supplier များထံမှ Quotation များရယူပြီး အကောင်းဆုံးဈေးနှုန်းရရှိရန် ညှိနှိုင်းရပါတယ်။

အန္တရာယ်စီမံခန့်ခွဲမှု (Risk Management): ပရိုဂျက်တွင် ဖြစ်လာနိုင်သည့် အန္တရာယ်များနှင့် ကြိုတင်ပြင်ဆင်ရမည့် အခြေအနေများကို ခန့်မှန်းပြီး ဈေးနှုန်းတွက်ချက်မှုတွင် ထည့်သွင်းရပါတယ်။

အလုပ်အခြေအနေ

ရုံးအခြေပြု (Office-based) အလုပ်ကို အဓိကထားလုပ်ရပြီး အချက်အလက်အားလုံးကို အသေးစိတ် ဂရုစိုက်ရပါတယ်။

တင်ဒါပိတ်ရက် (Tender Closing Date) နီးလာသည့်အခါ အလုပ်ဖိအား အလွန်များပြားပါတယ်။

တိကျမှု (Accuracy)၊ အသေးစိတ်ကျမှုနှင့် အချိန်ကိုက် ဆုံးဖြတ်နိုင်စွမ်းတွေ အထူးလိုအပ်ပါတယ်။

🔹 Project QS (စီမံကိန်း စတင်ပြီးနောက်အဆင့်)
အဓိက တာဝန်များ

စာချုပ်စာတမ်း စီမံခန့်ခွဲခြင်း (Contract Administration): Variations, Claims, Extension of Time စတဲ့ စာချုပ်နှင့်ပတ်သက်သည့် အပြောင်းအလဲများကို ကိုင်တွယ်ရပါတယ်။

ကုန်ကျစရိတ် ထိန်းချုပ်ခြင်း (Cost Control): စီမံကိန်းရဲ့ Budget, Expenses, Cash Flow စတာတွေကို အချိန်နှင့်အမျှ စောင့်ကြည့်ပြီး ထိန်းချုပ်ရပါတယ်။

ငွေပေးချေမှု စီမံခန့်ခွဲခြင်း: လုပ်ငန်းပြီးစီးမှုအလိုက် လစဉ် Progress Claim တွေကို ပြင်ဆင်ပြီး Client ကို တင်သွင်းရသလို၊ Subcontractor တွေကို ငွေပေးချေဖို့လည်း အတည်ပြုပေးရပါတယ်။

ကန်ထရိုက်တာငယ် စီမံခန့်ခွဲခြင်း (Subcontractor Management): ကန်ထရိုက်တာငယ်များ၏ အလုပ်ပိုင်းဆိုင်ရာ ငွေကြေးနှင့် စာချုပ်ဆိုင်ရာ ကိစ္စများကို စီမံခန့်ခွဲရပါတယ်။

နောက်ဆုံးအပြီးသတ်စာရင်း (Final Accounts): စီမံကိန်းပြီးဆုံးသည့်အခါ အသုံးစရိတ်အားလုံးကို စုစည်းပြီး Final Account ပြုစုရပါတယ်။

အလုပ်အခြေအနေ

ရုံး (Office) အပြင် လုပ်ငန်းခွင် (Site) ကိုပါ သွားလာရပါတယ်။

ညှိနှိုင်းဆွေးနွေးမှု (Negotiation)၊ ဆက်ဆံရေး (Communication) နှင့် ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving) တွေ အဓိက လိုအပ်ပါတယ်။

ငွေကြေးစီမံခန့်ခွဲမှု (Financial Management) ကျွမ်းကျင်ရပါတယ်။

🔹 Project+Tender QS
Tender QS နှင့် Project QS နှစ်မျိုးလုံးအတွက် မရှိမဖြစ်လိုအပ်သည့် အဓိက ကျွမ်းကျင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

Drawings and Specifications ကို အသေးစိတ်နားလည်ပြီး ဖတ်ရှုနိုင်ခြင်း။

Taking off Quantity ပြုလုပ်နိုင်ခြင်း။

Materials, Labor နှင့် Equipment တို့ရဲ့ ကုန်ကျစရိတ်များကို တိကျစွာ ခန့်မှန်းတွက်ချက်နိုင်ခြင်း။

Subcontractor, Supplier, Consultant နှင့် ဌာနအကြီးအကဲများ (HOD) တို့နှင့် ထိရောက်စွာ ဆက်သွယ်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။

Contract နှင့် Commercial ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ခြင်း။

ဂဏန်းပိုင်းဆိုင်ရာ တိကျမှုနှင့် အသေးစိတ်ကို အထူးဂရုစိုက်နိုင်ခြင်း။

⚖️ Tender QS နှင့် Project QS နှိုင်းယှဉ်ချက်
အချက်များ Tender QS 📝 Project QS 🏗️
လုပ်ငန်းအဆင့် စီမံကိန်းမစတင်မီ ဆောက်လုပ်နေစဉ်
အဓိက အာရုံစိုက်ချက် ဈေးနှုန်းသတ်မှတ်ပြီး ပရိုဂျက်အနိုင်ရရေး ကုန်ကျစရိတ် ထိန်းချုပ်ပြီး အကျိုးအမြတ်ရရှိရေး
အဓိက အလုပ်နေရာ Office-based Office နှင့် Site နှစ်မျိုးစလုံး
လိုအပ်တဲ့စွမ်းရည် Analytical, Accuracy, Deadline ကိုက် လုပ်ဆောင်နိုင်မှု Communication, Negotiation, Financial Management
အဓိက ဖိအား Deadline နှင့် ဈေးကွက်ပြိုင်ဆိုင်မှု Variation, Claim, Cost Overrun

QS တို့၏ အတွေ့အကြုံများ ကွဲပြားပုံ
Tender QS တစ်ယောက်အနေနဲ့ HDB (Housing & Development Board), MOE (Ministry of Education), MOH (Ministry of Health), DSTA (Defence Science and Technology Agency), LTA (Land Transport Authority), Private Condominium etc., စတဲ့ ပရိုဂျက်အမျိုးအစားအစုံအတွက် တင်ဒါတွေ တင်သွင်းရတာဖြစ်လို့ Drawings နဲ့ Specifications တွေကို မြန်မြန်ဆန်ဆန်၊ တိတိကျကျ နားလည်နိုင်တဲ့ အတွေ့အကြုံက အလွန်အရေးကြီးပါတယ်။ ပရိုဂျက်အမျိုးအစားတစ်ခုနဲ့တစ်ခုရဲ့ သတ်မှတ်ချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေက မတူညီတာကြောင့် Tender QS ဟာ အကျယ်အဝန်းအားဖြင့် (in breadth) ကျယ်ပြန့်တဲ့ အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ Project QS ရဲ့ အတွေ့အကြုံလိုအပ်ချက်ကတော့ တမူထူးခြားပါတယ်။ Project QS ရဲ့ တာဝန်ကတော့ အောင်မြင်ပြီးသား ပရိုဂျက်တစ်ခုကို အစအဆုံး ငွေကြေးစီမံခန့်ခွဲဖို့ပါ။ ဒီအတွက် သူဟာ Drawings နဲ့ Specifications တွေကို အကျယ်အဝန်း (in breadth) ထက် အတိမ်အနက် (in depth) ပိုမိုနားလည်ရပါတယ်။ ပရိုဂျက်အတွင်း ဖြစ်ပေါ်လာတဲ့ Variation Orders (VOs) တွေနဲ့ Claims တွေဟာ မူလစာချုပ်ပါ Drawings နဲ့ Specifications တွေအပေါ် အခြေခံပြီး ဖြစ်ပေါ်တာကြောင့် Project QS ဟာ အဲဒီစာရွက်စာတမ်းတွေကို အသေးစိတ် သိရှိထားဖို့ လိုအပ်ပါတယ်။

နိဂုံးချုပ်

တကယ်တော့ Tender QS နဲ့ Project QS နှစ်ဦးလုံးဟာ Drawings နဲ့ Specifications တွေကို ကျွမ်းကျင်စွာ နားလည်ဖို့ လိုအပ်ပါတယ်။ သို့သော် Tender QS မှာ ကျယ်ပြန့်တဲ့ အသိပညာနဲ့ အတွေ့အကြုံ (Breadth) ပိုလိုအပ်ပြီး၊ Project QS မှာတော့ ပိုမိုနက်ရှိုင်းတဲ့ အသိပညာနဲ့ အတွေ့အကြုံ (Depth) ပိုလိုအပ်တယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် QS တစ်ယောက်ဟာ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် ဒီကဏ္ဍနှစ်ခုလုံးရဲ့ အတွေ့အကြုံကို ရယူနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

Tr. Wah Lay 🍀

စေတနာ အရင်းခံပြီး သင်ပေးခဲ့သမျှ ဒီလို review လေးတွေ ဖတ်ရရင် စေတနာ ရောင်ပြန်ဟပ်သလို ခံစားရလို့ကျေနပ် ပီတိ ဖြစ်ရပါတယ်… ❤️ပ...
14/06/2025

စေတနာ အရင်းခံပြီး သင်ပေးခဲ့သမျှ ဒီလို review လေးတွေ ဖတ်ရရင် စေတနာ ရောင်ပြန်ဟပ်သလို ခံစားရလို့ကျေနပ် ပီတိ ဖြစ်ရပါတယ်… ❤️
ပန်းသတင်း လေညင်း ဆောင်သလို
လူသတင်း လူချင်းဆောင် ဆိုသလို
သင်တန်းလာတက်ခဲ့တဲ့သူတွေက သူငယ်ချင်းအချင်းချင်း ပြန်ညွှန်းလို့ လာတက်ကြတာများတယ် ❤️

10/06/2025

14th June ဒီအပတ် စနေနေ့ စမည့် အတန်းသစ်ပါ…

07/06/2025

Quantity Surveying ( CCA-Batch 15)
Blended Courses Class (Recorded Video Lessons + Coaching) အထူးသင်တန်း
14th June 2025 သင်တန်းစတင်မှာဖြစ်ပါတယ်…

စနေနေ့ ည (9:00pm-11:00pm Singapore Time) (7:30pm-9:30pm Myanmar Time) face to face zoom meeting ရှိပါတယ်…

သင်တန်းကြေး : 150SGD or 250000 KYATS

📒Course Content

1️⃣ Lesson 1 : Procurement principles, strategies
2️⃣ Lesson 2 : Tendering process (Pre and Post)
3️⃣ Lesson 3 : Variations and Payment
4️⃣ Lesson 4 : VO & Time performance

Singapore tender QS တစ်ယောက်ရဲ့
-Roles and Responsibilities
- How to read tender drawings and specifications
- How to raise tender queries (RFI)
- How to liaise with Sub Contractors and suppliers for (RFQ)
- How to comply BQ (Structure , Architectural, and Others)
- How to submit tender successfully
စတာတွေကို Singapore Projects တစ်ခု က drawings sample တွေနဲ့ tender team ထဲမှာ ကိုယ်တိုင် tender QS တစ်ယောက်အနေနဲ့ ပါဝင်နေသလိုမျိုး သင်ပေးသွားမှာပါ...

Hands - on learning activities
Tender Stage မှာ tender QS တစ်ယောက်လို quantity measurement လုပ်တတ်စေရန်

Taking off Quantity for Structural Work
1. Earthworks
- overall site excavation

2. Sub structure
- Pilecap
- Column / Wall stumps
- Ground beam
- Ground slab/ drop panel

3. Super structure
- Column/ wall
- Suspended slab
- Suspended beam

Taking off Quantity for Architectural works
- Wall finishes
- Floor finishes
- Ceiling Finishes
- Doors & Windows
စတဲ့ သင်ခန်းစာတွေကို သင်တန်းသူ/သားတွေ Assignments များလုပ်နိုင်အောင် ဆရာမက coach လုပ်ပေးပြီး guidelines များပေးမှာဖြစ်ပါတယ်။

Singapore မှာ အသုံးများတဲ့ contracts တွေ ဖြစ်တဲ့ PSSCOC(public projects) and SIA (private projects) တွေကို အခြေခံထားတဲ့ projects ဖြစ်ပါတယ်…

ဘယ်သူတွေတက်သင့်လဲဆိုတော့ …👇

1. စင်္ကာပူမှာ QS တစ်ယောက်အနေနဲ့ အလုပ်လုပ်နေသူတွေအတွက်ရော စင်္ကာပူသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများပါ တက်ရောက်သင့်ပါတယ်။

2. estimate basic တက်ထားပြီးတဲ့သူတွေအတွက်ပိုသင့်တော်ပါတယ်။

3. မိမိရဲ့ career development ဖြစ်ချင်သူများ တက်သင့်ပါတယ်ရှင်။

ဒီအတန်းလေးတက်ပြီးသွားရင် စင်္ကာပူ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မှာ အသေအချာပါပဲ။

သင်တန်းတက်ရောက်တဲ့သူတိုင်းကို စင်္ကာပူမှာ အလုပ်ရှာဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုများ၊ ဘယ်လိုအလုပ်ရှာရမလဲ စတာတွေကို bonus အနေနဲ့ knowledge sharing လုပ်ပေးသွားမှာပါ။

သင်တန်းသား လူဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံး စာရင်းပေးလို့ရပါပြီ။

သင်တန်းတက်ဖို့ နာမည်စာရင်း ပေးလိုပါက Page messenger ကနေ ပေးလို့ရပါပြီရှင်။

မှတ်ချက် : မြန်မာကနေတက်တဲ့သူတွေအတွက် မြန်မာငွေ ၂သိန်းခွဲကျပ် KBZ pay or AYA ကနေ သင်တန်းကြေးလွှဲပြီး အတန်းအပ်ရမှာပါရှင်
(မြန်မာကနေတက်တဲ့သူတွေအတွက်သာ မြန်မာငွေကျပ်ဖြင့် သင်တန်းအပ်ရန် special offer ပေးခြင်းဖြစ်ပါတယ်)
နိုင်ငံခြားရောက်နေသူတွေအနေဖြင့် သင်တန်းကြေးကို 150$ SGD နဲ့သာပေးသွင်းဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်…

29/05/2025

အားလုံးပဲ မင်္ဂလာပါရှင် 😇
Teach Education Centre မှ ကြိုဆိုပါတယ်ရှင်
Quantity Surveying ( CCA-Batch 15)
Blended Courses Class (Recorded Video Lessons + Coaching) အထူးသင်တန်းကို တက်ရောက်နိုင်ပါပြီရှင်

သင်တန်းကြေး : 150SGD or 250000 KYATS

14th June 2025 သင်တန်းစတင်မှာဖြစ်ပါတယ်..
အပတ်စဉ် စနေနေ့ ည (9:00pm-11:00pm Singapore Time) (7:30pm-9:30pm Myanmar Time) face to face zoom meeting ရှိပါတယ်…

QS_CCA Batch 14 & 13 online class အမှတ်တရ  ❤️
15/03/2025

QS_CCA Batch 14 & 13 online class အမှတ်တရ ❤️

🎉 Big Congratulations to My Dear Student !🎉Your hard work and determination have landed you a fantastic job offer! 🎉👏
15/03/2025

🎉 Big Congratulations to My Dear Student !🎉

Your hard work and determination have landed you a fantastic job offer! 🎉👏

15th February 2025 အတန်းစဖြစ်ပါတယ်ရှင် 😊Google classroom ကနေ သင်ခန်းစာ notes တွေနဲ့ video တွေကို တင်ပေးသွားမှာပါ…Face to...
13/02/2025

15th February 2025 အတန်းစဖြစ်ပါတယ်ရှင် 😊Google classroom ကနေ သင်ခန်းစာ notes တွေနဲ့ video တွေကို တင်ပေးသွားမှာပါ…
Face to face zoom meeting အချိန်ကတော့ စနေနေ့ည SGT 9:00-11:00pm (tentatively) ရှိပါမယ်ရှင့်
google classroom နဲ့ WhatsApp group ထဲ မကြာခင်ထည့်ပေးပါမယ်ရှင်…
See you ☺️

Teach Education CentreSo happy to meet with my students for the 3rd-time gathering at Teach Education Center in Singapor...
01/02/2025

Teach Education Centre
So happy to meet with my students for the 3rd-time gathering at Teach Education Center in Singapore! 💛💛💛 It’s been such a joy watching everyone grow and learn together. Looking forward to more amazing sessions ahead! 🌟

အားလုံးပဲ မင်္ဂလာပါရှင် 😇Teach Education Centre မှ ကြိုဆိုပါတယ်ရှင်Quantity Surveying ( CCA-Batch 14) Blended Courses Cl...
27/01/2025

အားလုံးပဲ မင်္ဂလာပါရှင် 😇
Teach Education Centre မှ ကြိုဆိုပါတယ်ရှင်
Quantity Surveying ( CCA-Batch 14)
Blended Courses Class (Recorded Video Lessons + Coaching) အထူးသင်တန်းကို တက်ရောက်နိုင်ပါပြီရှင်

သင်တန်းကြေး : 150SGD or 250000 KYATS

15th February 2025 သင်တန်းစတင်မှာဖြစ်ပါတယ်..
အပတ်စဉ် စနေနေ့ ည (9:00pm-11:00pm Singapore Time) (7:30pm-9:30pm Myanmar Time) face to face zoom meeting ရှိပါတယ်…

📒Course Content

1️⃣ Lesson 1 : Procurement principles, strategies
2️⃣ Lesson 2 : Tendering process (Pre and Post)
3️⃣ Lesson 3 : Variations and Payment
4️⃣ Lesson 4 : VO & Time performance

Singapore tender QS တစ်ယောက်ရဲ့
-Roles and Responsibilities
- How to read tender drawings and specifications
- How to raise tender queries (RFI)
- How to liaise with Sub Contractors and suppliers for (RFQ)
- How to comply BQ (Structure , Architectural, and Others)
- How to submit tender successfully
စတာတွေကို Singapore Projects တစ်ခု က drawings sample တွေနဲ့ tender team ထဲမှာ ကိုယ်တိုင် tender QS တစ်ယောက်အနေနဲ့ ပါဝင်နေသလိုမျိုး သင်ပေးသွားမှာပါ...

Hands - on learning activities
Tender Stage မှာ tender QS တစ်ယောက်လို quantity measurement လုပ်တတ်စေရန်

Taking off Quantity for Structural Work
1. Earthworks
- overall site excavation

2. Sub structure
- Pilecap
- Column / Wall stumps
- Ground beam
- Ground slab/ drop panel

3. Super structure
- Column/ wall
- Suspended slab
- Suspended beam

Taking off Quantity for Architectural works
- Wall finishes
- Floor finishes
- Ceiling Finishes
- Doors & Windows
စတဲ့ သင်ခန်းစာတွေကို သင်တန်းသူ/သားတွေ Assignments များလုပ်နိုင်အောင် ဆရာမက coach လုပ်ပေးပြီး guidelines များပေးမှာဖြစ်ပါတယ်။

Singapore မှာ အသုံးများတဲ့ contracts တွေ ဖြစ်တဲ့ PSSCOC(public projects) and SIA (private projects) တွေကို အခြေခံထားတဲ့ projects ဖြစ်ပါတယ်…

ဘယ်သူတွေတက်သင့်လဲဆိုတော့ …👇

1. စင်္ကာပူမှာ QS တစ်ယောက်အနေနဲ့ အလုပ်လုပ်နေသူတွေအတွက်ရော စင်္ကာပူသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများပါ တက်ရောက်သင့်ပါတယ်။

2. estimate basic တက်ထားပြီးတဲ့သူတွေအတွက်ပိုသင့်တော်ပါတယ်။

3. မိမိရဲ့ career development ဖြစ်ချင်သူများ တက်သင့်ပါတယ်ရှင်။

ဒီအတန်းလေးတက်ပြီးသွားရင် စင်္ကာပူ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မှာ အသေအချာပါပဲ။

Students feedback တချို့ကိုလည်း ဖတ်လို့ရအောင် အောက်ကပုံတွေမှာပြထားပေးပါတယ်ရှင့်…
Feedbacks အသေးစိတ်ကိုတော့ page မှာလည်း ဝင်ရောက်ဖတ်နိုင်ပါတယ်ရှင်…

သင်တန်းတက်ရောက်တဲ့သူတိုင်းကို စင်္ကာပူမှာ အလုပ်ရှာဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုများ၊ ဘယ်လိုအလုပ်ရှာရမလဲ စတာတွေကို bonus အနေနဲ့ knowledge sharing လုပ်ပေးသွားမှာပါ။

သင်တန်းသား လူဦးရေ ကန့်သတ်ထားလို့ အမြန်ဆုံး စာရင်းပေးလို့ရပါပြီ။

သင်တန်းတက်ဖို့ နာမည်စာရင်း ပေးလိုပါက Page messenger ကနေ ပေးလို့ရပါပြီရှင်။

မှတ်ချက် : မြန်မာကနေတက်တဲ့သူတွေအတွက် မြန်မာငွေ ၂သိန်းခွဲကျပ် KBZ pay or AYA ကနေ သင်တန်းကြေးလွှဲပြီး အတန်းအပ်ရမှာပါရှင်
(မြန်မာကနေတက်တဲ့သူတွေအတွက်သာ မြန်မာငွေကျပ်ဖြင့် သင်တန်းအပ်ရန် special offer ပေးခြင်းဖြစ်ပါတယ်)
နိုင်ငံခြားရောက်နေသူတွေအနေဖြင့် သင်တန်းကြေးကို 150$ SGD နဲ့သာပေးသွင်းဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်…

Address

Yangon

Telephone

+6590622607

Website

Alerts

Be the first to know and let us send you an email when Teach Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teach Education Centre:

Shortcuts

Share

Category