19/10/2020
#သိပ္ပံအမြင်နှင့်နှိုင်းယှဉ်ချက် #
သိပ္ပံရှုထောင့်မှကြည့်လျှင် ကမ္ဘာပေါ်ရှိသက်ရှိသက်မဲ့အရာအားလုံးသည်
ဒြပ်နှင့် စွမ်းအင် နှစ်မျိုးတည်းဖြင့် ဖွဲ့စည်းထားကြ၏။ဒြပ်တွင် အကောင်အ
ထည်နှင့် ဒြပ်ထုရှိပြီး စွမ်းအင်တွင် အကောင်အထည်နှင့် ဒြပ်ထုတို့မရှိဟုအစကနဦး၌ သတ်မှတ်ကြ၏ ။
နှစ်ဆယ်ရာစုသိပ္ပံပညာကျော်အိုင်းစတိုင်း ပေါ်ပေါက်လာသောအခါ ဒြပ်မှ
စွမ်းအင်၊ စွမ်းအင်မှ ဒြပ်သို့ အပြန်အလှန်ကူးပြောင်းနိုင်ကြောင်းကို အဆိုပြုခဲ့
ပြီး စွမ်းအင် (E)၊ ဒြပ်ထု (m) နှင့် အလင်းအလျင် (င) တို့၏ ဆက်သွယ်မှုကို
E = mc” ဟူသော ကမ္ဘာကျော်ညီမျှခြင်းဖြင့် ထုတ်ဖော်ပေးခဲ့၏။ ဤအဆို
မှန်ကန်ကြောင်းကို သိပ္ပံပညာရှင်တို့ သက်သေပြနိုင်ခဲ့လေပြီ။
ထို့ကြောင့် ဒြပ်နှင့် စွမ်းအင်တို့သည် သီးခြားအရာနှစ်ခု မဟုတ်ဘဲ အရာ
တစ်ခုတည်း၏ အသွင်နှစ်မျိုး ဖြစ်သည်။ ဒြပ်သည် စွမ်းအင်၏ အစုအဝေးဖြစ်
သည်ဟု သိပ္ပံပညာရှင်တို့ မြင်လာ
ကြ၏။
နှစ်ဆယ်ရာစုတွင် ခေတ်မီသိပ္ပံစမ်းသပ်ချက်များအရဒြပ်သည် အက်တမ်
(atom) အဏုမြူများနှင့် ဖွဲ့စည်းထားသည်။ အက်တမ်များကတစ်ဖန်
အီလက်ထရွန်၊ ပရိုတွန်၊ နယူထရွန် (electron, proton, neutron) ဟူသော ဒြပ်၏
အခြေခံ အမှုန်များနှင့် ဖွဲ့စည်းထားကြသည်။ ထိုအခြေခံအမှုန်များသည် စွမ်း
အင် လှိုင်းအသွင် ရှိပြီး အကောင်းဆုံး အဏုကြည့် မှန်ပြောင်း(အီလက်ထရွန်
မိုက်ကရိုစကုပ်) နှင့် ကြည့်လျှင်လည်း မမြင်နိုင်ဟူသော အချက်များကို သိပ္ပံ
ပညာရှင်တို့ သိရှိလာကြသည်။
ထို့ကြောင့် သိပ္ပံရှုထောင့်မှကြည့်လျှင် ဒြပ်ကို အဆုံးစွန်သော အခြေခံ
အမှုန်အဖြစ်သို့ ခွဲခြမ်းစိတ်ဖြာလိုက်သည့်အခါ အကောင်အထည်ပုံသဏ္ဌာန်တို့
ကွယ်ပျောက်သွားသည်ကို တွေ့ရ၏။ ,
“ဒြပ်တွင် တိုင်းတာစရာ အလျား အနံ အမြင့်တို့ မရှိကြ (dimension-
less) 33cco:aje was: vg (weightless) i Eroparas vossicos
(matter does not exist)” ဟု ရူပဗေဒပညာရှင်တို့ ဝမ်းနည်းစဖွယ် ဆိုကြရလေပြီ။