19/12/2025
Happy Kayin New Year!!
🎊🎉
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MDevS Learners’ Space, College & University, Yangon.
19/12/2025
Happy Kayin New Year!!
🎊🎉
31/08/2025
This is the last call for YUEco (Economics Department), MDevS (2025-2026).📣📣📣
🚨လျှောက်လွှာဝယ်ယူရန် လိုအပ်သည့်အချက်အလက်များ MDevS Program (Online Class)
1. အမည်
2. ရာထူး/အဖွဲ့အစည်းအမည်
3. email
4. ဖုန်းနံပါတ်
5. နေရပ်လိပ်စာ
🚨လျှောက်လွှာတင်ရာတွင် ပါဝင်ရမည့်အချက်အလက်များ MDevS Program (Online Class)
1. Application Form (အပြာရောင်) 🟦
2. Reference Form (၁)စောင် (အဝါရောင်) အတွင်းတွင် ရေးထိုးသူလက်မှတ်နှင့် တံဆိပ်တုံးနှိပ်ရပါမည်။ (စာအိတ်ပေါ်တွင်လည်း တံဆိပ်တုံးနှိပ်ပေးပါ။)🟨
3. မှတ်ပုံတင်မိတ္တူ (မူရင်းကို တိုက်စစ်ရန်ယူလာရပါမည်။)⬜
4. ဘွဲ့လက်မှတ်မိတ္တူ (မူရင်းကို တိုက်စစ်ရန်ယူလာရပါမည်။)🟩
5. Final Year Mark/ Grade အမှတ်စာရင်းမိတ္တူ (မူရင်းကို တိုက်စစ်ရန်ယူလာရပါမည်။)⬛
6. ဓာတ်ပုံ ၂ပုံ-၁ပုံ ကပ်ပြီး၊ (၁ပုံကို အိတ်နှင့်ထည့်ပြီး Form တွင်တွဲရန်ဖြစ်ပါသည်။)♦️
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
'Space
24/08/2025
အတန်းရဲ့ Second Year တွင် Quarter ၂ ခု ရှိပါတယ်။ 1 Quarter စီတွင် ၃ ဘာသာသင်ဖို့အတွက် ကျောင်းသား၊ကျောင်းသူတွေဘက်မှ Elect လုပ်ပြီး သင်ကြားနိုင်တဲ့ ဘာသာရပ်များ
***************************************************
👨🎓Education and Human Resource Development (ပညာရေးနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု)
နိုင်ငံတိုးတက်ဖို့ ပညာရေးနဲ့ လူ့စွမ်းအားဖွံ့ဖြိုးရေးက အရေးပါခြင်း။ ပညာရေးက အလုပ်သမားတွေကို ကျွမ်းကျင်စွမ်းရည်မြှင့်တင်ပေးပြီး ထုတ်လုပ်မှု (productivity) တိုးပွားစေခြင်း။
🧑💻SMEs Development and Industrialization (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် စက်မူတိုးတက်မှု)
SMEs က အလုပ်အကိုင်ဖန်တီးပေးပြီး စီးပွားရေးအခြေခံကဏ္ဍတစ်ခုဖြစ်ပါတယ်။ စက်မှုတိုးတက်မှုနဲ့ ဆက်စပ်ပြီး နိုင်ငံအတွင်း value chain တိုးပွားစေခြင်း။
🌀Environmental and Natural Resource Economics (ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် စီးပွားရေးပညာ)
သဘာဝအရင်းအမြစ်တွေကို ထိရောက်အောင် သုံးစွဲရင်း အနာဂတ်အတွက် တည်တံ့ဖွံ့ဖြိုးမှု (sustainability)ဟာ အရေးကြီးပါတယ်။ Market failure, externalities စတဲ့ သီအိုရီတွေကို အသုံးချခြင်းတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
📚Public Policy and Administration (အများပြည်သူမူဝါဒနှင့် အုပ်ချုပ်မှု)
အစိုးရမူဝါဒတွေက စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် ထိခိုက်မှု ရှိခြင်း။ Good governance က စီးပွားရေး၊ လူမှုရေးရဲ့ အကျိုးသက်ရောက်မှုကို မြှင့်တင်ပေးခြင်းတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
👩🦰 Gender and Development (လိင်တူညီမျှမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု)
လိင်အခြေပြု မညီမျှမှုကို လျှော့ချပြီး အမျိုးသမီးတွေကို စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးမှာ ပါဝင်ခွင့်ပေးတာက inclusive growth ကို ဖန်တီးပေးခြင်း စတာတွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။
📋 Public Finance (အများပြည်သူ ငွေကြေးစီမံခန့်ခွဲမှု)
အခွန်ကောက်ခံခြင်း၊ အစိုးရအသုံးစရိတ်၊ ဘဏ္ဍာချို့တဲ့ချက် စတာတွေ စီးပွားရေးထိရောက်မှု (efficiency) နဲ့ တရားမျှတမှု (equity) အပေါ် သက်ရောက်ခြင်း တို့ လေ့လာရမှာဖြစ်ပါတယ်။
🇲🇲Economic Development of Myanmar (မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု)
မြန်မာနိုင်ငံအတွက် လယ်ယာ၊ သဘာဝအရင်းအမြစ်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတွေက ဂဏန်းပေါင်းစုံ GDP အထိ အကျိုးသက်ရောက်မှုကို လေ့လာခြင်း။
🤝Public-Private Partnership (အများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု)
အခြေခံအဆောက်အအုံတွေ၊ စီမံကိန်းကြီးတွေ အတွက် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်း ပူးပေါင်းဆောင်ရွက်ပြီး ငွေကြေး၊ နည်းပညာ ချွေတာနိုင်ခြင်း။
🧑🌾Regional and Urban Development (တိုင်းရင်းဆိုင်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု)
တစ်နိုင်ငံအတွင်း တိုင်းဒေသကြား မြို့ပြနေလူတန်းစား ဖွံ့ဖြိုးတိုးတက်မှု မညီမျှမှုကို လျှော့ချဖို့ နိုင်ငံပေါင်းစည်းဖွံ့ဖြိုးရေး မူဝါဒလိုအပ်ခြင်း။
🔍Project Evaluation (စီမံကိန်း အကဲဖြတ်မှု)
စီးပွားရေး၊ လူမှုရေးအကျိုးကျေးဇူးကို အကျိုးအမြတ် Cost-Benefit Analysis (CBA) နဲ့ တိုင်းတာပြီး ဆုံးဖြတ်ချက်ခြင်း။
🏩Infrastructure and Development (အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်မှု)
လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး စသည်တို့က စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိက အခြေခံလိုအပ်ချက်များဖြစ်ကြောင်း။
💰International Finance, Investment and Aid (အပြည်ပြည်ဆိုင်ရာ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီ)
နိုင်ငံတကာ ငွေကြေးဈေးကွက်၊ ငွေကြေးအရင်းအမြစ်နဲ့ အကူအညီတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးကြောင်း။
🌍Globalization and Development (ကမ္ဘာလုံးဆိုင်ရာဖြစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု)
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာတွေက ဖွံ့ဖြိုးရေးအခွင့်အလမ်း ပေးသလို မညီမျှမှုကိုလည်း ဖန်တီးနေခြင်းတွေကို လေ့လာခြင်း။
💶Microfinance and Poverty Reduction (မိုက်ခရို ငွေချေးနှင့် ဆင်းရဲမှုလျှော့ချမှု)
အသေးစားငွေချေးစနစ်က ဆင်းရဲသူတွေကို ငွေကြေးရယူခွင့်ပေးပြီး စီးပွားရေးလုပ်ငန်းအသေးစားတွေ စတင်နိုင်စေခြင်း။
📊Comparative Economic Systems and Development Experiences (စီးပွားရေးစနစ် နှိုင်းယှဉ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ)
စီးပွားရေးစနစ်များ (capitalism, socialism, mixed economy) ကို နှိုင်းယှဉ်ပြီး နိုင်ငံတကာအတွေ့အကြုံကနေ သင်ခန်းစာယူနိုင်ခြင်း။
👨💼General Management (အုပ်ချုပ်မှု အထွေထွေ)
အဖွဲ့အစည်းအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ စီမံမှု (planning), ညှိနှိုင်းမှု (coordination), ညွှန်ကြားမှု (leadership) နဲ့ ထိရောက်တဲ့ ဆုံးဖြတ်ချက် (decision-making) အရေးကြီးပါတယ်။
23/08/2025
ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ First Year, Quarter မှာ သင်ကြားသည့် module များ
-Political Economy
-Agricultural Transformation and Rural Development
-International Trade
-Research Methodology
💠 Economy (နိုင်ငံရေး စီးပွားရေး)
💰နိုင်ငံရေးနဲ့ စီးပွားရေး အကြား ဆက်နွယ်မှုကို လေ့လာတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော် စည်းမျဉ်း၊ မူဝါဒတွေက စီးပွားရေး စနစ်အပေါ် ဘယ်လို သက်ရောက်သလဲ၊ အပြန်အလှန်အားဖြင့် စီးပွားရေးအခြေအနေက နိုင်ငံရေးကို ဘယ်လိုပြန်သက်ရောက်သလဲ ဆိုတာကို လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ– အခွန်မူဝါဒ၊ အစိုးရအသုံးစရိတ် သဘောထား၊ စီးပွားရေး ညှိနှိုင်းဆောင်ရွက်မှု စတဲ့ အရာတွေ။
💠 Transformation and Rural Development (လယ်ယာစိုက်ပျိုးရေး ပြောင်းလဲမှုနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု)
🌾 လယ်ယာစနစ်ဟောင်းမှ ထုတ်လုပ်မှုစွမ်းအား (productivity) တိုးတက်အောင် မြင့်မားတဲ့ နည်းပညာအသစ်တွေသို့ ပြောင်းလဲသွားခြင်း၊ သက်သာတဲ့ ကုန်ကျစရိတ် (lower production cost) ရှာဖွေခြင်း၊ လယ်သမားများဝင်ငွေ တိုးတက်လာခြင်း၊ ကျေးလက်ဒေသ စီးပွားရေးနှင့် လူမှုဘဝ တိုးတက်လာခြင်းတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဥပမာ– စိုက်ပျိုးနည်းပညာတိုးတက်မှု၊ စိုက်ပျိုးမှန်ကန်စွာ စီမံခန့်ခွဲမှု၊ ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးမှု (လမ်းမ၊ ကျောင်း၊ ဆေးရုံ(infrastructure)) စတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
💠 Trade (နိုင်ငံတကာ ကုန်သွယ်မှု)
🌍တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ အပြန်အလှန် ဝယ်ယူရောင်းချတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ Comparative Advantage (နှိုင်းယှဥ် အားသာချက်) အပေါ် အခြေခံပြီး နိုင်ငံတိုင်းက သူ့နိုင်ငံမှာ အကျိုးရှိတဲ့ အရာတွေကို ထုတ်လုပ်ပြီး အခြားနိုင်ငံတွေနဲ့ ဖလှယ်သွားတတ်တာမျိုးတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအဆင့်စီးပွားရေး တိုးတက်စေပြီး ကမ္ဘာ့ စီးပွားရေး ဖလှယ်မှုကို များစေပါတယ်။
💠 Methodology (သုတေသန ပြုလုပ်သည့်နည်းလမ်း)
🔎 သုတေသနလုပ်ရာမှာ အသုံးပြုတဲ့ နည်းလမ်း၊ လုပ်ငန်းစဉ်တွေကို လေ့လာရမှာ ဖြစ်ပါတယ်။ အခြေခံအဆင့်တွေမှာ Research Design (အပြင်အဆင်)၊ Data Collection (ဒေတာစုဆောင်းမှု)၊ Data Analysis (ဒေတာ သုံးသပ်မှု) နဲ့ အကျိုးဆက် ထုတ်ဖော်ရေးသားမှု စသည်တို့ ပါဝင်တယ်။ ဥပမာ– Survey, Interview, Case Study, Statistical Analysis စတဲ့ နည်းလမ်းတွေကို လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အားလုံးပဲ ကောင်းသော ညချမ်းလေး ဖြစ်ပါစေ။
23/08/2025
YUEco First Year, Second Quarter မှာ သင်ကြားမည့် module များ
- Principles of Microeconomics II
- Principles of Macroeconomics II
- Development Economics: Problems and Policies,
- ASEAN Economies and Regional Integration"
🔸Principles of Microeconomics II
ဒီဘာသာရပ်မှာ စျေးကွက်အမျိုးအစားတွေကို အသေးစိတ် လေ့လာရပါတယ် –
• စျေးကွက်အာဏာ (Market Power) – တစ်ဦးချင်း ကုမ္ပဏီ သို့မဟုတ် လူတစ်ဦးက စျေးနှုန်းကို ထိန်းချုပ်နိုင်တဲ့ အခြေအနေ။
• တစ်ဦးတည်း အစိုးရစျေးကွက် (Monopoly), အချို့ကုမ္ပဏီ စွမ်းအားကြီးစွာ ထိန်းချုပ်တဲ့ စျေးကွက် (Oligopoly) စတာတွေ။
• အစိုးရ အခွန်ချမှတ်ခြင်း, အစိုးရ ညွှန်ကြားမှု (Regulation) ရဲ့ သက်ရောက်မှု။
• စျေးကွက်ပျက်ဆီးမှု (Market Failure) နဲ့ အပြင်ဆက် အကျိုးဆက်များ (Externalities) ကိုပါ လေ့လာရပါတယ်။
🔸Principles of Macroeconomics II
ဒီအဆင့်မှာ နိုင်ငံစီးပွားရေးအပေါ် အကျိုးသက်ရောက်တဲ့ မူဝါဒနဲ့ အပြောင်းအလဲတွေကို လေ့လာပါတယ် –
• ငွေကြေးမူဝါဒ (Monetary Policy) – ငွေကြေး ပမာဏ၊ အတိုးနှုန်း၊ ငွေကြေးထိန်းချုပ်မှု။
• ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) – အစိုးရအသုံးစရိတ်၊ အခွန်ကောက်ခံမှု၊ ဘဏ္ဍာရေး ချို့တဲ့မှု (Deficit) နဲ့ လျော်ကြေးမူဝါဒတွေ။
• စီးပွားရေးကြီးထွားမှု (Economic Growth), အလုပ်လက်မဲ့နှုန်း (Unemployment), ငွေကြေးတိုးချဲ့မှု (Inflation) စသည်တို့ကို နည်းဗျူဟာနဲ့ နမူနာများအသုံးပြုပြီး လေ့လာပါတယ်။
🔸Development Economics: Problems and Policies
ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကြုံနေရတဲ့ အဓိက စီးပွားရေးနှင့် လူမှုရေးပြဿနာတွေ –
• ဆင်းရဲမွဲတေမှု (Poverty), ခြားနားမှု (Inequality)
• အလုပ်အကိုင်မရှိမှု (Unemployment)
• ပညာရေး၊ ကျန်းမာရေးအခက်အခဲများ
• လူဦးရေတိုးပွားလာမှု (Population Growth)
အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက သုံးတဲ့ မူဝါဒ (Policies) –
• လူဦးရေများပြားကြောင့် အလုပ်အကိုင်ဖန်တီးရေး,
• ဆင်းရဲမွဲတေမှု လျော့ချရေး,
• ပညာရေးနဲ့ ကျန်းမာရေး အရည်အသွေး တိုးတက်ရေး,
• ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး (Sustainable Development) စတာတွေကို လေ့လာပါတယ်။
🔸ASEAN Economies and Regional Integration (အာဆီယံ စီးပွားရေးများနှင့် ပေါင်းစည်းမှု)
ဒီဘာသာရပ်က အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၁၀ ခုရဲ့ စီးပွားရေးတိုးတက်မှုနဲ့ ပေါင်းစည်းမှုကို လေ့လာပါတယ် –
• အာဆီယံ ကုန်သွယ်ရေးလွတ်လပ်ဧရိယာ (ASEAN Free Trade Area – AFTA)
• အာဆီယံ စီးပွားရေး အဖွဲ့ (ASEAN Economic Community – AEC)
• ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ
• ပေါင်းစည်းမှုကြောင့် ရနိုင်တဲ့ အားသာချက်တွေ နဲ့ ကြုံနေရတဲ့ အခက်အခဲတွေ
အဓိကအားဖြင့် အာဆီယံအတွင်း စီးပွားရေးတွေ ဘယ်လို ချိတ်ဆက်ဖြစ်တည်နေသလဲ၊ နိုင်ငံတစ်ခုချင်းစီ အကျိုးရလဒ် ဘယ်လိုရှိသလဲ ဆိုတာကို နားလည်စေဖို့ ဖြစ်ပါတယ်။
သာယာပျော်ရွှင်တဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
22/08/2025
ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် သင်ကြားလေ့လာရမည့် Year, First Quarter ရဲ့ Module များ --
-Principles of Microeconomics I
-Principles of Macroeconomics I
-Evolution of Development Thinking
-Money, Banking and Finance
🔹 Principles of Microeconomics I
Microeconomics ဆိုသည်မှာ စီးပွားရေးကို တစ်ဦးချင်းအဆင့် (Individual Level) မှာ လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။
💹 စျေးနှုန်း (Price) ဘယ်လိုဆုံးဖြတ်မလဲ၊
🙍♀️သုံးစွဲသူ (Consumers) များ ဘယ်လိုရွေးချယ်ကြမလဲ၊
🙎♂️ထုတ်လုပ်သူ (Producers) များ ဘယ်လိုထုတ်လုပ်ကြမလဲ၊
📊စျေးကွက်တွင်း (Market) ကိစ္စများ၊ Supply (ရောင်းလိုအား) နှင့် Demand (ဝယ်လိုအား) တို့ရဲ့ သဘောသဘာဝကို လေ့လာခြင်း
🔹Principles of Macroeconomics I
Macroeconomics ဆိုသည်မှာ စီးပွားရေးကို တစ်နိုင်ငံလုံးအဆင့် (National level) မှာ လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်။
- နိုင်ငံရဲ့ စုစုပေါင်းထွက်ကုန်စွမ်းအား (GDP)၊
- 🧑💻အလုပ်အကိုင် (Employment)၊
- ငွေကြေးပြောင်းလဲမှု (Inflation)၊
- နိုင်ငံအတွင်း စီးပွားရေးလည်ပတ်စီးဆင်းမှု (Business Cycle) တို့ကို လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Macroeconomics ဆိုတာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေ အကျိုးသက်ရောက်မှုကို နားလည်ရန် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
🔹Evolution of Development Thinking
- Development (ဖွံ့ဖြိုးတိုးတက်မှု) နဲ့ ပတ်သတ်သည့်အခြေခံ အချက်အလက်များ
- Development (ဖွံ့ဖြိုးတိုးတက်မှု) နဲ့ ပတ်သတ်ပြီး အတွေးအခေါ် အယူအဆသစ်များ
- Millennium Develovment Goals (MDGs) နဲ့ Substainability Development Goal (SDGs) ထောင်စုနှစ် ဖွံ့ဖြိုးမှုနဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေကို လေ့လာခြင်း
🔹Money, Banking and Finance (ငွေကြေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးစနစ်)
ဤဘာသာရပ်မှာ ငွေကြေးစနစ် (Financial System) နဲ့ စီးပွားရေးကြား ဆက်ဆံရေးကို လေ့လာရမှာ ြဖစ်ပါတယ်။
💵 ငွေ (Money) ဆိုတာ ဘယ်လိုဖန်တီးလေ့ရှိသလဲ၊
🏦 ဘဏ်များ (Banks) ချေးငွေထုတ်ချေးခြင်း၊ စုငွေ စုဆောင်းခြင်း
💰ငွေကြေးဈေးကွက် (Financial Markets) များနှင့် ငွေကြေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ များ
📋 ငွေကြေးမူဝါဒ (Monetary Policy) နှင့် ဘဏ်စနစ်အရေးပါမှုများ
စတဲ့ ဘာသာရပ်များကို လေ့လာရမှာ ဖြစ်ပါတယ်။
#ရန်စီး
20/08/2025
#ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဖွင့်လှစ်တဲ့ Master of Development Studies (MDevS) - online ကို ဘယ်လို နည်းစနစ်တွေနဲ့ သင်ကြားပေးနေပါသလဲ။ 🤔
👩🎓 Master ဘွဲ့ဖြစ်တဲ့အတွက် (၂) နှစ် တက်ရောက်ရမှာဖြစ်ပြီး course တွေကို အလုပ်တစ်ဖက်နှင့်တက်ရောက်ချင် သူများနှင့် နယ်ကနေတက်ရောက်ချင်သူများအတွက်ပါ အဆင်ပြေစေရန် (online) ကနေ ရုံးချိန်လွတ်သာ Mon to Saturday သာ သင်ကြားပေးပါတယ်။ Batch 1 ကနေ Batch 16 အထိက in-person ဖြစ်ပြီး Batch 17 ကနေ စပြီး online နဲ့ပဲ ပြောင်းလဲသင်ကြား ပါတယ်။ Quarter တစ်ခုချင်းပေါ်မူတည်ပြီး အနည်းငယ်တော့ပြောင်းလဲမှုရှိနိုင်ပါတယ်။
***************************************************
📌 1st Year - မှာဆိုရင်တော့ Quarter-3 ခု၊ တစ် Quarter မှာ 4 courses (12 credits) သင်ရပါတယ်။ Assignment၊ presentation တွေလည်း group အလိုက်လုပ်ရပါတယ်။ Quarter တစ်ခုပြီးတိုင်း Exam ရှိပါတယ်။ online က နေဘဲဖြေရတာပါ။ နောက်ဆုံး 4th Quarter ကိုတော့ seminar/workshop တွေကိုသာ အဓိက တက်ရောက် ရပါတယ်။ အငြိမ်းစား Professor ဆရာ/ဆရာမကြီးတွေ၊ Private sector or public sector က ဆရာ/ဆရာမကြီးတွေ အဓိသင်ကြားပို့ချပေးပါတယ်။
📌 2nd Year - ဆိုရင်တော့ 1st and 2nd Quarters မှာဆိုရင် တစ် Quarter ကို 3 courses (9 credits) သင်ကြားရပြီး နောက်ဆုံး 3rd and 4th Quarter ကတော့ Thesis အချိန်ကာလ ဖြစ်ပါတယ်။ Thesis အဆင်ပြေရန်အတွက်လည်း သက်ဆိုင်ရာ supervisor နဲ့ အနီးကပ်ဆွေးနွေးတိုင်ပင်ပြီး လုပ်ရတာဖြစ်ပါတယ်။ Thesis ကာလ ဆိုရင်တော့ Supervisor နှင့် လိုအပ်တာတွေ တိုင်ပင်ပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် အချိန်တော့ ပေးရပါလိမ့်မယ်။
✅ Credit စနစ်နဲ့ သွားတာဖြစ်တဲ့အတွက် အတန်းချိန် ပုံမှန်တက်တယ်၊ Assignment တွေအချိန်မှီတင်တယ် ဆိုရင်တော့ အလုပ်ပုံမှန်လုပ်ရင်းနဲ့ ကျော်ဖြတ်လို့ရပါတယ်။
📆 Academic calendar ကတော့ နှစ်အလိုက် အပြောင်းအလဲရှိနိုင်ပါတယ်။ အသေးစိတ် သင်ကြားမဲ့ subjects နှင့် assessment (အမှတ်ပေးစနစ်) တွေကိုတော့ welcome လုပ်တဲ့အချိန်မှာ ဆရာ/ဆရာမတွေက အသေးစိတ်ရှင်းပြပေးပါလိမ့်မယ်။
ဒါကတော့ MDevS အတန်းရဲ့ online သင်ရတဲ့ ပုံစံကို sharing လုပ်ပေးခြင်း ဖြစ်ပါတယ်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် MDevS program ကို ခေါ်ယူနေပြီမို့ 22-9-2025 မတိုင်မီ လျှောက်လွှာတင်ဖို့ မမေ့ကြပါနဲ့နော်။
သင်တန်းကြေညာ Link 👇
https://www.facebook.com/share/17HHFgVNnr/?mibextid=wwXIfr
အားလုံးပဲ ပညာရေးဖြင့် မိမိဘဝကို မြှင့်တင်နိုင်ကြပါစေ။
11/08/2025
Good morning ☀️
Photo - Pinterest
10/08/2025
အားလုံးပဲ မင်္ဂလာညချမ်းလေးပါ။
ဤပရိုဂရမ်သည် လက်ရှိဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။ ထိုပညာရှင်များသည် အစိုးရဌာနများတွင် မူဝါဒချမှတ်သူများအဖြစ် ဆောင်ရွက်ခြင်း၊ဖွံ့ဖြိုးမှုဌာနများ၊ သတင်းမီဒီယာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs နှင့် NGOs) တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခြင်း၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင်နိုင်ခြင်း စတဲ့ အကျိုး ကျေးဇူးများကို ရရှိမှာြဖစ်ပါတယ်။
ဤသင်တန်းသည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ ချမှတ်နိုင်စွမ်းရှိသော ဖွံ့ဖြိုးမှုပညာရှင်များဖြစ်စေရန် နိုင်ငံတကာ၏ ဖွံ့ဖြိုးမှုအတွေ့အကြုံများ၊ လက်တွေ့ကျသော မူဝါဒချမှတ်မှုများနှင့် အကောင်အထည်ဖော်မှုနည်းစနစ်များကို သင်ကြားပေးသည့်အတွက် သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတများအပြင် လက်တွေ့ကျသော အရည်အချင်းများကိုပါ ရရှိစေမှာဖြစ်ပါတယ်။
09/08/2025
Good night 🌙
Photo - Pinterest
08/08/2025
အားလုံးပဲ မင်္ဂလာပါ။
ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဖွင့်လှစ်တဲ့ ၂၀၂၅-၂၀၂၆ ခုနှစ် MDevS program ကို join ချင်သူများအတွက် လျှောက်လွှာ စတင်ရောင်းချမည့်ရက်
14-7-2025
👉📅 လျှောက်လွှာ ပိတ်ရက် (ပြင်ဆင်ချက်) - 22-9-2025👈
📝ရေးဖြေ - 24-9-2025 (ဗုဒ္ဓဟူးနေ့)
📍လျှောက်ထားလို့ရမည့် သူများ
- INGO/NGO တွင် လုပ်ငန်းအတွေ့အကြုံရှိသူများ
- အစိုးရဌာနတွင် လုပ်ငန်းအတွေ့အကြုံရှိသူများ
- Company တွင် လုပ်ငန်းလုပ်ကိုင်သူများ
- SME လုပ်ငန်း လုပ်ကိုင်နေသူများ
- Fresh graduated သမားများ
📍 လျှောက်လွှာဝယ်ယူရန် လိုအပ်သည့်အချက်များ
- အမည်
- အလုပ်အကိုင်
- email
- ဖုန်းနံပါတ်
- နေရပ်လိပ်စာ
📍 ရုံးချိန်အတွင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘောဂဗေဌာနတွင် သွားရောက်ဝယ်ယူနိုင်ပါတယ်။
☎️ သင်တန်းနှင့်ပတ်သတ်ပြီး မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များ(ရန်ကုန်စီးပွားရေး တက္ကသိုလ် ဘောဂဗေဒ ဌာန)ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
09-455308087
09-5059618
09-766909099
09-408024773
'Space
07/08/2025
🤭
Photo - Pinterest