03/11/2024
Start Your Application & Dream your Study Abroad in 2025
အားလုံးဘဲ မင်္ဂလာပါ ခု Nov ကနေစ Jan/Feb အထိ နိုင်ငံတကာကျောင်းလျှောက်လွှာတွေ တင်ချိန်ရောက်ပြီဖြစ်ပါတယ်။ အထူးသဖြင့် scholarship လျှောက်မယ်တွေးထားသူတွေအတွက် Scholarship Season Time ဆိုတော့ဘာတွေကြိုပြင်ရမယ်ဆိုတဲ့ tips လေးတွေရေးပေးချင်ပါတယ်။
1. နိုင်ငံတကာကျောင်းတက်ချင်ပြီ လျှောက်ပြီဆို documentation စာရွက်စာတမ်းပြင်ဆင်ချိန်က အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ၁၀တန်းအောင်လက်မှတ်/ညီမျှသောဘွဲ့လက်မှတ် စတဲ့ ဘွဲ့လက်မှတ်အပြင် transcripts လိုခေါ်တဲ့အမှတ်စာရင်းတွေဟာ မြန်မာလိုရေးထားရင် notary ပြန်ရပြီး (နိုင်ငံတကာအသိအမှတ်ပြုဘွဲ့/လက်မှတ်) English လိုဖြစ်နေရင်တော့ notary version မလိုပါဘူး။ အချိန်ပေးရပြီး အရေးပါတဲ့အပိုင်းဖြစ်ပါတယ်။ ဒီနေရာမှာ Top notch American တက္ကသိုလ် (college မပါ) တွေနဲ့ Canadian ကျောင်းတွေကတော့ US education equivalent evaluation သပ်သပ်ထပ်လိုသေးတာကြောင့် ကျောင်းတွေကချမှတ်ထားတဲ့ international agency တွေကိုထပ်အပ်ရသေးတာက ရှိသေးတာကြောင့် ပိုလို့ကို အချိန်လိုအပ်ပါတယ်။
2. ကျောင်းတွေရဲ့ intake (spring, winter, summer)စတဲ့နောက်ဆုံးထားလက်ခံတဲ့ deadline တွေမတိုင်ခင် ၂-၃လလောက်အနည်းဆုံးခွါလုပ်သင့်ပါတယ်။ ဒါမှလိုအပ်တဲ့ recommendation letter, motivation letter, personal statement essay တွေကို ပြင်ဆင်ချိန်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျန်ကိုယ့်ဘာသာရေးရတဲ့ စာရွက်စာတမ်းတွေဆို ခဏအတွင်းပြီးနိုင်ပေမဲ့ recommendation letter လိုမျိုး တောင်းရတဲ့အခါ ခုလိုချင် ခုသွားတောင်းလို့ မရပါဘူး။ ကိုယ်ရင်းနှီးတဲ့ဆရာ/ဆရာမ မလို့ ပေးရင်တောင် ခုချက်ချင်းမရနိုင်တာကြောင့် ကြိုတင်ပြင်ဆင်သင့်ပါတယ်။
3. အဓိကထပ်ပြင်ရမယ့် document ကတော့ သေသပ်ကောင်းမွန်တဲ့ personal statement or motivational letter ပါ။ ခုနောက်ပိုင်းမှာတော့ ဒါတွေကို agency အပ်ကြတာတွေရှိတာကြောင့် ဒါကလည်း ကိုယ်တက်မယ့် ကျောင်းပေါ်မူတည်ပြီး သိပ်မစစ်တဲ့ ranking မမြင့်တဲ့ကျောင်းတွေဆို agency တွေရေးပေးထားတဲ့ paper တွေကရပေမဲ့ ကိုယ်က scholarship ကိုလျှောက်ပြီဆိုရင်တော့ ထိုက်တန်တဲ့ အားစိုက်မှုမျိုးနဲ့ efficiency တစ်ခုကတော့ရှိရမှာမလို့ self-showcasing ပြဖို့ဆို ပြင်ဆင်သင့်တဲ့အထဲ ပါပါတယ်။ Science major သမားတွေဆို portfolio လိုမျိုးပါ ပြင်ထားရမှာဖြစ်ပါတယ်။
4. CV or previous written works/sample/ proposal - ဒါတွေကတော့ Master သမားတွေနဲ့ PhD သမားတွေအတွက်အပိုပြင်ဆင်ရတာလေးတွေပါ။ တက္ကသိုလ်တစ်ခုနဲ့တစ်ခု ကွဲလွဲနိုင်တာရှိတာကြောင့် procrastination လို့ခေါ်တဲ့ deadline နီးမှ လုပ်မှာမျိုးကိုလုံးဝကို ရှောင်ရမှာဖြစ်ပါတယ်။
5. မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊မွေးစာရင်း၊ covid ထိုးထားကြောင်း (ခုနောက်ပိုင်းတော့မလိုတာများ) တွေကို notary ပြန်ရမှာပါ။ တစ်ခုသတိပြုရမှာက ခု documents တွေက ကျောင်းလျှောက်ရင် တင်ရတာရှိသလို မတင်ရသေးတာလည်းရှိတာကြောင့် notary သက်တမ်း ၆လကျော်ရင်လား ပြန်သုံးလို့မရဘူးလို့လည်း ကြားမိတာရှိပါတယ်။ medical checkup ကတော့ ဝင်ခွင့်/scholarship ရသွားပြီးမှ လုပ်ရတာဖြစ်တာကြောင့် သူကတော့အလျင်မလိုတတ်ပါ။
6. English or Language Requirements!! ကျောင်းအများစုတောင်းတတ်ပါတယ်။ Thai နဲ့ Europe ကျောင်းတချို့ကတော့ သူတို့ကျောင်းတွေရဲ့ language test or language program(fees တော့သွင်းရ)ကို တက်ရင်မတောင်းပေမဲ့ အများစုကတော့ IELTS, TOEFL, Duolingo, SAT, GRE, Aptitude Test, Language Cert စတဲ့ requirements ကတော့ ကျောင်းလျှောက်တာနဲ့ပေးရတာကြောင့် ကိုယ်အချိန်ပေးနိုင် မပေးနိုင်ပေါ်မူတည်ပြီး အဆင်ပြေတဲ့ test ကိုဖြေထားတဲ့ certificate တင်ရပါတယ်။
7. Digital Application Form filling - ကိုယ့်ဘာသာကျောင်းလျှောက်မယ်ဆို လျှောက်မယ့်ကျောင်းရဲ့ university website မှာ application form filling ကလည်း မြန်မယ်ထင်ပေမဲ့ တစ်ရက်တည်းနဲ့တော့ မပြီးဘဲ ဟိုဒီလိုတာတွေ ရှိတတ်ပါတယ်။ တချို့ကျောင်းတွေဆို program တစ်ခုကို တစ်ခါဘဲပေးလျှောက်ချိန် form မှာလိုအပ်တာရှိရင် reject ဖြစ်တာကြောင့် ဒီအတွက် ကြိုပြီး ကြည့်ထားဖို့နဲ့ ပြင်ဆင်ရမယ့် list ထဲထည့်ရပါတယ်။
ဒီလောက်ဆို ကျောင်းလျှောက်တဲ့အခါ ပြင်ဆင်ရတဲ့ list တချို့သိလောက်မယ် မျှော်လင့်ပါတယ်၊ အများစုမေးကြတဲ့ ကျောင်းလျှောက်ချိန် passport မရှိသေးလည်း လျှောက်လို့ရတာဖြစ်ပြီး visa processing ကတော့ ဝင်ခွင့်တွေရပြီးမှ လုပ်ရတာဖြစ်ပါတယ်။ အပေါ်ကအချက်တွေက တစ်ခါတစ်လေ ထင်တာထက်များပြီး လုပ်ရတာတွေကို မသိနိုင်တဲ့အခါကျ education service/ study abroad agency တွေကိုလည်း အပ်လိုက်ကြတာများပါတယ် ကိုယ်တွေစီမှာတော့ အမြန်လိုချင်တာကြောင့် agency နဲ့ ချိတ်ထားတဲ့ကျောင်းတွေကို service fees ပေးပြီးဘဲ လျှောက်နေကြတာလည်းများပါတယ်။ ဘယ်လိုလျှောက်လျှောက် ရဖို့အဓိကဖြစ်တာကြောင့် ကိုယ့် dream destination- dream university ပါရင်တော့ မြန်ဆန်တဲ့နည်းလမ်းနဲ့လျှောက်တာလည်း အဆင်ပြေသလို global ranked တွေမှ လျှောက်မယ်ဆိုရင်တော့ အချိန်ယူပြီး ကိုယ့်ဘာသာလေ့လာရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ mentoring session ကို free ပေးထားတာတွေရှိနေတာကြောင့် mentoring ယူပြီး လျှောက်တာလည်း ပိုလို့တောင်ထိရောက်ပါတယ်လို့ ရေးသားရင်း သိချင်တာရှိရင် comment မှာရေးထားရင် ပြန်ဖြေပေးပါ့မယ်၊စာအရှည်ကြီး ဖတ်ပေးတာကျေးဇူးပါ ✨💫